ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည်

၁။      မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ
ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို 16-9-2011 ရက်နေ့တွင်
အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု
ကုမဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရ် သဘောတူစာချုပ်
ချုပ်ဆိုခဲ့ပါသ်။ ထိုစာချုပ်အရ လုပ်ကွက်ဧရိယာ (6105) ဧကကို (၅နှစ်
သက်တမ်းလျှင် (5.577)တန် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပါသည်။

၂။      အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီသည် နိုင်ငံတော်နှင့်
အကျိုးတူစာချုပ်ချုပ်ဆိုပြီနောက် ဒေသခံမိတ်ဖက်ကုမဏီငယ်လေးများနှင့်
လက်အောက်ခံ အသေးစားရွှေလုပ်ငန်းရှင်များ ၄င်းတို့အားမှီခိုလုပ်ကိုင်နေသော
ရွှေလုပ်သားများအား မိမိတို့လုပ်ကိုင်ခွင့် သက်တမ်းကာလတစ်လျှောက်
လက်တွဲခေါ်ဆောင် သွားမည်ဟု ဒေသခံအာဏာပိုင်များ၏ ရှေ့မှောက်တွင်
ကတိက၀တ်ပြုခဲ့ကြပါသည်။

၃။      မိုးထိမိုးမိဒေသ၊ ထုံးကြီးတောင်ရွှေစင်အပါအ၀င်
လုပ်ကွက်ဧရိယာတစ်ခုလုံးကို သေးစား ရွှေထုတ်လုပ်မှုဇုန်(၁)မှ
(၁၂)ထိခွဲခြားသတ်မှတ်ပြီး အသေးစားရွှေကြိတ်စက်လုပ်ငန်းလိုင်စင်များ
ထုတ်ပေးခြင်း နှင့် ရွှေသတ္တုတူးဖော်ထုတ်လုပ်ရန် Adit နှင့် လေးပေအင်းများ
အမှတ်စဉ် (၁)မှ (၁၀၀၀)ကျော်ထိ အင်းနံပါတ်များ
ပေးပြီးလုပ်ကိုင်စေခဲ့ပါသည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကုမဏီမှ
တစ်စုံတစ်ရာသော အထောက် အပံ့မရဘဲ မိမိတို့ ကိုယ်ပိုင်အရင်းအနှီး
ငွေကြေးအကုန်အကျခံပြီး လုပ်ကိုင်ခဲ့ကြရပါသည်။

၎။      ရွှေလုပ်သားတို့၏ အသက်အန္တရာယ်၊ လုပ်အားငွေအရင်းအနှီးစိုက်ထုတ်ပြီ
ရရှိလာသော ရွှေသတ္တုဗြုန်းများမှ (၅၀%)ကို ကုမဏီသို့ ပေးဆောင်ရသည်။ ဇုန်(၈)
ထုံးကြီးတောင်လုပ်ကွက်တွင် ရွှေလုပ်သား ထုတ်လုပ်ရရှိလာသော ဗြုန်းကို
အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမဏီအား တစ်ပုံ၊ မိတ်ဖက်ကုမဏီဟုခေါ်သော
တာဝန်ခံကုမဏီအားတစ်ပုံနှင့် ရွှေလုပ်သားတစ်ပုံသာ ခံစားခွင့်ရရှိပါသည်။

၅။      အသေးစားရွှေလုပ်ငန်းရှင်များနှင့် ရွှေလုပ်သားများသည်
ကုမဏီလုပ်ပိုင်ခွင့်ရသော သက်တမ်းကာလ တစ်လျှောက် အတူလက်တွဲပြီး
လုပ်ကိုင်ခွင်ရရှိလိမ့်မည်ဟု ယုံကြည်မျှော်လင့်ချက်ဖြင့် ရှိစု၊ မဲ့စု
မိမိတို့ ပိုင်ဆိုင်ကြသော အိမ်၊ ခြံ၊ ယာ၊ မြေ၊ ကျွဲ၊ နွားပါမကျန်
ပေါင်နှံရောင်းချပြီး အသေးစားရွှေကြိတ်စက်များ ထူထောင်ခြင်း၊ Adit နှင့်
လေးပေအင်းများကို Mineing စနစ်ဖြင် ရေရှည်တည်တန့်ခိုင်မြဲအောင်
လုပ်ကိုင်ခြင်း တို့ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။

