နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်

နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်တည်ဆောက်ရေး ကော်မတီ RCSS/SSA အဖွဲ့တို့ ဂုဏ်ပြုညစာ စားပွဲ အပြီးတွင် ယခုလိုပြောကြားလိုက်ခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော် သမ္မတကြီး အပူရှပ်သွားတာပါ ၊ အခုချိန်မှာ ရာသီဥတုက အရမ်းပူတော့ အပူရှပ်သွားတာပါ အခုတော့ ပြန်သက်သာသွားပါပြီ” ဟု သတင်းထောက်များက နိုင်ငံတော်သမ္မတကြီး၏ ကျန်းမာရေး အခြေအနေမေးမြန်း ချက်ကို ယခုကဲ့သို့  ပြန်လည်  ဖြေကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန် နိုင်ငံတော် သမ္မတကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန် Reviewed by သစ်ထူးလွင် on 09:37 Rating: 5

24 comments:

lwinmin said...

သမတ ကြီးဦးသိန်းစိန် ကျန်းမာပါစေ....ပြည်သူ့အကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ပါစေ...

akabikhu said...

ဝမ်းသာပါတယ်။

minsoeaung said...

သမ္မတကြီးခင်ဗျား
ကျန်းမာရေးကောင်းမွန်ရင်မျက်နှာလေးမြင်ခွင့်ပေးပါ။စိတ်ပူနေတာတွေအားလုံးလျော့သွားချင်ပါသည်။
အစဉ်ချစ်ခင်လေးစားရပါသောပြည်သူများ၏ကိုယ်စားတင်
ပြပေးခြင်ဖြစ်ပါသည်။
ကျန်းမာစွာအသက်ရာကျော်ရှည်ပါစေကြောင်းဆုမွန်ကောင်းများတောင်းလျက်ရှိပါကြောင်း

Dohbamar said...

သမ္မတကြီးအိမ်မီးမလာဘူးထင်တယ်။

သွေးသောက် said...

တော်သေးတာပေါ့၊သမတကြီးအစဉ်အမြဲကျန်းမာစေရန်ဆုတောင်းပါတယ်၊

Acmv Org said...

သမ္မတကြီး ကျန်းမာပါစေ။ ပြည်သူများ၏ ဆန္ဒ ကို ဖြည့်ဆည်းပေးနိုင်ပါစေ။

Pyinnyadepa said...

သမ္မတကြီး...ကျန်းမာပါစေ..
ပြုပြင်ပြောင်းလဲရေးများကိုပြည့်သူ့အတွက်ဆက်လက်ဆောင်ရွက်နိုင်ပါစေ....
မသူတော်၊ကိုယ်ကျိုးရှာသမားတွေကိုနှိမ်နင်းတိုက်ဖျက်နိုင်ပါစေလို့ဆုတောင်းပေးနေပါတယ်ခင်ဗျာ..။

ခန့်ဇော် said...

မြန်မာ့သမိုင်းမှာပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့အထင်ကရလူမျိုးထဲမှာ
သမ္မတကြီးဦးသိန်းစိန်ပါဝင်ပါတယ်..ရဲဝံ့စွာနဲ့ပြုလုပ်ခဲ့တဲ့ဆောင်ရွက်ချက်များကို
မြန်မာပြည်သူတွေက၀မ်းပန်းတစ်သာနဲ့ကြိုဆိုနေကြတာပါ...ရှေ့ဆက်ပြီးတော့လဲတုင်းပြည်အတွက်အကောင်းဆုံးသောအရာတွေကိုဖန်တီးပေးနိုင်ပါစေလို့...ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...သမ္မတကြီးတစ်ယောက်ကျန်းမာခြင်းချမ်းသာခြင်း၊သုခအဖြာဖြာခံစားနိုင်ပါစေလို့မြန်မာပြည်သူ/သားများကိုယ်စားဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ........

minmin said...

အရမ်းဝမ်းသာပါတယ် ဆက်လက်ပြီး ပြည်သူ့အကျိုးတွေကို အကောင်းဆုံးဆောင်ရွက်နိုင်ပါစေလို့

kyaw kyaw said...

စိတ်ပူလိုက်ရတာ သမ္မတကြီးရယ်၊သမ္မတကြီျးကျန်းမာရေးမြန်မြန်ကောင်းပါစေလို့ဆုတောင်းပေးနေတာတွေ အခုတော့ပြည့်သွားပါပြီ၊သက်တော်ရာကျော်ရှည်ပါစေ၊လို့ပြည်သူများကိုယ်စားထပ်မံဆုတောင်းပေးပါတယ်

than said...

သမ္မတကြီ ကျမ္မာ ရေးကလဲ ခုပဲ ဘာမှမဖြစ်ဘူးပြောလ်ုက် ဖြစ်တယ်ပြောလိုက် မူးလဲတယ်ပြောလိုက် အပူရှပ်တယ်ပြောလ်ုက် ဘယ်ဟာ ယုံရမှာလဲ?? ကောလဟာလတွေကြီးပဲ

RAIN said...

