ရန်ကုန်၊ မေ ၁၇
တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မေလ ၁၆ ရက်နေ့ညက အဆိုပါ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ကာ ရပ်ကွက်ကို ခြိမ်းခြောက် ပြောကြားခဲ့သည်ဟု ရပ်ကွက်လူထုက ဆိုပြီး ယင်းရဲတပ်ရင်းမှ အရာရှိကမူ ရပ်ကွက်၏ ရန်စမှု သာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ ပြောဆိုသည်။
အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း၌ ဖြန့်ကြက်ထားသူ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးခန့်ရှိပြီး အရိုက်ခံရသူ ရပ်ကွက်မှ ခုနစ်ဦးခန့် ရှိကြောင်း ယင်းဖြစ်ရပ်ကို တွေ့ရှိခဲ့သူ ဦးလှထွေးက ပြောကြားသည်။
"သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ တစ်ရွာလုံး မီးရှို့မယ်"ဟု ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက် ပြောဆိုမှုများ ကြောင့် အိမ်အတွင်းသို့ ၀င်ရောက်နေရကြောင်း စိန်သပြေလမ်း၌ နေထိုင်သူ ဦးကျော်မျိုးက ၎င်းကြားခဲ့ရသည်ကို ပြန်လည် ပြောဆိုသည်။
"လမ်းတစ်လျှောက် တွေ့သမျှ ရိုက်နှက် သွားတယ်။ ရေအိုးတွေခွဲ၊ ဆိုင်တံခါးတွေကို ခဲနဲ့ထုသွားတယ်"
ဟု ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ အသက် ၁၈ နှစ်ခန့်ရှိ ကိုစိုးမိုးက ဆိုသည်။
"ရဲတွေက အဲလို အကြမ်းဖက်ရင် ကျွန်တော်တို့က ဘယ်သူ့သွား အားကိုးရမှာလဲ"
ဟု ဦးလှထွေးက ပြောဆိုသည်။
အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ တစ်ဦးကမူ လက်ဘက်ရည်ဆိုင်တွင် သာမန် ခိုက်ရန် ဖြစ်ပွားခြင်းသာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း၊ ယင်းဖြစ်ရပ်တွင် ပါဝင် ပတ်သက်ခဲ့သော တပ်ဖွဲ့ဝင်များကို လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Voice Weekly ၏ သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ယင်းဖြစ်ရပ်အပြီး မေလ ၁၇ ရက်နံနက် ၁ နာရီဝန်းကျင်တွင် ၎င်းတို့တပ်ဖွဲ့မှ အရာခံဗိုလ်တစ်ဦး၏ သားကို ရပ်ကွက်က မှားယွင်း ရိုက်နှက်မှုကြောင့် မင်္ဂလာဒုံ တပ်မတော်ဆေးရုံသို့ တင်ပို့ထားရကြောင်း ၎င်းက တုန့်ပြန် ပြောကြားသည်။
"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူ ခံရမယ်။ မှန်လည်း အရေးယူ ခံရမယ်။ အရပ်သားက မှားမှ အရေးယူ ခံရတာ"ဟု ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် ရှင်းပြသည်။
The Voice Weekly
တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ရင်းများ တည်ရှိရာ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် မေလ ၁၆ ရက်နေ့ညက အဆိုပါ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဝင်ရောက် ရိုက်နှက်ကာ ရပ်ကွက်ကို ခြိမ်းခြောက် ပြောကြားခဲ့သည်ဟု ရပ်ကွက်လူထုက ဆိုပြီး ယင်းရဲတပ်ရင်းမှ အရာရှိကမူ ရပ်ကွက်၏ ရန်စမှု သာဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲ ပြောဆိုသည်။
အချင်း ဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက ယင်းရပ်ကွက် စိန်သပြေ လမ်းပေါ်တွင် ရပ်ကွက်မှ လူငယ်နှစ်ဦးနှင့် အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးတို့ အချင်းများ ခဲ့သည်ကို အငြိုးထား၍ ည ၇ နာရီ မိနစ် ၃၀ ခန့် မီးပျက် နေချိန်၌ အောင်စည်တော် လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသူများကို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊ ရပ်ကွက်အတွင်း၌ ဖြန့်ကြက်ထားသူ ရဲတပ်ဖွဲ့ဝင် ၇၀ ဦးခန့်ရှိပြီး အရိုက်ခံရသူ ရပ်ကွက်မှ ခုနစ်ဦးခန့် ရှိကြောင်း ယင်းဖြစ်ရပ်ကို တွေ့ရှိခဲ့သူ ဦးလှထွေးက ပြောကြားသည်။
"သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ တစ်ရွာလုံး မီးရှို့မယ်"ဟု ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက် ပြောဆိုမှုများ ကြောင့် အိမ်အတွင်းသို့ ၀င်ရောက်နေရကြောင်း စိန်သပြေလမ်း၌ နေထိုင်သူ ဦးကျော်မျိုးက ၎င်းကြားခဲ့ရသည်ကို ပြန်လည် ပြောဆိုသည်။
"လမ်းတစ်လျှောက် တွေ့သမျှ ရိုက်နှက် သွားတယ်။ ရေအိုးတွေခွဲ၊ ဆိုင်တံခါးတွေကို ခဲနဲ့ထုသွားတယ်"
ဟု ကွန်ပျူတာဆိုင် ဖွင့်လှစ်ထားသူ အသက် ၁၈ နှစ်ခန့်ရှိ ကိုစိုးမိုးက ဆိုသည်။
"ရဲတွေက အဲလို အကြမ်းဖက်ရင် ကျွန်တော်တို့က ဘယ်သူ့သွား အားကိုးရမှာလဲ"
ဟု ဦးလှထွေးက ပြောဆိုသည်။
အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ တစ်ဦးကမူ လက်ဘက်ရည်ဆိုင်တွင် သာမန် ခိုက်ရန် ဖြစ်ပွားခြင်းသာ ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်ကို ခြိမ်းခြောက်ခြင်း မဟုတ်ကြောင်း၊ ယင်းဖြစ်ရပ်တွင် ပါဝင် ပတ်သက်ခဲ့သော တပ်ဖွဲ့ဝင်များကို လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း The Voice Weekly ၏ သွားရောက် တွေ့ဆုံ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ယင်းဖြစ်ရပ်အပြီး မေလ ၁၇ ရက်နံနက် ၁ နာရီဝန်းကျင်တွင် ၎င်းတို့တပ်ဖွဲ့မှ အရာခံဗိုလ်တစ်ဦး၏ သားကို ရပ်ကွက်က မှားယွင်း ရိုက်နှက်မှုကြောင့် မင်္ဂလာဒုံ တပ်မတော်ဆေးရုံသို့ တင်ပို့ထားရကြောင်း ၎င်းက တုန့်ပြန် ပြောကြားသည်။
"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူ ခံရမယ်။ မှန်လည်း အရေးယူ ခံရမယ်။ အရပ်သားက မှားမှ အရေးယူ ခံရတာ"ဟု ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် ရှင်းပြသည်။
The Voice Weekly
ပတ္တမြားမြို့သစ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် ခိုက်ရန်ဖြစ်မှု အပြန်အလှန် စွပ်စွဲ
Reviewed by သစ်ထူးလွင်
on
06:14
Rating:
29 comments:
အော် .... ရဲဆိုတာ ရပ်ကွက်ကရန်စတယ်ဆိုပြီး အဲလိုသောင်းကြမ်းလို့ရတယ်ပေါ့ အရာခံဗိုလ်ရဲ့သားမသေတာ ကံကောင်းတာပေါ့ ရဲတွေလုပ်နေပြီ ဒီလိုသောင်းကြမ်းမှတော့ ရပ်ကွက်ကပြန်ဆော်ပြီပေါ့ "ကျွန္တော်တို့တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူခံရမယ်၊ မှန်လည်း အရေးယူခံရမယ်၊ အရပ်သားကမှားမှ အရေးယူခံရတာ " ဒီစကားကပြောင်းပြန်ကြီးဖြစ်နေပါတယ် ရဲအရာရှိကြီးခင်ဗျာ ..........
