မြောင်းတကာ သံမဏိစက်ရုံ အစာငတ်ခံ ဆန္ဒပြ

(Photos: ASH)
၂၅ မေ ၂၀၁၂။ အခုလ ၁၈ ရက်နေ့က စတင်ဆန္ဒပြနေကြတဲ့ မှော်ဘီ မြောင်းတကာသံမဏိစက်ရုံ အလုပ်သမားတွေဟာ သူတို့ရဲ့ရပိုင်ခွင့်တွေအတွက် ၆ ရက်မြောက် ဒီကနေ့မှာ စတင် အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဒီနေ့မနက် ၉ နာရီကစပြီး သံမဏိစက်ရုံ အလုပ်သမားတွေထဲက ၂၅ ယောက်ဟာ သူတို့တောင်းဆို တဲ့ အခြေခံလစာ ရပိုင်ခွင့်တွေကို မရမချင်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

 အစာငတ်ခံ ဆန္ဒပြအလုပ်သမားတွေဟာ အခုလိုဆန္ဒပြတာနဲ့ပတ်သတ်ပြီး သူတို့ရဲ့စက်ရုံတစ်ရုံတည်းရဲ့ အလုပ်သမားတွေအတွက်မဟုတ်ပဲ အဖိနှိပ်ခံနေရတဲ့ မြန်မာတနိုင်ငံလုံးက အလုပ်သမားတွေအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။

 အဲဒီအစာငတ်ခံဆန္ဒပြတဲ့ဆီကို ၈၈ မျိုးဆက်ကျောင်းသား အလုပ်သမားရေးရာတာဝ်ယူဆောင်ရွက်နေတဲ့ ကိုအောက်သူရောက်လာပြီး အလုပ်သမားတွေနဲ့တွေ့ဆုံသွားခဲ့ပါတယ်။
ဒီဗွီဘီ
မြောင်းတကာ သံမဏိစက်ရုံ အစာငတ်ခံ ဆန္ဒပြ မြောင်းတကာ သံမဏိစက်ရုံ အစာငတ်ခံ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 22:52 Rating: 5

9 comments:

san said...

စစ်တပ်ကပိုင်တဲ့စက်ရုံဆိုတော့ သမတ ကိုယ်တိုင် အခြေခံ လစာကို သမတ အကြံပေးတွေနဲ့ စဉ်းစား ဆုံဖြတ်သင့်ပြီ။လွှတ်တော်မှာဆွေနွေးသင့်တယ်။အကြံပေးတွေရဲ့အရည်အချင်းအစစ်အမှန်ကိုတွေ့ချင်တယ်။

minsoeaung said...

တ စ ည ပါတီ ရန်ကုန်တိုင်းအလုပ်သမားတာဝန်ခံ
ှေေ့နေကြီး ရ
ကျွန်တော်တို့ရဲ့ ဆန္ဒထုတ်ဖေါ်အစာငတ်ခံပွဲကိုလာရောက်
ကူညီပါခင်ဗျား။
ဥပဒေအရဆောင်ရွက်ရန်အကူအညီလိုအပ်နေပါ၍
အလုပ်သမားများအရေးအတွက်ရှေ့မှပါဝင်ပေးပါ။တိုင်းလွှတ်တော်ကိုယ်စားလှယ်မို့အကူအညီတောင်း
ခံပါသည်ခင်ဗျား။မျော်လင့်လျက်

zaw said...

တရုပ်ပိုင်စက်ရုံဆိုပါလား စီပွားရေးတိုတက်လာတာနဲ့အမျှ ဒီတရုပ်တွေလူးပါးဝလာအုံးမှာပဲ ခုထဲကခေါင်မဖော်နိုင်အောင်နှိပ်ကွတ်ထားနိုင်မှတော်ကါကျမယ် တရုပ်တွေကိုလုပ်ကွက်မပေးတာပဲကောင်းပါတယ်

ကိုမြိတ်မောင် said...

အရမ်းဝမ်းနည်းစရာကောင်းတယ်၊ ဒီမိုကရေစီနိုင်ငံတော်အဖြစ်ပြောင်းလဲနေတဲ့ ဒီလိုအချိန်မျိုးမှာမှ ပြဿနာတွေအမျိုးမျိုးဖြစ်နေတော့ သမ္မတကြီးတို့ကိုတောင်းဆိုရတာအားနာမိတယ် ပြည်သူတွေဆိုတာအားကိုးစရာဆိုလို့သမ္မတကြီးတစ်ယောက်ဘဲ့ရှိလို့ပါ၊ အလုပ်သမားများတောင်းဆိုနေတာရက်တွေလဲကြာလှပါပြီ သမ္မတကြီးမှအမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးပါလို့ အလုပ်သမားများရဲ့ကိုယ်စားတောင်းဆိုပါတယ်ခင်ဗျား။

nandar said...

အစိုးရအနေနဲ့ အလုပ်သမားတွေဘက်ကဘာကြောင့်မလုပ်ပေးတာလဲ။ အခြေခံလစာ ၃၀၀၀၀ တောင်းတာ တော်တော်များနေလား။ သူများနိုင်ငံတွေမှာ ပညာမတတ်တဲ့သူတွေတောင်အခြေခံလစာကတမိသားစုလို့လောက်တယ်။မြန်မာအလုပ်သမားတွေတောင်းတဲ့လစာ ဟာဝံကြီးများနဲ့အစိုးရထိပ်ပိုင်းဥာဏ်ကြီးရှင်ကြီးများမိန်းမတွေစီးတေတဲ့ဖိနပ်ဖိုးလောက်တောင်မရှိပါဘူး။ပြီးတော့အလုပ်ရှင်တွေကလည်းနိုင်ငံခြားသားတွေ။ဒါကိုကိုယ့်ပြည်သူဖက်ကမရပ်တည်ဘဲဘာလုပ်နေကြလဲ။ သူများကိုတော့ပြည်ပအားကိုးပုဆိန်ရိုးဆိုပြီး အခုတော့သူတို့က မှပုဆိန်ရိုးအစစ်။

F1117st1983 said...

