ပါလီမန် ဉက္ကဌ ဂျွန်ဘားကိုး |
ဘာ့ကြောင့်လဲ ဆိုရင် အခုလို ပြောကြားခွင့် ရခြင်းဟာ အင်မတန် ရှားပါးတဲ့ ထူးခြားတဲ့ အခွင့်အရေး တရပ် ဖြစ်ကြောင်း၊ အထက်နဲ့ အောက် လွှတ်တော် ၂ ရပ်စလုံးမှာ စကား ပြောခွင့်ရခြင်းဟာ ထူးခြားကြောင်းဆိုပါတယ်။ လွှတ်တော် အမတ်တွေကလည်း နဂို ကတည်းက လေးစား အားကျမှု ရှိကြောင်း၊ ကမ္ဘာပေါ်မှာ အလွန် ရဲရင့် သတ္တိရှိတဲ့ သူကို ဂုဏ်ပြုရင်း သူဘာပြောမလဲ ဆိုတာကို နားထောင်ချင်သူ တွေလည်း အများအပြား ရှိကြောင်း ပြောပါတယ်။
လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောတဲ့ အခါမှာ ပါလီမန် အမတ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ထားတဲ့ သဘောထားတွေ ထင်ဟတ်ပေါ်လွင် လာမှာ ဖြစ်သလို၊ ဖိတ်ခေါ် ခဲ့တဲ့ အစိုးရ အနေနဲ့ လည်း ဂုဏ်ယူစရာ ကောင်းကြောင်း ပြောပါတယ်။
ဒီထက်ပိုကောင်းတာကတော့ မြန်မာ နိုင်ငံသားတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လိုအနိုင်မခံ အရှုံးမပေး တတ်တဲ့ သူရဲကောင်း စိတ်ဓာတ် ရှိသူ တဉီး၊ အမျှော်အမြင် ကြီးသူ၊ ဆုံးဖြတ်ချက် ခိုင်မာသူ၊ ဒီကနေ့ ကမ္ဘာမှာ ထူးခြားတဲ့ နိုင်ငံရေးသမား တဉီး အဖြစ် မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေကို ကြီးမားတဲ့ ပိတ်ဆို့မှုတွေနဲ့ အဟန့်အတား ကြားက ရအောင် ယူပေး နေတဲ့ ခေါင်းဆောင် တဉီးကို ရထားတဲ့ အတွက် ဂုဏ်ယူ စေချင်တဲ့ သဘောလည်း ပါဝင်ကြောင်း ဆိုပါတယ်။
ဆက်လက်ပြီး ပြောကြားရာမှာ ပြည်ပခေါင်းဆောင် တွေထဲက သမ္မတတွေ၊ ဝန်ကြီးချုပ် တွေတောင် ပါလီမန် ၂ ရပ်စလုံးမှာ မိန့်ခွန်းပြောကြားခွင့် ရကြတဲ့ အရေအတွက်က အလွန်နည်းပါး တယ်လို့ ဆိုပါတယ်။ ဗြိတိန်က ဆိုရင် အယ်လိဇဘက်သ် ဘုရင်မကြီး ဖြစ်ကြောင်း၊ နောက် အမေရိကန် သမ္မတ အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး ၁၆ ယောက်မြောက် ဘဲန်းနဒစ်၊ ပြင်သစ် သမ္မတ ချားလ်စ် ဒီဂေါလ် နဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင် မဲန်ဒဲလား တို့ ဖြစ်ကြောင်း ပြောပါတယ်။
ဒီလို မိန့်ခွန်း ပြောကြားခွင့် ကိုလည်း တနှစ် တကြိမ် ဆိုသလို သတ်မှတ် ထားခြင်းလည်း မရှိတဲ့ အတွက် အင်မတန် ရှားပါးပြီး ဂုဏ်ယူစရာ ကောင်းတဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။
ဘီဘီစီ
ဗြိတိသျှ ပါလီမန် ဉက္ကဌက ဒေါ်စု အတွက် ဂုဏ်ယူ
Reviewed by သစ်ထူးလွင်
on
09:00
Rating:
19 comments:
မြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာပါ။
Congratulation ပါ အမေ
ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် နိုင်ငံတကာကအသိအမှတ်ပြုမှုတစ်ခုပါ
အမေသားတို့ဝမ်းသာအားရဂုဏ်ယူနေပါတယ်
