ယခုနှစ် မှာ နိုင်ငံတော် အစိုးရ မှ ကျောင်းအပ်နှံရေး ကာလကို မေ လ ၂၅ ရက်နေ့ မှသာ စတင်စေဖို့ အမိန့် ထုတ်ထားသော်လည်း မေလဆန်းတွင်ပင် ကျောင်းအပ်လက်ခံ၍ အလှုငွေများကောက်ခံနေပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် မေ ၇ ရက်မှစ၍ မေလ ၁၅ ရက်နေ့ ထိ နံနက် ၉ နာရီ မှ ၁၂ နာရီထိ ဆရာ ဆရာမ များကိုအမိန့် ပေးခေါ်ယူ၍ အလှုငွေ ကောက်ခံစေခြင်း ၊ ယခုကျင့်သုံးနေသော ပညာရေးစနစ် အရ အခမဲ့ ပညာရေးဖြစ်သည့် သူငယ်တန်း မှ စတုတ္ထတန်း ကျောင်းသား ကျောင်းသူများထံမှ မှ အလှုငွေ သတ်သတ် ကောက်ယူခြင်း နှင့် စာအုပ်ရောင်းခြင်း ၊ ကျောင်းသားအသစ်များ (A) ခန်းလိုချင်လျှင် ငွေ ၁ သောင်းအထိ အခကြေးငွေ ရယူခြင်း တို့ ဖြင့် ပညာရေး ကို ခုတုံးလုံး၍ ကိုယ်ကျိုးစီးပွားရှာနေပါသည်။
ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟု ပြောကြားထားသော်လည်း ယခုလို သတ်မှတ်ချိန်ထက် စောပြီး ကျောင်းအပ်လက်ခံကာ အလှုငွေ များကောက်ခံလျက်ရှိပါတယ်။
ကျောင်းအတွင်း ကျူရှင် မသင်သော ဆရာ ဆရာမ အများစုရှိသော်လည်း ကျောင်းအုပ်ဆရာမကြီး ရဲ့ ကိုယ်ကျိုးစီးပွားရှာမှုကြောင့် ကျူရှင် မသင်သော ဆရာ ဆရာများ နာမည်ပျက်ရခြင်း နှင့် ဆရာ ဆရာမများအကြား စိတ်ဝမ်းကွဲစေမှုတို့ ကိုဖြစ်နေစေသဖြင့် တာဝန်ရှိသူများ အမြန် ဖြေရှင်းပေးပါရန် တောင်းဆိုလိုက်ရပါသည်။
အ.လ.က (၁) သင်္ဃန်းကျွန်း မှာ ကျောင်းအုပ်ဆရာမကြီး တရားမ၀င် ကောက်ခံနေသည့် အလှုငွေများ
၁။ ၈ တန်းသင်ယူပြီးမြောက်ခြင်းလက်မှတ်
ကျောင်းထွက်လက်မှတ် ၊ အရည်အချင်း လက်မှတ် =၅၀၀၀
၂။ အတန်းတက်ခွင့်လက်မှတ် သူငယ်တန်းမှ အဋ္ဌမတန်းထိ = ၅၀၀
အ.လ.က (၁) သင်္ဃန်းကျွန်း ရှိ ကျောင်းသား မိဘများ
ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟု ပြောကြားထားသော်လည်း ယခုလို သတ်မှတ်ချိန်ထက် စောပြီး ကျောင်းအပ်လက်ခံကာ အလှုငွေ များကောက်ခံလျက်ရှိပါတယ်။
ကျောင်းအတွင်း ကျူရှင် မသင်သော ဆရာ ဆရာမ အများစုရှိသော်လည်း ကျောင်းအုပ်ဆရာမကြီး ရဲ့ ကိုယ်ကျိုးစီးပွားရှာမှုကြောင့် ကျူရှင် မသင်သော ဆရာ ဆရာများ နာမည်ပျက်ရခြင်း နှင့် ဆရာ ဆရာမများအကြား စိတ်ဝမ်းကွဲစေမှုတို့ ကိုဖြစ်နေစေသဖြင့် တာဝန်ရှိသူများ အမြန် ဖြေရှင်းပေးပါရန် တောင်းဆိုလိုက်ရပါသည်။