ရဲဆိုတာကဥပဒေဘက်ကရပ်ပြီး ဥပဒေအတိုင်းဆောင်ရွက်ရမှာ
အခုလို အုပ်စုနဲ့ဝင်သောင်းကျန်းရအောင် ဘယ်ဥပဒေကခွင့်ပြုထားလို့လဲ
့တပ်ဖွဲ့မှ အရာခံဗိုလ်တစ်ဦး၏ သားကို ရပ်ကွက်က မှားယွင်း ရိုက်နှက်တာ မင်္ဂလာဒုံ တပ်မတော်ဆေးရုံသို့ တင်ပို့ထားရလို့အုပ်စုနဲ့
ဝင်ရှင်းတာလား၊ဥပဒေအတိုင်းလုပ်လေ၊အခုတလောအသင်းအဖွဲ့တွေအုပ်စုလိုက်
သောင်းကျန်းနေတာတော်တော်များနေပြီ၊ ထူးခြားတယ်၊သတိပြုရမည့်အချက်ပဲ
ရဲတပ်ဖွဲ့ဆိုတာပြည်သူပြည်သားတွေကိုကာကွယ်စောင့်ရှောက်ဖို့၊ပြည်သူငွေနဲ့
လေ့ကျင့်ပေးထားတာဖြစ်တယ်..အဲဒီအလေ့အကျင့်ကိုအလွဲမသုံးဘို့လိုတယ်.ပတ်ဝန်းကျင်ဟာရှိတယ်..ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင်နေရမယ်..
ဒါသာမန်ပြည်သူပြည်သားတွေလဲအများနဲ့နေတတ်အောင်နေရတယ်..
အချင်းများမှု၊အထင်လွဲမှုဖြစ်ရင်စီမံခန့်ခွဲသူတွေနဲ့ပြောဆိုတိုင်ကြားဖြေရှင်းရတယ်..အင်အားကိုအားကိုးပြီးလက်လွတ်စပါယ်မလုပ်ရဘူး..အင်အားကိုအားကိုးပြီးဒီလိုလုပ်ရင်တိုင်းပြည်မှာမအေးချမ်းတော့ဘူး..မိမိတပ်ဖွဲ့ကိုတာဝန်ခံရတဲ့အစိုးရလဲမကောင်းတော့ဘူး..ဒီမှာဘာသုံးသပ်မိလဲဆိုတော့ကြီးကြပ်ကွပ်ကဲရန်တာဝန်ပျက်ကွက်မှုကိုသွားတွေ့တယ်..အဲဒီတပ်ရင်းတပ်ဖွဲ့ကတာဝန်ရှိသူတပ်ရင်းမှုးရဲကတာဝန်ပေါ့လျှော့ပျက်ကွက်မှုသွားတွေ့ရတယ်..သူ့ရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုသွားမြင်ရတယ်..သားသမီးမကောင်းမိဘဂေါင်းပါ..တပည့်မကောင်းဆရာ့ဂေါင်းပါ..သေချာစစ်ဆေးအရေးယူသင့်ပါတယ်..
