ဆူးလေးဘုရားပေါ်တွင် 23.5.2012 နေ့ ည ပြည်သူနှင့်ကျောင်းသားများ စီတန်းလှည့်လည် ဆန္ဒပြနေစဉ် (ဓါတ်ပုံ-မေမေ့သား)
မေလ၂၃ ရက်နေ့ ည ၇း၃၀ အချိန်တွင် စည်းကမ်းရှိစွာဆန္ဒဖေါ်ထုတ်သူများသည်
ရန်ကုန်မြို့ ဆူးလေဘုရားပေါ်ရှိ ကြာသာပတေး နံထောင့်တွင်စုပေါင်း ဆီးမီးပူဇော်
ကျသည်။
ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သူ ၄၀၀ ခန့် လောက်က ဖယောင်းတိုင်းများကိုင်ကာ
ငြိမ်းချမ်းစွာဖေါ်ထုတ်ကျသည်ကို တာဝန်ရှိသူများကလမ်းစည်းကမ်းတကျဖြစ်ရေးကို
ကူညီလျှက်ရှိသည်။ လာရောက်ကြည့်ရှူ့သူ ပရိသတ်များမှာလည်း ၃၀၀ ကျော်ခန့်ရှိသည်
ဟုခန့်မှန်းရသည်။
Myanmar News Now
ရန်ကုန်မြို့ ဆူးလေဘုရားပေါ်ရှိ ကြာသာပတေး နံထောင့်တွင်စုပေါင်း ဆီးမီးပူဇော်
ကျသည်။
ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သူ ၄၀၀ ခန့် လောက်က ဖယောင်းတိုင်းများကိုင်ကာ
ငြိမ်းချမ်းစွာဖေါ်ထုတ်ကျသည်ကို တာဝန်ရှိသူများကလမ်းစည်းကမ်းတကျဖြစ်ရေးကို
ကူညီလျှက်ရှိသည်။ လာရောက်ကြည့်ရှူ့သူ ပရိသတ်များမှာလည်း ၃၀၀ ကျော်ခန့်ရှိသည်
ဟုခန့်မှန်းရသည်။
Myanmar News Now
မြန်မာပြည်မြေပုံအနေဖြင့် ဆူးလေးဘုရားပေါ်တွင် မီးပူဇော်နေပုံ |
ဒုတိယမြောက်နေ့ ရန်ကုန် လျှပ်စစ်မီးအရေး ဆန္ဒထုတ်ဖော်
Reviewed by သစ်ထူးလွင်
on
05:21
Rating:
13 comments:
မြန်မာပြည်တွင် ရောင်းချရန် လျှပ်စစ်ဓာတ်အား မပိုပါ။
လျှပ်စစ်ဝန်ကြီးတွေသာ ပိုနေပါသည်။
မီးလာမလာတော့မသိဘူး ဖယောင်းတိုင်ရောင်းတဲ့သူတွေတော့သူဌေးဖြစ်ပြီ
မှန်ပါတယ်၊လျှပ်စစ်တော့ရောင်းစရာမရှိပါ၊လျှပ်စစ်ပြည်ထောင်စုဝန်ကြီးကအစအားလုံးရောင်းရန်ရှိပါသည်။အသုံးတည့်လျှင်ဝယ်နိုင်ပါသည်။ပိုနေသူတွေပါခင်ဗျာ။
ဒီလိုမျိုးဆန္ဒပြပွဲတွေကို ဖယောင်းတိုင်ရောင်းတဲ့ သူတွေကများ စပြီးစည်းရုံးသလားတောင် မသိဘူး၊ ဘာဘဲပြောပြော အခုလိုဆန္ဒတွေဖော်ထုတ်လာရဲတဲ့ ပြည်သူတွေကိုတော့ ချီးကျူးပါတယ်...
