ဟင်္သာတမြို့ မှာ မြောင်းများပိတ်ဆို့ ပြီး ရေလျှံ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့  စည်ပင်သာယာဌာနမှ ၀န်ထမ်းတွေရဲ့ 
အလုပ်မလုပ်မှု့ ကြောင့်  မေလ (၄)ရက်နေ့ က ဟင်္သာမြို့ ၏ မြို့ လယ်ခေါင်ဖြစ်သော
 မန်းဘခိုင်းလမ်းမှာညနေတစ်မိုးရွာတာနဲ့  မြောင်းရေများရှံနေပြီ
ပလက်ဖေါင်းတောင်မြုတ်တော့ မယ့် အနေအထားဖြစ်နေပါတယ်။

 မြောင်းတွေကို မြို့ တွင်းမှာ အရှင်းပြ ဓါတ်ပုံရိုက် တိုင်းရုံး ကိုတင် အာဇာနည်ပန်းခြံနှင့် 
 အလက ၁ ကြားဖြတ်ထွက့် သည့် မြောင်း၊ တာလေးဂုံးဆင်းကုလားသင်းကြိုင်းကုန်း
ဂုံးမြောင်း၊ ၀က်တန်းမြောင်း မြစ် ကွေ့ ဘုန်းကြီးကျောင်းနောက်ကမြောင်း၊
 CB ဆည်မြောင်း တာတမံပေါ်တွင်ရောင်းချခွင့်ပေးထားသောကျူးကျော်ဈေးသည်များ၏
အမှိုက်များလည်း ထိုမြောင်းတွေထဲသို့ လာရောက်စွန်ပြစ်သောကြောင့် ပိတ်နေပါ
လို့ ဆိုပါတယ်။

ဘဏ်ရှေ့ ကမြောင်းတွင် အမှိုက်များပိတ်ဆို့ နေခြင်းကိုမရှင်းလင်းသရွေ့ ဟင်္သာတမြို့ 
ရေကြီးနေအုန်းမှာပါ။ လူကြီးလမ်းကြောင်းလာလို့ တစ်ရက်အလိုကျမှ တာလမ်းဘေးဈေး
သည်တွေကို (၃) ရက်မထွက်ရဘူးလျောက်ပြော လမ်းဘေးအမှိုက်များကိုရှင်းခိုင်လျင်
လည်း စည်ပင်ဝန်ထမ်းများ ကိုယ်တိုင်မရှင်းဘဲ ၊ အရွယ်မရောက်သေးသောခလေးငယ်
များကို တစ်နေ့ (၁၂၀၀) ပေးပြီး ရှင်းခိုင်ပါတယ်။

ဝန်ထမ်းမချပေးလို့ ဆိုပြီးအမှိုက်ကောက်ခိုင်းတဲ့ ခလေးတွေကအမှိုက်ကိုကောက်ပြီး
မြောင်းထပြန်ချနဲ့ သံသရာလည်နေပြီး၊ ဟင်္သာတမြို့ ဟာ အခုဆို့ အမှိုက်မြို့ တော်ကြီး
ဖြစ်နေကြောင်း ဟင်္သတမြို့ ခံတဦး က သတင်းရေးသားပေးပို့ ထားပါတယ်။

Myanmar News Now



ဟင်္သာတမြို့ မှာ မြောင်းများပိတ်ဆို့ ပြီး ရေလျှံ ဟင်္သာတမြို့ မှာ မြောင်းများပိတ်ဆို့ ပြီး ရေလျှံ Reviewed by သစ်ထူးလွင် on 08:48 Rating: 5

8 comments:

ချစ်ဖူး said...

စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို သေသချာချာ အပြစ်ပေးပါ။ မြောင်းစံနစ်ကို ပြန်ပြုပြင် တိုးချဲ့ဖို့လည်း လိုမှာပါ

u kyawkyaw said...

စည်ပင်ဝန်ထမ်းကိုဘဲအားမကိုးပါနဲ့၊အမှိုက်ဆိုတာကိုယ်ကြောင့်လဲဖြစ်ပါတယ်၊အခုအခြေအနေကိုတော့လူထုလှုပ်ရှားမှုအသွင်နဲ့ဖြေရှင်းရပါတော့မယ်၊ဒီလိုနောက်မဖြစ်အောင်ရပ်ကွက်သူရပ်ကွက်သား၊ဈေးသူဈေးသားတွေကအမှိုက်ကိုစနစ်တကျသိမ်းဆည်းစွန့်ပစ်ရပါမယ်၊ရံပုံငွေတရပ်ထူထောင်ပြီးအမှိုက်သယ်ဘို့လှည်း၊ဂါလီတွေဝယ်ယူပြုပြင်ထိန်းသိမ်းရပါမယ်၊ကိုယ်မြို့ရွာကို ကိုယ်ဘဲတည်ဆောက်ရပါမယ်၊အမှိုက်တွေဟာပတ်ဝန်းကျင်ညစ်ညမ်းပြီးကျန်းမာရေးထိခိုက်စေသလိုလူမျိုးရဲ့အဆင့်အတန်းကိုနိမ့်ကျစေတဲ့ပြယုဂ်တခုဖြစ်ပါတယ်။

minsoeaung said...

