အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့
ကုလသမဂ္ဂရုံးမှာ ဒီကနေ့မနက် ကျင်းပတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့
စီမံကိန်းမူကြမ်း ရှင်းလင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ဒေသဆိုင်ရာ ကုလသမဂ္ဂရုံးတာဝန်ခံနဲ့ ဌာနေကိုယ်စားလှယ်တို့က
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ UNDP က
ဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့
ဆွေးနွေးခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က
ပြောပါတယ်။
RFA-Burmese
"UNDP ရုံးက ဒီရီဂျင်အတွက်
တာဝန်ခံပေါ့နော်။ သူရယ် resident coordinator ရယ်၊ ဗမာပြည်အတွက် country
programme ကိုရှင်းပြတာပါ။ အဲတာ Draft country programme ပဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝေဖန်ချက်ကို ယူတာပါ။ ဒါကိုပဲ သူတင်ပြပါတယ်။
သူတို့ရဲ့ဘာကိုတင်ပြသလဲဆိုတာ သူတို့က အတည်မပြုရသေးတော့ အန်ကယ်တို့လည်း
ပြောလို့မရပါဘူး"
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက်
အသေးစားချေးငွေလုပ်ငန်းတွေ၊ သဘာဝဘေးဒဏ် ကာကွယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေး
ကဏ္ဍတွေ၊ ဖွံ့ ဖြိုးတိုးတက်ရေး ကဏ္ဍတွေအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖွဲ့ က
လုပ်ဆောင်နေမှုတွေကို ရှင်းလင်းတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့
အမြင်သဘောထားတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။RFA-Burmese
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ စီမံကိန်းမူကြမ်း ရှင်းလင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Reviewed by သစ်ထူးလွင်
on
05:30
Rating:
4 comments:
အမေစု ကျန်းမာချမ်းသာပါစေ ....
ဘေးအန္တာရယ်ပေးမည့်သူများ ဘေးအန္တာရယ်တွေ့ပါစေ ...
အမေဟာ ဆင်းရဲတွင်းနက်နေတဲ့ သားတို့ပြည်သူတွေကို အမှန်တကယ် ကယ်တင်မဲ့တိုင်းပြည်ရဲ့မိခင်ပဲ့။
နောက်ပြီး အမေ့လုံခြုံရေးကို ၀ိုင်းပြီးဂရုစိုက်ကြပါလို့ပြောပါရစေ။
အမေစုကိုကြိုဆိုပါတယ်၊အမေစုကိုဘဲယုံကြည်ပါတယ်အာဏရှင်လက်ကျန်များကိုဘယ်ပြည်သူမှယုံကြည်မှာမဟုတ်ပါဘူးခင်ဗျာ
ပြည်သူ.လွှတ်တော်ကျန်းမာေ၇းမျြင့်တင်မှုကော်မီတီဥက္ကဌ ဗိုလ်ချုပ်ကျော်မြင့်ကို ပြည်သူ့ကျန်းမာေ၇းလုပ်ငန်းမှာမယုံပါနဲ့။သူကျွမ်းတာကလူမှု့ေ၇းအထောက်အပံ့နိုင်ငံခြားငွေတွေနဲ.ဘတ်ဂျက်တွေကိုသစ္စာတော်ခံတွေမွေးပြီးကိုယ်ကျိုးရှာသွားတဲ.လူပါ။ပထမဆုံးလွှတ်တော်မှာကိုယ်စားလှယ်တွေကဟန်ပြစီမံချက်တွေနဲ.ညာနေတာကိုသိလို.ကျန်းမာရေးစောင့်ရှောက်မှု.စီမံချက်အသစ်နဲ.အမြန်ဆုံးမြှင်.တင်ဘို.တင်တာကို မေးခွန်းတခြား အဖြေတခြားနဲ.မမှန်တဲ.ကိန်းဂဏန်းတွေဖတ်ပြီး အဆိုတွေကိုပြန်ရုပ်သိမ်းခိုင်းလိုက်သေးတယ်။နာမည်ကောင်းထွက်လာတဲ.လက်ရှိဝန်ကြီးကသူ.ဇာတ်သွင်းတာကို မခံရအောင်နဲ.ဆင်းရဲတဲ.ပြည်သူတွေရဲ.ကျန်းမာရေးကိုဘဲအမြဲဂရုပြုဘို.မေတ္တာရပ်ပါတယ်။
Post a Comment