အဓိက၊ ကလေးသရုပ်ဆောင်များနှင့် ချစ်သူ့ဝေ၊ ရဲတိုက် |
ရွေ့ပြောင်းအလုပ်သမားကလေးငယ်များနှင့် မင်းသမီးချစ်သုဝေ။ |
ထိုင်းနိုင်ငံ၊ တောင်ပိုင်းဖန်ငဒေသဟာ၂၀၀၄ ခုနှစ်လောက်က အရှေ့တောင်အာရှနဲ့ တောင် အာရှနိုင်ငံတော်တော်များများမှ ထောင်သောင်းချီတဲ့၊ လူ့အသက်ပေါင်းများစွာ သေကြေ ပျက်စီး ဆုံးရှုံးစေတဲ့၊ သန်းပေါင်းများစွာသော လူသားမျိုးနွယ်တွေကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ၊့ ကြမ်းတမ်း ခက်ထရော်လှတဲ့ မှော်သားနဲ့ အတိပြီးနေတဲ့ ။
"၀န်းကျင်တစ်ခုထဲက မုန်တိုင်းစစ်မြေပြင်။
ဒီလှိုင်းတွေရဲ့  ထိုးစစ်ဒေသ၊
ဆူနာမီလို ရေအောက် ၀ံပုလွေအန္တရာယ်။ "
ဒီလို ရန်ဆူး ရန်စွယ် ထူပြောလှတဲ့ဒေသမှာ သမုဒရာ ၀မ်းတထွာအတွက် လာရောက် အလုပ်လုပ်ကိုင် ရုန်းကန်နေကြရတဲ့ ထောင်၊သောင်းချီတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေလည်း သဘာဝဘေးဒဏ်တွေရဲ့  သားကောင်တွေ ဘ၀နဲ့ ရုန်းကန်ရှင်သန်နေကြရသလို မိုးလေ၀သရဲ့  အတိုက်စားခံ ဓါးစာခံတွေ ဖြစ်ခဲ့ရတဲ့ ပင်လယ်ကမ်းခြေ ဘ၀စာမျက်နှာများရဲ့ လှိုင်းပုတ်သံတွေပါ။
၂၀၀၄ ဆိုနာမီမတိုင်ခင်က၊ ဒီဒေသမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအတွက် ပညာ ရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေ မရှိခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် အစပိုင်းကစပြီး ယခုအချိန်အထိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေများစွာ ပေါ်ပေါက်လာခဲ့ပေမဲ့ အများစုဟာ ခုအချိန်မှာ အကြောင်းအမျိုး မျိုးနဲ့  ဆင်းရဲတွင်းက ထွက်ခွာသွားကျပေမဲ့ ခုအချိန်ထိ မြန်မာရွေ့ပြောင်းအလုပ်သမား ကလေးငယ် တွေရဲ့ပညာရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာအဖွဲ့အစည်းတစ်ခုကတော့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း။
ဖောင်ဒေးရှင်းရဲ့  လှုပ်ရှားမှုတွေဟာ ထိုင်းနိုင်ငံ၊ ဖန်းငဒေသတွင်းမှာ အလုပ်လုပ်ကိုင် နေ ထိုင် ရှာဖွေစားသောက်နေကြတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝကို ထင်ဟပ် ပေါ်လွင် စေပြီး မြန်မာ့အခြေခံ လူ့အဖွဲ့အစည်းနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာရေးဟာ ကျနော်တို့ လူ့  အဖွဲ့ အစည်းအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတယ်ဆိုတာကို ပညာပေးရုပ်ရှင် ဇာတ်လမ်း တိုတစ်ကားကို ရိုက်ကူးပုံဖော်တဲ့အခါ။
ဒီရုပ်ရှင်ဇာတ်လမ်းလေးကို မြန်မာနိုင်ငံက နာမည်ကျော်ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ကြီးကြပ်ရိုက်ကူးပြီး စွယ်စုံရအနုပညာရှင်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇာဂနာမှလည်း ၀န်းရံ ကူညီပံပိုးပေးခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေကြတဲ့ ရုပ်ရှင်မင်းသားရဲတိုက်နဲ့ အဆို တော် မင်းသမီးချစ်သုဝေတို့ပါ။ သူတို့လေးတွေဟာ အလုပ်တာဝန်တွေများနေတဲ့ကြားက ၊ထိုင်း နိုင်ငံမှာ လာရောက်လုပ်ကိုင် ရုန်းကန် စားသောက်နေကြရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးလေးတွေရဲ့ ပညာရေးအတွက် အနုပညာကြေးမယူဘဲ၊ အခမဲ့ရိုက်ကူးပေးခဲ့တဲ့ မေတ္တာဒါန ပါ။ ရုပ်ရှင်ဇာတ်ကားအကြောင်းကို လာရောက်သတင်းယူခဲ့တဲ့ VOA အကြီးတန်းသတင်းထောက် Mr.Ron Corben ဟာ ရိုက်ကွင်းမှာ ကိုယ်တိုင်တွေ့ ကြုံခဲ့တဲ့ မင်းသမီးလေးချစ်သုဝေနဲ့  ပတ်သက်ပြီး သူ့ရဲ့အမြင်ကလည်း အံ့သြ၀မ်းသာမှုတွေနဲ့ စိုစွတ်နေပါတယ်။
“ ကျနော့်အနေနဲ့ နှစ်ပေါင်းများစွာ သတင်းထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံအရ၊ နိုင်ငံတကာ က နိုင်ငံရေး၊ခေါင်းဆောင်တွေ၊ လူ့ အခွင့်အရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်ပေါင်း မြောက်များစွာကို၊ အင်တာဗျူးလုပ်ခဲ့ဖူးပါတယ်။ မြန်မာမင်းသမီးလေး အဆိုတော်ချစ်သုဝေကို အင်တာဗျူးရတာ ကျနော့်အနေနဲ့  တော်တော့်ကို စိတ်လှုပ်ရှားမိပြီး အားရ ကျေနပ်မှုဖြစ်ခဲ့ပါတယ် ဆိုတဲ့ စကားတွေထဲမှာ ရိုးသားတဲ့သံစဉ်တွေ လွင်နေပါတယ်။ ဆက်ပြီး သူ ပြောပြတာက သူမရဲ့စကားလုံးတွေဟာ သူမရဲ့ရင်ထဲက စီးဆင်းကျလာတာပါ။ ထိုင်းနိုင်ငံတွင်းမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ သူမရဲ့ လူမျိုးတွေ နေထိုင်စားသောက် လုပ်ကိုင်နေတာ ကိုယ်တိုင်တွေ့မြင် ခံစားရတော့ သူမအနေနဲ့ ကြေကွဲထိခိုက်ဖြစ်မိပုံရပါတယ်။ ကျနော် လိုက်လံ ကြည့်ရှုခဲ့ဖူးတဲ့ ရိုက်ကွင်းတိုင်းလိုလိုမှာ မြန်မာရွေ့ပြောင်းအလုပ်သမားတွေနဲ့  ရင်းရင်းနှီးနှီး အကျွမ်း တ၀င် စကားပြောဆိုနေတာကို တွေ့ရတတ်သလို အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ပညာရေးကိစ္စ တွေကို မေးမြန်းစူးစမ်းလေ့ရှိပါတယ်။ အလုပ်သမားတွေနဲ့ စကားစမြည်ပြောဆိုပြီးတိုင်း သူမရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေ အစဉ်တွဲခို နေတတ်ပါတယ်။ သူ့တို့ လူမျိုးအတွက်၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအတတ်နိုင်ဆုံး ကူညီဆောင်ရွက် ဖြည့်ဆည်းပေးချင်ပုံရပါတယ်။ ကျနော် သူမကို လေးစားချစ်ခင်စိတ်နဲ့  မြန်မာနိုင်ငံရဲ့ Angelina Jolie ခေါ်လိုက်ပါရစေ။”
မင်းသမီးချစ်သုဝေကို၊ရိုက်ကွင်းတိုင်းမှာ အနီးကပ် အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းက၊ မချစ်စုလှိုင်ရဲ့  ရင်ထဲက ကျသက်လာတဲ့ စကားလေးတွေကလည်း ချစ်သုဝေဆိုတဲ့ မင်းသမီးလေးရဲ့  စာနာမှုပုံရိပ်လေးတွေကို ထင်ဟပ်စေပါတယ်။ “ တိုင်းခြားနိုင်ငံ ထဲမှာ ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်နေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေနဲ့ ကျမတို့အဖွဲ့အစည်းရဲ့လုပ်ငန်းတွေကို၊ ရှင်းပြတိုင်း အလုပ်သမားမိသားစုတွေရဲ့ ဘ၀တွေကို ပြောပြ တိုင်း၊ အမချစ်သုဝေယောက် ထိခိုက်ခံစားရပြီး ကြေကြေကွဲကွဲ၊ မျက်ရည်ကျတတ်ပါတယ်။ မြန်မာ နိုင်ငံထဲမှာ အမ ရနေတဲ့ အနုပညာကြေးတွေ၊ ကျော်ကြားတဲ့ရုပ်ရှင်ဇာမ်းလမ်းတွေကို ဥပက္ခောပြု လစ်လျူရှု၊ လက်လွှတ်အဆုံးရှုံးခံ၊ ထိုင်းနိုင်ငံကို လာရောက်ပြီး အဖွဲ့အစည်းအတွက် ကိုယ်ကျိုးတွေ စွန့် ၊ အနစ်နာခံ လာလုပ်ပေးတာပါ။ အခကြေးငွေမယူဘဲ လာရိုက်ပေးရတာ ပိုပြီး ဝမ်းသာတယ်။ ပိုပြီး အဓိပ္ပါယ်ရှိတယ်လို့  ပြောပြတဲ့ အမချစ်သုဝေရဲ့  မွန်မြတ်မှုကို ဘယ်သူ သာဓုမခေါ်ခေါ် ခေါ်ခေါ် မြန်မာရွေ့ ပြောင်းမိသားစုတွေရဲ့ သာဓုခေါ်သံတွေကတော့ ပင်လယ်ပြင်မှာ ပဲ့တင်ထပ်နေမှာ သေချာ လှပါတယ်။”
“ မြန်မာနိုင်ငံက နိုင်ငံကျော်အနုပညာရှင်တွေ၊ ကျနော်တို့ အဖွဲ့အစည်းကို လာရောက်ပြီး အကူ အညီ ပေးတာ ကျနော်အနေနဲ့ အရမ်းကို ဝမ်းသာဂုဏ်ယူပါတယ်။ သူတို့တတွေကို လူသားဆန်တဲ့ အနုပညာရှင်တွေလို့ မြင်ပါတယ်။ အဓိကအားဖြင့် လူငယ်အနုပညာရှင်တွေ အနေနဲ့ မိမိတို့ ကျွမ်း ကျင်တဲ့ အနုပညာနဲ့ အခြေခံလူတန်းစား ပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေးတွေအတွက် အပင်ပန်း အဆင်းရဲခံ၊ အနစ်နာခံပြီး အနုပညာကြေးငွေ မယူဘဲ လာရောက်ကူညီတာဟာ ကျနော် တို့  အဖွဲ့အစည်းကို ကူညီတယ်ဆိုတာထက် ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွေ့ ပြောင်းအလုပ် သမား မိသားစုတွေရဲ့  ကလေးငယ်တွေ ပညာရေးအတွက် လာရောက်ပြီး အနုပညာနဲ့  အလုပ် အကျွေး ပြုကြတာလို့ ပဲ ထင်မြင်ယုံကြည်မိပါတယ်လို့ ” ပြောပြသွားတဲ့ ဒီရုပ်ရှင်ကားတိုလေးကို ထုတ်လုပ်မဲ့ ပညာရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ရဲ့  စကားသံတွေထဲမှာလည်း ပီတီရွှန်းဝေနေတဲ့ လှိုဏ်သံတွေ မြည်ဟီးနေရှာပေါ့။
မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ၊ ပညာရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် ကျနော် တို့လူ့အဖွဲ့အစည်းမှာ မောင်ရဲတိုက်တို့၊ မချစ်သုဝေတို့လို အောင်မြင်ကျော်ကြားတဲ့ လူငယ် အနုပညာ ရှင်တွေ အများကြီးလိုအပ်ပါတယ်။ မြန်မာ့ အင်ဂျလီနာဂျူလီ လို့  ချစ်သုဝေကို တင်စားခေါ်ဝေါ်ရင်း ရဲတိုက်ကိုလည်း မြန်မာရွေ့ ပြောင်းတို့ ရဲ့စီဇာချားဗစ်လို့ဂုဏ်ပြုလိုက်ပါရစေ။
ရွေ့ ပြောင်းမြန်မာအလုပ်သမားမိသားစုများအတွက် မရွေ့ ပြောင်းသော မေတ္တာ၊ ကရုဏာ၊ စေတနာ များစွာဖြင့်။
မောင်လွမ်းနီ၊ခန့်ဇော် ပူးတွဲရေးသည်။
၁၇၊၀၅၊၂၀၁၂။
(စာကြွင်း။) မင်းသမီးချစ်သုဝေအား ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Angelina Jolie နှင့် တင်စား ဖော်ပြခြင်းမှာ Angelina Jolie အနေဖြင့် မြန်မာဒုက္ခသည်အရေးနှင့် ကမ္ဘာပေါ်ရှိအဖိနိပ်ခံပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်များအတွက် စွမ်းစွမ်းတမန် ဆောင်ရွက်နေသည့်အပေါ် ခိုင်းနှိုင်းရေးသာခြင်းဖြစ်ပါသည်။ (စာရေးသူ)