၆။      (5-1-2012)ရက်စွဲပါနေ့တွင် ရွှေလုပ်သားများဖက်မှ တစ်စုံတစ်ရာသော
စည်းကမ်းဖောက်ဖျက်ခြင်း မရှိခဲ့ပါလျှက်နှင့်
အသေးစားရွှေထုတ်လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး နိုင်ငံတကာအဆင့်မှီ Mine
Town စီမံကိန်းနှင့် အကြီးစားရွှေထုတ်လုပ်ငန်းအသွင်ကူးပြောင်းပြီး
လုပ်ဆောင်မည့်အကြောင်း ကုမဏီ၏ ရွှေသတ္တု ထုတ်လုပ်မှုဇုန်တာဝန်ခံ (ခေါ်)
မိတ်ဖက်ကုမဏီများမှ တစ်ဆင့် အကြောင်းကြားခဲ့ပါသည်။

၇။      ရွှေလုပ်သားများသည် ကုမဏီနှင့်အတူလက်တွဲလုပ်ကိုင်စဉ်
(၇)လတာအချိန်အတွင်း အသေးစားကြိတ်စက်များတည်ရန် မြေညှိခြင်း၊
လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်း၊ စက်ယန္တရားများ တပ်ဆင်ခြင်း
စသည့် လုပ်ငန်းများနှင့် ရွှေသတ္တုထုတ်လုပ်နိုင်ရန် Adit နှင့်
လေးပေအင်းများ ဖေါက်ပြီး ရွှေသတ္တုရှာဖွေခြင်း၊
ရေရှည်ခိုင်ခန့်အောင်ပြုပြင်ထိန်းသိမ်းခြင်း စသောလုပ်ငန်းများ
လုပ်ကိုင်နေချိန် ဖြစ်ပြီး တစ်စုံတစ်ရာသော အကျိုးခံစားခွင့်မရရှိကြသေးပါ။

၈။      လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်ရသောကြောင့်
မိမိတို့နေရပ်ပြန်မည်ဆိုလျှင်လည်း နေစရာ အိမ်ခြံဝန်းမရှိ၊ မိမိတို့ဒေသမှာ
လုပ်ကိုင်စားသောက်မည်ဆိုလျှင်လည်း လယ်ယာကျွဲနွားမရှိ “နွေခေါင်ခေါင်
ကျောက်စရစ်ကုန်းပြောင်ပြောင်မှာ အတောင်ကျွတ်သော ကြိုးကြာငှက်
ရေရှာရန်ခက်သည့်ပမာ” မှီခိုအားထား ရာမဲ့သော ဘ၀အခြေအနေသို့
ဆိုက်ရောက်နေကြရပါသည်။

၉။      သို့ဖြစ်ပါ မိုးထိမိုးမိဒေသ ရွှေလုပ်သားတို့၏ ဘ၀ဖြစ်ပုံအလုံးစုံကို
သိရှိနားလည်ခံစားပြီး လူသားအချင်းချင်း စာနာထောက်ထားသောစိတ်ဖြင့်
ဌာနဆိုင်၇ာအကြီးအကဲများမှတဆင့် ဝေဖန်သုံးသပ်ပြီး
ကူညီဖြေရှင်းပေးနိုင်ပါ၇န် တင်ပြအပ်ပါသည်။

 ဦးသိန်းမြင့်(ခ)ဆရာကျောင်း
 5/မရန(နိုင်) 103540
 ရွှေလုပ်ငန်းလုပ်ကိုင်သူ၊ ထုံးကြီးတောင်လုပ်ကွက်၊
မိုးထိမိုးမိဒေသ
ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည် ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည် Reviewed by သစ်ထူးလွင် on 17:40 Rating: 5

11 comments:

mandalay mg said...

နိုင်ငံတော်ကို ရွှေ ၅.၅၇၇ တန်ပြည့်မှိအောင်သွင်းဘို့ဆိုတာ အခုလိုတနိုင်တပိုင်အင်းကလေးတွေနဲ့ဘယ်လိုမှ အဆင်မပြေပါ။ ရေရှည် အန်တရာယ်ကင်းစွာနဲ့ လုပ်ကိုင်နိင်ဘို့ ရည်ရွယ်ပြီးအကောင်အထည်ဖေါ်တာဖြစ်ပါတယ်။ မိုင်းလုပ်သားများအတွက် ကိုယ်ပိုင်အိုးအိမ်၊ခိုင်မာတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်စေဘို့ စေတနာအပြည့်အဝနဲ့ အကောင်အထည်ဖေါ်တဲ့စေတနာကို နားလည်နိုင်ပါစေ။

mandalay mg said...