အ.လ.က (၁) သင်္ဃန်းကျွန်း မှာ ကျောင်းအုပ်ဆရာမကြီး တရားမ၀င် ကောက်ခံနေသည့် အလှုငွေများ
၁။ ၈ တန်းသင်ယူပြီးမြောက်ခြင်းလက်မှတ်
ကျောင်းထွက်လက်မှတ် ၊ အရည်အချင်း လက်မှတ် =၅၀၀၀
၂။ အတန်းတက်ခွင့်လက်မှတ် သူငယ်တန်းမှ အဋ္ဌမတန်းထိ = ၅၀၀
အ.လ.က (၁) သင်္ဃန်းကျွန်း ရှိ ကျောင်းသား မိဘများ
အ.လ. က (၁) သင်္ဃန်းကျွန်းမှာ အလှူငွေကောက်ခံနေ
Reviewed by သစ်ထူးလွင်
on
17:04
Rating:
14 comments:
ဟာပညာရေးဝန်ကြီးကိုတင်ဗျာ
ဒါမျိုး လက်မခံကြနဲ့တော့
လိုအပ်ရင် မဲထည့်ပေးမယ်
သေချာပါတယ်နော်။
အရှိန်လွန်သွားတာဖြစ်မှာပါ။
အကျင့်ဆိုးကခေတ်ပြောင်းတာမသိလို့ပါ။ခွင့်လွတ်နော်။
ဟဲ ဟဲ
အမျိုးသမီးတွေဖြစ်တော့လောဘကသတ်မရဘူးဖြစ်နေ
တယ်။ဖြစ်လာရင်မျက်ရည်ခံထိုးလိုက်ရင်အထက်က
နွားပြကြီးကလည်း
နောက်တစ်ခုက စစ်တပ်နဲ့နွယ်သူတွေ လူကြီးနဲ့နွယ်သူ
တွေပါလာတယ်ဗျာ ။ တိုင်တာက်ြည့်တိုင် အဖမ်းခံနေရ
အုံးမယ်နော် ။
မြန်မာအစိုးရကလည်းအပြောကမိုးတလုံးလေတစ်လုံးနဲ့. တိုင်းပြည်ကတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတော့တာဘဲ. မဟုတ်တာကြတော့အတင်းရိုက်နှက်ညှင်းပန်းပြီဗုံးဖောက်ပါတယ်ဆိုပြီးမတရားဝင်ခံခိုင်း ပြီးမတတရားသေဒဏ်ချနေတယ်. အစိုးရလိုဥပဒေမဲ့လုပ်ရပ်တူ. အပြစ်ရှိတဲ့သူကြတော့လုပ်ချင်တာလုပ်. လွတ်ငြိမ်းချမ်းသာတွေပေထားတဲ့ စောက်သုံးလုံးဝမကျတဲ့. ကြံ့ဖွတ်အစိုးရကို၂၀၁၅ မှာအပြီးတိုင်ဖြုတ်ချကြမည့်တာဝန်သည်မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်သည်. ကြံ့ဖွတ်အစိုးရ. အလိုမရှိ. သူခိုးအစိုးရ. အလိုမရှိ. သိန်းစိန်အစိုးရ. အလိုမရှိ. ပြည်သူကရွှေးချယ်တင်မြှောက်ခြင်း.မှသာ. ဒီမိုကရေစီပါ. ၂၅%. အချောင်သမာ. သံဃာင်္သတ်တဲ့ခွေးစစ်သားများလွှတ်နော်ထဲက အခုထွက်သွား. ၂၀၁၅. ဒီမိုကရေစီ ပြည်သူ့အောင်ပွဲခံမည်
ဟိုတစ်လောက ကျောင်းဆရာတစ်ယောက်ရေးထားတာဖတ်မိတယ်...
wed page လားတော့ မသိဘူး..သိတ်မ မှတ်မိလို့နော်..အစိုးရက အခမဲ့
ပေမဲ့ စာရွက်စာတမ်းတွေကို ကျောင်းအရောက် ပို့ပေးတာမဟုတ်ဘူးဆိုလားပဲ..
