အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်ကို ဇွန်လ ဒုတိယပတ်တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယပတ်တွင် နော်ဝေ နိုင်ငံသို့ စတင် သွားရောက်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။"ဂျပန်သွားဖို့တော့ မပါသေးဘူး" ဟု ဦးအုန်းကြိုင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ် ထွက်ခွာရန် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ်ကို ယခုလ ၇ ရက်နေ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့မှ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် NLD အသိုင်းအဝိုင်းက ပြောဆိုသည်။ကမ္ဘာကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ကုလ အဖွဲ့ရုံးချုပ်ကို လာရောက် လာပတ်ရန်နှင့် မိန့်ခွန်း ပြောကြားရန် ဖိတ်ကြားထားကြောင်း မေလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ၄င်းတို့ နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံသို့ ပြန်လာခွင့် မရမည်ကို စိုးရိမ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉ရ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် နာရေးသို့ပင် သွားရောက်ခဲ့ခြင်း မရှိပေ။ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီး ယခု ၂၀၁၂ မှသာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပြည်ပ ခရီးစဉ်များ ပြန်လည် ထွက်ခွာနိုင်ခြင်း ဖြစ်သည်။
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ဒုတိယပတ် ပထမဆုံး ပြည်ပခရီး ထွက်မည်
Reviewed by သစ်ထူးလွင်
on
15:45
Rating:
4 comments:
အမေစု အခက်အခဲ မရှိ ကမ္ဘာပတ်ပြီး ချစ်သော အမိမြေသို ချောချောမွေ့မွေ့ ပြန်လာနိုင်ပါစေ။
အန်တီခင်ဗျား ကျမ္မာရေးတွက်လဲစစ်ဆေးခဲ.ပါဦး။ ဒေါင်ဒေါင်မြည်
ကျမ္မာသန်စွမ်းစေချင်ပါတယ်ခင်ဗျာ။
အမေသွားလည်သင့်တာ သွားပါ.ဒါပေမဲ့ အစိုးရက ညစ်ပတ်ပြီး ပြည်ဝင်ခွင့် ပိတ်မှာတော့စိုးတယ်.ပြီးတော့ မြန်မာနိင်ငံအတွက် ကိုယ်ချစ်တဲ့သူရဲ့ နောက်ဆုံးခရီးတောင်မသွားပေမဲ့ အမေ့ရဲ့ ရင်ထဲမှာတော့ဘယ်လိုခံစားခဲ့ရသလဲဆိုတာနားလည်ပါတယ်.
အမေစုေ၇ . နော်ဝေး ကိုေ၇ာမသွားဘူးလား။ ပြည်ပ ထွက်ခွင့်၇၇င် နော်ဝေး ကို ပထမဆုံး သွားမယ်လို့ ဟိုးတုန်းကပြောဖူးတယ်နော်။ ။
Post a Comment