ေ၇ွ ပြောင်းတွေအပေါ် ထား၇ှိတဲ့ မေတ္တာစေတနာ ကရုဏာတရားတွေဟာလည်း ဘယ်တော့မှာ မရွေ့ပြောင်းမှာသေချာ။ မင်းသားလေးမောင်၇ဲတိုက်ကိုလည်း ကမ္ဘာ့ေ၇ွ့ ပြောင်းအလုပ်သမားတွေရဲ့ သူရဲကောင်း မက်စီကိုရွေ့ပြောင်းအလုပ်သမားသူရဲကောင်း Cesar Chavez လို့  တင်စားခြင်းဖြစ်ပါတယ်။
ချစ်သုဝေ ( သို့မဟုတ်) မြန်မာ့ အင်ဂျလီနာဂျိုလီ
Reviewed by သစ်ထူးလွင်
on
06:32
Rating:
53 comments:
ကောင်းပါတယ်ခေါ်ကြစေဗျား၊သူတို့လေးတွေဟာလူတွေကလည်းချစ်စရာကောင်းသလိုစိတ်ထားလည်းချစ်စရာ
ကောင်းတာမို့ခေါ်ထိုက်ပါပေတယ်။ေ၇ွှ့ ပြောင်းမိသားစုတွေလည်းအမြန်ဆုံးနေရာ
အတည်တကျနဲ့လွတ်လပ်ပြီးထမင်းဝဝစားနိုင်တဲ့ဘဝရောက်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျား
မချစ်သုဝေနဲ့ ကိုရဲ့းတိုက် ကို ကျွှန်တော်တို့ရဲ့လေးစားထိုက်သော အားကြထိုက်သော အနုပညာရှင်ပါ သူတို့ရဲ့ personal တွေကိုတော့မသိပေမဲ့ NLD နဲ့ပက်သက်ပြီးသူတို့ လုပ်နေသာတွေ ဖေါင်ဒေးရှင်းတွေထောင်ပြီး တိုင်းရင်းသားတွေကို ကူညီနေသာဟာ တစ်ခြားသော အနုပညာရှင်တွေနဲ့ခြားနားတဲ့ သူတို့ရဲ့ သိပ်လှတဲ့နုလုံးသားတွေဘဲး ငွေတစ်ခုတည်းကိုကြည့်တဲ့ အနုပညာရှင်တွေထက် သူတို့လိုကသာ ထာဝရ ပရိတ်သတ်ရဲ့ရင်မှာ တည်ရှိနေမှာပါ TRY THE BEST ချစ်သုဝေ နဲ့ ကိုရဲးတိုက်
ချစ်သုဝေက ပိုပြီး ချစ်စရာကောင်းသွားတယ်။
လူမှုအကျိုးပြုလုပ်ငန်းတွေကိုလုပ်ကိုင်ရင်းနဲ့ စွမ်းသလောက် ၀န်ကိုဝိုင်းထမ်းပေးတဲ့ ကိုရဲတိုက်နဲ့ မချစ်သုဝေတို့ အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။
စိတ်ထားမွန်မြတ်အများအကျိုးထမ်းရွက်တဲ့ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်နဲ့ချစ်သု့ဝေ ဒီထက်မကအောင်မြင်မှု့တွေရပြီးမြန်မာပြည်သူတွေရဲ့အကျိုးကိုဒီထက်မကဆောင်ရွက်နိုင်ပြီးကျန်းမာချမ်းသာပြီးအသက်ရာကျော်ရှည်ပါစေ
လေးစား ပါတယ် ချစ်သူေo
အ၇မ်းကိုဝမ်းသာတယ်။ အ၇မ်းကိုချစ်တယ်။ ဆထက်တပိုးအောင်မြင်ပါစေ။
တစ်ကယ်ကို အားကျစရာကောင်းတဲ့ သတင်းပါပဲဗျာ
မြန်မာလူမျိုးအတွက် ဂုဏ်ယူမိသလို ချစ်သုဝေ နဲ့ ရဲတိုက် တို့လို စိတ်ဓါတ်ပိုင်ဆိုင်ထားရှိတဲ့ လူငယ်မျိုးတွေ အများကြီးပေါ်ထွန်းနိုင်ပါစေလို့
လေးစားအားကျဖို့ကောင်းတာအမှန်ပါပဲ ကျနော်တို့လဲသူ့လိုကူညီနိုင်ရင်ကောင်းမှာပဲ
ကိုရဲတိုက်၊ မချစ်သု့ဝေ နှင့်အတူ ရိုက်ကွင်း မှာရှိတဲ့ အနုပညာရှင် အားလုံးကို လေးစားပါတယ်။ငွေ နဲ့ အလှအပ ကိုပဲ ဦးစားပေးတဲ့ တခြားအနုပညာ သမားတွေ နဲ့ စာရင် မချစ်သု့ဝေ ရဲ့ အလှက ဘယ်တော့မှ မပျက်မစီးမဲ့ နှလုံးသားအလှ ပါ။ pretty အားလုံးကို သာဓု ခေါ်ပါတယ်။
ဒီလိုကြားရတော့ အရန်းကိုလေးစား ဂုဏ်ယူမိပါတယ်...ညီလေးရဲတိုက် နဲ့ ညီမလေး ချစ်သုဝေ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပြီး ဘ၀ တစ်လျှောက်လုံး ပျော်ရွင်မှူ့ နဲ့ အောင်မြင်မှူ့တွေ အမြဲတမ်းရရှိနိုင်ပါစေဗျာ
