တမူးမြို့နယ် တွီဗန်ရွာတွင် ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့


တမူးမြို့ 
မေလ ၁၀ရက်နေ့   ညတွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးခရိုင်၊ တမူးမြို့ နယ်  တွီဗန်ရွာတွင်းရှိ  စစ်တပ်စခန်းချနေကြသော တပ်ရင်းအမှတ်(၂၆၆) တွင်  ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

 သေဆုံးသူ ဒုတပ်ကြတ်၏  ညှင်းပန်းနှိပ်စက်မှုဒဏ်ကို  မခံနိုင်ကြသော ရဲဘော်(၂)ယောက်က  အရက်မူးပြီး အိပ်နေကြသော နှစ်ပွင့်ဗိုလ် (၁)ယောက်၊ ဒုတပ်ကြတ်(၁)ယောက်၊ရဲဘော်(၂)ယောက်တို့ကို ညှင်းပန်းနှိပ်စက်ခံရသော ရဲဘော်(၂)ယောက်မှ  သေနတ်ဖြင့် ပစ်သတ်ခဲ့ ပါသည်။

 အဆိုပါရဲဘော်(၂)ယောက်သည် သေနတ်ရှည်(၄)လက်၊ ပစ်စတို(၁)လက်၊ ကျည်တောင့် (၅၀၀)ကျော်ကို ယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။

        “ သေနတ်တွေကောပါသွားတော့  ဘယ်အချိန်များ  လာပြီးတော့ ကျွန်မတို့ကို ဓါးပြလာတိုက်မလဲဆိုပြီး  စိုးရိမ်ပူပန်နေမိတယ် “ ဟု တမူးမြို့ မှ  ရွှေဆိုင်ပိုင်ရှင်တစ်ဦးမှ Myanmar News Now ကို ပြောကြားခဲ့ပါသည်။
တမူးမြို့နယ် တွီဗန်ရွာတွင် ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ တမူးမြို့နယ်  တွီဗန်ရွာတွင် ရဲဘော်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ Reviewed by သစ်ထူးလွင် on 05:46 Rating: 5

12 comments:

Anonymous said...

ညှင်းပန်းနှိပ်စက်တယ်ဆိုတာ ဘယ်လိုနှိပ်စက်တာလဲ? ဒီရဲဘော်(၂)ယောက်အပြစ်ရှိလို့ဆိုရင်တော့သူတို့လက်ခံရမှာပဲ..
စစ်သားဆိုတာနိုင်ငံတော်ကိုတောင်အသက်ပေးထားရသေးတာပဲ.
ဘယ်လိုဘဲဖြစ်ဖြစ်ဒီကောင်တွေရဲ့လုပ်ရပ်ဟာ ပုန်ကန်မှုပဲ...

အမတ်ကြီး said...

ကြားရတာစိတ်မကောင်းစရာဘဲ။လက်နက်ကိုင်တွေဖောက်ပြန်ရင်
ပြည်သူအတွင်အရမ်းအန်ဒရာယ်ရှိတယ်

Soe said...

ဒီလိုအဖြစ်မျိုး စစ်တပ်ထဲမှာ များများဖြစ်ပါစေ

aristhteinwin said...

မြန်မာစာ သတ်ပုံလေးတော့ မှန်အောင် ရေးစေချင်ပါတယ်- တပ်ကြတ် မဟုတ်ပါ- တပ်ကြပ် မှ မှန်ပါတယ်။

Justice lover said...

ကောင်းသတင်းတော့မဟုတ်ပါ။ ဒါပေမယ့် တခါတရံ ဖြစ်တတ်ပါတယ်။ အခြားနိုင်ငံတွေက စစ်တပ်တွေမှာလည်း ဖြစ်တတ်ပါတယ်။

nawnaw said...

ကြားရတာစိတ်တော့ မကောင်းပါဘူ... မင်္ဂလာသတင်းမဟုတ်တော့ ဘယ်တတ်နိုင်ပါ့မလဲ....မြန်မာ့တပ်မတော်မှာ ဒါတွေက ပုံမှန်ဖြစ်နေကြပါ...စနစ်ကျတဲ့ military-style rule မှမရှိတာ..ကိုယ့်ရဲဘော်တွေကို ကိုယ့်ညီသဖွယ်မှ မဆက်ဆံတတ်တာ..နောင်လဲဖြစ်လာမှာဘဲ....

pyeitphyo said...

