မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ

မန္တလေး၊ မေလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်သူရမျိုး (YPI)

မန္တလေးမြို့အပြင်ဘက် အဝေးပြေးကားလမ်းဘေးများ အနီးကျေးရွာ မြေကွက်များနှင့် လယ်ယာမြေ များကို တရုတ်လူမျိုး ကုန်သည်များမှ လိုက်လံဝယ်ယူလျှက်ရှိကြောင်း အဆိုပါရွာခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

“မြို့ပြင်ဘက်က မြေတွေကို လိုက်ဝယ်နေတော့ မြေဈေးတွေက (၅)ဆလောက်တက်သွားတယ်”ဟု မြေပွဲစားတစ်ဦးက YPI သို့ပြောသည်။

ယခင်နှစ်ပိုင်းများက ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ မြေကွက်များကိုသာ တရုတ်ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်တစားဝယ်ယူကြပြီး ယခုရက်ပိုင်းကာလအတွင်း ပြင်ဦးလွင်ကားလမ်း ဘေးနှင့် မတ္တရာကားလမ်းဘေးအနီးရှိ လူနေမြေကွက်များနှင့် လယ်ယာမြေများကို ရင်းနှီးမြှုပ်နှံဝယ်ယူ လာကြောင်း မန္တလေးမြို့ခံ မြေပွဲစားများထံမှသိရသည်။

“ဒီရက်ပိုင်းအတွင်းမှာ မြို့ပြင်ကမြေကွက်အတွက် အရောင်းအ၀ယ်စာချုပ် ချုပ်ဖို့ ဥပဒေအကျိုးဆောင် ပေးရတာ (၅)ခုလောက်ရှိသွားပြီ” ဟု အထက်တန်းရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါမန္တလေးမြို့ အပြင်ဘက်ကားလမ်းဘေးများရှိ မြေကွက်များနှင့် လယ်မြေများသည် ပိုင်ဆိုင်မှု ဂရန်များမရှိကြဘဲ အရပ်စာချုပ်ပိုင်ဆိုင်မှုများနှင့် ဘိုးဘွားပိုင် အရောင်းအ၀ယ်စာချုပ်များသာ ရှိကြပြီး မြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုသည့်အခါ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ၀ယ်ယူသူဘက်မှ ကိုယ်စားလှယ်၊ ရှေ့နေများနှင့် မြေပိုင်ဆိုင်သူ ရွာခံများဖြင့် လွှဲပြောင်းမှုလုပ်ကြကြောင်း အကျိုးဆောင်တဦးက ရှင်းပြသည်။


ယခုလို အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုသည့်အခါ တရုတ်လူမျိုးကုန်သည်များသည် ကိုယ်တိုင် တိုက်ရိုက်ဝယ်ယူမှုနည်းပါးပြီး ၄င်းတို့ယုံကြည်စိတ်ချရသည့် မြန်မာလူမျိုးမြေပွဲစားများကို အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) လွှဲအပ်ပြီး ၀ယ်ယူခြင်းမျိုး များပြားသည်ဟုလည်း ပွဲစားများက ပြောဆိုသည်။

“လောင်စာဆီဆိုင်ဖွင့်ဖို့နဲ့ ဂိုထောင်တွေဆောက်ဖို့မြေ၀ယ်တာလို့တော့ပြောတာဘဲ။ ဘိုးဘွား အစဉ်အဆက်က ဒီမှာနေလာတော့ ရွာခံအများစုက မရောင်းချင်ကြဘူး။ ဒါပေမဲ့ မြေတစ်ကွက်ကို သိန်း (၃၀၀) လောက်ထိပေးဝယ်နေတော့ ရောင်းဖြစ်သွားတဲ့ လူတွေလည်း ရှိပါတယ်”ဟု မန္တလေးမြို့ပြင် မြောက်ဘက်ရှိ ကြာနီကန်ကျေးရွာမှ ရွာခံတစ်ဦးကပြောသည်။

