ကိုယ်ထိလက်ရောက်စော်ကားခံရတဲ့ တိုးမြင့်အောင် စက်ရုံမှ အလုပ်သမားတဦး |
မေလ(၂၃)ရက်နေ့ က ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် စက်မှုဇုန်(၄) တိုးမြင့်အောင်
ဇာထိုးပန်းထိုး စက်ရုံမှ အလုပ်သမားများ စက်ရုံမှ စက်ရုံမှုးများ မန်နေဂျာ များမှ ကိုယ်
ထိလက်ရောက်စော်ကားခဲ့ကြောင်းသိရပါတယ်။
မီးခွက်ဈေးအောက်ထိပ် တွင် နံနက်(၆)နာရီအချိန် ထန်းတပင်မှ အလုပ်သမား
(၄၀) ကျော်စီးလာသော ဖယ်ရီကား ၅က(၅၀၀၂) မှာ စက်ရုံရှေ့ ရောက်သောအခါ
တိုးမြင့်အောင် စက်ရုံမှ စက်ရုံမှုးများ မန်နေဂျာ များမှ အလုပ်သမားကောင်မလေးများကို
ကိုယ်ထိလက်ရောက် ရိုက်နှက်ချင်း၊ ဆံပင်ဆွဲချင်း၊ အင်္ကျီတွေဆွဲဖြဲချင်း၊ဆွဲဆောင်ရိုက်
နှက်ချင်းများ ပြုလုပ်ခဲသောကြောင့် မိန်းခလေး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ထို့ကြောင့်နံနက်(၈)နာရီမှာလှိုင်သာရာရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရှိရပါတယ်။
ညနေ(၄)နာရီမျာတော့ ပုလဲအထည်ချုပ်စက်ရုံတွင် အလုပ်ရှင်၏လူများက စက်ရုံပြင်ပမှ
တောင်းဆိုနေသောအလုပ်သမားများကို အော်ဟစ်ဆဲဆို ရန်စခဲ့တဲ့ အတွက် ရုန်းရင်း
ဆန်ခက် ဖြစ်ပွားခဲ့ပါတယ်။
Myanmar News Now
တိုးမြင့်အောင် စက်ရုံမှတာဝန်ရှိသူများ အလုပ်သမားများကို ကိုယ်ထိလက်ရောက်စော်ကား
Reviewed by သစ်ထူးလွင်
on
06:48
Rating:
24 comments:
အလုပ်သမားတွေဖြစ်ပါတယ်၊ကျွန်တွေမဟုတ်ပါဘူး၊အလုပ်ရှင် မှ အောက်ဆုံးအဆင့် သန့် ရှင်းရေးဝန်ထမ်း အထိ သူ့နေရာနှင့် သူ တန်ဘိုးရှိကြပါတယ်။ကိုယ်ထိလက်ရောက် လုပ်ဖို့ မလိုပါဘူး ။leader ဆိုတဲ့ အဓိပ္ပါယ်ကို MANAGER တွေကကောင်းကောင်း မသိဘူးလို့ ထင်ပါတယ်။
အော်မြန်မာပြည်၊မြန်မာပြည်.......ဒုက္ခ ဒုက္ခ
ဒီလိုကိစ္စရှိသေးတာလား။
ဆုံးမပေးကြပါ။
အော် သူများနိုင်ငံတွေမှာ အလုပ်လုပ်နေရတဲ့ သူတွေတောင် အဲလို မဖြစ်ကြဘူး... ကို့နိုင်ငံမှာ ကိုနေပြီး မ၀ရေစာ ရှာစားနေရတဲ့ သွေးချင်းညီအစ်ကို မောင်နှမအချင်းချင်းတောင် အဲ့လောက်လုပ်ရပ်တဲ့ စိတ်ဓာတ်တွေက ဘာနဲ့ ခိုင်းနှိုင်းရမှန်းမသိဘူး.... သူများတိုင်းတစ်ပါးသားတွေ စော်ကားရင်တောင် ကာကွယ်ရမှာပါဗျာ... နှမသားခြင်းကိုယ်ချင်းစာလေး ထားပေးကြပါ....