ဒီသတင်းနဲ့ comment တစ်ချို့ လွဲမှားမှုကို ပြောချင်တာပါ။ မြောင်းတကာမှာ သံမဏိစက်ရုံအများကြီးပါ။ ဘယ်စက်ရုံကို ရည်ညွှန်းမှန်းမသိဘဲနဲ့ စစ်တပ်စက်ရုံလို့ဘာလို့သိနေပါသလဲ။ ကျွန်တော်မြင်ပြီးပါပြီ စစ်တပ်ပိုင်လုပ်ငန်းမဟုတ်ဘဲ ပုဂလိကရဲ့စက်ရုံတစ်ခုမှာ မီးမရလို့ အလုပ်မရှိ လစာမပေးနိုင်ကိစ္စတစ်ခုပါ။ စစ်တပ်ဆိုတာကြီးကို ပြည်သူမုန်းအောင်ပြောခြင်းမျိုးမဖြစ်စေချင်လို့ပါ။ စစ်တပ်ကြီးမှာလည်း မကောင်းတဲ့လူရှိသလို၊ ပြည်သူအတွက်ဆိုပြီးဘာမှန်းမသိလုပ်နေရတဲ့ ငတ်နေတဲ့သူတွေလည်းရှိပါသေးတယ်။ လူအချင်းချင်းကိုချင်းစာစေချင်တာရယ်။ သတင်းအမှန်ကိုတိတိကျကျပြောနိုင်အောင်ရယ်ပါ။ ဒီဆိုဒ်မှာ ဝေဖန်မှုတွေ ကြည့်ရုံနဲ့တင်ဘဲ နိုင်ငံရေးရဲ့အမြင်တွေ မှားယွင်းမှုတွေကိုသိနေရသလိုပါပဲ။ ကျွန်တော့်အမြင်လေးပါ။ နိုင်ငံခေါင်းဆောင်ကိုတော့အားကိုးမိပါတယ်။ ကောင်းအောင်လုပ်နိုင်မလားလို့ပါ။ ဒီမှာ comment ရေးကြတဲ့သူတွေမှာလည်း တိုင်းပြည်ကောင်းကျိုးအတွက်ရေးသလို ဇဝေဇ၀ါဖြစ်အောင်ရေးကြတဲ့သူတွေလည်းရှိလို့ အမြင်ကျယ်ကျယ်လေးတွေရှိကြဖို့လိုတယ်လို့အကြံပြုတာပါ။ ကျွန်တော်ရေးတာမှားတယ်ဆိုတောင်းပန်ပါတယ်။

Anonymous said...

အမေကို တကယ် ချစ်ကြတယ်ဆိုရင် ၊ စုဝေးတောင်းဆိုမှု တွေ ကြောင့် အ ကြိမ်ကြိမ်စတေးရတဲ့ အမေ ထပ်စတေးရမှ ရပ်တန်းကရပ်ကြမှာလားဟင်

ပုသိမ်သား...ဆင်မ ပြောတဲ့အတိုင်းတောင်းဆိုပရစေအမေစု

လုပ်ပါ အမေရယ် နဲနဲဝင်ထိန်းပေးပါ ၈၈၈၈ လိုရွှေဝါရောင်တို့လိုဖြစ်သွားမှာစိုးတယ် ကျနော်တိုနိုင်ငံကခုမှလဲနေ ရာကနေကုန်းထနေရတာ နောက်တကြိမ် နွံမနစ်ပါရစေနဲ့ အမေရပ်ဖို့ တိုက်တွန်း ပေးပါ အမေ

lionking said...

တော်ရုံတန်ရုံ လစာတိုးလို့ ချက်ချင်းသူဌေးမဖြစ်ပါဘူး တစ်နိုင်ငံလုံး အမြီးဆွဲ ခေါင်းဆွဲနဲ့ ဘာဖြစ်နေကြတာလဲမသိဘူး စစ်အစိုးရတုန်းက အဲဒီလိုတော်လှန်ကြပါလား ဒီအတိုင်း ခေတ်မီအောင် ပေါ်ပင် လုပ်ချင်တဲ့ အကျင့်နဲ့ ခွေးပြန်ဖြစ်ဖို့ များနေပြီ

myomin said...

အလုပ်သမားတွေအတွက်အခြေခံလစာနှုံးထာားးနှင့် အလုပ်ရှင်အတွက်နိုင်ငံတော်မှတာဝန်ယူမူတွေလိုအပ်နေပြီလို့ထင်ပါတယ်။အဆင့်ဆင့်သောလုပ်ထုံးလုပ်နည်းတွဖြေလျှော့ပေးသင့်ပါတယ်။့ပေးသင့်ပါတယ်။အရမ်းအလုပ်လုပ်မှတော်ရုံကျမှာပါ။အကြံပေးအဖွဲ့တွေအရည်အချင်းပြည့်ဝဘို့တကယ်လိုအပ်လျှက်ရှိပါတယ်

Powered by Blogger.