“ရွှေစည်းခုံ”ဘုရားပိုင် “ဟိုတယ်” အား ကိုယ်ကျိုးအတွက် အသုံးချနေ

“ရွှေစည်းခုံ”
ဘုရားကြီး

“အောင်မင်္ဂလာ”ဟိုတယ်

“အောင်မင်္ဂလာ”ဟိုတယ်
မန္တလေးတိုင်း ပုဂံ-ညောင်ဦးမြို့နယ်ရှိ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော “ရွှေစည်းခုံ”
ဘုရားကြီး ပိုင်ဆိုင်သော “အောင်မင်္ဂလာ”ဟိုတယ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်း နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဂေါပကလူကြီးများအား ဖိအားပေးကာ လေလံကြေးများအား သတ်မှတ်ထားသည့် ကာလအတွင်း
 ပေးသွင်းစေခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်စေလျက်ရှိကြောင်း ညောင်ဦးမြို့ ခံ
တဦးက Myanamr News Now ကိုပြောပါသည်။
 
 လေလံရရှိသူမှ တစ်လလျှင် ကျပ်သိန်း(၅၀)ခန့် ပေးသွင်းရမည်ဖြစ်သော်လည်း 
သက်ဆိုင်ရာအာဏာပိုင်များ အကူအညီဖြင့်  ဂေါပက အဖွဲ့အား ပေးသွင်းရန်
 လေလံကြေးများ ပျက်ကွက်နေသည့် ပမာဏမှာ ကျပ်သိန်းပေါင်း (၈၀၀)ခန့်
 ရှိသည်ဟု သိရပါသည်။ 
 
ယခုကဲ့သို့ ကြွေးမြီးများ ကျန်ရှိနေခြင်းအပေါ် ရွှေစည်းခုံဘုရားဂေါပကလူကြီးများ 
အနေဖြင့်လည်း မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို  ညောင်ဦးသူ/သား များ 
အနေဖြင့် မသိရှိရပါ။
 
 သို့ပါသောကြောင့် ရွှေစည်းခုံဘုရားပိုင် “အောင်မင်္ဂလာ” ဟိုတယ် အား မိမိတို့ 
ကိုယ်ကျိုးအတွက် မလျော်သြဇာသုံး၍ အသုံးချနေခြင်းအပေါ် ဗုဒ္ဓဘာသာဝင်
 ပြည်သူလူထုအားလုံး သိရှိအကြံပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။ 
 
Myanmar News Now
“ရွှေစည်းခုံ”ဘုရားပိုင် “ဟိုတယ်” အား ကိုယ်ကျိုးအတွက် အသုံးချနေ “ရွှေစည်းခုံ”ဘုရားပိုင် “ဟိုတယ်” အား ကိုယ်ကျိုးအတွက် အသုံးချနေ Reviewed by သစ်ထူးလွင် on 08:39 Rating: 5

12 comments:

u kyawkyaw said...

အကုသိုလ်ကောင်တွေ၊မသေခင်ထဲကငရဲရောက်ပါစေ။
မဖြေရှင်းပေးတဲ့လူကြီးတွေလဲသေရင်ငရဲရောက်မှာ။
ဒါကြောင့်အမြန်ဖြေရှင်းပေးပါ။

Ko Nyo Khant ( Mdy university.) said...

ဟိုတယ်ခရီးဝန်ကြီးဌာနနဲ့ဟိုတယ်လုပ်ငန်းရှင်များအသင်းကိုအကြောင်းကြားပါ။မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုအကြောင်းကြားပါ။မြီု့နယ်အုပ်ချုပ်ရေးမှူးပါ ပါဝင်ပတ်သက်နေပါသဖြင့်ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးဒု-ဗိုလ်ချုပ်ကြီးကိုကိုတိုင်ပါ။ဘုရားပိုင်ဟော်တယ်ဖြစ်ခြင်းကြောင့်သာသနာရေးဦးစီးဌာနှင့်သာသနာရေးဝန်ကြီးကိုတိုင်ပါ။

Acmv Org said...

နိုင်ငံတော်ဆီက ခိုးတာ က လူတစ်ယောက်ဆီက ခိုးတာ ထက်ပိုအဖြစ်ကြီးတယ်။
ဘုရားဆီက ခိုးတာ က နိုင်ငံတော်ဆီက ခိုးတာ ထက်ပိုအဖြစ်ကြီးတယ်။

ကိုယ်တိုင်ပြုလုပ်သူ။ တိုက်တွန်းသူ၊ ချီးမွန်းသူ၊ စိတ်တူသူ (စိတ်အားဖြင့်အလိုတူအလိုပါ) ထိုသူအားလုံးတူသော အကျိုးရတတ်တယ်တဲ့။
ကိုယ်တိုင်၊တိုက်တွန်း၊ ချီးမွမ်း၊စိတ်တူ

Unknown said...

