လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက်

ရန်ကုန်၊ မေ ၅ ရက်
လွှတ်တော်ကိုယ်စားလှယ် ၇ ဦးသည် Friedrich Naumann Foundation ၏ဖိတ်ခေါ်မှုအရ  ဂျာမဏ်ီနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့သည်။
ဂျာမဏ်ီအခြေစိုက် ၎င်းဖောင်ဒေးရှင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာလှမြတ်သွေးနှင့် ဦးမင်းဦး၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဝင်းဦး၊ ဦးဝင်းသန့် နှင့် ဦးအေးမောင်၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဒေါက်တာအေးမောင်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းအိုက်ပေါင်တို့ကို လေ့လာရေးအတွက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
“ ဂျာမဏီနိုင်ငံရဲ့ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တွေကိုလေ့လာကြမယ်။ လေ့လာရေးခရီးကတော့ သူတို့တွေစီစဉ်တဲ့ Schdule အတိုင်းပဲ”ဟုဒေါက်တာအေးမောင်ကပြောသည်။
ယင်းလ့လာရေးခရီးစဉ်မှာ ၉ ရက် ကြာမြင့်မည်ဖြစ်သည်။
Popular Myanmar News Journal
လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ဂျာမဏ်ီသို့လေ့လာရေးခရီးထွက် Reviewed by သစ်ထူးလွင် on 18:23 Rating: 5

4 comments:

kyawminmin said...

ကောင်းပါတယ် သွားကြလေ့လာကြ
ကြံ့ဖွတ်တွေပါသွားကြ။
ဟို တောင်ပြာတန်းမှာ ကျောပိုအိတ်
လွယ် ပေါတာဆွဲတဲ့ ၂၅ပြားလွှတ်တော်
ကိုယ်စလှယ်ကြီးတွေလည်းခေါ်အုံး။
မဟုတ်ရင်စစ်တက္ကသိုလ်မှာသင်သလို
ကမ္ဘာအလုံးကြီးထင်နေမယ်။ရိုက်ချက်ပေါင်း
များစွာနဲ့တံတိုင်းတွေပြို ဝင်းဒိုးတွေပွင့် ကမ္ဘာကြီး
ပြားနေမှန်းသိအောင်။

သစ္စာ said...

ဖွတ်တွေကိုအခုလို လူရာသွင်းဆက်ဆံခြင်းမပြုသင့်ဘူးလို့ထင်ပါတယ်
ဘယ်တုန်းကမှ ပြည်သူအပေါ်ရော တိုငသ်းပြည်အတွကိပါ
ဘာတခုမျှ ကောင်းတာမလုပ်ခဲ့ဘူးသူတွေပါ ပိုဆိုးတာက ပြည်သူကိုနည်းမျိုးစုံနှင့် ဖိနှိပ်သူတွေကို အားပေးထောက်ခံခဲ့တယ်
တိုင်းပြည်နဲ့ပြည်သူ့အတွက်ကောင်းဖို့ရည်ရွယ်လုပ်ဆောင်သူ ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေ
ကိုတိုက်ခိုက်ခဲ့တဲ့သူတွေဖြစ်တဲ့အတွက်ပါ။

အောင်သာယာ said...

ဟုတ်တယ် လုပ်သင့်တဲ့ အစီအစဉ်ပါ ဟို တိုင်းပြည်ကို ကယ်တင်ထါးတယ်လို့ ခံယူထါးတဲ့ ပုဂ္ဂိုလ်တွေ သူတို့ ကိုယ်သာ လူရယ်လို့ မှတ်ထင်ထါးကြတဲ့ ပုဂ္ဂိုလ်တွေကိုပါ နည်းနည်းစီတွဲခေါ် သွားကြပါဗျို့

mad dog said...

ဖွတ်တွေနော်... ဟိုေ၇ာက်မှ တိုင်းပြည်မျက်နှာ အိုးမဲ မသုတ်နဲ့။ ခွေးအ ကြီး လည်နင်း ထားသလို မပြောတတ် မဆိုတတ် နဲ့ ဖြစ် မနေ အောင် အင်္ဂလိပ်စာကျူ၇ှင်လေး ဘာလေး တက် သွားအုံး

Powered by Blogger.