ဖတ်နေရင်း ကြက်သီးဖျန်းဖျန်းထမိပါတယ်။ အမိမြန်မာနိုင်ငံတော်ကြီးမှာ အမေစုလိုပုဂ္ဂိုလ်မျိုး ဆက်တိုင်ပေါ်ထွန်းနိုင်ပါစေ။ ပြည်သူအများအမေစုစိတ်ဓါတ်မျိုး မွေးနိုင်ကြပါစေဗျာ။
တရုပ်နှင့်အိန္ဒိယအင်အားကြီးနိုင်ငံ (၂) ခုကြားမှာတည်ရှီနေတဲ့မြန်မာပြည်ကို အနောက်တိုင်းနိုင်ငံကြီတွေရဲ့နိုင်ငံရေးသြဇာအာဏာတည်ဆောက်လိုမှုအတွက် မြှောက်ထိုးပင့်ကော်လုပ်ဆောင်နေမှုဟုသာယူဆမိပါသည်။
ဂုဏ်ယူပါတယ် အမေ
ဂုဏ်ယူပါတယ်အမေ
ပေးဆပ်ခဲ့ရမှုများအတွက် ထိုက်တန်တဲ့ အကျိုးကျေးဇူးဆိုတာရစမြဲပါ။
အရည်အချင်းရှိသူတွေအတွက် နေရာဆိုတာမရှားပါဘူး။
ထင်ပေါ်လျှင် စင်တော်က ကောက်တယ်ဆိုတာ ဒါမျိုးပါပဲ။
မီးလျှံကြားကပွင့်လာတဲ့ ကြာပန်းလေး လို့လည်းပြောချင်ပါတယ်။
မြန်မာပြည်ရဲ့ဂုဏ်ကိုမြှင့်တင်ပေးမယ့် ဖအေတူသမီးတစ်ယောက် မြန်မာပြည်က
ရရှိလိုက်တဲ့အတွက် ဂုဏ်ယူပါတယ် အမေ။
အမေ သက်တော်ရာကျော်ရှည်ပြီး ပြည်သူလူထုအကျိုး များစွာဆောင်ရွက်နိုင်ပါစေ။
ပြည်သူလူထုက ချစ်လို့ တင်မြှေက်ထားတဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် တစ်ကယ် အလုပ်လုပ် မည့်
အ၇ည်အချင်း အပြည့် ၇ှိတဲ့ ခေါင်းဆောင်ကောင်း
တစ်ယောက်ဆိုတာ ပြည်သူတွေကလေးစား ဂုဏ်ယူပါတယ်
ကျေးဇူးအထူးပါအမေစု။ ကုလသမဂမှာလည်းပြောရအုံးမယ်နော်.
အမေစုကြောင့်ကျွန်တော်တို့မြန်မာတွေနိုင်ငံတကာအလယ်မှာဂုဏ်ပြန်တက်ရတော့မယ်။ Thanks alots
မြန်မာနိုင်ငံအတွက်တကယ်ကို ဂုဏ်ယူစရာကောင်းတယ်။ အမေစုက
တကယ်လည်းတော်တယ်။လေးလည်းလေးစားသင့်တယ်။ကမ္ဘာ့ခေါင်းဆောင်တွေက
ကို ဒီလိုမျိုး အသိအမှတ်ပြု၊လေးစားကြတယ်။ တန်ဖိုးထားကြတယ်။ဝမ်းသာပါတယ်အမေစု။
အမေကြောင့် သားတို့ လူမျိုးတွေကမ္ဘာမှာ မြန်မာဟေ့လို့ ဝင့်ကြွားနိုင်ပြီအမေ
ဝမ်းသာဂုဏ်ယူမိပါတယ်အမေ..
ဦးသန်းရွှေနဲ့ ဦးဌေးဦး သားအဖကိုလဲဖိတ်ထားပါသေးတယ်။
ဘာလုပ်ခိုင်းမှာလဲတော့ မသိ။သိရင်ပြောကြပါ။
ချစ်တဲ့အမေကိုယ်ရောစိတ်ပါကျန်းမာပါစေ။အမေကြောင့်သမီးတို့ဘ၀တွေပြန်လည်အသက်ဝင်လာပါပြီအမေ။ သမီးတို့၂၀၁၅ အထိအားတင်းထားမယ်အမေ။ ပျော်ရာမှာမနေရပေမဲ့ အမေ့သတင်းတွေဖတ်ပြီး တော်ရာမှာပျော်အောင်နေနိုင်နေပြီအမေ။ အမေ့သတင်းတွေတင်ပေးတဲ့ ကိုသစ်ထူးလွင်ကိုလည်းကျေးဇူးတင်ပါတယ်။
ဂုဏ်ယူစရာကောင်းပါတယ်။
သမီးတို့ အနေနဲ့ အမေ့လို ခေါင်းဆောင်မျိုးရထားတာ အင်မတန်ကို ဂုဏ်ယူစရာကောင်းပါတယ်။ အင်မတန်မှ ၀မ်းသာအားရဖြစ်မိပါတယ်။
နောက်ပြီး အမေပြောမယ့် မိန့်ခွန်းကိုလည်း နားထောင်ချင်တယ်။
အမေ့ရဲ့ စကားတစ်ခွန်းဟာ အင်မတန်မှ တန်ဖိုးရှိလှပါတယ်။
ဘယ်လိုမှ နှိုင်းယှဉ်စရာမရှိပါ။ ချစ်ရတဲ့ အမေ... ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ.....