ဒုံးကျည်နဲ့ ပစ်လိုက်တာမှကောင်းအုံးမယ်.

nandar said...

ဒါဟာမညီမျတဲ့ခံစားခွင့်ကြောင့်ပါ။ DSA ဆင်းတွေကသူတို့ကိုသူတို့အထင်ကြီးနေတဲ့အချိန်မှာ တချို့တပ်ကြပ်တွေက မြှောက်ပင့်ပေးကြတယ်။ ဒီတော့ပိုနထင်သွေးရောက်ပြီး အောက်လက်ငယ်သားတွေကိုနှိပ်စက်တတ်လာကြတယ်။ ပြီးတော့ သူတို့ဗိုလ်တွေကလည်း ခေတ်ကောင်းနေတယ်မဟုတ်လား။ ပြောမှာပေါ့သေတာက သူ့အမျိုးမှမဟုတ်တာလို့။ ကျမလည်းကိုယ်တိုင်ခံစားဖူးပါတယ်။ ကျမအချစ်ဆုံးမောင်လေးပါ။ သူကိုလည်း အဒီလိုရဲဘော်လေးကပစ်သတ်ခဲ့တာပါ။ ညကြီးမှာလူမှား ပစ်တာဆိုပေမဲ့ ကျမတို့တိကျစွာမမြင်နိုင်ပါ။ ဒါကြောင့််ကျမတွေးလိုက်တာကတော့မောင်လေးလည်း အမှားလုပ်မိလို့ဘဲလို့လေ။ ဒါပေမဲ့ကျမမောင်လေးကခြေထောက်ပစ်မိခဲ့တာပါ။ သူ့ကိုသူ့ရဲ့အခြားရဲ့ဘော်လေးတွေက ခက်ခက်ခဲခဲ လှိုင်းဖွဲ့ဆေးရုံလိုက်ပို့ခဲ့ပေမဲ့ ဆေးရုံမှာ ဆေးလဲမရှိ၊ဆရာဝန်၊ဆေးမှူးမရှိဘူးတဲ့။ ဒါပေမဲ့ ရဲဘော်လေးတွေက ဖားအံထိပို့ပေးခဲပေမဲ့ အသက်မမှီတော့ဘူး။သွေးထွက်လွန်ပြီးသေဆုံးခဲ့တယ်။ ကျမတို့တမျိုးလုံးယူကျုံးမရ ဖြေမဆည်နိုင်ခဲ့ဘူး။ ဒါဘယ်သူ့တာဝန်လဲ။ တပ်မတော်နေ့တွေမှာတော့ ရဟတ်ယာဉ်တွေနဲ့ စစ်ရေးပြနေပေမဲ့တကယ့်လက်တွေ့မှာဆေးတောင်မရှိတော့ တပ်မတော်သားလေးတွေရဲ့ဘ၀ကိုလည်းစာနာမိပါတယ်။ ရာထူကြီးတွေက အကျိုးခံစားပြီး လက်အောက်ငယ်သားတွေကို ဖိနှိပ်နေသမျဒါမျိုးတွေရှိနေဦးမှာပါဘဲ။ ဒီသတင်းကိုတွေ့ရတော့ ကျမရဲ့ဝေဒနာဟောင်းကိုပြန်သတိရစေသလို စစ်အာဏာရှင်တွေကိုလည်းမုန်းနေဦးမယ်။ မကျေဘူးမှတ်။

maungmin said...

nandar ပြောသွားတာ မှန်ပါတယ်..

aung ye lin said...

ဒါမျိုးတွေကြားဖူးတာကြာပါပြီ ၊ အင်း ကောင်းပါသည်။

mad dog said...

ဖြစ်စဉ် ဖြစ်မြဲ ဓမ္မတာပါ။ ။တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ မဟုတ်တော့ တော်တော် စိတ်နာနေပုံ ၇တယ်။

ThihaHtun said...

အင် သူများကိုနိပ်စက်တာ သေတာတောင်နည်းသေးးးးးးးးး

Powered by Blogger.