ဘာပဲဖြစ်ဖြစ် တစ်ရွာထဲသားတွေပဲဗျာ..ပြေပြေလည်လည်လုပ်ကြပါ။ တစ်ဦးနဲ့ တစ်ဦးရန်ငြိုးတွေထားနေရင်ဘယ်လိုရှေ့ဆက်ကြမလဲ. ဝန်ထမ်းတွေဘက်ကလည်း ပိုပြီးသည်းခံစိတ် ထားဖို့လိုပါတယ် ဘာကြောင့်လည်းဆိုတော့ ဝန်ထမ်းဖြစ်နေလို့လေ။ ကျွန်တော်တို့နိုင်ငံသားတွေ တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုတွေ အများကြီးတည်ဆောက်ဖို့ လိုသေးတယ်ဗျ။
"ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက ပြဿနာဖြစ်ရင် မှားလည်း အရေးယူ ခံရမယ်။ မှန်လည်း အရေးယူ ခံရမယ်။ အရပ်သားက မှားမှ အရေးယူ ခံရတာ"
အရေးယူခံရမှာကို သိသိနဲ့ ဘာလို့ ပြသနာရှာခိုင်း တာတုန်း.....ရဲတပ်ဖွဲ့ဝင် ဆိုတာ ပြည်သူတွေကို ခိုးဆိုး တိုက်ခိုက်ရန်ကနေ ကာကွယ်ပေးဖို့ပါ....ပြည်သူတွေကို ပြသနာရှာဖို့ မှ မဟုတ်တာ......ဆိုင်မှာဝင်ပီး ရိုက်တယ်ဆိုကတည်းမှ တော်တော်လေးကို တရားလွန်နေပီ....ပြည်သူတွေအားကိုး လေးစားရမဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်အောင် ဘာလို့ မလုပ်ချင်ကြတာလဲ......အာဏာရှိတိုင်း အလွဲသုံးစား လုပ်ပီး ပြည်သူတွေကို ညည်းပန်းနှိပ်စက်တာ ဟာ ပြည်သူ့ ရဲတွေရဲ့ အလုပ်လားး...?????
အားလုံးညီညာ ဆိုလိုက်ကြစို့
" ကူညီပါရစေ ၊ ကူညီပါရစေခင်ဗျာ့" ရှက်တတ်ရင် သေလို့တောင်ရတယ်
ဘယ်လိုသောင်းကျန်းသောင်းကျန်ပါ ၂ ကြိမ်ရှိပီ ရပ်ကွက်နဲ့ အပြင်လူ ရပ်ကွက်ကချည်းခံရတာ အသိတရားရသင့်နေပြီ
လေးထောင်ကန်မှာ ပါရမီဂိတ်ကကောင်တွေ ၀င်သောင်းကျန်းတယ် ရပ်ကွက်က ခံလိုက်ရတယ် အခု ပတ္တမြားမြို့သစ်မှာ ထပ်ခံရတယ် ရဲမကလို့ စစ်တပ်ပဲ လာလာ ကိုယ့်ရပ်ကွက်ကို ထိနေတာ ငြိမ်ခံနေကြတယ်ဗျာ
ပြန်ချစမ်းပါ ပြန်ဆော်စမ်းပါ ကျွန်တော်တို့မခံရလို့ အပြောကြီးနေတာမဟုတ်ဘူး
ဘုန်းကြီးအရေးအခင်းမှာ ဖ.ဆ.ပ.လ ရပ်ကွက်ကို စစ်ကား ၃ စီး ၀င်လာတယ် ဒါပေမဲ့ ရပ်ကွက်ထဲကို ဘယ်တကောင်မှ ၀င်မမွှေရဲဘူး
အဲ့ဒါစည်းလုံးမှုပဲ လူတိုင်းလည်း သိတယ် ဖ.ဆ.ပ.လ ရပ်ကွက်ဆိုရင်
နေရာတိုင်းကို အဲ့လိုဖြစ်စေချင်တာ ကိုယ့်မြေ ကိုယ့်ရွာကို တလက်မမှ လာအထိမခံကြပါနဲ့လားဗျာ ပြန်ဆော်စမ်းပါ အခုဆို ရိုဟင်ဂျာ ကိစ္စတွေလည်းရှိသေးတယ် ကျွန်တော်တို့ ဗုဒ္ဓဘာသာဗမာတွေနဲ့ မြန်မာ လူမျိုးတွေ တစ်ခုခုတော့ လုပ်ဖို့လိုအပ်နေပြီ သူတပါးစော်ကားသမျှ သည်းခံနေဖို့ မွေးလာတာမဟုတ်ဘူးလေ မြန်မာလူမျိုးအကျင့်က ခံရတော့မှ အသံထွက်တယ် မခံရခင်ဆို ပိတ်နေတာပဲ ပါးစပ်ပေါက်တွေ ပါးစပ်တွေလည်းပိတ်စရာမလိုဘူး စော်ကားတာလည်းငြိမ်ခံနေစရာမလိုဘူး
ဇာတိမာန်ဆိုတဲ့ အသိစိတ်လေးတော့ အားလုံးမှာ ရှိစေချင်တယ်ဗျာ...