ထို့ပြင် တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး နယ်မြေဒေသအေးချမ်းမှုမရှိသည့် ဖားကန့်နှင့်မြစ်ကြီးနားမြို့ရှိ ငွေကြေးချမ်းသာသည့် တရုတ်လူမျိုးကုန်သည်များသည်လည်း မန္တလေးမြို့ပြင်ရှိ မြေကွက်များအား ရင်းနှီးမြှုပ်နှံဝယ်ယူရန် စိတ်ဝင်တစားရှိကြောင်း အဆိုပါကုန်သည်များက ပြောသည်။

“နယ်မြေအခြေအနေသိပ်မအေးချမ်းတော့ အဲဒီမှာ ရင်းနှီးမြှုပ်နှံမှုသိပ်မလုပ်တော့ဘဲ မန္တလေးမှာ မြေကွက်တွေ ၀ယ်ထားလိုက်တယ်”ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သိန်းထောင်ကျော် တန်ဖိုးရှိ မြေကွက်များ အား ၀ယ်ယူထားသူ  ကုန်သည်တစ်ဦးကဆို သည်။

“နောင်ဆိုရင် မန္တလေးမြို့က ပိုကျယ်လာဖို့ဘဲရှိတယ်။ အဲတော့ငွေရင်းနိုင်တဲ့သူတွေက မြို့ပြင်မှာရှိတဲ့ မြေကွက်ကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံထားရင် နောင်တစ်ချိန်အကျိုးအမြတ်များများရနိုင်တယ်”ဟု  မန္တလေးမြို့ခံ မြေပွဲစားတစ်ဦးကပြောသည်။

ယခင်က မန္တလေးမြို့စည်ပင်နယ်နိမိတ်အပြင်ဘက် မန္တလေးဈေးချိုတော်နှင့် မိနစ်(၂၀)ကြာ ဆိုင်ကယ်ဖြင့် သွားလာရသော ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြေကွက်များသည် ၁၉၉၅ ခုနှစ်က ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ငွေကျပ် ၁၅၀၀၀ ခန့်သာ တန်ဖိုးရှိခဲ့သော်လည်း ယခုကာလ ရက်ပိုင်းအတွင်း အဆိုပါမြေကွက်များသည် ငွေကျပ် သိန်း(၄၅၀)ခန့်ဝန်းကျင် တန်ကြေးရှိပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင်းရှိမြေကွက်များသည် နေရာအလိုက်အကွက်အကွင်းကောင်းပါက ကျပ်သိန်းထောင် ဂဏန်းမှ ကျပ်သိန်းသောင်းဂဏန်းအထိ တန်ကြေးရှိပြီး မြို့ပြင်မြေကွက်များမှာသိန်း(၂၀၀)၊ (၃၀၀)ခန့်သာ ပေါက်ဈေးရှိသည့်အတွက် မြို့ပြင်မြေကွက်များသည် မြို့တွင်းမြေကွက်များနှင့်နှိုင်းယှဉ် ပါက တန်ဖိုးများစွာလျော့နည်းခြင်းကြောင့် တရုတ်လူမျိုးရင်းနှီးမြှုပ်နှံလိုသူများအနေနှင့် ပိုမို စိတ်ဝင်စားခြင်းဖြစ်နိုင်ကြောင်း ၀ါရင့်အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကမှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ကားဈေးကွက်နှင့် ကျောက်စိမ်းဈေးကွက် အေးနေခြင်းသည်လည်း ငွေရင်းနှီးမြှုပ်နှံသူများအဖို့ မြေဈေးကွက် ဘက်သို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာဖွယ်ရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်သည်။      ။
 Yangon Press International
မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ မန္တလေးမြို့ပြင်ရှိမြေများကို တရုတ်ကုန်သည်များမှ လိုက်လံဝယ်ယူနေ Reviewed by သစ်ထူးလွင် on 21:43 Rating: 5

23 comments:

The Burma Wildlife Ranger said...