ချစ်သူဝေကိုနဂိုကတည်းကတိုင် ဖြူစင်တဲ့စိတ်ဓါတ်ရှိတဲ့မင်းသမီးလေးတစ်ယောင်ဆိုတာ ကျွန်တော်အကြွင်းမဲ့ယုံကြည်ထားတာပါ ဒါကြောင့်လည်းသူကိုကျွန်တော်ရဲ့ရင်ထည်းကညီမလေးတစ်ယောက်လိုအမြဲသတ်မှတ်ထားတာပါ ဝမ်းသာဂရုဧ်ယူမိပါတယ်ညီမလေး
အသက်ငယ်သလောက်စိတ်ထားမြတ်ကြပါပေတယ်
လေးစားဂုဏ်ယူလျက်ပါ ကိုရဲတိုက်နှင့်မချစ်သုဝေ
အောင်မြင်မှုတွေရရှိဦးမှာပါ
ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဇာဂနာ။ ရဲတိုက်၊ ချစ်သုဝေ ။ ဦးထူးချစ်နဲ့အဖွဲ့သားများ အားလုံးကို လှိုက်လှဲစွာ လေးစားဂုဏ်ပြုပါတယ်
တဦးမေတာတဦးမှာ ဆိုသလို ပြည်သူတွေရဲ့ မေတာကို ရရှိတယ် ဆိုတာကို လည်း ယုံကြည်ပါ အကျိုးပြုလုပ်ငန်းတွေကို ဆထက်ထမ်းပိုးလုပ်ဆောင်ရင်း
လူငယ်တွေရဲ့စံပြပုဂိုတွေ ဖြစ်လာကြပါစေလို့ ဆန်ဒပြုပါတယ်
ကိုရဲတိုက်နဲ့ မချစ်သုဝေတို့ကို... အရမ်းကို လေးစားသွားပြီဗျာ... အားလဲ အားပေးပါတယ်နော်... ပျော်ရွှင် ကျန်းမာကြပါစေ...
ဒီိလိုလူမှုရေးအလုပ်တွေကိုလုပ်နိုင်သူများအားလုံးကိုလေးစားလျှက်ပါ...
လိုအပ်မယ်.နေရာလေးတွေမှာ မြန်မှာပြည်မှာရှိကြကုန်သော သူဌေးများနှင်.အနုပညာရှင်တော်တော်များများဒီလိုစိတ်ထားလေးတွေရှိရင်တော.ပိုကောင်းမှာပါ..
၂၀၁၁ မန္တလေးသင်္ကြန်တုန်းက လပခ မဏ္ဏပ်မှာ ချစ်သုဝေ ပရိတ်သတ် ကိုနုတ်ဆက်တဲ့စကားကြားကတည်းက ချစ်စရာကောင်းတဲ့ သူ့စိတ်ဓာတ်ကို တွေ့လိုက်ရတယ် စီးပွါးရေးတွေရောအဆင်ပြေရဲ့လားတဲ့ ပရိတ်သတ်တွေရဲ့ဘဝကိုအဆင်ပြေစေချင်တဲ့ သူ့ရဲ့စိုးရိမ်တတ်မှု့ မိသားစုစိတ်ကိုတွေ့လိုက်ရတယ်
အရမ်းလေးစားပါတယ်
အောင်မြင်မှုတွေ အများကြီးပိုင်ဆိုင်နိုင်ပါစေ
အရမ်းကိုမြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ။အရမ်းကို လေးစားထိုက်တဲ့ အနုပညာရှင်တွေပါ။
လူမှုရေးလုပ်ငန်းများကို အခက်အခဲမရှိ၊ အောင်အောင်မြင်မြင်နှင့် ဆထက်တန်ဘိုးတိုး၍ ထမ်းဆောင်နိုင်ပါစေ.........
သူတပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံစားရမည်။ စေတနာ ထားသောသူသည် စေတနာအကျိုးကိုအမှန်မလွဲ ခံစားရပါမည်.. ချစ်သုဝေ နှင့် ရဲတိုက် သည်မိမိ အစွမ်း အစ အားဖြင့် သူတပါးအကျိုးကို သယ်ပိုးကြပါတယ် .. သင်လည်း ထိုနည်းတူပြုရသော အခွင့်အရေးရှိပါတယ် .. အားငယ်နေသောသူကို ဖေးမပါ .. မွတ်သိပ်နေသောသူကို ကျွေးမွေးပါ .. ရေငတ်နေသောသူကို ရေပေးပါ အကျိုးကြီးလှပေ၏။
ချစ်သုဝေ တစ်ယောက် စိတ်အေးချမ်းသာခြင်း၊ ကိုယ်စိတ်ကျန်းမာခြင်း၊ ၀ိညာဉ်ကျန်းမာခြင်း နှင့် ပြည့်ဝပါစေ။
ရဲတိုက်ပြုလေသော အရာတိုင်းအတွက် အာဇာနည်တပါးကဲ့သို့အောင်မြင်နိုင်ပါစေ။။။။။
ဟုတ်ပါတယ်ခင်ဗျာကျနော်တို့မတတ်စွမ်းနိုင်တဲ့ကိစ္စကိုပြည်သူတွေကိုစားလုပ်ဆောင်ပေးသူတွေကိုဂုဏ်ပြုမြှောက်စားသင့်ပါတယ်။
ဂုဏ်ပြုပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေထဲ့မှာမောင်ရဲထိုက်လိုလူမျိုးတွအတွက်တန်ဖိုးမဖြတ်နိုင်ပါခင်ဗျာ
အနုပညာ ရဲ့ အလှတရား ။ အနုပညာရှင်တို့ ရဲ့ အလှ ။ ဂုဏ်ယူပါတယ်ဗျာ ။
နှလုံးသားလှတဲ့ အနုပညာရှင်တွေပါ...