သမ္မတာကြီးကျန်းမာေ၇းပြန်ကောင်းလာတဲ့
အတွက်အ၇မ်းကိုဝမ်းသာ၇ပါတယ်.........ကျွန်တော်ချစ်သော
သမ္မတကြီးနောင်နှစ်တစ်၇ာတိုင်ကျန်းမာချမ်းသာစွာနဲ့တိုင်းပြည်
တာဝန်တွေကိုထမ်းဆောင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်....

အလင်္ကာ said...

သမ္မတကြီး ကျန်းမာနေပါပြီဆိုတဲ့ သတင်းကြားရလို့ ပြည်သူတွေ ရင်နည်းနည်းအေးသွားကြရပါတယ် ။ မြန်မာပြည်အပျိုပေါက် အရွယ်ရောက်လာလို့ ချစ်ချင်ကြိုက်ချင်သူ ၊ရည်းစားထားချင်သူ ၊ တောင်းရမ်းလိုသူတွေ အလွန်များနေပါတယ် ။ သမီးပျိုရဲ့ အနာဂတ်ဘ၀ခရီးကို မသိချင်ယောင်ဆောင်နေပြီး ၊လက်ငင်းအဆင်ပြေရင်ပြီးရောဆိုပြီး၊ ဖြူဖြူပုပုတွေ မည်းမည်းသည်းသည်းတွေ နှာခေါင်းချွန်ချွန်တွေ ပြူးတူးပြူးတဲတွေ အဲဒီတွေ့ ကရာလူတွေလက်ထဲ ထိုးထည့် ကြဖို့ ဝန်မလေးကြတဲ့လူတွေလည်းများလှပါတယ် ။ ဒီလိုအချိန်မှာ မြန်မာပြည်အပျိုပေါက်အတွက် စိတ်ဓာတ်ကောင်း ၊ကိုယ်ကျင့်တရားကောင်း ၊အတွေးအခေါ်ရှိ ၊ခံယူချက်မှန် ၊အတွေ့ အကြုံများ ၊စွမ်းဆောင်ရည်ထက်မြက်ပြီး ရင့်ကျက်တည်ကြည်တဲ့ မိဘ အထူးလိုအပ်နေပါတယ် ။ သမ္မတကြီး ကျန်းမာအသက်ရှည်ဖို့  အထူးလိုအပ်ပါတယ်။ ဂါရ၀တရားဖြင့် ဆုတောင်းမေတ္တာပို့ 
သအပ်ပါတယ် ။

ဒေါက်တာ ဘိုတောက် said...

ဝမ်းသာပါတယ်ဗျာ။ကျွန်တော် တို့ နိုင်ငံ မှာပြုပြင် ပြောင်းလည်းမှုတွေအများ ကြီး ထပ်လုပ်ဖို့ သမ္မတကြီး ကျန်းမာပါစေဗျာ။

paukkyaw said...

ပထဝီ တေဇာ အာပေါ ဝါယော ဆိုတဲ့ ဓါတ်ကြီး ၄ ပါး နဲ့ ဖွဲ့စည်း ထားတဲ့ ရုပ်နာမ် ခန္ဒာ က ဖေါက်ပြန် ပျက်စီး တတ်တဲ့ သဘောရှိပါတယ် ။ အသက်က ၆၇ ၊ နှလုံး က စက်ထည့်ထားတယ် ၊ဆီးချို ကလည်း ရှိတယ် အပြင် လူပင်ပမ်း စိတ်ပင်ပမ်း တော့ မူးလဲ မယ် ...ဆေးဝါး ကုသ ရင် ချက်ချင်း သက်သာ နိုင်ပါတယ် ။ ကျနော့ အမေဆို မနက်ပိုင်း မူးလဲ သွားတာ ဆရာဝန် ချက်ချင်း ခေါ် တဲ့ အတွက် နေ့လည်မှာ လူကောင်း တစ်ယောက် လို သွား နိုင်ပါတယ် ။ ကောလဟလ လို့ ထင်တဲ့ သူ တွေ ကတော့ သိပ်ကို ကျန်းမာနေတဲ့ သူတွေ များလား

Unknown said...

လေးစားရပါသော သမ္မတကြီးခင်ဗျား
သမ္မတကြီးအခုလိုမျိုး ကျန်းမာရေးက စိုးရိမ်စရာမရှိဘူးလို့သိရတော့ အရမ်းပဲဝမ်းသာပါတယ်။ သမ္မတကြီးကျန်းမာရေး မြန်မြန်ကောင်းပါစေလို့ ဆုတောင်းပေးတာလဲ အခုတော့ဆုတောင်းပြည့်ဝသွားပါပြီ။ တဆက်ထဲမှာပဲ ပြည်သူတွေရဲ့  လိုအပ်ချက်တွေ၊ စားဝတ်နေရေးတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေကို သမ္မတကြီးအနေနဲ့လဲ
ပြုပြင်ပြောင်းလဲပေးစေလိုချင်ပါတယ်။

george said...