ငါသာဆိုရင်တော့ မင်းတို့ ရဲစခန်းကို မီးနဲ့ ရှို့လိုက်မယ်....အေး မရှိလို့ ကံကောင်းတယ်မှတ်ပါ....မင်းတို့ရဲတွေ ပြည်သူတွေက မသထာရေစာတွေ စားပြီး ထမင်းကျွှေးတဲ့ လက်ကို ပြန်ကိုက်နေတဲ့ ပုံစံဖြစ်နေပြီနော်......
မြန်မာစကားလေးတခုရှိပါတယ်
{မိန်းမပျင်းဖာလုပ် - ယာက်ျားပျင်းရဲလုပ်}
ထပ်တိုးပါရစေ
{ရိုင်းရင်ရဲလုပ်}
ခွိခွိခွိ ..... ခွိခွိ ... ရပ်ကွက်ကရန်စလို့ ရဲက ခုလိုလုပ်ရတယ်လို့ ...
ခွိခွိ .... ရယ်ရတာ အူတောင်နာတယ် ... သေသင့်ပါတယ် ကျွန်တော်မျိုးကြီးတို့လဲ .....
ဘော်ဒါတို့
ရဲဆိုတာကအမှုရှာတဲ့သူလေ
ဒီတော့အမှုမရှိလို့ မနေတတ်လို့ရွာထဲဝင်သောင်းကျန်း
ပြီးအမှုလုပ်တာပေါ့ကွာ။
အမှတ် ၈ ရဲတပ်ရင်းမှ တပ်ဖွဲ့ ဝင်များ.....ယနေ့ မှစပြီး ထမင်းကို ရပ် ချီးကို နေ့ စဉ်သုံးဆောင်ကြပါ...။
ရဲဆိုတာ ဘယ်ပြည်သူဆီက ဘယ်လို ပိုက်ဆံရအောင်ယူမယ်။နိုင်လောက်တဲ့ ပြည်သူတွေကို အနိုင်ကျင့်မယ်။ကြောက်ရတဲ့ သူဌေးတွေကို ဘယ်လို ရှိခိုးမယ်။
သူတို့စိတ်ထဲမှာ ဒါတွေပဲရှိကြပါတယ်။ကျွန်တော်တွေ့ဖူးသမျှ ရဲတွေပါ။
"အမှတ် ၈ ရဲတပ်ရင်းမှ ရဲအရာရှိ တစ်ဦးကမူ လက်ဘက်ရည်ဆိုင်တွင် သာမန် ခိုက်ရန် ဖြစ်ပွားခြင်း" ဘာ သာမန် ခိုက်ရန်ဖြစ်ပွားချင်း ဟုတ်လား
ရန်ဖြစ်တာ သာမန်တို့ အထူးတို့ရှိသေးလား။ မင်းတို့ကြမှာ ကွာ နာမှာတော့ကြောက်သားပဲ၊ မင်းလဲ အမှန်တရားဖုံးကွယ်မှု၊ အမှုမှန် မပေါ်အောင် လိမ်လည်ထိန်ချန်မှု ----- မှု စသည်ဖြင့် မင်းတို့လိုပေါ့ကွာ၊ ရွှေစင်မျိုးဆက် အရေးယူခံရလိမ့်မယ်နော်
အော် ရဲတွေလည်း ရိုင်း စိုင်း ကားသမားတွေလည်း ရိုင်းစိုင်း အလုပ်ရှင်ရော လခ မထုတ်ပေးနဲ့ ဘာကျန်သေးလဲ မြန်မာ ပြည်ရယ်...လွှတ်တော်ဖွဲ့ ပီးဘာလုပ်နေကြတာလဲ ...