ထိုင်းမှာနေထိုင်ဖူးသူတစ်ယောက်အနေနဲ့ ဒီသတင်းလေးကြား၇တာဝမ်းသာလိုက် တာ..ကို၇ဲတိုက်နဲမချစ်သုဝေကတကယ်လိုအပ်တဲ့ နေ၇ာမှာကူပေးတာအ၇မ်းကိုလေးစားတယ်..ပြည်ပေ၇ာက်နေတဲ့ လူတွေ၇ဲ့ သောကကိုစာနာပေးတာthank u so much , အားပေးလျက်ပါ..ထာ၀၇လေးစားနေချင်ပါတယ်....
"ဘယ်သူပြိုင်ရ်ျလှပါတော့နိုင်" ဆိုတဲ့ ဦးအံ့ကျော်ကြီး အကယ်ဒမီရတဲ့ ဘဘကြီး ဦးသုခရဲ့ ဇာတ်ကားလေးကိုသတိရမိပါတယ် ဒီလူမှုကူညီရေး ရုပ်ရှင်ဇာတ်လမ်းလေးကို ရိုက်ကူးတဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေအားလုံးတို့ရဲ့ နှလုံးသားတို့သည် ဘယ်သူပြိုင်ရ်ျလှပါတော့နိုင် ..........
လေးစား ဂုဏ်ယူပါတယ် ပြည်သူလူထု အားလုံးအတွက် ကောင်းကျိုးလုပ်သော ဦးကျော်သူက အစ အခု ချစ်သုဝေ ရဲတိုက် တို့မှ အဆုံး နောက် အဲဒိလိုကူညီမယ့် အနုပညာရှင်များကို ကြိုဆိုပါတယ် အမြင့်ရောက်ပေမယ့် နိုမ့်ကျနေတဲ့ ဘ၀တွေကို စာနာသနားငဲညှာတာ နှလုံးလှတဲ့ သူတွေမှာဘဲရှိပါတယ်...........ဦးကျော်ဟိန်လိုတော့ ပြည်သူတွေကို စပွန်ဆာနဲ့ ကျေးဇူးမဆပ်ပါနဲ့နော်
လေးစားပါတယ် သူငယ်ချင်တို့ရယ်။
မနှိုင်းစမ်းပါနဲ.အင်ဂျလီနာဂျိုလီနဲ.မနှိုင်းစမ်းပါနဲ.ဗျာ။
ကိုရဲတိုက်နဲ့ မချစ်သုဝေတို့လိုအနုပညာရှင်တွေများများပေါ်ထွန်းနိုင်ပါစေ
လေးစားဂုဏ်ယူပါတယ် ကိုရဲတိုက်နဲ့မချစ်သုဝေကိုအမြဲအားပေးနေပါတယ်
မချစ်သုဝေ လဲဒီထက်မက ချစ်စရာကောင်းပါစေဗျာ
ကိုရဲတိုက်နဲ့ ချစ်သုဝေတို့ကို လေးစားအားကျ ဂုဏ်ယူပါတယ်.......
အရင်ကတည်းက သူတို့ နှစ်ယောက်ရဲ့ စိတ်ဓါတ်တွေကိုလေးစားလို့ စောင့်ကြည်နေတာပါ... တစ်ကယ်လေးစား၊ အားကျ အတုယူစရာကောင်းတဲ့ အပြုအမူ၊ လုပ်ရပ်တွေပါပဲ ကျွန်တော်တို့တစ်တွေလည်း တက်နိုင်တဲ့ဘက်က ပါဝင် ကူညီကြဖို့ တိုက်တွင်းလိုပါတယ်........သာဓု...သာဓု...သာဓု
အရာအားလုံးအတွက် အထူးကျေးဇူးတင်ပါတယ်၊ မချစ်သုဝေနဲ့ ကိုရဲတိုက်ရေ
ဒါဟာ ဘယ်သူမှ လာဖျက်လို့မရတဲ့ သမိုင်းမှတ်တိုင်တစ်ခုပါ၊ ဆက်လက်ကြိုးစားသွားကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်၊ အစဉ်အားပေးလျှက်ပါ .... သာဓု သာဓု သာဓုပါဗျာ...
Teresa ရေ...St.Teresa ,Mother Teresa တို့လိုဘုရားသခင်အ
တွက်ဘဝကိုဆက်ကပ်နိုင်သူဖြစ်ပါစေ..May God bless you &
Mg Ye Tite.