စည်ပင်ကိုဘဲအပြစ်ပုံတာတော့မကြိုက်ဘူးကွ။
ဒို့ငယ်ငယ်ကလမ်းကောင်စီလူကြီးကမိမိအိမ်ရှေ့ကိုမိမိ
တာဝန်ယူပြီးမြောင်းဖေါ်ရတယ်။ပြီရင်လာတိုင်းတယ်။
သဘောကကိုယ်စီတာဝန်ယူစနစ်ပြေါ။
အခုကဘယ်နည်းနဲ့ငွေရှာရမလဲဆိုပြီးတွေးနေကြတာ။
လူကြီးဆိုသူကလည်းဂုဏ်မရှိ ။ သြဇာမရှိ ။ လူပေါတွေလေ
ပြည်သူကိုပညာပေးတာမရှိတော့ အားလုံးကမြောင်းထဲကို
အမှိုက်လှဲချတယ်ကွာ ဒါကိုစည်ပင်ကဘယ်လိုတာဝန်ယူ
ပေးရမလဲ။ ဘာလုပ်ရမယ်ဆိုတာစဉ်းစားကြပါကုန်လော့။
သူ့အပြစ်တွေပြောနေမဲ့အစားကိုယ်စီတာဝန်ယူတဲ့အသိနဲ့
သမ္မတကြီးဦးသိန်းစိန်နဲ့အတူ ဒို့တွေ ရှေ့ဆက်ကြပါစို့လား

နိုင်နိုင် said...

တောင်ကြီးမှာလည်း 2011 ကယခုလိုဖြစ်ခဲ့ဘူးပါတယ်။ကိုသစ်ထူးလွင်မှားနေတယ်ဗျ စည်ပင်ဝန်ထမ်းတွေအလုပ်လုပ်ပါတယ်။ဒါပေတီး ဘယ်အချိန်လည်းဆို ပွိုင့်ကားကြီးတွေမလာခင် လာခါနီးအချိန်နှင့် လာနေချိန်တွေမှာပဲပေါ့ဗျာ...:D

ဆုလာဘ် said...

စည်ပင်ကအခွန်ကောက်ဖို့ရှာနေတာ ဒါကပြည်သူအလုပ်လို့သဘောထားတယ်လေဒါကိုပြပြီနိုင်ေံငတ်ာမှာဘက်ဂ်ျ်ပိုတောင်းဖို့ချောင်းောတာနပါကလူအပေါင်းတို့

ဆုလာဘ် said...

စည်ပင်တာဝန်ဘာလဲ မြိုရွာသန့်ရှင်းသာယာလှပရေးမဟုတ်ဘူလား နိုင်သလောက်လုပ်ပေးပါ မျက်လုးံကိုစုံမမှီတ်ပါနဲ့

HAL said...

သတင်းတင်ပြချက်ကောင်းပါတယ်။ဒါပေမဲ့ဌာနကိုတော့မစော်ကားသင့်ဘူး။အပြုသဘောဆောင်တာမျိုးဆိုအားလုံးလက်ခံတယ်။ဌာနကလည်းသင်္ကြန်မတိုင်ခင် တည်းကစီမံဆောင်ရွက်ပြီးနေ.စဉ်ဆောင်ရွက်နေတာတင်ပြသူ ၉၆ ပါးဝေဒနာအပြင်းအထန်ခံစားနေရလို.မသိလိုက်တာထင်ပါရဲ.လို.စည်ပင်ကိုယ်စားတင်ပြချင်ပါတယ်။

မြတ်သုခ said...

်ဟင်္သာတ ဆိုလို့...လမ်းကြုံရင်..မောင်ဌေးဦးကို ပြောပြလိုက်ပါကွာ..
မောင့်ရင့် ဟင်္သာတကို ပဲ အရင် ကောင်းအောင်လုပ်ဦးလို့..
မြန်မာနိုင်ငံတစ်နိုင်ငံလုံးဆိုတာ ခဏထားပြီးတော့...

Powered by Blogger.