မြန်မာတွေက ဒီမိုကရေစီ အော်နေချိန်မှာ...
အချင်းချင်း ညီညွတ်ရေးတည်ဆောက်နေချိန်မှာ...
တရုတ်တွေက မြန်မာ့မြေတွေကို လိုက်ဝယ်နေတယ်...
အဲဒီကောင်တွေကို မောင်းမထုတ်နိုင်ရင်...တရားဥပဒေအရ တင်းတင်းကြပ်ကြပ် တားဆီးပါ...
ဒေသခံတွေက ငွေလုံးငွေရင်းနဲ့ လှိမ့်ဝင်လာတာကို ခံနိုင်ရည် မရှိဘူး...
နိုင်ငံတော် အစိုးရက အမျှော်အမြင် ရှိရှိ လုပ်ဆောင်ရမယ့် အရေးအရာတွေဖြစ်တယ်...
အာဆီယံမှာ သင်ခန်းစာတွေ တစ်ပုံကြီးရှိတယ်...
ထိုင်း၊ မလေးရှား တွေမှာ စီးပွားရေးက သူတို့ ဟာတွေကြီးဘဲ...
တည့်တည့်ပြောချင်တာက...
မြန်မာနိုင်ငံရေးကို တရုတ်က စီးပွားရေးနဲ့ ချုပ်ကိုင်လာတော့မယ် ဆိုတာဘဲ...
မြန်မာ့မြေကို မြန်မာကပဲ ပိုင်ဖို့လိုတယ်...
ဒီအချိန်ဟာ တော်တော်အတိမ်းအစောင်း မခံတဲ့အချိန်ပဲ...
အားလုံးကို သတိဝိရိယရှိရှိ ကြိုကာထားနိုင်မှ...တော်ကာကျမယ်...
တရုတ်က စီးပွားရေးကို စစ်ရေးလို သဘောထားပြီး ၀င်လာတာ...
အမေရိကန်၊ ဥရောပနှင့် ဂျပန်တို့လို သိက္ခာရှိရှိ လုပ်နေမှာ မဟုတ်ဘူး...
အဲဒါနိုင်ငံသားတိုင်း တဖွဖွပြောပြီး သတိနဲ့ စောင့်ကြည့်ရမှာ...
လွှတ်တော်ကိုယ်စားလှယ်တွေ၊ နာယကတွေနှင့် သမ္မတဦးသိန်းစိန်တို့ ကို တပ်လှန့်ပေးမှရမယ်...
သူတို့ အရေးတယူမလုပ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးကြမယ်...

The Burma Wildlife Ranger said...

မြန်မာတွေ စီးပွားရေး အထူးနိုးကြားဖို့ လိုပြီ...အားလုံးဟာနိုင်ငံရေးကိုဘဲ အာရုဏ်ရောက်နေကြတယ်...
တချိန်တည်းမှာ...စီးပွားရေးကလည်း...မြန်မာနိုင်ငံသားတွေလက်ထဲမှာ ရှိနေဖို့ အရေးကြီးပြန်တယ်...
စီးပွားရေးမရှိရင် နိုင်ငံရေး မရှင်သန်နိုင်ဘူးလို့ ကျနော်တော့ ယုံကြည်တယ်...
ဘာလို့လဲ ဆိုတော့ စီးပွားရေးက နိုင်ငံရေးကို ကိုင်လှုပ်နိုင်လို့ဘဲ...

mystic bamar said...

မြန်မာလူမျိုးနာမည် နဲ့ မြေဝယ်လို့ ကတော့ ဝယ်ပါစေ။ ဦီးနေဝင်း လက်ထက်က ကုလားတွေ ကို သူ့တိုင်းပြည် ပြန်ခိုင်းလိုက်လို့၊ ရန်ကုန်မြို့လယ်က ကုလားတိုက်ခန်းတွေ တော်တော်များများ မြန်မာတွေ ရ လိုက်တယ်။ ဒါ ဖေါ်မြူလာ ပဲ ။

toke kyi said...

မြန်မာတွေ ဘုံပျောက်မဲ့ ကိန်းပါလား..စဉ်းစာကြနော် တစ်သက်စာနဲ့ တစ်နပ်စာ...

ကိုကိုညို said...

တိုင်းပြည်လဲ ငြိမ်ချမ်းသွားရော မြန်မာတွေလဲ ခွေးဖြစ်ရော အခုတော့ ထောင်ထောင်လုပ်ကြအုံးပေါ့

toke kyi said...