( အမေ့ရဲ့ နော်ဝေးခရီးစဉ်တစ်လျှောက်က သမိုင်းဝင် မှတ်တမ်း မှတ်ရာများကို အတတ်နိုင်ဆုံး စုဆောင်းပေးကြပါနော်...
ကိုသစ်ရေ... တင်ပေးပါဦးနော်...အရမ်းကို သိချင်နေလို့ပါ။ )
တရုပ်နှင့်အိန္ဒိယအင်အားကြီးနိုင်ငံ (၂) ခုကြားမှာတည်ရှီနေတဲ့မြန်မာပြည်ကို အနောက်တိုင်းနိုင်ငံကြီတွေရဲ့နိုင်ငံရေးသြဇာအာဏာတည်ဆောက်လိုမှုအတွက် မြှောက်ထိုးပင့်ကော်လုပ်ဆောင်နေမှုဟုသာယူဆမိပါသည်။ ..... တဲ့
unknown ဆိုတဲ့သူဘာတွေလျှောက်ပြောနေတာလဲ?
မနာလိုသူတွေရဲ့ သွေးထိုးလှူံဆော်မှုမရှိဘူးဆိုရင် ကိုယ့်ခေါင်းနဲ့ကိုယ်စဉ်းစားနိုင်ပါတယ်..။ဒါဟာ ဂုဏ်ယူစရာအရမ်းကောင်းတဲ့ကိစ္စမို့ ဂုဏ်ယူတယ်လို့ပြောရင်ပြီးရောလေ
မြန်မာပြည်အတွက် ဂုဏ်ယူစရာမို့ အတွေးတွေလေလွင့်မနေပဲ ဂုဏ်ယူလိုက်စမ်းပါသူငယ်ချင်း..။
တို့ကတော့ မြန်မာပြည်အတွက် အမေစုအတွက် ဂုဏ်ယူတယ်..။
((ဒီထက်ပိုကောင်းတာကတော့ မြန်မာ နိုင်ငံသားတွေ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် လိုအနိုင်မခံ အရှုံးမပေး တတ်တဲ့ သူရဲကောင်း စိတ်ဓာတ် ရှိသူ တဉီး၊ အမျှော်အမြင် ကြီးသူ၊ ဆုံးဖြတ်ချက် ခိုင်မာသူ၊ ဒီကနေ့ ကမ္ဘာမှာ ထူးခြားတဲ့ နိုင်ငံရေးသမား တဉီး အဖြစ် မြန်မာ နိုင်ငံရဲ့ လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေကို ကြီးမားတဲ့ ပိတ်ဆို့မှုတွေနဲ့ အဟန့်အတား ကြားက ရအောင် ယူပေး နေတဲ့ ခေါင်းဆောင် တဉီးကို ရထားတဲ့ အတွက် ဂုဏ်ယူ စေချင်တဲ့ သဘောလည်း ပါဝင်ကြောင်း ဆိုပါတယ်။))---ဒီလို စကားလေးကို ထည့်ပြောပေးသော ပါလီမန်ဥက္ကဌကို ကျေးဇူးအထူးတင်ပါသည်.အန်တီစု ဒီထက် အဆပေါင်းများစွာ ပိုသော အဓိပါယ် ပြည့်ဝတဲ့ အောင်မြင်မှုများ နှင့် နိုင်ငံနှင့် ပြည်သူတွေအတွက် ဘေးအန္ထရယ် ကင်းရှင်းစွာ ကျန်းမာစွာ နဲ့ လျှောက်လှမ်းနိင်ပါစေ..လေးစားရပါသော.အမေစု..
tapaungthi ပြောတာမှန်တယ်။ အခုလိုမြန်မာကို ဂုဏ်မြင့်စေတဲ့
သူရှိတာဝမ်းသာရမှာပါ။
အဲ့ဒါမှ---ဗိုလ်ချူပ်သမီး----ပြည်သူ---အမေ၊
Post a Comment