ရပ်ကွက်၏ ရန်စတာ ရဲက ရန်စတဲ့လူကို လိုက်မရှိနိုင်လို့ တစ်ရပ်ကွက်လုံးကို လိုက်ရိုက်တာလား။
"အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်ငါးဦးက ရာဘာတုတ်များဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း၊" - Police uniform မတတ်ပဲနှင့် ဝင်ရိုက်တဲ့လူ ၅ ယောက်၏ နာမည်စာရင်းကိုတရားဝင်ထုပ်ပြန်ဘို့မေတ္တာရပ်ခံပါသည်။
"သတ္တိရှိတဲ့ကောင် ထွက်ခဲ့။ တစ်ရွာလုံး မီးရှို့မယ်" လို့ ခြိမ်းခြောက်တဲ့ ရဲဝန်ထမ်းကို အရေးယူဘို့မေတ္တာရပ်ခံပါသည်။
ရဲချုပ်ကြီး ကိုသတင်းစာရှင်းလင်းပွဲ လုပ်ပေးဘို့မေတ္တာရပ်ခံပါသည်။
ကူညီဗျာစေ၊ကူညီဗျာစေဗျာဆိုတာဘယ်သူကိုပြောတာလည်းအာဏရှင်ကိုကူညီဘို့လားခင်ဗျာကြည်လည်းနှိပ်စက်ကြပါပြည်သူတွေနလန်းမထူးနိုင်ဘူးဖြစ်နေပြီ။
(ပြည်သူကို ရိုက်ရန်) ကူညီ၊ ကူညီပါရစေခင်ဗျ။
ရဲဆိုတာပြည်သူတွေကိုစောင်.ရှောက်ရမယ်.တာဝန်ရှိတာအခုတော.ပြည်သူ့တွေကိုနှိပ်စက်နေတာလား၊.....
မှန်၇င်အေ၇းယူခံ၇မယ်ဆိုတာဘာလဲ။စကားမဟုတ်တာမပြောနဲ့။တပ်
၇င်းတပ်ဖွဲ့ပြင်ပထွက်ခွင့်ဆိုတာဘာလဲ။အ၇ပ်ထဲမှာအုပ်ချုပ်ေ၇းမှူး၇ှိ
တယ်။
လက်နက်ကိုင် ရပ်ကွက်ကို ၀င်စီးတာ ရဲလုပ်ရပ်လားကွာ
အိုးဝေ ပြောတဲ့ စကားလေးကို ကျွန်တော် အထွန့်တက်ချင်ပါတယ် ရဲတစ်ယောက်ရဲ့အခြေခံလစာဟာ သာမန်ပြည်သူအိမ်မှာ ကလေးမုန့်ဖိုးပေးသလောက်ပဲရှိပါတယ်.. ကျွန်တော်ဒီလောက်ပြောရင် အားလုံးနားလည်ပေးကြမယ်လို့ထင် ပါတယ်... ရဲတပ်ဖွဲ့ ဘာကြောင့်ပျက်စီးနေလဲဆိုတဲ့ အဓိကအကြောင်းရင်ဟာ ဒါပါပဲ.. အိုးဝေ ဆိုတာ မိန်းမလား ယောက်ကျားလားမသိပေမဲ့ ရဲတွေကို အပြစ်တင်ချင်တယ်ဆိုရင် ရဲထဲကို ၀င်ကြည့်ပါ.. ၀င်ပြီးရင် ကိုယ်လဲ အဲ့အလုပ်တွေနဲ့ ကင်းနိုင်မှပြောပါ... ရဲဆိုတာ နိုင်ငံတစ်နိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့အဖွဲ့အစည်းပါ.. ရဲမကောင်းကြောင်းပြောကြပေမဲ့.. ရဲမရှိပဲ ရပ်တည်နိုင်တဲ့ နိုင်ငံရှိရင်ပြောပါ.. မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရှိလို့လဲ ပြည်သူတွေ ခေါင်းပြားအောင် အိပ်နေနိုင်တယ်ဆိုတာသိထားပါ.. ကောင်းတာမကောင်းတာက နောက်မှပြောပါ.. ကောင်းတာခုကတော့ ကျွန်တော်ပြောသလိုပါပဲ ပြည်သူတွေခေါင်းပြားအောင် စိတ်ချလက်ချအိပ်နေနိုင်ပါတယ်.. ရဲတွေကောင်းဖို့ဆိုရင် လစာတိုးပေးဖို့လဲလိုပါတယ်.. ကျွန်တော် ပြောတာကို သဘောထားကွဲလွဲမှုရှိတယ်ဆိုရင် ကြိုက်သလို သဘောထားကွဲလွဲနိုင်ပါတယ်...