နိုင်ငံတော်ကို ရွှေ ၅.၅၇၇ တန်ပြည့်မှိအောင်သွင်းဘို့ဆိုတာ အခုလိုတနိုင်တပိုင်အင်းကလေးတွေနဲ့ဘယ်လိုမှ အဆင်မပြေပါ။ ရေရှည် အန်တရာယ်ကင်းစွာနဲ့ လုပ်ကိုင်နိင်ဘို့ ရည်ရွယ်ပြီးအကောင်အထည်ဖေါ်တာဖြစ်ပါတယ်။ မိုင်းလုပ်သားများအတွက် ကိုယ်ပိုင်အိုးအိမ်၊ခိုင်မာတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ ရနိုင်စေဘို့ စေတနာအပြည့်အဝနဲ့ အကောင်အထည်ဖေါ်တဲ့စေတနာကို နားလည်နိုင်ပါစေ။

mandalay mg said...

တို့နဂါးနီ(၁)
၁။ ရမည်းသင်းခရိုင် ၊ မိုးထိမိုးမိဒေသမှာ အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု ကုမ္ပဏီလီမိတက်က ဒေသခံလုပ်သားများအတွက် ကြီးပွားတိုးတက်မည့် အခွင့်အလမ်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။
၂။ အမျိုးသားက မိုးထိမိုးမိဒေသမှာ နိုင်ငံတော်နဲ့ အကျိုးတူ(၅)နှစ်သက်တမ်းကို အမြင့်ဆုံးရွှေ (၅.၅၇၇) တန် ပေးသွင်းပြီး နိုင်ငံတော်ဘဏ္ဍာ တိုးတက်ဖို့နဲ့ မြန်မာနိုင်ငံသား သန်း(၆၀)ကို ကြီးပွားတိုးတက်ဖို့ တာဝန်ယူ လိုက်ပါတယ် ။ ကုမ္ပဏီကြီးစ၀င်ကတည်းက ဒေသမှာ လုပ်ကိုင်စားသောက်တဲ့ လုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ အသေးစားရွှေထုတ်လုပ်မှုဇုံ သတ်မှတ်ပြီး (၆)လ လုပ်ကိုင်ခွင့် ပေးခဲ့ကာ လက်လုပ် လက်စား အခြေခံလူတန်းစားကို ပြန်ကြည့်တဲ့ စိတ်ဓါတ်အရင်းခံသဘောပဲ ဖြစ်ပါတယ် ။
၃။ ယခုလုပ်နေတဲ့မိုင်းကြီးဟာ အသေးစားမိုင်းမဟုတ်ပဲ အကြီးစားမိုင်းဖြစ်တဲ့အတွက် အကြီးစားမိုင်းအဖြစ် (၆) လအတွင်းမှာ ပြောင်းလဲလုပ်ကိုင်ဖို့လည်း သတ္တုတွင်းဝန်ကြီးဌာနကို တင်ပြပြီး ဆောင်ရွက်ခဲ့တာပါ ။ ဒါကိုလည်း တရားဝင် အားလုံးကို အသိပေးပြီးလုပ်နေတာ အကုန်လုံးသိပါတယ်။ (၆) လပြည့်လို့ မတ်လ ကုန်မှာပြောင်းဖို့ လုပ်ရာမှာ ထပ်မံပြီး (၁) လထပ်တိုးဖို့ တောင်းဆိုလို့ (၇) လထိ ခွင့်ပေးခဲ့တာလည်း အားလုံး အသိပဲ ဖြစ်ပါတယ် ။