မြန်မာတွေ ဘုံပျောက်မဲ့ကိန်းဆိုက်တော့မယ်...တစ်နပ်စာအတွက်ဆိုရင်တော့ သားစဉ်မြေးဆက် အတွက်တော့ ရင်လေးတယ်....မြေမြိုလို့ လူမျိုးမပြုတ် လူမြိုမှ လူမျိုးပြုတ်မယ်တဲ့...ငါတို့တော့ မြို့ပြင်လည်းနေနိုင်တယ်ဆိုရင်တော့..ကိုယ့်အလှည့်ကျမှ ကျူးကျော်မြေဖြစ်နေကြအုံးမယ်..

Shin Myochit said...

လူတန်းစားကွာဟမှုကိုပိုပြီးတိုးလာစေတာဟာဒီအချက်လဲပါတယ်၊နိုင်ငံသား
ဖြစ်စေ၊နိုင်ငံခြားသားဖြစ်စေဈေးတွေအဆမတန်ပေးပြီးဝယ်နေတာလက်ပိုက်ကြည့်
မနေသင့်ဘူးထင်တယ်။ဆင်းရဲပြီးနေစရာမရှိဖြစ်နေတဲ့လူတန်းစားကိုသေချာ
တဲ့ကူညီမှုမျိုး ဥပမာ-မြေကွက်တွေပေးပြီးသူတို့ပြန်ရောင်းစားလို့မရအောင်
၅နှစ်သို့မဟုတ်၁၀နှစ်အစိုးရကချုပ်ကိုင်ထားတာမျိုးနဲ့ချုပ်ကိုင်ထားစဉ်အတွင်းရောင်ချခဲ့ရင်အစိုးကပြန်သိမ်းတဲ့စနစ်မျိုးရှိသင့်ပါတယ်။ကားဈေးကျသွားသလိုမျိုးလုပ်နိုင်ရင်သိပ်ကောင်းပါတယ်။ငွေပိုငွေလျှံ
ဖြစ်နေတဲ့ချယ်လှယ်သူလူတန်းစားတွေကိုအားမပေးသင့်ပါဘူး။မြန်မာနိုင်ငံသားတိုင်းမြန်မာ့မြေပေါ်မှာနေစရာပိုင်ဆိုင်ခွင့်၊အလုပ်အကိုင်ရရှိခွင့်
စသဖြင့်အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ရင်တော့ကိုင်းကျွန်းမှီး။ကျွန်းကိုင်းမှီဆိုသလို။နိုင်ငံတော်အစိုးရအနေနဲ့လဲတာဝန်အနဲငယ်ပေါ့သွားမယ်
လို့ထင်မြင်မိပါတယ်။စည်းကမ်းရှိခြင်းနှင့်အတူလွတ်လပ်ဂ်ျတရားမျှတသော
စနစ်အောင်မြင်ဖြစ်ထွန်းနိုင်ပါစေ။

san san said...

မြန်မာအစိုးရတွေမန္တလေးမှာ တရုတ်တွေမြေတွေဝယ်နေတာကိုဒီအတိုင်းကြည့်မနေသင့်ဘူး။တ၇ုတ်တွေမြန်မာပြည်ရဲ့ငွေဈေးကွက်တွေကိုဖျက်နေတဲ့အပြင်မြန်မာပြည်ဟာတရုတ်တွေပိုင်တဲ့တိုင်းပြည်အစိတ်အပိုင်းတခုဖြစ်သွားနိုင်တယ်။မြန်မာပြည်အတွင်းတရုတ်များပါမစ်ကိုင်းဆောင်းခြင်းမရှိဘဲဥဒဟိုသွားလာနေတာတိုင်းပြည်နစ်နာလှတယ်။ပါမစ်တွေအတွက်ရမဲ့အခွန်ဝင်ငွေများစွာနစ်နာလှတဲ့အပြင်တိုင်းပြည်ဟာဥပဒေမဲ့လွန်းတယ်။တရုတ်လုပ်သမျှခံနေရတယ်။အပေါ်ပိုင်းဘဲမကြည့်ဘဲအောက်ခြေပိုင်းကိုလည်းသေချာလေ့လာစီစစ်စေချင်တယ်။မြန်မာပြည်တရုတ်ဝါးမျိုနေတာသိကြရဲ့သားနဲ့လွတ်မထားစေချင်ပါ။

Myo1 said...