လူငယ်တစ်ယောက်အနေနဲ့ အများကြီး လေးစားကျေနပ်မိပါတယ်။လူတိုင်းလုပ်
ချင်နေကြပေမယ့် လူတိုင်း မလုပ်နိုင်တဲ့ အလုပ်ကိုလုပ်နိုင်တာ ချီးကျူးစရာပါ။
ရဲတိုက် နဲ့ ချစ်သုဝေကို အမြဲအားပေးနေပါတယ်။
ကိုရဲတိုက် လေးစားတယ်ဗျာ....ဒီထက်လေးစားဖို့ကောင်းတာက မမချစ်သုဝေပဲ သူများမလုပ်နိုင်တာတွေလုပ်တာထက်...သူများမထားနိုင်တဲ့စိတ်မျိုး.......သမ္မတတောင် မထားနိုင်တဲ့စိတ်မျိုးထားနိုင်တာ
ဝမ်းသာပါတယ်...ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ...လို့
ကိုရဲ နဲ့ မမချစ်သုဝေ .......သို့
လေးစား ပါတယ် ချစ်သူေo
ရဲတိုက်နှင့်ချစ်သုဝေ လေးစားပါတရ် ကံကောင်းပါစေ
အရမ်းကိုမွန်မြတ်ပါတယ်
သူငယ်ချင်းတို့အောင်မြင်ပါစေ
စေတနာဆိုတာရောင်ပြန်ဟပ်ပါတယ်။တူသောအကျိုးခံစားရပါစေ့မယ်ဗျား။လေး
စား အားကျစရာကောင်းလိုက်တဲ့အနုပညာရှင်များ အများကြီးပေါ်ပေါက်လာနိုင်
ပါစေဗျား။
အရမ်းကိုမြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေပါ။အရမ်းကို လေးစားထိုက်တဲ့ အနုပညာရှင်တွေပါ။လူသားချင်းစာနာတတ်တဲ့စိတ်ထားရှိတယ်.
ကို့ထက်နိမ့်ကျတဲ့သူတွေကို ဥပက္ခာမပြုပဲကူညီပေးတယ်. မောင်လေးရဲတိုက်နဲ့ညီမလေးချစ်သုဝေအပေါ်ဘုရားသခင်ထံမှ
မြောက်များစွာသောကောင်းကြီးမင်ဂလာသက်ရောက်ပါစေလို့
ဆုတောင်းပေးပါတယ်.အရမ်းလေးစားတယ်.
ချစ်သုဝေနဲ့ရဲတိုက်တို့်လိုလိုအပ်နေတဲ့ကွက်လပ် လေးတွေ့ဖြည့်ပေးနိုင်ကြပါစေ
ရဲတိုက်နဲ့ချစ်သုဝေတို့လို တခြားသူများလဲလိုအပ်နေတဲ့ကွက်လပ်လေးတွေဖြည့်ပေးနိုင်ကြ ပါစေ
ကောင်းတယ်ဗျာ၊ အားရတယ် တကယ်ပါ၊ ငွေမတတ်နိုင်ပေမယ့် လုပ်အားပေးသဘောမျိုး၊ သချာင်္နဲ့ကျောင်းပြီးတယ်၊ ဓါတ်ပုံရိုက်ပြီးအသက်မွေးတယ်၊ (အသုံးတဲ့ရင်ပေါ့လေ)၊ တစ်နေရာရာမှာ လုပ်အားပေးခြင်ပါတယ်၊ Yinnowon@gmail.com
ချစ်သုဝေကို ဂျိုလီနဲ့ များ လာနှိုင်းနေသေးတယ်၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ် တဲ့အလုပ်မျိုး သိပ်ရွံ့ တယ်ဗျာ၊ ဂျိုလီက တကယ်ရင်ထဲကပါလို့  လုပ်နေတာဗျ၊ သူနဲ့ ရဲတိုက် တို့ က အလွယ်ဆုံး နာမည်ကြီးနိုင်မယ့် အလုပ်တွေ အခုမှလိုက်လုပ်ပြနေတာပါ၊ အရင်တုန်းက ဒီလိုအလုပ်တွေ ဘယ်နားမှာသွားလုပ်နေကြတာတုန်း၊ တခါမှ မကြားဖူးပါဘူးဗျာ၊ အပေါ်ယံလေး နှမ်းဖြူးတာမျိုး ငတုံးငအ တွေကပဲ လက်ခံကြလိမ့်မယ်၊ အရင်ကလည်း အချိုးမပြေဘူး၊ အခုလည်းကြည့်မရဘူး၊ ဆေးပညာတွေ စိတ်မ၀င်စားရင် အစကတည်းက ဆရာဝန်မလုပ်နဲ့ ပေါ့ဗျာ၊ ဆေးမကုတော့ တိုင်းပြည်အတွက် ဆရာဝန်တစ်ယောက်စာ နစ်နာတယ် ၊ သူ့ အတွက်ကြောင့် ဆေးကျောင်းတက်ခွင့်ပြုတ်ကျန်ခဲ့မယ့် တိုင်းပြည်သားကောင်းတစ်ယောက်အတွက် သိပ်နှမြောတယ်။