၎။ ဒါကို အခုမေလမှာ ပြောင်းဖို့လုပ်တော့ ရိုးမယ်ဖွဲ့လို့ အမျိုးမျိုး တောင်းဆိုကြပြန်ပါတယ် ။ အဲဒီ့တောင်း ဆိုတာတွေကို အမျိုးသားက စေတနာရှေ့ထားပြီး လိုက်လျောပေးပါတယ် ။အလုပ်လုပ်တဲ့သူအတွက် အခွင့် အလမ်းဟာ အမြဲတမ်း ကြိုဆိုလျှက်ပါဘဲ ။ အင်းသားများ ကုမ္ပဏီဝန်ထမ်းအဖြစ် အခြေခံလစာ ငွေကျပ် (၁)သိန်းနဲ့ ကျွမ်းကျင်မှုအလိုက် လစာငွေကျပ်(၂)သိန်းအထိ စားစရိတ်ငြိမ်း ခံစားသွားနိုင်မယ့် အခွင့်အလမ်းအပြင် အိုးပိုင် အိမ်ပိုင်အဖြစ်ပါ ရရှိနိုင်မှာ ဖြစ်ပါတယ် ။ ပုံသေလစာကို အဓိကမထားပဲ အကျိုးအမြတ်ပေါ်မှာ မျှဝေခံစားတဲ့စနစ်ကို ခံစားစေရမှာ ဖြစ်ပါတယ် ။
၅။ အင်းလုပ်ကိုင်ရာမှာ နစ်နာတယ်လို့ ယူဆသူတွေအတွက်လည်း နစ်နာမှုမရှိအောင် တို့အမျိုးသားက နစ်နာကြေးတွေကို တင်ပြစေပြီး ပြေလည်အောင် ဖြေရှင်းပေးနေတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ် ။
၆။ အမျိုးသားက အလုပ်လုပ်ချင်တဲ့သူတွေအတွက် ဘယ်လိုပင် ဆောင်ရွက်ပေးနေသော်လည်း အလုပ် လက်ကြောတင်းအောင် မလုပ်ချင်သူ၊ အချောင်ကြီးပွားချင်သူ ၊အင်းလုပ်သားတွေအပေါ် အမြတ်ထုတ်ချင်သူ၊ ပွဲလန့်တုန်းဖျာခင်းချင်သူ ၊ တရားမ၀င် ခိုးဗြုန်းကြိတ်စက်နဲ့ တရားမ၀င် ဓါတ်ဆေးရောင်းပြီး ချမ်းသာချင်သူ တွေကတော့ မနာလိုရှုစိမ့်နိုင်မှာ မဟုတ်ပါဘူး ။ အမျိုးမျိုးတောင်းဆိုနေဦးမှာပါဘဲ ။
၇။ တို့အမျိုးသားကတော့ လူမွဲတွေ စိတ်ချမ်းသာဖို့သာ ကြံဆောင်ပေးမယ့် တို့နဂါးနီဖြစ်ပြီး အချောင် အမြတ်စား ခေါင်းပုံဖြတ်လိုသူတွေအတွက်တော့ ပေးစရာ နေရာမရှိ ၊ ပြေးစရာ မြေနေရာမရှိ ၊ "နွေခေါင်ခေါင် ကျောက်စရစ်ကုန်းပြောင်ပြောင်မှာ အတောင်ကျွတ်တဲ့ ကြိုးကြာငှက်ရေရှာရန် ခက်သည့်ပမာ" မှီခိုအားထားရာ မဲ့သော ဘ၀ကိုရောက်တာ ဘာဆန်းလို့လဲ ။ အဖြေရှာစရာ မရှိပါကြောင်း တင်ပြလိုက်ပါတယ်။

