မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် မြန်မာဆိုင်ရာ
မူဝါဒညှိနှိုင်းရေးမှူး နဲ့ အထူး ကိုယ်စားလှယ် မစ္စတာ Derek Mitchell ကို
သမ္မတ အိုဘားမားက တရားဝင် အဆိုပြုလိုက်ပါတယ်။
အလားတူ မြန်မာနိုင်ငံဘက်ကလည်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်
အဖြစ် လက်ရှိ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတန်းမြန်မာသံအမတ်ကြီး ဦးသန်းဆွေ ကို
ခန့်အပ်ကြောင်း အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် ကို
ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း ကြေညာခဲ့ပါတယ်။
နှစ်(၂၀)ကျော်ကြာမြင့်ပြီးတဲ့နောက် သံအမတ်တွေ ခန့်အပ်ဖို့
နှစ်နိုင်ငံလုံးရဲ့ ဆုံးဖြတ် ချက် ဟာ အမေရိကန်နဲ့ မြန်မာ ပုံမှန်သံတမန်
ဆက်ဆံရေးပြန်ဖြစ်လာဖို့အတွက် အရေးကြီးတဲ့ အဆင့် ဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။
မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် သမ္မတ
အိုဘားမား ရဲ့ အဆိုပြု ချက် ကို အမေရိကန်လွှတ်တော် က အတည်ပြုရမှာ ဖြစ်ပါတယ်။
RFA-Burmese
မြန်မာ- အမေရိကန် သံအမတ်များ အဆိုပြုကြေညာ
Reviewed by
သစ်ထူးလွင်
on
08:59
Rating:
5
16 comments:
ထင်သားပဲ သူဖြစ်လာမယ်ဆိုတာ
ကျနော်တို့နိုင်ငံအတွက်ကောင်းတဲ့သတင်းပေါ့ဗျာ...
ဝမ်းသာပါတယ်...
မြန်မာ သံအမတ်က U Than Shwe တဲ့လား :))
ကြိုဆိုပါတယ်ဗျာ ဒီထက်တိုးတက်ကောင်းမွန်အောင်ကြိုးစားသင့်ပါတယ်
သံအမတ်ကြီးနာမည် မှားယွင်းနေပါသည်။ ဦးသန်းရွှေမဟုတ်ပါ။ ဦးသန်းဆွေ ဖြစ်ပါသည်။ သတင်းမီဒီယာတွင် သတင်းမှန်ကန်မှုသည် အလွန်အရေးကြီးသည့်အတွက် မထုတ်ပြန်မီ သေချာစီစစ်အတည်ပြု သင့်ပါသည်။
သံအမတ်ကြီးအမည်မှားယွင်းနေပါသည်။ အမည်မှန်မှာ ဦးသန်းဆွေဖြစ်ပါသည်။ သတင်းအချက်အလက် ပြည့်စုံမှန်ကန်မှုသည် သတင်းမီဒီယာ၏ အသက်သွေးကြောသဖွယ်ဖြစ်သည့်အတွက် မဖော်ပြမီ သေချာစွာစီစစ်အတည်ပြုသင့်ပါသည်။
အဲဒါပဲကြည့်ပါတော့၊မြန်မာတွေခေါ်တော့mediaတဲ့။
အရည်အချင်းကျတော့နဲနဲမှမရှိကြဘူး။
NLD partyကသူတို့ကိုမဖိတ်တော့ဝိုင်းအော်လိုက်ကြတာ
အဲသလိုအမှားCNNမှာလုံးဝမှားခွင့်မရှိဘူး။
မြန်မာပြည်မှာများ လူကြီးလုပ်ဖို့အရေး သိန်းတွေ သန်းတွေပါမှ အဆင်ပြေတော့မယ်ထင်တယ်......
မမှားပါဘူး...သန်းဆွေပါပဲဟ
ဇာမဏီဆိုတဲ့လူ အဲဒီလောက်ကြီးလဲ မရိုင်းသင့်ပါ။ ခင်ဗျား ဘိုးအေလောက်ရှိ
တယ်။ သူ့ဘ၀သူ အေးအေးဆေးဆေးနေ နေတာပါ။
မှားတဲ့အခါလဲများပေမပေါ့...ကျွတ်ကျွတ်..ကျွတ်
ကြိုဆိုပါတယ်ဗျာ
NLD ပါတီကို ဘယ်ကိုမဖိတ်လို့ ဘယ်သူတွေအော်တာလဲဗျ ။
Tomahawk ရ လုပ်ပါအုံး
shine ဆိုတဲ့ကောင် မင်းက ဘာကိစ္စ မင်းပထွေးဘက်က ရှေ့နေလိုက်နေ
တာလဲ ။ ဒါတောင် သစ်ထူးလွင် ဆင်ဆာငြိမှာစိုးလို့ လျှော့ပြောထားတာ
နားလည်လား ။သူ့ဘ၀သူ အေးအေးဆေးဆေးနေ နေတာ ဟုတ်လား ။
မင်းပထွေးက တိုင်းပြည်ကို နှစ်နှစ်ဆယ်လောက်ဖျက်ဆီးသွားတာ မင်းမသိ
ဘူးလား ။မင်းဘိုးအေလောက်ရှိလို့ လေးစားချင်ရင်လဲ မင်းအဘွားကိုဘဲ
သူ့ဆီဆက်သထားလိုက် နားလည်လား။
ဇာမဏီ ဆိုတဲ့လူ လောကကြီးအကြောင်းသိပ်မသိဘူးထင်တယ်။ ပြေပြေလည်
လည်ပြောပါ။ မရိုင်းပါနဲ့။ သေချာတာကတော့ မင်းထက်တော်ခဲ့လို့၊ မင်းထက်
စွန့်စားခဲု့လို့ပါကွာ။ ခွင့်လွှတ်တတ်ရင် မင်းအတွက်သိပ်ကောင်းတယ်။ ဒို့ ရေး
တာရိုင်းတယ်ထင်ရင် ခွင့်လွှတ်ပါကွာ။
Post a Comment