ကျနော့သူငယ်ချင်းပြောတာတော့ ဟိုဘက်ဒီဘက် အုပ်လိုက် ရိုက်ကြတာပါတဲ့ ရန်စဖြစ်တဲ့ ကောင်က စည်သူ တဲ့ အခုတော့ထွက်ပြေးနေတယ်ပြောတယ်။အခုရေးနေကြတာ ရဲကပဲ ရိုက်တာကိုခံနေရသလိုပဲ။ရပ်ကွက် ကလည်းငြိမ်မခံပါ ဘူး အကုန်ထွက်ရိုက်ကြပါတယ် တဲ့
ပြောင်းပြန်ပြောနေပါလား။
တရားခံမဟုတ်တာကိုတရားခံလုပ်ပြီးရိုက်နှက်ထောင်ချတုန်းက
ခံရတဲ့မိဘတွေဘယ်လိုခံစားရမလဲကိုယ်ချင်းစာတက်ပြီလား။
သူတို့သားသမီးထိတော့နာတက်လိုက်တာ
ဒါကြောင့်၈၈အရေးအခင်းမှာရဲစခန်းမီးရှို့ကြတာ
နဲတောင်နဲသေးတယ်။
လူယုတ်မာတွေကပြန်ပြီးအသံကောင်းဟစ်နေသေး
ထွီး....ရွံ့စရာကြီး
ရဲဆိုတာ ဥပဒေ ဘက်တော်သားပဲ ဖြစ်ရမှာ။ အခုဟာက ဥပဒေကို နားမလည်သူတွေနဲ့ တုမိုက်နေတယ်။ ဒါက ရဲတွေ အမှားပဲ။ ရဲတွေ လစာမကောင်းတာ ကောင်းတာက အစိုးရနဲ့ ဆိုင်တယ်။ ဒီအလုပ်ကို ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့ပေါ့။ လစာမကောင်းလို့ ပြည်သူဆီက အနိုင်ကျင့်ရမယ်လို့ ပြဋ္ဌာန်းထားသလား။
ဒုအရာခံဗိုလ်ရဲ့သား အရိုက်ခံရလို့ ဆိုရင် ရိုက်တဲ့လူကို ဖမ်း၊ ဥပဒေနဲ့အညီ တရားစွဲပေါ့။ ဒါ ရဲအရေးပိုင်တဲ့ အမှုပဲလေ။ အခုဟာက သူတို့တွေပါ လမ်းသရဲစရိုက် ဖြစ်နေတယ်။
အမှန်က တပ်ရင်းရဲဆိုတာ အဓိကရုဏ်း နှိမ်နှင်းဖို့ ဖွဲ့ထားတာ။ တပ်ရင်းရဲမှန်သမျှ လစာလဲ သိပ်မကောင်းရှာကြဘူး။ လုပ်ပိုင်ခွင့်လဲ သိပ်မရှိရှာကြပါဘူး။ အဓိကရုဏ်းဖြစ်တဲ့အခါတွေမှာ နှိမ်နင်းဖို့ ဖွဲ့ထားတဲ့ အဖွဲ့ပါ။
ဘယ်သူမှားတယ်မှန်တယ်ဆိုတာကိုသတင်းကြည့်ပြီးဘာလို့ဆုံးဖြတ်ချင်ရတာလည်း။ကျွန်တော်တို့သိသလောက်တော့ရပ်ကွက်ကရဲတပ်ဖွဲ့ဝင်ကိုတပ်ရင်း(၈)မှာပေါ့ နှစ်ခါရှိပြီဝိုင်းရိုက်တာ။ရဲတပ်ရင်းဆိုတာခင်ဗျားတို့ထင်သလိုငွေတောင်းနေတဲ့ ရဲတပ်ဖွဲ့မဟုတ်ပါဘူး။ခင်ဗျားတို့တွေ့နေရတဲ့လမ်းဘေးမှာ နှစ်ယောက်တစ်တွဲနေ၊ ပူမရှောင်မိုးရွာမရှောင်ရေတောင်သောက်စရာမရှိပဲကင်းစောင့်နေတဲ့အဖွဲ့တွေပါ။ အဲဒီထဲမှာဘွဲ့ရတွေ၊အဝေးသင်တက်နေတဲ့ကျောင်းသားတွေအများကြီးပါ။ ကိုယ်ချင်းစာနာမှုမရှိပဲဘေးထိုင်ဘုပြောမနေပါနှင့်။မီးရှို့မယ်ပြောတဲ့သူတောင်တွေ့ရတယ်။ခင်ဗျာတကယ်လုပ်ရဲရင်သွားလုပ်လေ။အခြေအနေကိုသိအောင် မလုပ်ပဲမဆုံးဖြတ်ပါနှင့်။ရဲတပ်ရင်းစားနေရတဲ့ထမင်းတစ်နပ်၊ရေတစ်ခွက် ခင်ဗျားလာစားကြည့်ပါ။ရဲဘော်တွေအ၇ိုက်ခံ၇တယ်၊လူကြီးကိုတင်ပြတယ်၊အေ၇းမယူပေးတော့ပေါက်ကွဲတယ်။လူပဲဗျာကိုယ်ချင်းစာပေါ့။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ခင်ဗျား---ကြားတဲ့အတိုင်းပါဘဲ ၊ အသေးအမွှားလေးကအစ (အမှိုက်ကစ-ပြသ မီးလောင်)ဆိုတဲ့အတိုင်း ဖြစ်မလာခင်အပြစ်ရှိတဲ့ဝန်ထမ်းမှန်သမျှကိုခုံရုံးဖွဲ့ပြီးစစ်ဆေးအရေးယူသင့်ပါတယ်။ဒီတခါတော့ဘာမဟုတ်တဲ့ဝန်ထမ်းတွေရဲ့အမှု့ကိစ္စတွေဟာ နိုင်ငံတော်ကြီးယိုယွင်းသွားမှာကိုမလိုလားပါဘူး။ ခြေမ မကောင်းလျှင် ခြေမဖြတ်ပါ-
လက်မ မကောင်းလျှင် လက်မဖြတ်ပါ။ (၈၈)အရေးအခင်းတုန်းကလည်း ဘုန်းမော်နဲ့ဝန်ထမ်းကိစ္စ ကြောင့်ဘဲ-နိုင်ငံတော်ကြီးယိုယွင်းပျက်ဆီးခဲ့တယ်။
သမ္မတကြီးလည်း ပင်ပမ်းနေပါတယ်။ မိမိလက်အောက်ကအကြီးအကဲတစ်
ဦးကို အမှန်ဖြစ်အောင်စုံစမ်းစစ်ဆေးပြီး-မှားနေသည့်မည်သူ့ကိုမဆို-အရေး
ယူအပြစ်ပေးသင့်ပါတယ်။ အမှန်တရားအတိုင်း ဖြစ်ပါစေ။
မီးမှန်နေတုန်းကတော့ ဘာသံမှမကြားရဘူးး မီးလဲပျက်ရော အသံလဲထွက်ကရော............
ဘယ် သူမှ နေရင် ထိုင်ရင်း ရဲ ကို ရန်မစဘူး
လူတွေက သူတို့ကို နေရင်းထိုင်ရင်းတောင် အလိုလို ရှိန်နေကြတာ စောက်ရှက်မရှိ လိုက်ပြောနေတယ် အားအားရှိ ပြည်သူလူထုကိုပဲ မတရားလုပ်နေတယ် ငိုစား ရီစားရတာ အားမရလို့ အနိုင်ကျင့် ပြီး စားချင်သေးတယ်
အပေါ်က လူတွေက ရဲတွေကို တော်တော်အကောင်းမြင်ထားတာပဲ
ငါတို့ကတော့ ရှင်းရှင်းပဲ ရဲနဲ့ စစ်သားဆို ရွံကို ရွံတာ
Post a Comment