လေးစားပါတယ် ညီမလေး ထရီဇာ။
အပေါ် က COMMENT ပေးတဲ့ တစ်ယောက်ပြောသလို ကျွန်တော်လည်း စဉ်းစား မိတယ် သူတို့ အရင်ကဘာလို့ မလုပ်ကြတာလဲ သူများလုပ်တာကိုမကောင်းမြင်ပြီးပြောတာမဟုတ်ဘူးနော် ကျွန်တော် ခရစ်ယန် မဟုတ်ပေမယ့် သူတို့ဘာသာကို နားလည်တယ် လူမှုရေးလုပ်ငန်းတွေအများကြီး လုပ်လို့ ရမှန်းသိတယ် အရင်ကလည်း NGO လို လုပ်ငန်း တွေနဲ့ တွဲလုပ်လို့ ရတာဘဲ ဟုတ်ဘူးလား ကျွန်တော်အညာသား ပါအားလုံးကို တော့ နားမလည်ပါဘူး နားလည်တာလေးကိုပြောပြတာပါ မည်သူကို မျှပုတ်ခတ်စော်ကားလိုစိတ်မရှိတာတော့ အမှန်ပါ PRO ဖြစ်ချင်လို လုပ်တာဆိုရင်တော့ စိတ်မကောင်းစရာဘဲဗျာ
blackleopard said:
အရင်ကဘဲလုပ်လုပ် အခုမှဘဲထလုပ်လုပ် လုပ်တာနဲ့ အရှိန်သေမသွားဘဲ ဆက်တိုက် ဘ၀သက်တမ်းတလျှောက် ကောင်းမွန်စွာလုပ်နိုင်ကြဖို့ဘဲလိုပါတယ်။ ကလိန်ကကျစ်နဲ့ဝင်မလာဖို့သာ အသက်ကိုအာမခံကြေးတင်နိုင်ဖို့လိုပါတယ်။ လူဆိုတာ အချိန်တိုင်းပြောင်းလဲနိုင်ပေမယ့် အချိန်တိုင်းသစ္စာမဖေါက် မယုတ်မာဖို့ဘဲလိုပါတယ်။
အင်း လုပ်ရပ်ကို လေးစားပါတယ်ဗျာ ။ နောက်ထပ်လည်း ကြိုးစားစေချင်တယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့နွယ်တဲ့၊ သမုဒယနဲ့နွယ်တဲ့ကုသိုလ်ဟာ မစင်ကြယ်သေးပါဘူး ကလေးမ၊ တကယ်ကို လူတွေရဲ့ဘ၀ကို ကယ်တင်ချင်ရင်တော့ ကိုယ်ကိုတိုင် လောဘ၊ ဒေါသ၊ မောဟ ကင်းကင်း အနှောင်အဖွဲ့ကင်းကင်းနဲ့ လုပ်စေချင်ပါတယ်။ အင်ဂျလီနာနဲ့တော့ နှိုင်းလို့မရသေးဘူးထင်တယ်။ တကယ့်ကုသိုလ်၊ အကုသိုလ်ဆိုတာ ဘာလဲဆိုတာ သေချာလေ့လာစေချင်ပါသေးတယ်။ အခုလို သူများကို ကူညီတဲ့အတွက် သာဓုခေါ်ပါတယ်ဗျာ ... ဆထပ်တပိုး သယ်ပိုးနိုင်ပါစေ ...
မြန်မာနိုင်ငံထဲက လဘက်ရည်ဆိုင်တော်တော်များများမှာ ကလေးစားပွဲထိုးလေးတွေကို ခိုင်းစားနေတာကို ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ လူကြီးတွေ မသိတာလား၊ မမြင်တာလား၊ မမြင်ချင်ယောင်ဆောင်တာလား။
ဖြေရှင်းသင့်တဲ့ ပြသနာတစ်ရပ်လို့ မြင်မိပါတယ်။
ပြည်သူထဲကအနုပညာရှင်တွေရဲ့ လုပ်ရပ်တွေကအားကျဖို့ ကောင်းတယ်...............ပညာပေးဇတ်ကားတွေရိုက်ပေးတဲ့ သရုပ်ဆောင်တွေကိုတော့လေးစားတယ်..........။အချိန်ကစကားပြောသွားမှာပါ......ပြည်သူချစ်သောအနုပညာရှင်တွေဖြစ်ပါစေ..........ကိုယ်တိုင်လုပ်နိုင်ပေမဲ့ .............တက်နိုင်တဲ့ ဘက်ကကူညီသင့်တဲ့ စိတ်ဓာတ်ကိုတော့လေးစားသင့်တယ်ထင်တယ်။
Post a Comment