တော်လောက်ပြီထင်ပါတယ်
ရန်ကုန်၊မန္တလေး၊မုံရွာမြို့ကြီးသားများခင်ဗျာ လျှပ်စစ်မီးကို တခါ
မှ မမြင်ဘူးသေးတဲ့ ကျေးရွာနေပြည်သူအများစုရဲ့ဆန္ဒကိုလည်း
တစ်ခါထဲ ပေါင်းပြီး ဖော်ထုတ်ပေးကြပါအုံး ။ ၂၄ နာရီလျှပ်စစ်မီး
ရရှိရေး လုပ်တာလည်းလုပ်တာပေါ့ ။
ကြွေးကြာ်သံများမအော်ပဲနှင့်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြပါ။
ဟုက်တာပေါ့ မီးမီး မြန်မြန်လာ
ဟုက်တာပေါ့ မီးမီး မြန်မြန်လာ
tower တိုင်တွေပြင်ပြီးရင်ကော။မီးရမှာလားဟင်။နောက်ထပ်ဘာတွေထပ်အကြောင်းပြအုံးမှာလဲ။
အများကြီးထောက်ခံပါတယ်ဗျာ။ ကျနော်တို့ကိုယ်တိုင်လိုက်မလုပ်နိုင်လို့ ဒီလိုလုပ်နိုင်တဲ့သူတွေကို ချီးကျူးပါတယ်။ ထောက်ခံပါတယ်။
www.academicmedicines.blogspot.com
ယနေ့ မေလ ၂၃ ရက်နေ့ (၁၉း၀၀)နာရီအချိန်က ရန်ကုန်မြို့တွင် လျှပ်စစ်မီးရရှိရေး အတွက် ဖယောင်းတိုင်များထွန်းညှိ ကိုင်ဆောင်ကာ ဆန္ဒပြသူများအား အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ပေးပို့လာသော ကြေညာချက်အား လျှပ်စစ်မီးရရှိရေး ဆန္ဒပြသူ ဦးဟန်ဝင်းအောင်မှ ပြည်သူလူထုသိရှိစေရန် ဆူးလေဘုရားအနီး ဆူးလေဘုရားလမ်းပေါ်တွင် ဖတ်ကြားခဲ့ခြင်းဖြစ်ပါသည်။
ကြေညာချက် အပြည့်အစုံမှာ
ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး မေလ ၂၂ ရက်ထုတ် သတင်းစာတွင် ရှင်းလင်းဖော်ပြထားပြီး ပြည်သူလူတုကိုလည်း နားလည်ပေးရန် အထူးမေတ္တာရပ်ခံပါတယ်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ကော်မတီမှလည်း မီဒီယာများနှင့် တွေ့ဆုံပြီး ၄င်းတို့၏ အခက်အခဲများနှင့် ကြိုးစားလုပ်ဆောင်မှုများအား သတင်းစာ ရှင်းလင်းပွဲလုပ်ပြုလုပ်ပြီး ရှင်းလင်းပြောကြားထားပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် အခြေအနေကိုလည်း နားလည်ပေးဖို့ ဥပဒေနှင့်အညီ ဆောင်ရွက်ပေး ဖို့လိုပါတယ်။
စီတန်းလှည့်လည်ခွင့်နှင့် ပတ်သက်လို့လည်း ဥပဒေပြဋ္ဌာန်းပြီးရှိပါတယ်။
မကြာမီအချိန်အတွင်းမှာ နည်းဥပဒေများရေးဆွဲပြီး ထုတ်ပြန်ပါတော့မယ်။ အဲဒီအချိန်ကြမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားပါ။ လက်ရှိအချိန်မှာတော့ နည်းဥပဒေထုတ်ပြန်ခြင်း မရှိသဖြင့် ၅ ဦးထက်ပိုပြီး စုဝေးခြင်း စီတန်းလှည့်လည်ခွင့် မရသေးဘူးဆိုတာကို နားလည်သဘောပေါက်ပေးပါ။
ဒါကြောင့်မို့ လူစုခွဲပေးကြပါရန် အားလုံးကို မေတ္တာရပ်ခံပါတယ်။
ဒုရဲမှူးကြီး ဦးမျိုးအောင်
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ဟု ဖော်ပြပါရှိပါတယ်။
မီးမပေး၇င်တနိုင်ငံလုံးမီးသာ၇ှို.လိုက်ပါတော.
Post a Comment