မြန်မာနိုင်ငံသားများနောက်ဆိုမန္တလေးမြို့ သွားရင် တရုတ်သံရုံးမှာ ဗီဇာသွားတောင်းရတော့မယ်...

tkm said...

တရုတ်တွေကတော့ မြန်မာပြည်မှာအချေချနေထိုင်တော့မယ်
ဒီကောင်တွေမြန်မြန်မောင်ထုတ်ကွာ..
ဒီမိုကရေစီရလာတော့ပိုဆိုးတော့မယ်
ဒီကောင်အမြင်ကျယ်တယ်နော်..
စီးပွားရေးကလည်းဖွင့်ပေးလိုက်တော့
ကြာလာရင် တရုတ်မိန်းမတွေဖြစ်ကုန်တော့မှာ
မြန်မာမတွေလည်း....အသားဖြူဖြူဆိုကြိုက်ကုန်ရော

SAM said...

ရှမ်းမလေး အမှုတုန်းက ကြတော့ သေတဲ့အထိစစ်လိုက်ကြတာ။ အခု တရုတ်တွေ ၀ယ်နေတာကြတော့ မသိချင်ယောင်ဆောင်နေကြပါကောလား...

Thurein said...

နောက်ပိုင်းကျရင် မြန်မာပြည်ရဲ့လူမျိုးထဲမှာ တရုတ်ကိုပါထည့်ရလိမ့်မယ်။ ဒီပုံအတိုင်းဆက်သွားနေရင် နောက်ပိုင်းမှာ ကမ္ဘာ့မြေပုံမှာ မြန်မာပြည်ကို တရုတ်ရဲ့ ပြည်နယ်တစ်ခုအနေနဲ့ မြင်ရလိမ့်မယ်။ စဉ်းစားကျပါ။ အမျိုးပျောက်မှာ၊ နိုင်ငံပျောက်မှာကို တွေးကြောက်ကျပါ။

ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com

aristhteinwin said...

မြေပိုင်ဆိုင်ခွင့်ကို နိုင်ငံသားတွေသာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ ဥပဒေမျိုး ရှိဘို့ လိုတယ်။ ဒီနေရာမှာ ဥပဒေ ကို လက်တလုံးခြား လုပ်နိုင်တဲ့ လှည့်ကွက်လေးတွေ ရှိတယ်။ ငွေရှိသူ နိုင်ငံခြားသားက နိုင်ငံသားကို ငွေပေးပြီး မြေ၀ယ်မယ်- ပြီးတော့ -အဲဒီငွေပေးသူကို - လှူမယ်။ မေတ္တာလက်ဆောင်ပြန်ပေးမယ် ဆိုပြီး လုပ်နိုင်တယ်။ တင်းကြပ်တဲ့ ဥပဒေတော့ ရှိဘို့ တယ်။

nayminaung said...

တရုတ်နဲ့ကုလား ကိုဘယ်တော့မှ နေစရာလည်းမပေးနဲ့ ဘယ်တော့မှလည်းမသနားနဲ့ အဲဒီကောင်တွေက သနားလို့ လက်ပေးစုပ်ရင် အကုန်လုံးကိုမျိုချင်တာ..........

maw maw said...

ကားဈေးပြုတ်ကျသလိုအိမ်ခြ့မြေဈေးပြုတ်ကျအောင်လုပ်နေတာပါတကယ်တော့လူတိုင်းလက်မယ်ပိုက်ဆများများကိုင်ထားနိုင်သူဆိုလို့ဘိန်းကထောနေသူနင့်လက်တဆုတ်စာလူနည်းစုမုာသာပါသိပ်မကြာခင်ကားလို
ဈေးတဟုန်ထိုးကျဆင်းလာအုန်းမုာအသေအချာပါကိုယ့်လက်ထည်းမ
ပိုက်ထားမိဖို့သတိထားဖို့အသိပေးပါတယ်သူတို့ကစားနေကြတာပါ

maw maw said...