အကုန်သေနေပြီ ငရဲပြည်လိုက်တိုင်မှရတော့မယ်။

Unknown said...

အမလေး မစားကောင်း မသောက်ကောင်း ဗုဒ္ဒပစ္စည်း အဆိပ်သီးတဲ့ သံရည်ပူတွေ သံတုန်း သံခဲတွေကို စားနေရသလိုပဲဆိုတာ မသိလေရော့လား သူတို့မိသားစုတွေ ဆွေစဉ်မျိုးဆက်တွေတော့ သွားပါပြီ........မသေခင်က ဒီလောက် အကုသိုလ်တွေများနေတာ အခုလောက်ဆို သူတို့တွေအတွက် ငရဲပြည်မှာငရဲခန်းတွေကတော့ပေါ်နေလောက်ပါပြီ.........။

ံမြိုင်ရာဇာ said...

သူရထွန်းလင်းက အသက်ငယ်ငယ်နဲ့ ရာထူးကြီးတယ်ဆိုပြီး ရာထူးဂုဏ်မောက်နေတဲ့ကောင်... သူ့ကြည့်လိုက်ရင်လည်း မျက်နှာပုတ်နဲ့..တွေ့သမျှလူသူ့လုပ်စာစားနေရတဲ့ပုံနဲ့.. ၀န်ထမ်းချင်းလည်း လေးစားမှုရှိတဲ့ကောင်မဟုတ်ဘူး.. ဒီကောင့်ကိုလည်း ကောင်းကောင်း ဆုံးမသင့်နေတာကြာပြီ...

မနောမြေ said...

ဘုရား..ဘုရား......အကုန်စားပါလား ပြည်သူ့ဘဏ်ဏာလဲကုန်
သာသနာရေးပါ စားနေကြပါလား..

aristhteinwin said...

သူတို့ ကို ငရဲတို့  အ၀ိစိ တို့ နဲ့ ခြောက်လို့ မကြောက်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဘာသာ မရှိတဲ့ သူတွေဖြစ်လို့ ဘဲ- ရွှေတိဂုံ- မဟာမုနိ- ကျိုက်ထီးရိုး သတဲ့ တန်ကြီးဘုရားဂေါပကတွေ အားလုံးက ဘောင်းဘီချွတ်တွေချည်းဘဲ- နှစ်စဉ် ရငွေ သုံးငွေ စာရင်းရှင်းတမ်း ပြည်သူတွေသိအောင် ဘယ်နှစ်ခါ ထုတ်ပြန် ရှင်းလင်းဘူးလဲ- တခါမှ ရှင်းတယ် မကြားဘူး- ဘူး။

la min said...

ကြားရတာလဲစိတ်ပျက်စရာပဲကွာ...ဒါမျိုးတွေ မြန်မာပြည်မှာအများကြီး...အဖွဲ့တစ်ဖွဲ့..ဖွဲ့ပီး..စီစစ်ရင်ကောင်းမယ်....သတင်းကိုလဲ ပြန့်နိုင်သမျှပြန့်အောင်လုပ်ပေးရင်လဲ မဆိုးဘူး...သူတို့ သတိထားမိလောက်တယ်....၀ိုင်းမျှလိုက်ကြပေါ့ဗျာ.....

ပုဂံစစ်သည် said...

ရွှေစည်းခုံဂေါပကအဖွဲ့တွေက ကောင်းကြပါတယ်၊ မကောင်းတာက ဌာနဆိုင်ရာတွေပဲ၊ ညောင်ဦးက ဌာနဆိုင်ရာတွေ တစ်ခုမှမကောင်းဘူး၊ ရွှေစည်းခုံဘုရားပွဲကိုလဲ စည်ကားအောင်မလုပ်ဘူး၊ ဌာနဆိုင်ရာတွေက သူတို့အတွက်စားပေါက်မရှိလို့ မလုပ်တာ။

Unknown said...

အင်း နောက်ထပ် ကျမ်းဆူးကြဦးမယ့်ကြံ့ဖွတ်ကကိုကိုသူတော်ကောင်းကြီးတွေပါလား

ဇာမဏီ said...

ဘုရားရဲ့ ပရ၀ုဏ် မှာလဲ ဘယ်သူမှ သန့်ရှင်းရေးကိုဂရုမစိုက်ကြပါဘူး ။ အိမ်သာတွေဆိုတာ မြင်မ
ကောင်းအောင်ညစ်ပတ် စုတ်ပြတ်နေတာ . ဒါမျိုးတွေကျတော့
ဘယ်သူမှ အရေးတယူလုပ်ပီး မပြင်ဆင်ကြပါဘူး ။ကမ္ဘာလှည့်
ခရီးသွားတွေနဲ့ အင်မတန်ရှက်ဖို့ကောင်းပါတယ်ဗျာ ။

Powered by Blogger.