သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာများမှာ အသစ်ထူးဖော်ထားတဲ့ အ၀ီစီတွင်းရေ ကိုတွေ့ ရစဉ် (ဓါတ်ပုံ-ပိုးအိဖြူ) |
ရွာတွေမှာ ရက်ပိုင်းအတွင်း တူးဖော်လိုက်တဲ့ အ၀ီစီတွင်းတွေကနေ ရေချိုရေကြည်
တွေထွက်ရှိနေပြီလို့ သိရပါတယ်။
သာသာမြိုင်ရွာ၊ ဘိတ်သိတ်ရွာ၊ ရန်ကြီးအောင်ရွာ၊ ဟေမစလာရွာ အားလုံးပဲ
အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ NLD အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကြောင့် ရေချို
ရေကြည်ရရှိ သုံးစွဲနိုင်ခဲ့တာဖြစ်ပါတယ်။ ကျေးရွာလူထုနဲ့ ရေလိုအပ်ချက်ဟာ မလုံလောက်သေးတာကြောင့် နောက်ထပ်လည်း ရေတွင်းတွေ
ထပ်ထူးဖို့ အစီအစဉ်တွေရှိတယ်လို့ သုံးခွမြို့ မှ NLD အဖွဲ့ ဝင် မပိုးအိဖြူ
က ပြောပါတယ်။
"ရေလိုအပ်နေတဲ့ ရွာတွေအများကြီးရှိနေသေးတာကြောင့် ရွာတွေမှာ အ၀ီစိတွင်း
တွေရအောင် ကြိုးစားပြီး အလှူရှင်တွေရှာကြ ရေတကယ်လိုအပ်နေတဲ့ ရွာတွေကို
ရေလှူရင်းနဲ့ ရေလိုအပ်နေတဲ့ ဓါတ်ပုံတွေရိုက်ပြီး ရွာတွေမဆင်းနိုင်တဲ့
အလှူရှင်တွေကိုပြရတာပါ ။ မိုးရွာလို့ ရွာတွေမှာ ပိတ်မိနေတဲ့
အချိန်တွေလည်းရှိပါတယ် ။ NLD အဖွဲ့သားတွေ ခက်ခက်ခဲခဲ နဲ့
ကြိုးပမ်းပြီးလှူကြရတာပါ ၊အရမ်းလည်းပင်ပန်းကြတာပါ " လို့  မပိုးအိဖြူ
က ဆက်ပြောပြပါတယ်။
သုံးခွမြို့နယ် NLD အမတ် ဒေါ်စုစုလွင် ရဲ့ ကိုယ်စားလှယ်တွေကလည်း ရေတွင်း
တူးဖော်နေတဲ့ ရွာတွေမှာသွားရောက် နေထိုင်ပြီး ရေရရှိတဲ့ အထိ ကြိုးပမ်းဆောင်
ရွက်နေကြကြောင်းသိရပါတယ်။
Myanmar News Now
အ၀ီစီရေတွင်း တတွင်းတူးဖော်ချိန် (၃) ရက်ကြာပြီး ရေတွင်း တတွင်းကို ကုန်ကျ
စရိတ် (၁၂) ဆယ့်နှစ်သိန်း ရှိပါတယ်။ ရေတွင်း လှူဒါန်းလိုသူများအနေဖြင့် --
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အောင်နိုင်ရေးရုံး သုံးခွမြို့ 
အောင်ဇေယျလမ်း၊ လင်းရောင်ဦးရုပ်ရှင်ရုံရှေ့
ဖုံး-05640787
မနက်(၈)နာရီမှညနေ(၄) နာရီ အတွင်းဆက်သွယ်နိုင်ပါတယ်။
သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာတွေမှာ အ၀ီစီတွင်းရေ ထွက်ရှိပြီ
Reviewed by သစ်ထူးလွင်
on
07:07
Rating:
5 comments:
အခုလို အလှူ သတင်းတွေမြင်ရကြားရတာ ရင်ထဲမှာဖော်မပြနိုင်အောင်ကို ဝမ်းသာပီတိဖြစ်ရပါတယ်
ဒီအဝီစိ ရေတွင်းနှင့်ပတ်သက်ပြီး ကျန်နော်မြင်တာကလေးကိုပြောပြချင်ပါတယ် ပုံ ၂ နှင့် ပုံ ၄ ကိုပြောချင်ပါတယ် မြေကြီးပေါ်မှာ နှင့် ကွန်ကရစ် ဘလောက်တုံး ပေါ်
ထွက်နေတဲ့ အပြာရောင် (PVC)ပိုက် က ခပ်ကြမ်းကြမ်း လေး ထိခိုက်မိမယ်ဆိုရင် အချေကနေ ကျိုး သွားနိုင်ပါတယ် ၊အဲဒီလိုမဖြစ်အောင် အကာအရံ တစ်ခုခု လူပ်ထားသင့်တယ်လို့မြင်ပါတယ် ရေခံတဲ့ပိုက် ခေါင်း ဝကိုလည်း ပုံ ၄ က ကွန်ကရစ် တုံးနှင့် အနည်းဆုံး ၅ ပေ လောက်ဝေးအောင်ထားသင်ပါတယ် ဒါမှပိုက်မကျိုးအောင် အဲဒီနေရာကို ကာကွယ်ထားလို့ရမှာပါ
မှတ်ချက်
ဆရာလုပ်တာမဟုတ်ပါ
သာဓု သာဓု သာဓု ပါရှင်...
ဘုန်းဘုန်းကဒီတိုင်းခပ်သောက်နေတယ် ။
သုံးခွမြို့ ရေရတာတွေ့ရတော့ အတိုင်းမသိဝမ်းသာပါတယ်...အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်...ရေအကျိုးဆယ်ပါးဆိုတာ မတောင်းပဲနဲ့ ပြည့်နိုင်ကြပါစေ...
အလွန်ထူးမြတ်တဲ့အလှူပါ။
Post a Comment