သားသားနောက်ဆိုပြောင်ကြီးလို့ခေါ်တော့ဘူးနော်

ko thu said...

အဘနေပြန်ကောင်းပြီဆိုတာကြားသိရလို့ဝမ်းသာပါသည်။သမ္မတ ကြီးလမ်းညွှန်ချက်အရစီး/ကူးဝန်ကြီးမှလူစီးေ မ်ာတော်ယာဉ်တွေ ကိုနိုင်ငံခြားငွေစာရင်းရှိသူတိုင်းတင်သွင်းခွင့်ပေးလိုက်ခြင်းဟာအားရကျေနပ်စရာပါ၊ဒါပေမယ့်အခွန်သက်သာစွာနဲ့ပေးသွင်းရတဲ့ကား
တွေကတော့(၁၃၀၀စီစီ)အင်၈ျင်ကားတွေကိုသာရှာဖွေနေရာတဲ့
အတွက်အနည်းငယ်အခက်အခဲတော့ရှိနေပါတယ်၊၁၅၀၀စီစီ အင်ဂျင်ပါဝါလောက်ရှိတဲ့ကားတွေကိုလည်းသွင်းကုန်လိုင်စင်
ဈေးဒေါ်လာ၅၀၀၀ ပဲသတ်မှတ်မယ်ဆိုရင်တော့ပိုကောင်းမယ်
လို့ထင်မိပါသည်။
ကားပွဲစားအများစုကတော့သူတို့ရဲ့စီးပွားရေးထိခိုက်တယ်ဆိုပြီး
အမျိုးအမျိုးပြောနေပေမယ့်သန်းပေါင်းများစွာသောပြည်သူတွေ
ကတော့သမ္မတကြီးနှင့်ပြည်ထောင်စုဝန်ကြီးကိုအထူးကျေးဇူးတင်ပါသည်။ယာဉ်အို/ဟောင်းအပ်စလစ်ဈေးနူန်းတွေကလည်းပြင်ပမှာဈေးမကျသေးပါဘူး၊ငွေရှိပွဲစားတွေရဲ့ဈေးဆွဲတင်ကစားမှုတွေရှိနေပါသေးတယ်၊လမ်းပေါ်မှာယာဉ်ကြောတွေပိတ်ဆို့တယ်
ဟုပြောနေကျတဲ့မီဒီယာတွေကတော့မလိုစိတ်ထားနဲ့ချဲ့ကား
ရေးတာပါ၊တိုးတက်နေတဲ့တိုင်းပြည်တိုင်းမှာယာဉ်ကြောပိတ်ဆို့
တာဟာရှိနေတာပါပဲ၊ယာဉ်မောင်းတွေရဲ့စည်းကမ်းမရှိမှုကြောင့်
ယာဉ်ကြောပိတ်ဆို့ရခြင်းလည်းဖြစ်ပါတယ်၊နေရာတကာမှာအကောင်းမြင်ဝါဒနဲ့ကြည့်ပြီးသုံးသပ်ပေးပါခင်ဗျာ။

mr naung said...

မြန်မာနိုင်ငံ၏ ဒုတိယ ဖခင် သမ္မတကြိးဥိးသိန်းစိန် နေကောင်းသွားသည်ကိုသိရှိရ၍အတိုင်းထက်အလွန် ၀မ်းသာရပါ၏ သမ္မတကြိးကျန်းမာပါစေ အသက်ရာကျောရှည်ပါစေ သမ္မတကြိး၏ မိသားစုများလည်းကျမ်းမာပါစေခင်ဗျာ....

Topsidon21 said...

အဲဒါဘဲ နိုင်ငံရေး လှည့်ကွက် ---
အရင်လူက အာဏာလောဘဇောတက်လွန်းလို့---
လုပ်နိုင်ရဲ့နဲ့မလုပ်ခဲ့တာ---
ခုလုပ်ပြနေတာက ဘယ်သူမို့လို့လဲ---

KN said...

သမ္မတကြိးကျန်းမာပါစေ

မမမေ said...

ကျမ်းမာပါစေ။

မောင်မောင်တုတ် said...

အခုလိုကြားသိရတဲ့အတွက် ၀မ်းသာပါတယ်....... သမ္မတကြီးကျန်းမာပါစေ....

နေပြည်တော် said...

နိုင်ငံတော်သမ္မတကြီးလိုပြည့်ပြည့်စုံစုံနဲ့နေရတဲ့သူက အပူရှပ်တယ်ဆိုတော့.................
မရှိဆင်းရဲသား သာမန်ပြည်သူများဆိုရင်တော့..................

Powered by Blogger.