သူတို့စရိတ်နဲ့ သူတို့ သွားယူပြီး ..အလှူငွေမကောက်ရဘူးဆိုရင် ဘယ်သူစိုက်မှာလဲ ဆိုလား.. သူရေးထားတာဖတ်ပြီး သြော်...
အဓ္ဓမ ဆိုရင် ထိထိမိမိ တိုင်ပါ....
တောင်ဒဂုံအထက(၄)ရော ကျောင်းသားတွေဆီကအပိုငွေတွေ ကောင်ခံနေပါတယ်ကွန်ပြူတာဝယ်ဖို့ ဆိုပြီး ကျောင်းသားတွေဆီက ငွေတွေတောင်းနေပါတယ်ဗျာ
အထက(၄)ကျာင်းအုပ်ဆရာကြီးက တော်တော်လာဘ်စားတယ်ဗျ၊အရေးယူပေးကြပါခင်ဗျာ
ကောင်းလေစွ ၊ ကောင်းလေစွ
တပြည်လုံးကောက်နေတာပါ ၊ တိုင်ကြား၇န် ဖုံးလိုင်း များ xxxxxxx ..... တိုင်းနဲ.ပြည်နယ်အလိုက် ကြေညာထားသင်.ပါတယ် ။ တကယ်အေ၇းယူမယ် ဆိုရင်ပါ ၊
ါအလက(၁) သင်္ကန်းကျွန်း ကျောင်းလဲ တော်တော်ကံဆိုးတာပဲ ကျောင်းအုပ်
ကောင်းကောင်းကို မရနိုင်ဘူး ဟိုတစ်ခါ ကိုကိုကျွန်းပြောင်းသွားတဲ့ဆရာကြီးလို
ကောင်းတဲ့ဆရာကြီးကျတော့လဲ ကြာကြာမနေရဘူး တစ်နှစ်ထဲနဲ့ပြောင်းသွားရတယ်
ဒုက္ခပါလားဟေ့--- ဘာတွေလဲဗျို့  အပြောဝမ်းမျိုး- အလုပ်ဝမ်းမျိုးနော်--နိုင်ငံတော် လူချီးဆိုသူများ- ကိုယ့်ဝမ်းနာ ကိုယ်သိပါဗျာ- မဖြစ်နိုင်လို့  ကောက်ရမယ်ဆိုရင် သက်သာတဲ့ နှုန်းထားသတ်မှတ်ပေးလိုက်ပါ- တဖြေးဖြေး လျော့လျော့သွားပေါ့- နောက်ဆုံးအဆင့် လုံးဝ မကောက်တော့တဲ့အဆင့် စီမံကိန်းရေးဆွဲပြီး လုပ်ပါဗျာ- အမိန့် က ထုတ်ချင်တိုင်း ထုတ်လို့ ရတယ်- တကယ့်လက်တွေ့ လုပ်လို့ ဖြစ်နိုင် မဖြစ်နိုင် ထည့်စဉ်းစားပြီးမှ အမိန့် ထုတ်စမ်းပါဗျာ။အခုအဖြစ်က ကျောင်းသားမိဘတွေ နဲ့ ဆရာ ဆရာမတွေ ရန်တိုက်ပေးသလိုဘဲ-
သြော် ဆရာမကြီးက တောင်းတာနဲတာကို. အော်ဂတ်စတင်း တို့ ကျတော့် ပုံးနဲ့ ပုံးနဲ့ လူမသိလိုက်ဘူး၊ သွားတော့ မပြောနဲ့နော် ဟိုလူကြီးနဲ့ အမျိုးတော်တယ်တဲ့။ တော်ကြာ တိုင်တဲ့သူ ထောင်ကျနေဦးမယ်. တစ်ချိုကလဲ ကလေး ကျောင်းနေရရင်ပီးရောဆိုပီး တောင်သလောက်ပေးပီး ညိမ်နေကြရတယ်လေ
ငွေကြေးကောက်ခံလျှင် .. တိုင်ကြားရန် ... ဖုံးနံပါတ်များ ... ဒေသအလိုက်သတ်မှတ်ပေးသင်.ပါတယ် ၊ မနှစ်က အထက ၂ ၊ လှိုင်မြို.နယ် ၊ မှာ ဆင်းရဲရင် ၂ သောင်း ၊ အဆင်ပြေသူ ၁ သိန်း ၊ ကောက်တယ်ဗျာ ၊ ဘယ်ရမလဲ ၊ တိုင်တာပေါ. ၊.. ပိုက်ဆံကောက်တာရပ်သွားသဗျ ၊ နောက်တော.လည်း .......... ကလေးတွေက ငိုယိုပြီးတောင်းတယ် ၊ ငွေမထည်.ရင်ကျောင်းလည်းမတက်ဘူးဆိုတာနဲ. ၂ သောင်း ပေးလိုက်၇တယ် ၊ ဈေးဆစ်၇င် ငွေ ၂သောင်းမှ စေတနာမ၇ှိ၇င် ဒီကျောင်း လာမထားနဲ.တဲ.ဗျာ ။