ကားဈေးပြုတ်ကျသလိုအိမ်ခြ့မြေဈေးပြုတ်ကျအောင်လုပ်နေတာပါတကယ်တော့လူတိုင်းလက်မယ်ပိုက်ဆများများကိုင်ထားနိုင်သူဆိုလို့ဘိန်းကထောနေသူနင့်လက်တဆုတ်စာလူနည်းစုမုာသာပါသိပ်မကြာခင်ကားလို
ဈေးတဟုန်ထိုးကျဆင်းလာအုန်းမုာအသေအချာပါကိုယ့်လက်ထည်းမ
ပိုက်ထားမိဖို့သတိထားဖို့အသိပေးပါတယ်သူတို့ကစားနေကြတာပါ

Soe said...

တ၇ုပ်တွေကို မှတ်ပုံတင် ထုတ်ပေးတဲ့ ကိစ္စ တ၇ုပ်တွေကို
မြန်မာပြည်ထဲမှာ မြေဝယ် နိုင်အောင် စီးပွားေ၇းလုပ်နိုင်အောင် ကူညီခဲ့တဲ့ သူေ၇ာ အစိုး၇ အဖွဲ့ ထဲက ပိုက်ဆံ၇ယင် အကုန်လုပ်တဲ့ အမျိုးပျက်တွေ ၇ှိနေသမျှကတော့ တ၇ု ပ်က မြန်မာကို တစ်ဖြည်းဖြည်း နယ်ချဲ့ ပြီး စတင် ဝါးမြိုနေပါပြီ အခုဆိုယင် မြန်မာ အမျိုးသမီး တော်တော်များများကလည်း
မြန်မာ့ ယာဉ်ကျေးမှူ့ နဲ့ အမျိုးဂုဏ် ထိမ်းသိမ်း ၇ကောင်းမှန်း မသိတဲ့သူ
တွေ များလာနေပြီး ဥပမာ မြန်မာ့ ၇ိုး၇ာဖြစ်တဲ့ သင်္ကြန် ကိုပဲ ကြည့်ပါ ၇ိုး၇ာ သင်္ကြန် နဲ့ မတူတော့ ပါဘူး နောက်ပြီးတော့
တ၇ုတ်ယာဉ်ကျေးမှူ့နဲ့ ကို၇ီးယား ယာဉ်ကျေးမှူ့တွေ
လွမ်းမိုး လာအောင် အတုမြင်အတတ်သင်ဖြစ်အောင် အစိုး၇က မြန်မာ့ အသံက နေ နေ့စဉ် မပြတ်တန်းလွင့်ထုတ်ပေးနေတာကြောင့် ခေတ်လူငယ်
တော်တော်များများဟာ ကိုယ့်ကို ကိုယ် ဘာလူမျိုးမှန်း မသိ အောင်
ဖြစ်နေကြပါပြီ တိုင်းပြည်ကို လက်နက်နဲ့ အာဏာ အတင်းယူထားတဲ့ စစ်တပ်ကလည်း ဆိုတာကလည်း တစ်ဘို့ထဲ နွားတွေ ပြည်သူ ထဲက ပြည်သူတစ်ချို့ ကလည်း အမျိုးဂုဏ် ထိန်းသိမ်း ၇ကောင်းမှန်မသိ မှတော့ နောက် လာမယ့် ဆယ်စုနှစ် လောက် ဒီအတိုင်းဆက်သွားနေယင်တော့မြန်မာ ပြည်မှာ တ၇ုတ်စပ် ကုလားစပ် လူမျိုးခြားတွေ ပေါ်လာတော့မယ်ဆိုတာ
အားလုံး သတိ ပြုမိကြမှာပါ ဒါဟာ အာဏာ၇အစိုး၇နဲ့ ပြည်သူတစ်ချို့ မကောင်းလို့ ၇တဲ့ ၇လာဒ်ပါ အမျိုးဘာသာ သာသနာကို စောက်ေ၇ှာက် ကြတဲ့သူတွေကတော့ ဒါတွေကို သိပါတယ်

Zaw Latt said...