mandalay mg said...

တို့နဂါးနီ (၂)
၁။ မိုးထိမိုးမိဒေသမှာ လုပ်ကိုင်နေကြသော အင်းလုပ်သားဝန်ထမ်းများအပေါ် အမျိုးသားရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေကတော့ တကယ့်အံ့မခန်းပါဘဲ -
(က) ဝန်ထမ်းများ၏ စားသောက်ရေး ၊ နေထိုင်ရေး ၊ မိုင်းလုပ်ငန်းခွင် ဝတ်စုံ ရရှိရေး အစရှိသည့် အခြေခံလိုအပ်ချက်(၃)ရပ်ကို ပြည့်ဝစွာရရှိရေး ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်။
(ခ) လုပ်ငန်းခွင်အတွင်း၌ ဖြစ်ပေါ်လာမည့် အသက်အန္တရာယ်နှင့် ထိခိုက်ရှနာမှု ကိစ္စအဝဝအတွက် အသက်အာမခံထားပေးသွားမည် ။
(ဂ) မိုင်းကြီးကို နိုင်ငံတော်နှင့်အကျိုးတူ ဆောင်ရွက်ရာတွင် လစဉ် ရွှေ ကီလို ၁၂၀ ပေးသွင်းရန် တာဝန်ရှိပါသည် ။ လစဉ်ပေးသွင်းပြီး ပိုလျှံလာသည့် အကျိုးအမြတ်များကို မိုင်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင် ဆောင်ရွက်နေကြ သော မည်သူ့ကိုမှ မချန်ဘဲ " မျှဝေခံစားစေတဲ့စနစ် " ကို ကျင့်သုံးသွားမည်။
(ဃ) ယခုလက်ရှိ နစ်နာမှုရှိနေသည့်သူများသည် မိမိတို့ စိုက်ထုတ်ကုန်ကျပြီး နစ်နာမှုကို တင်ပြနိုင်ခွင့်ရှိ သည်။တင်ပြချက်များအပေါ် စီစစ်ပြီး မှန်ကန်ပါက ကုမ္ပဏီမှပြေလည်အောင် စီစဉ်ပေးသွားပါမည် ။
(င) ယခုလက်ရှိ လုပ်ကိုင်နေသောမိုင်းသည် အသေးစားမိုင်းမဟုတ်ပါ။ နိုင်ငံတကာ အဆင့်မီ အကြီးစား မိုင်းတစ်ခု ဖော်ဆောင်ဖို့အတွက် နိုင်ငံနဲ့လူမျိုးဂုဏ်သိက္ခာကို အခြားနိုင်ငံများထက် မနိမ့်ကျသည့် မိုင်းတစ်ခုအဖြစ် ဖော်ဆောင်ရမှာ ဖြစ်ပါသည်။ နိုင်ငံတကာအဆင့်မီ အကြီးစားမိုင်းတစ်ခု ဖော်ဆောင် ရာတွင် မိုင်းမြို့တစ်ခုပါ ပူးတွဲပါဝင်လာမှာ ဖြစ်ပါသည်။ မိုင်းမြို့ပေါ်လာပါက လူတွေအားလုံး (မိုးထိမိုးမိ တောင်ပေါ်မှာ နေထိုင်သူများ) အိုးပိုင်၊ အိမ်ပိုင်နှင့် ဖြစ်လာအောင် ပြည်ထောင်စုဝန်ကြီးထံ တင်ပြပြီး သဘောတူညီမှု ရရှိသည့်အတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။တစ်ဆက် တည်း မိုးထိမိုးမိရွှေတောင်ကြီး ဗုဒ္ဓသာသနာ ထွန်းကားရေးအဖွဲ့ကို ထူထောင်ပြီး အနာဂါတ်မြန်မာ လူငယ်များ ( မြန်မာ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသော လူငယ်များ ) ဗုဒ္ဓသာသနာ အသိရရှိစေရန် ၂၀၁၂ ခုနှစ် မေလ (၂၂) ရက်နေ့ မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
၂။ အထက်ဖော်ပြပါ အချက်အားလုံးသည် ဗုဒ္ဓဘာသာဝင်များ ၊ မျှတစွာ တွေးခေါ်စဉ်းစားနိုင်သူအားလုံး လက်ခံနိုင်မည်ဟု ယုံကြည်ပါသည်။သို့ပါ၍ အခက်အခဲရှိနေသူများ အားလုံးသည် အထက်ပါ ဆောင်ရွက်ချက် များဖြင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ ဖြေရှင်းနိုင်ပါစေဟု တို့နဂါးနီ ကဆုမွန်ကောင်းတောင်းအပ်ပါသည်။

minsoeaung said...

တောင်ပေါ်မှာကျတဲ့မျက်ရည် ကိုလည်းဆိုင်ရာများက
စစ်ဆေးပြီးအမှန်အတိုင်းဖြစ်အောင်လုပ်ပေးစေလိုပါ
ကြောင်းထပ်ဆင့်တင်ပြအပ်ပါသည်။
ကျွန်တော်ကတော့ နားထဲကကျတဲ့မျက်ရည်တွေ ရွှဲနေ
ပါသည်။
ပြည်သူချစ်သော လေးစားသောရိုသေသော
သမ္မတကြီး ကျန်းမာပါစေ
ရောဂါဝေဒနာများဖြစ်ခဲ့ပါလျင် ကုသ၍ပျောက်ကင်းပါစေ
သူတော်ကောင်းများ စောင့ှ်ောက ရ ရှောက်ကြပါကုန်
သမ္မတကြီး ကျန်း ချမ်းသာစွာဖြင့်ပြည်သူများကိုအုပ်စိုး
နိုင်ပါစေကြောင်း မေတ္တာပို့သအပ်ပါသည်။

minmin said...