စက်ရုံတစ်ရုံလုံးကို မီးရှို့လိုက်ကြကွာ။
စာဖတ်ပရိတ်သတ်၊ အလုပ်သမားတစ်ယောက်အနေနဲ့တော့ မခံမရပ်နိုင်ဖြစ်မိတယ် .. ဒါပေမယ့် .. စက်ရုံမှူးတွေ၊ မန်နေဂျာတွေ ဆိုတာကလဲ အသိပညာရှိတဲ့အထဲမှာ ပါကောင်းပါလိမ့်မယ် ... စာရေးသူအနေနဲ့လည်း တစ်ဖက်သတ်ကြီး ရေးဖို့မလိုပါဘူး .. ဘာဖြစ်လို့လဲဆိုတော့ .. ဒီသတင်းတွေကြားရင် ပြည်သူဘက်ကပဲ စိတ်ထိခိုက်တယ် ... ဒေါသဖြစ်တယ် ... လုပ်တဲ့သူကလဲ အကြောင်းရင်း တစ်ခုခုကြောင့် လုပ်တာဖြစ်မယ် ... ဒီတော့ စာရေးသူတစ်ယောက်အနေနဲ့ သတင်းအပြည့်အစုံကို တိတိကျကျရေးသင့်တယ် .. အခုရေးထားတာတွေက တစ်ဖက်သတ်တွေဖြစ်နေတယ် ... မန်းစည်ပင်သားကိစ္စလိုပေါ့ဗျာ... အစကတော့ ရေးထားတာက တမျိုး.. နောက်ဖြစ်လာတဲ့ကိစ္စက တဖုံ တခြားစီဖြစ်နေတယ် ... စာရေးသူအနေနဲ့ အပြည့်အစုံရေးပေးဖို့ .. လိုပါတယ် .. ဒါမှလည်း စာဖတ်ပရိတ်သတ်တစ်ယောက်အနေဲ့ ဝေဖန်မှုတွေ မှန်ကန်လိမ့်မယ်လို့ ယုံကြည့်ပါ ... ဒီကိစ္စမှာ အကြောင်းတစ်ခုခုကြောင့် ဒီလိုဖြစ်သွားတယ်လို့ထင်ပါတယ် ... ဗလိုင်းကြီးတော့ ဘယ်သူမှမလုပ်ရဲပါဘူး ... ဆဲဆိုတာမျိုးတောင် ဗလိုင်းကြီးလုပ်ရဲတယ်ဆိုတာက အဲ့ဒီလူက တိရိစ္ဆာန်တစ်ကောင်ဖြစ်နေလို့ပဲ ... စဉ်းစားကြည့်ပေါ့ဗျာ ...
မဖြစ်သင့်တဲ့ကိစ္စတွေပဲနော် ... စဉ်းစားဖို့တော့လိုမယ်ဗျ ..
လုပ်တာက စက်ရုံမှူးများ၊ မန်နေဂျာများတဲ့ဗျာ ...
သူတို့က ဘာဖြစ်လို့ စက်ရုံမှူးတွေ၊ မန်နေဂျာတွေ ဖြစ်လာတာလဲ .. သူတို့မှာ ပညာ၊ ဦးနှောက်မရှိဘူးလား ... ဒါတော့မသိဘူး ...
