ပြည်ပကိုခရီးသွားဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ်
ပတ်စပို့ရပြီလို့ NLD ပါတီကပြောဆို ကြောင်း AFP သတင်းမှာ ရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် ပတ်စပို့ရပြီလို့ သောကြာနေ့က အကြောင်းကြားလာပါတယ်-အခုတော့ ပတ်စပို့က ဒေါ်စုလက်ထဲရောက်နေပါပြီလို့ NLD ပါတီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ဇွန်လမှာ နော်ဝေးနဲ့ ဘရစ်တိန်နိုင်ငံတွေကို ခရီးသွားဖို့ရှိပြီး ဒီနှစ်ကုန်ပိုင်းမှာတော့ ဂျပန်ကိုသွားရောက်ဖို့ စီစဉ်ထားပါတယ်။
ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံကူးလက်မှတ် ပတ်စပို့ရပြီ
Reviewed by သစ်ထူးလွင်
on
19:52
Rating:

8 comments:
အမေ စု...အစစအရာသတိထားပါ...ပျော်ရွှင်တဲ့ trip လေးဖြစ်ပါ
စေ....အန္တရယ်ကင်းဘေးရှင်းပါစေ....
ဒါ အမေစုရဲ့ တကယ့် နိုင်ငံကူးလက်မှတ်လား။ အမေစုကို အထူးနိုင်ငံကူးလက်မှတ် (အစိမ်းရောင်) ထုတ်မပေးဘူးလား။ သစ်ထူးလွင်က သတင်းတစ်ခုကို တွေ့ကရာပုံတွေနဲ့ တွဲတင် တတ်တဲ့ အကျင့်ကတော့ သိပ်မကောင်းသလိုပဲ။
(ဟိုတစ်ခါ ရေကန်ထဲကတွေ့တဲ့ ကျည်ဆံသတင်းလည်း google search ကနေ ယူထည့်လိုက်တယ်ထင်တာပဲ စာဖတ်ပရိတ်သတ် တစ်ယောက်က တကယ်မှတ်လို့ ဝေဘန်နေသေးတယ် ပြန်လည်း မဖြေရှင်းဘူး)
အန်တီကလေးတွေနဲ့လည်းသွားတွေ့သင့်တယ်
အမေပြန်လာလျှင်ပတ်စပို.ကိုကရုစိုက်နော်။ မလေးကပြန်လာတဲ.ကလေးမ
လေးတွေလိုပတ်စပို.ကအတုကြီးဆိုပြီး....
ပျော်ရွှင်ဖွယ်ရာ ခရီးတခုဖြစ်ပါစေ။ခရီးစဉ် တခုလုံးလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေ။တိုင်းပြည်အကျိုးကိုလည်း ဆထက်တိုးကာ ဆောင်ရွက်နိုင်ပါစေ အမေစု။
ဝမ်းသာပါတယ်ဗျာ..........
မမစု,
တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်လုပ်ချင်တာတွေလုပ်ပြီးရင်တော့ကျန်းကျန်းမာမာနဲ့ မြန်မြန်ပြန်လာခဲ့ပါလို့..
Have a nice trip..
အန်တီစုက အမတ်ဖြစ်နေလို့ ရထားတာက အစိမ်းရောင်ပါ....ဒါလေးကတော့ ဖြတ်ထည့်ပေးထားတာပါဗျာ
Post a Comment