တစ်ဦးထဲလုပ်ပိုင်ခွင့်ပေးရင် တစ်ဦးတည်းဝေစုများများရမယ် အများကိုခွဲဝေလုပ်ကိုင်ပေးရန် မြန်မာပြည်သူတွေခွဲဝေရမယ် စီးပွားရေးတွေအဆင်ပြေလာမယ်လို့ ကျွန်တော်မြင်တယ် ကဲဘယ်လမ်းကိုရွေးမှာလဲ

minmin said...

တစ်ဦးထဲလုပ်ပိုင်ခွင့်ပေးရင် တစ်ဦးတည်းဝေစုများများရမယ် အများကိုခွဲဝေလုပ်ကိုင်ပေးရန် မြန်မာပြည်သူတွေခွဲဝေရမယ် စီးပွားရေးတွေအဆင်ပြေလာမယ်လို့ ကျွန်တော်မြင်တယ် ကဲဘယ်လမ်းကိုရွေးမှာလဲ

minmin said...

တစ်ဦးထဲလုပ်ပိုင်ခွင့်ပေးရင် တစ်ဦးတည်းဝေစုများများရမယ် အများကိုခွဲဝေလုပ်ကိုင်ပေးရန် မြန်မာပြည်သူတွေခွဲဝေရမယ် စီးပွားရေးတွေအဆင်ပြေလာမယ်လို့ ကျွန်တော်မြင်တယ် ကဲဘယ်လမ်းကိုရွေးမှာလဲ

သစ်ခွနက် said...

စိတ်ချမ်းသာပျော်ရွှင်ဘို့ စားကျက်အတွက် တိုက်ပွဲဝင်ကြစို့
ရတနာမြေ / မိုးထိမိုးမိဒေ / ရမည်းသင်းသင်းမြို့နယ်

ရွှေတူးသမား ရွှေလုပ်သားများဆိုတာ နဖါးကြိုးမထိုးတဲ့နွားနဲ့ တူပါတယ်။ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲနဲ့ အလုပ်ကို နေ့မနား ညမနား ကြိုးစားလုပ်ရင်း ကိုယ့်ဝမ်းကိုယ်ကြောင်း ကိုယ့်စားရိတ်ကိုယ်ရှာပြီး ရသမျှလုပ်အားခ တစ်ဝက်ကို အငှားပိုင်ရှင်လူလိမ်ကြီးသို့ ပေးရတယ် . . .။

စို့တူကိုင်ရင်း ..... ရွေတွင်းဆင်း
ထမင်းမ၀ ...... တွင်းသားဘဝ
တစ်ဝက်ပေးလဲ ..... စိတ်ဆင်းရဲ
ဒါလဲကျေနပ်တယ်။

ရွှေတူးသမားဘ၀ ဒီလောက်ဆိုရင် နွားနဲ့တူတာ သိလောက်ပါပြီ။ ဒါက နွားနီကြီးအကြောင်းပေါ့ဗျာ။အသေးစားစက်တည်တယ် ၊ ရွေဖမ်းခြင်း၊ အင်းဝိုင်းလှည့်ခြင်းအတွက် အလုပ်သမ ( အမျိုးသမီး ) တွေရှိတယ်။ စားစရိတ် / လုပ်ငန်းလည်ပတ်မှု စရိတ်တွေလဲ အများကြီး...အများကြီး ပါဘဲ။ (၅) နှစ်ဆိုတဲ့ သခင်လူလိမ်ကြီးကို ယုံမိလို့ ပုံအပ်မိတဲ့အဖြစ်ပေါ့။

စက်တည်မြေညှိ ..... အကြွေးတွေပိ
ဆပ်မကြေနိုင် ..... နွားပြာကြီးမှိုင်
ခြေဖြတ်လက်ဖြတ် ..... အသတ်သတ်
ရက်စက်ပြီလား ..... (၅) နှစ်သခင် ။