လူတန်းစားကွာဟမှုကိုပိုပြီးတိုးလာစေတာဟာဒီအချက်လဲပါတယ်၊နိုင်ငံသား
ဖြစ်စေ၊နိုင်ငံခြားသားဖြစ်စေဈေးတွေအဆမတန်ပေးပြီးဝယ်နေတာလက်ပိုက်ကြည့်
မနေသင့်ဘူးထင်တယ်။ဆင်းရဲပြီးနေစရာမရှိဖြစ်နေတဲ့လူတန်းစားကိုသေချာ
တဲ့ကူညီမှုမျိုး ဥပမာ-မြေကွက်တွေပေးပြီးသူတို့ပြန်ရောင်းစားလို့မရအောင်
၅နှစ်သို့မဟုတ်၁၀နှစ်အစိုးရကချုပ်ကိုင်ထားတာမျိုးနဲ့ချုပ်ကိုင်ထားစဉ်အတွင်းရောင်ချခဲ့ရင်အစိုးကပြန်သိမ်းတဲ့စနစ်မျိုးရှိသင့်ပါတယ်။ကားဈေးကျသွားသလိုမျိုးလုပ်နိုင်ရင်သိပ်ကောင်းပါတယ်

Zaw Latt said...

တ၇ုပ်တွေကို မှတ်ပုံတင် ထုတ်ပေးတဲ့ ကိစ္စ တ၇ုပ်တွေကို
မြန်မာပြည်ထဲမှာ မြေဝယ် နိုင်အောင် စီးပွားေ၇းလုပ်နိုင်အောင် ကူညီခဲ့တဲ့ သူေ၇ာ အစိုး၇ အဖွဲ့ ထဲက ပိုက်ဆံ၇ယင် အကုန်လုပ်တဲ့ အမျိုးပျက်တွေ ၇ှိနေသမျှကတော့ တ၇ု ပ်က မြန်မာကို တစ်ဖြည်းဖြည်း နယ်ချဲ့ ပြီး စတင် ဝါးမြိုနေပါပြီ
တ၇ုတ်ယာဉ်ကျေးမှူ့နဲ့ ကို၇ီးယား ယာဉ်ကျေးမှူ့တွေ
လွမ်းမိုး လာအောင် အတုမြင်အတတ်သင်ဖြစ်အောင် အစိုး၇က မြန်မာ့ အသံက နေ နေ့စဉ် မပြတ်တန်းလွင့်ထုတ်ပေးနေတာကြောင့် ခေတ်လူငယ်
တော်တော်များများဟာ ကိုယ့်ကို ကိုယ် ဘာလူမျိုးမှန်း မသိ အောင်
ဖြစ်နေကြပါပြီ
အမျိုးဂုဏ် ထိန်းသိမ်း ၇ကောင်းမှန်မသိ မှတော့ နောက် လာမယ့် ဆယ်စုနှစ် လောက် ဒီအတိုင်းဆက်သွားနေယင်တော့မြန်မာ ပြည်မှာ တ၇ုတ်စပ် ကုလားစပ် လူမျိုးခြားတွေ ပေါ်လာတော့မယ်ဆိုတာ
အားလုံး သတိ ပြုမိကြပါ

lawyer said...

ကိုမင်းကိုနိုင်မန်လေး ကိုလာစဉ် က ပြောတာလေးကိုပြန်ပြောပါရစေ။“ လက်နက် နဲ.တိုက်ပြီး ယူသွာတဲ.မြေကိုလွတ်လပ်ရေး ရရင် ပြန်ရနိုင် ပေမယ်.။ငွေနဲ.ပေါက် ပြီးယူသွာတဲ.မြေကိုတော.တစ်သက်လုံးပြန်မရနိုင် တော.ပါဘူး။ဒါကြောင်.နောက်ဆုံးခံတပ် ဖြစ်တဲ.မန်လေးသူ မန်လေးသားတွေ တောင်.ခံကြဖို.။“ပြောခဲ.ပါတယ်။ပြီးတော. သပြေတန်း ခံတ်လိုမဖြစ် စေဖို.မှာ ခဲ.သေးတယ်။။။

သူရအောင် said...

ဟုတ်ပါ့ကွာ
ဒီမိုကရေစီဆိုတာကြီးကလည်း ပိုက်ဆံရှိတဲ့သူတွေအတွက်ပဲ ပိုပြီးတော့ အကျိုးရှိနေသလိုပါပဲကွာ

နေကြာရိုး said...