အမှန်တကရ်တော့ စာရေးသူတစ်ယောက်အနေဲ့လည်း တိကျမှန်ကန်တဲ့ အဖြေကို ရေးဖိုလိုတယ် .. အဲ့ဒါမှလည်း စာဖတ်ပရိတ်သက်က ဝေဖန်မှတ်ချက်ပေးနိုင်မှာပေါ့ .. အခုရေးထားတာက တစ်ဖက်သတ်ကြီးဖြစ်နေတယ် .. သူတို့လုပ်တဲ့ အကြောင်းရင်းတစ်ခုခုကိုတော့ ထည့်ရေးသင့်တယ်လို့ထင်တယ် ... စာရေးသူအနေနဲ့လည်း ဒီသတင်းကို ဘယ်သူမှမပေးဘူးဆိုရင် ဘယ်လိုသိမှာလဲ .. အဲ့ဒီလိုပဲပေါ့ စက်မှုးမန်နေတွေကလဲ .. အကြောင်းတစ်ခုခုရှိလို့ လုပ်တာနေမှာပေါ့ .. ဒီတော့ကြားထဲက စာဖတ်၊ဝေဖန် ပရိတ်သတ်တွေကို မဇ္ဈီယစိတ်ပွားခိုင်းနေတာလား ... မန်းစည်ပင်သားကိစ္စပဲကြည့်လေဗျာ .. အစကရေးထားတာက တစ်မျိုး၊ နောက်ဖြစ်လာတာက တစ်မျိုး .. စဉ်းစားကြည့်ပေါ့ဗျ ... ကျနော်က စာဖတ်၊ ဝေဖန်ပရိတ်သတ်တစ်ယောက်ပါ ...
မဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲဗျ ...
တောရိုင်းဝါဒ လွှမ်းမိုးလာနေပြီ။ အချိန်မှီ သက်ဆိုင် သူများ အမြန်ဆုံးထိန်းပေကြပါ။
တောရိုင်းဝါဒ လွှမ်းမှိးလာနေပြီ။ သက်ဆိုင်သူများ အချိန် မှီ ထိန်းသိမ်းပေးကြပါ။
မိုက်ရိုင်းလိုက်တဲ.အလုပ်ရှင်နဲ.သခင်အားရကျွန်ပါးဝတဲ.အကောင်တွေ အဲ.ဒိခွေးတွေကိုပြန်တရားစွဲကွာ
ကိုယ်ထိလက်ရောက်စော်ကားတာ အကောင်းဆုံးသောဖြေရှင်းနည်းလို့ ဘိုးစဉ်ဘောင်ဆက်ကတည်းကစွဲလာတာထင်တယ် ..
အဲဒီအမြင်တွေကို ပျောက်အောင် ဆုံးမပေးကြပါအုန်းဗျာ ...
ဒီလုပ်တာမကောင်းပါဘူး။Manager ဆိုသောသူတွေကလည်း leader ကောင်းတွေမဟုတ်ပါဘူး။မိမိမိသားစုကောင်းစားဖို.အတွက်
သူတစ်ပါးကိုနှိပ်စက်တာ တကယ်ကိုနိမ့်ကျသောစိတ်ဓါတ်ပါ။
ခွေးရူးကောင်းစားတမွန်းတည့်ဆိုသောစကားအတိုင်းမင်းတို.လို သခင်အားရကျွန်ပါးဝနေသူတွေအတွက် နေစရာနေရာဆိုတာရှားလာနေပြီ
ဆိုတာမင်းတို.သိလာလိမ့်မယ်။
ှုဒီနေရာမှာ ဥပေဒေဆိုတာကြီးက ဘာလုပ်နေတာတုန်း
လူ လူချင်းတန်ဖိုးမထားတတ်တဲ့ စနစ်ဆိုးတွေရဲ့လောင်းရိပ်အောက်က မလွတ်သေးဘူးဘဲ.....