ဒါဆိုရင် နွားပြာကြီးလဲ စိတ်ဆင်းရဲတာပါဘဲ။ နွားနီး ၊ နွားပြာထက်ဆိုးတဲ့ ဆင်ကြီးရှိပါသေးတယ်။သူတို့ဘ၀ သူတို့အကြောင်းကတော့ ဆင်ကြီးရုန်းကန်နေရတဲ့ ၀န်ထုပ်ဝန်ပိုး (လျှော်ကြေး) သခင်ကို ဦးတိုက် ဒူးထောက်နေရတဲ့ ဆင်ကြီးဦးခေါင်းကိုနင်း ဂုတ်ခွစီးနေသလို ဒူးနေဲ့တိုက် ချွန်းနဲ့ပေါက် ရှေ့ဆက်လျှောက်ဆိုတာ ဆင်ကြီးသိမှာပါ။ဆင်ဦးစီးငှားထားတဲ့ လခစားဆင်ထိန်းတွေက လေးကနေ လှံရှည်းကြီးနဲ့ နံရိုးကြားထိုးထားတယ်။ နာသလားလို့ နွားတွေမေးတယ်။ ဆင်ကြီးအသံကျယ်ကျယ်မဖြေရဲရှာဘူး။ ဒီဘ၀လွတ်ဘို့အတွက်.....

လေဒါဏ်မိုးဒါဏ် ..... လှိုင်းတွေထန်
ဒီကမ်းခွာလို့ ..... ဘယ်သူထွက်ရဲလဲ
တက်ရဲရင်တက်ခဲ့ ..... အခုကမ်းကထွက်မယ် ။

"ဆင်နဲ့နွား ပူးပေါင်းလို့သွား အခက်အခဲဟုူသမျှ" အောင်ပွဲရ ဆိုတာသိရင် စားကျက်တစ်ခုရဘို့ တိုက်ပွဲဝင်ကြပါစို့.......

သစ်ခွနက် said...

နဂါးနီတစ်ကောင်သို့.....

နဂါးနီတစ်ကောင် - ဂဋ္ဌုံတစ်သောင်း စစ်ခင်းတဲ့ပွဲ ဆင်နွှဲကြမယ်။

ရတနာမြေ / မိုးထိမိုးမိဒေသ / ရမည်းသင်းမြို့နယ် ......
ဗုဒ္ဓသာသာအကြောင်းပြု တံငါနဲ့ မုဆိုးဘ၀ သီလဆိုတာဘယ်မလဲ အမျိုးသားကြီးပွား လေထွားတဲ့နဂါးနီ နဂါးနီနဲ့ ဂဋ္ဌုံ စစ်ခင်းလို့အချင်းများရုံပဲရှိတော့သည်း။ရေမှာပျော်ပါး နယ်ချဲ့တဲ့ နဂါးကုန်းပေါ်ရောက် လမ်းပျောက်စေရမည်း။ ဂဠုံ စစ်ခင်းလို့အချင်းများရုံပဲရှိတော့သည်။ ရေမှာပျော်ပါး နယ်ချဲ့တဲ့ နဂါး ကုန်းပေါ်ရောက် လမ်းပျောက်စေရမည်။ဂဠုံတို့သည် လေဟုန်စီးတောင်ကြီးကို ဖြိုပစ်မည်။
ဇွန် (၁) ရက် ချွေးမထွက်အောင် ချိတက်ကြ နဂါးနီ့ရန် အကုန်ရှင်း ရန်ကုန်မြို့တစ်ခွင် နေရာတိကျသိဖို့က အဓိက။ နေ့မြင်ညပျောက် (၁၀၆) ရိပ်သာဆိုတာအေးမြတယ်။ တက္ကသိုလ်လမ်း ကမာရွတ်မှာ ဆုံကြမယ်။ အင်အားကများ ကားတန်းတွေနဲ့ချီတက်သွား
ပြိုင်တူတစ်ရက် စစ်ပွဲအတွက် နောက်ချန်ဂဠုံများ စခန်းကြီးကိုသွား အလယ်ဂဠုံ ရမည်းသင်းမှာဆုံ။ ဖိတ်ကြားထားတဲ့ မီဒီယာများ ရွာတန်းလမ်းဆုံမှာထား။ ကြွေးကြော်သံများ ဆူညံတာ ပြည်သူသန်း (၆၀) ရဲ့ အသံ။

သစ်ခွနက် said...