ကောင်းကောင်းစောက်ရူး၊ ကျောင်းအုပ်ဆရာမကြီးငွေကောက်တယ်ဆိုတာနဲ့
အစိုးရကိုဆဲနေတယ်။ တိုင်းပြည်ကိုပြုပြင်တည်ဆောက်တယ်ဆိုတာမင်းစောက်
ရူးအမြင်လောက်နဲ့မရဘူးကွ။ပြည်သူပြည်သားတွေဆိုတာ အဲဒီမဟုတ်တာလုပ်
နေတတ်တဲ့ဝန်ထမ်းတွေလည်းပါတယ်။ကိုယ့်ရုံးမှာတော့မဟုတ်တာလုပ်နေပြီး
တခြားဌာနတွေမတရားတာပြောနေရုံနဲ့လည်းမရဘူး။တခါတည်းအရေးယူဆို
အားလုံးပါနေတယ်။ ဖြစ်သင့်တာတော့မကောက်ရဘူးဆိုတာထက်ကောက်သင့်တဲ့အတိုင်းအတာ တရားဝင်သတ်မှတ်ပေးတာကောင်းတယ်။ ကျောင်းတွေ
မှာလည်းမကောက်လို့မဖြစ်တဲ့အခြေခံအကြောင်းတွေရှိနေနိုင်လို့ သဘာဝ
ကျကျလေ့လာသုံးသပ်ပြီး ညွှန်ကြားမှ မတရားဆိုတဲ့ကိစတွေမရှိမှာပါ။
အထက(၂)ကမာရွတ်မှာလည်းစီစစ်ပေးပါ၊မနက်ဖန်ကျောင်းအပ်၇တော့မယ်၊
မီးလောင်တာအကြောင်းပြပြီးတော့အလှူငွေကောက်မယ်ပြောသံကြားတယ်၊
အမှန်တကယ် မကြေနပ်ရ်ျ တိုင်းကြားလိုသူများအတွက် ဖုံးနံပါတ်များ ပေးပို့ပါသည်၊ လက်ဆင့်ကမ်းပေးကြပါ၊ များများတိုင်ရင် နဲနဲတော့လျှော့သွားမှာပါ၊
Head Of Office;Myo Nyunt,U
Phone: 40-7116 , Head Of Office;Myo Nyunt,U (Res.)
Phone: 40-3235 ,
Dy.Head Of Office;Win Swe,U
Phone: 40-7129 , Dy.Head Of Office;Win Swe,U (Res.)
Phone: 41-3212 ,
P.S.O to Minister;Aung Htike,U
Phone: 40-7404 , P.S.O to Minister;Khin Maung Htwe,U
Phone: 40-7405 ,
P.S.O to Dy.Minister;Khin Maung Myint,U
Phone: 40-7112 , P.S.O to Dy.Minister;Khin Maung Myint,U (Res.)
Phone: 41-3502 ,
P.S.O to Dy.Minister;Nyunt Shwe,U
Phone: 40-7118 , P.S.O to Dy.Minister;Nyunt Shwe,U (Res.)
Phone: 41-3502 ,
စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ရဟန်းရှင်လူ ပြည်သူပြည်သားအသက်ပေါင်းများစွားစတေးထားရပါသည်
ဒါ့ကြောင့် အကျင့်ပျက် ဝန်ထမ်းများကို သုတ်သင်ဖို့ ဝန်မလေးကြပါနဲ့
Post a Comment