အလုပ်သမားများကလဲ သူတို့လိုအပ်ချက်ကိုတောင်းဆိုမှာဖြစ်သလို အလုပ်ရှင်ဘက်ကလဲ လိုက်လျောနိုင်သလောက်လိုက်လျောသင့်တယ် မလိုက်လျောနိုင်ရင် စက်ရုံပိတ်သင့်တယ် ဒါမှပြသနာမဖြစ်မှာဖြစ်တယ် အရင် တုန်းကလုပ်ချင်သလိုလုပ်ခဲ့ပြီးပြီ အခု ကျနော်တို့အလုပ်သမားတွေအလှည့်ဖြစ်တယ် တူဖြစ်တုန်းထုသည် ပေဖြစ်ချိန်ခံပါ ဒါမှ တရားမျှတမည်။ လုပ်ချင်သလိုလုပ်လို့ရသောခောတ်မဟုတ်တော့ပါ ဒါကိုသိလောက်သင့်ပြီ ဒါပါပဲ
တရုပ်တွေလားထောင်ချပြစ်ပါ
နှမချင်းစာနာပြီပြောဆိုကြပါကွာ၊တရုတ်တွေရဲ့အိမ်မွေးခွေးကြီးလိုလိုက်မကိုက်ကြပါနဲမြန်မာအချင်းချင်းရိုင်းပင်ကူညီကြပါ။
အုပ်စုနဲ့ ၀ိုင်းရိုက်ရင် သူတို့ပဲ ခံရမှာပေါ့။ အရိုင်းအစိုင်းတွေက မန်နေဂျာ ဖြစ်နေတာလား။
ပြစ်မှု-၃၅၄။၃၂၃။တိတိကျကျအေ၇းယူပါ၇န်တိုင်ကြားပါသည်။
gliderပြောသလို အလုပ်သမားတွေဆိုတာကျွန်တွေမဟုတ်ပါဘူး၊မန်နေဂျာမှ
အောက်ဆုံးအဆင့် သန့် ရှင်းရေးဝန်ထမ်း အထိ သူ့နေရာနှင့် သူ တန်ဘိုးရှိကြပါတယ်။24 May 2012 မနက်မှာလည်း လှိုင်သာယာစက်မှုဇုန်(၄)မှာရှိတဲ့
အာရှနှင်းဆီ အထည်ချုပ် စက်ရုံလည်း ၃၀၀၀၀ကျပ် အရေးတော်ပုံ ဆန္ဒပြနေတာ တွေ့ခဲ့ရပါတယ်။ဝန်ထမ်းတွေကို
မေးကြည့်တဲ့အခါ မြန်မာနိုင်ငံသားအမည်ခံ ဂျပန်ပိုင်စက်ရုံဖြစ်တဲ့အတွက် ဂျပန်ကြီးရုံလို့ အများက ခေါ်ကြပြီး စက်ရုံသက်တမ်းတစ်လျှောက် ဒါဟာ ပထမဆုံး အကြိမ်လို့ ဆန္ဒပြနေတဲ့ လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။သူကတော့ လွန်ခဲ့
တဲ့ ၁၀နှစ်ကျော် ကတည်းက အဲဒီဂျပန်တွေနဲ့ဇုန်(၅)မှာ ကတည်းက အလုပ်လုပ်ခဲ့သူလို့ပြောပါတယ်။
ဥပဒေများကိုရေးဆွဲပေးကြပါ။အလုပ်ရှင် အလုပ်သမားတွေအတွက် စံ မီသောဥပဒေများဖြစ်ဘို့အရေးကြီးပါသည်။နိင်ငံခြား
လပ်ငန်းရှင်များမလာမီ ပြည့်စုံသော ဥပဒေများရေးဆွဲပြီး
ဖြစ်ဘို့လို့အပ်ပါကြောင်း
အလုပ်ရှင်များရဲ့လက်ပါစေများကို အခုကိစ္စတွင် ထိရောက် ပြင်းထန်စွာအရေးယူကြောင်း အများသိအောင်
ပြုလုပ်ပေးစေလိုပါကြောင်း
NDFပါတီလွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရီကတော့၊မြန်မာပြည်ဟာနာမည်
ကဒီမိုကရေစီလမ်းသွားနေပေမဲ့အမှန်တော့ခေါက်ရိုးကျိုးနေတဲ့အစိုးရနဲ့ဝန်ကြီးဌာန
ခေါင်းဆောင်တွေကြောင့်ဒီမိုကရေစီလမ်းပေါ်မရောက်နိုင်သေးဘူးလို့ပြောပါတယ်။
အပေါ်ကစနစ်ကိုပြောင်းလိုက်တယ်၊အောက်မှာခေါက်ရိုးကကျိုးနေတုံး၊ အဲဒါဒီမိုကရေစီကို သွားနေတာသိရက်နဲ့ မေ့မေ့လျော့လျော့နေတဲ့ပုဂ္ဂိုလ်တွေ ရှိနေသေး
Post a Comment