ရွှေတောင်ကြီးပေါ်မှာ အလုပ်လုပ်ချင်တဲ့သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလှ ပါတယ် ။ မိုင်းလုပ်သား လုပ်မလား ။ ကယ်ရီလုပ်သား လုပ်မလား ။လမ်းဖောက်လုပ်ရေးလုပ်ငန်း လုပ်မလား။ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းလုပ်မလား ။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်မလား ။ အစုစားလုပ်မလား ။ ဒါမှမဟုတ် ကုမ္ပဏီဝန်ထမ်း လုပ်မလား ။ အားလုံးလုပ်ကိုင်နိုင်အောင် အခွင့်အလမ်းတွေဆောင်ရွက်ပေးလျှက် ရှိပါတယ် ။ မိုးထိ မိုးမိ ရွှေလုပ်ကွက်ကြီးမှာ အကြီးစားမိုင်းတစ်ခု ဖြစ်တာကြောင့် အသေးစား ရွှေထုတ်လုပ်ရေး လုပ်ငန်းမှ အကြီးစားရွှေထုတ်လုပ်ရေး လုပ်ငန်းသို့ ကူးပြောင်းရခြင်း ဖြစ်ပါတယ် ။အဲဒါကြောင့် မိုင်းအန္တရာယ် ရှိပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိခိုက်တဲ့ လေးပေအင်းတွေကို မလုပ်ဖို့နဲ့ Adit တွေ အစားထိုးလုပ်ဖို့ကို ဆောင်ရွက်စေခြင်း ဖြစ်ပါတယ် ။ (၂၅.၅.၂၀၁၂) ရက်နေ့မှာလည်း အမျိုးသားကြီးပွား တိုးတက်ရေး အုပ်စု ကုမ္ပဏီ ဥက္ကဌနဲ့ မိတ်ဖက် ကုမ္ပဏီများက အုပ်ချုပ်မှု ဒါရိုက်တာတွေ တွေ့ဆုံမှု အစည်းအဝေးမှာလည်း ဥက္ကဌ က ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတွေ ၊ အသေးစားမှ အကြီးစားသို့ ပြောင်းလဲရမည့် လုပ်ငန်းစဉ်တွေ ၊ နစ်နာကြေးကိစ္စတွေနဲ့ Adit ဖောက်လုပ်ရန် ငွေကြေးအရင်းအနှီးများ ကိုလည်း ပံ့ပိုးပေးသွားမည့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ် ။ တစ်ဖက်ကပြောတဲ့ အင်းလုပ်သား (၁) သိန်းကျော် အလုပ်လက်မဲ့ဆိုတာ သတင်းမှား တွေပါ၊ အလုပ်အမှန်တကယ် လုပ်လိုသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေက ပေါများလှပါတယ် ။ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြုပ်နှံလိုသူတွေကို မလာနိုင်အောင် ပြောဆိုနေတာဟာ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ် ။ ကိုယ့်တိုင်းပြည် ခေတ်နောက်ကျ ကျန်ခဲ့ရတာလည်း အဲဒီလို အချင်းချင်း မနာလိုမရှုစိမ့်နဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေကြောင့်ပဲ ဖြစ်ပါတယ် ။ ရွှေဟင်္သာ ဆရာတော်ကြီးရဲ့ ဟောကြားမိန့်ဆိုချက်ဖြစ်တဲ့
" အများအကျိုး ရွက်သည်ပိုးက ၊
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း ၊
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့ ။ "
ဆိုသည့်အတိုင်း တို့နဂါးနီ တို့ကလည်း မြန်မာပြည်သူ ပြည်သား အများအကျိုးထမ်းဆောင်ရာမှာ ဘယ်သူ တွေ ကဲ့ရဲ့ပြောဆို နှောင့်ယှက်ပေမယ့်လည်း ကိုယ်သွားရမယ့် လမ်းကြောင်းအတိုင်း မသွေမစောင်းဘဲ စိတ်ကောင်းစေတနာ အပြည့်နဲ့ယှဉ်ပြီး ရှေ့ကို ဆက်လက်ချီတက်မြဲ ချီတက်သွားမှာဘဲဖြစ်ကြောင်း အသိပေးရင်းနဲ့ အလုပ်မလုပ်ချင်ပဲ အချောင်ကြီးပွားလိုချင်သူတွေကတော့ အကြံကုန်လို့ ရွှေချက်မရလည်း ဆားချက်ရုံဘဲ ရှိတယ်မဟုတ်လား ကိုဂဠုန်တို့ရေ ။သစ္စာနဲ့မေတ္တာတရားကိုဦးထိပ်ထားတဲ့ အမျိုးသားတို့ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပာဏီလီမီတက်

Powered by Blogger.