ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ်
ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ
စက်မှုဇုန်က Yangon Crown
ရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမားများ အခြေခံလစာ တိုးမြင့်ပေးဖို့ အပါအ၀င်
အလုပ်သမားအခွင့်အရေး ရရိရေးအတွက် ၂၀၁၂ ခုနှစ် မေလ ၂၇ နေ့က အစာငတ်ခံ
ဆန္ဒပြနေကြစဉ်။
ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ
ဆန္ဒပြခဲ့ရမှာ နောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက်
အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဆန္ဒြုပသူတွေထဲက ၄ ဦး ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး သူတို့ထဲက တစ်ဦးကို မနေ့က ဆေးရုံပို့လိုက်ရတယ်လို့ အစာငတ်ခံဆန္ဒပြနေသူ တစ်ဦးက RFA ကို ပြောပါတယ်။
"လက်ရှိကတော့ ကျနော်တို့ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ဒုတိယမြောက်နေ့မှာ တစ်ယောက်ကတော့ ဆေးကုသမှုခံယူထားရပါတယ်။ ၃ ရက်လောက် ထမင်းမစားတော့ နုံးချည့်နေတဲ့အနေအထား ရှိပါတယ်။ ရေပဲသောက်ပါတယ်။ ဒါပေမဲ့ မရမချင်း ဆန္ဒပြမယ်ဆိုတဲ့ စိတ်ရှိတဲ့အတွက် ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဆေးကုသမှုတောင် မခံယူဘဲ ဆန္ဒပြဖို့ပါ။"
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံအလုပ်သမား ၃ ရာခန့်ဟာ အခြေခံလစာ တိုးမြင့်ပေးဖို့၊ အချိန်ပို လုပ်အားခ သတ်မှတ်ပေးဖို့၊ ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့၊ စတာတွေ အပါအဝင် အချက် ၁၃ ချက်ကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က စတင် ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာ တိုးမြှင့်ပေးရေးကို အလုပ်ရှင်က မလိုက်လျောတဲ့အပြင် ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
RFA-Burmese

အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ
Reviewed by သစ်ထူးလွင်
on
11:09
Rating:
2 comments:
အလုပ်သမားတွေရှိလို့ မင်းတို့ ထမင်းစားနေရတာကွ၊ ပိုင်ရှင်တွေကြီးပဲရှိရင် မင်းတို့အလုပ်မင်းတို့ပဲလုပ်ရမှာကွ၊ ခွေးလောက်မှနားမလည်းတဲ့ ---ီး ကောင်တွေ။ နှိုင်းရတာတောင်နာတယ်
အားလုံးကိုလေးစားပါတယ်၊အစာငတ်ခံတယ်ဆိုတာ
လူလဲရတယ်။ဒါမှရည်ရှည်လုပ်နိုင်မှာနော်။
ဒီနေ့မှာ ၂၀ ဆိုရင်နောက်နေ့မအသစ်၂၀ စသည်ဖြင့်လူ
လဲရမယ်လေ။ဓါတ်ဆားရေသောက်ဘို့မမေ့ပါနဲ့။
သူရဲကောင်းတွေကျန်းမာဘို့အရေးကြီးပါသည်။သတိရှိကြပါ။
Post a Comment