ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့နယ် ချောင်းသာကျေးရွာက အိမ်ခြေ
(၂၅၀) ကျော်ကို ကျေးရွာဥက္ကဋ္ဌ အပါအ၀င် မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေက
အစိုးရပိုင်မြေပေါ် ကျူးကျော်နေတယ် ဆိုပြီး ၃ လအတွင်း ထွက်ခွါပေးဖို့
သတိပေးခဲ့တယ်လို့ သိရပါတယ်။
မြို့နယ်မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေ အပါအ၀င် ဒေသအာဏာပိုင်တွေက
ချောင်းသာ ကျေးရွာသားတွေကို မနေ့က အစည်းအဝေး ခေါ်ယူပြီး အမိန့်ပေးခဲ့တာလို့
ရွာခံ ကိုမျိုးဦးက ပြောပါတယ်။
“ကျနော်တို့ ဒီ ဥက္ကဋ္ဌရယ် မြေစါရင်းဦးစီးရယ်၊ ဦးစီးမှူးရယ်၊ စခန်းက
နယ်ထိန်းအင်ချက် တယောက်ပါတယ်ပေါ့။ ဒီမြေကြီးပေါ်မှာ လက်ရှိဝယ်နေတဲ့သူတွေကတဲ့
ဒီနိုင်ငံတော်က (၉၃)ခုနှစ်က နေပြီးတော့တဲ့ သိမ်းထားတဲ့မြေကြီးဖြစ်တဲ့
အတွက်ကြောင့်မို့လို့ လုံးဝဖယ်လိုက်ပါလို့ သူတို့က ဒါမျိုးပြောတယ်။ အိမ်ခြေ
(၂၅၀) အကျော်မှာ ရှိတယ်။ လူဦးရေ (၆၀၀)ကျော် (၇၀၀) ရှိတယ်။ ရက်ပေါင်း (၉၀)
၃လလို့ သူတို့က သတ်မှတ်ပေးတယ်။ အဲဒီသုံးလအတွင်းမှာ မဖျက်ဘူး ဆိုလို့ရှိရင်
ထောင်တစ်လ နို့တစ်ထုတ်တယ်။”
ချောင်းသာရွာဒေသဟာ ၂၀၀၀ ပြည့်နှစ်တွေက ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း အဖြစ်
ဖွင့်လှစ်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့နယ်မြေစာရင်း
ဦးစီးဌာနကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ချောင်းသာ ရဲစခန်းက တာဝန်ကျ ရဲဝန်ထမ်းကတော့ ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စ ရဲစခန်းက မသိကြောင်း ပြောပါတယ်။
RFA-Burmese
RFA-Burmese
ချောင်းသာလူနေအိမ် ၂၅၀ ကျော် ၃ လအတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေး
Reviewed by သစ်ထူးလွင်
on
06:29
Rating:
7 comments:
သူတို့တွေးမသီဘူးဆိုတာ....တစ်ယောက်နဲတစ်ယောက်အဆက်အသွယ်ပျက်နေကြလို့ပေါ့.......
သူတို့လုပ်နေကြ..အတိုင်းပဲပေါ့။ဘောလီဘော ကစားနေသလို ဟိုလူကိုထိုးပြ...ဒီလူကိုထိုးပြ..မသိလို့..ဟိုဌာနကိုဆက်သွယ်လိုက်ပါလား..နဲ့..သံသရာလည်နေတော့တာပဲ..
ဘယ်အစိုးရပိုင်တာလဲကွာ အဲအစိုးရကရောဘယ်သူဆီကဝယ် ထားတာလဲ ==ီးမှပဲ လုပ်လုပ်လေးရှိအစိုးရပိုင် အစိုးရပိုင်မြေနဲ့ လိုက်သိမ်းနေတော့တာပဲ
ဒီသတင်းမှန်ပါတယ်။ 93 မှာ သူတို့ သိမ်းထားတာ ။ ဘာမှလဲ မဆောက် တစ်ချို့နေရာ မှာတော့ ခြံစည်းရိုးခတ်ထားတယ်လို့ သိရတယ်။ ဒီတော့ တောင်သူ (ရခိုင်အများစု) က လယ်ဝင်လုပ်တယ်။ အိမ်တွေဆောက်ကြတယ်။ အခု မနေ့ကမှ ဒီအမိန့်လာပြောတယ်လို့ သိရတယ်။ မကြာခင်ကလဲ အရင်သိမ်းထားပြီး မဆောက်တဲ့ မြေပြန်တောင်းလို့ ချောင်းသာမှာ အခုထိ ရှုတ်နေဆဲပါ။ သတင်းစာမှာတောင် ချောင်းသာမြေ၀ယ်ထားသူ 6 လအတွင်း ဆောက်ဖို့ ကြေငြာထားတယ်။
မရလို့ပါ ရရင်ရဲတွေကကူညီတတ်ပါတယ်
အိမ်ခြံမြေတွေတောင်မ၀ယ်ရဲသလောက်ပါပဲ ဘယ်အချိန်ကဥပဒေတွေနဲ့
ဘယ်လိုညှိနေမယ်မှန်းမသိရဘူး။ ဘိုးဘွားပိုင်မြေအမွေရရင်တောင်စိတ်ချ
ရပါမလား။
မြေလဲမ၀ယ်နဲ့၊ ကားလဲမ၀ယ်နဲ့၊ ဒီအစိုးရခေတ်က အစိုးမရတဲ့ အစိုးရလေ။
Post a Comment