တရားဥပဒေ မတင်းကြပ်ခင်၊ မစိုးမိုးခင် လာဘ်ထိုးလို့ ကောင်းတုန်း ဒီ ငနာ အမျိုးယုတ်တွေက ငွေနဲ့ပေါက်ပြီး တိုင်းပြည်ကို ချစားသလို စားနေတာ။ ဒါကို သမတက မသိကျိုးကျွန်ပြုရင်၊ နွဲ့ပြနေရင်တော့ သီပေါမင်း ခေါ်သလို ခေါ်သွားမှာတော့မဟုတ်ဘူး။ မန်းမြေတစ်ပြင်လုံး တရုတ်တွေပဲ ကြီးစိုးကြမယ်။ တို့မန်းသားတွေ ညီညွတ်ကြပါ။ ဒီနယ်ချဲ့ကျူးကျော်သူတွေကို တတ်နိုင်သလောက် ကြပ်ပေးဖို့လိုပြီ။ မြန်မာလိုလို တရုတ်လိုလိုရုပ်နဲ့ အတိတ်က တရုတ်စပ် နေ၀င်းကျင့်သလို ကျင့်ကြမယ်ဆိုတာ မမေ့ဖို့ပဲ။ မြန်မာ့မြေဟာ တိုင်းရင်းသားတွေအားလုံးပျော်ပျော်ရွှင်ရွှင်နေရစ်ဖို့ ဗိုလ်ချုပ်တို့ အသက်တွေသေးတွေ ပေးဆပ်ခဲ့ကြတာ။

Anonymous said...

အဲဒီလောက်လဲစိတ်ပူ မနေကြပါနဲ့။ တရုတ်ဆိုတဲ့အကောင်က သိပ်အဆင့်ရှိတဲ့ကောင်တွေမဟုတ်ပါဘူး။ ပညာ တတ်တွေလဲမဟုတ်ပါဘူး။ ဒို့ဗမာတွေလောက် ပညာမတတ်တာတော့အမှန်ပဲ။ ဒီကောင်တွေက အကျင့်သိက္ခာ မရှိတဲ့ကောင်တွေ။ အမြီးရ အမြီးစား။ ခေါင်းရ ခေါင်းစား ဆိုတာ တစ်ကမ္ဘာလုံးသိနေပါတယ်ကွာ။ အမေရိကန် နဲ့ အီးယူ က သူ့ရဲ့အကျင့်ကို သိနေပြီး စ၀ိုင်းနေပါပြီ။ တစ်နပ်စားကြံတဲ့ကောင်တွေ ကမ္ဘာပေါ်မှာ နေစရာမရှိ တဲ့ တိုင်းပြည်တောင် ဖြစ်သွားနိုင်တယ်ဆိုတာ မင်းတို့တရုတ်တွေကို သတိပေးချင်ပါတယ်။ ဘိန်းရောင်း၊ အရက်ရောင်း၊ လောင်းကစားလုပ်၊ မကောင်းတာ အကုန်လုပ်ပြီး ကြီးပွားနေတာ အားလုံးအသိပါ။ တစ်ကမ္ဘာလုံး အသိပါကွာ။ သူများတိုင်းပြည်တွေက နည်းပညာတွေခိုး၊ မြန်မာပြည်က ကျောက်တွေခိုး၊ သစ်တွေခိုးပြီး ကြီးပွားနေတာ။ တစ်နေ့တော့ နေစရာမရှိဖြစ်လာမှာဆိုတာ သတိပေးလိုက်ပါရစေ။ ဒို့ ဗမာ တွေ အားလုံး သတိလို့နိုးဆော်ပါရစေ။ အဘ ဦးသိန်းစိန် ရေ သတိနော်… အမေစု ရေ သတိ နော်.. ဗိုလ်ချုပ်ကြီးများ သတိ.. ရဲချုပ်ကြီးများသတိ… ကမ္ဘာမှာ မြန်မာဟေ့လို့ မော်ကြွားနိုင်အောင် သူရဲကောင်းကြီးတွေ စွမ်းဆောင်ပြ စေချင်ပါတယ်.. ဘယ်သူ့မှ ကြောက်စရာ မလိုဘူး။ အဘ နဲ့ အမေ စု တို့ရဲ့ နောက်မှာ သားတို့ သမီး တို့ နဲ့ ပြည်သူတွေ ရှိတယ်။ အားလုံး သတိ။

Powered by Blogger.