မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေးကို နှစ်ပေါင်းများစွာ တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရန် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်က နေပြည်တော်သို့ လေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာပြီ ဖြစ်ကြောင်း နေပြည်တော် လေဆိပ်သို့ ရောက်ရှိ သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ တတိယအကြိမ်မြောက် နေပြည်တော် ခရီးစဉ်ဖြစ်ပြီး မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း အတွက် သမိုင်းဝင်မည့် မှတ်တိုင်တစ်ခု ဖြစ်သည်။
The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တက်ရန် နေပြည်တော် ရောက်ရှိ
Reviewed by သစ်ထူးလွင်
on
10:34
Rating:
16 comments:
အောင်မြင်ပါစေ အမေစု
ပြည်သူ့ ခေါင်းဆောင် လွှတ်တော် ထဲေ၇ာက်ပြီ ကွ....
ဝမ်းသာလိုက်တာ အမေရယ်၊ ကျေးဇူးတင်ပါတယ်၊ အဆင်ပြေပါစေ။
ပြည်သူတွေရဲ့ဘ၀ လုံခြုံစိတ်ချရတော့မယ်လို့ ခံစားရပါတယ်..
အောင်မြင်မှာကျိန်းသေတယ် လွှတ်တော်မှာ အမေစုကိုတွေ့ရတော့ အတိုင်းမသိပဲ..။
အောင်မြင်ပါစေ အမေစု
အမေစုရဲ့တိုင်းပြည်နှင့်ပြည်သူတွေအပေါ်မှာပေးစပ်အနစ်နာခံမှု့တွေကများလှပါမြီအမေစု. အမေစုရဲ့ကျေးဇူးတွေကကြီးမားလှပါပေတယ်. အမေစုကျမ်းမာချမ်းသာပါစေ. ပြည်သူအတွက်ဆောင်ရွက်သမျှအားလုံးအောင်မြင်ပါစေ. ကျွန်တော်တို့ပြည်သူတွေကလည်းအမေ့စုကိုဝန်ရံနေလျှက်ပါအမေစု
သမိုင်းစာမျှက်နှာဖွင့်လိုက်ပြီ
မြန်မာပြည်သူပြည်သားတွေရဲ့ အိမ်မက်များ အကောင်အထည်
ဖေါ်နိုင်ပြီ
သမတကြီးအားအလွန်ကျေးဇူးတင်ပါသည်
လွှတ်တော်က ဆိုတဲ့ ဝေါဟာရအတွက် လိုနေတဲ့ ကွက်လပ်တခု ပြည့်စုံသွားပြီဗျာ...
ညီညာမှပြည်သာမှာပါ၊အားလုံးသောကိုယ်စါးလှယ်တော်ကြီးများ၊ညီညာစေဗျား။
လွှတ်တော်ထဲရောက်တော့ကောဘာဖြစ်မှာမို့လို့လဲဗျာ.စထဲကတောင်
အရှုံးနဲ့ဝင်ထားရတာ.စစ်ဗိုလ်တမတ်သားမပြုတ်မချင်းဒီမိုကရေစီ
တသက်လုံးမရဘူးသာမှတ်ပေတော့..NLDအမတ်တွေကိုတကယ်သနားတယ်.ခုချိန်ကစပြီးမနိုင်ဝန်တွေထမ်းရတော့မယ်.အကျိုးတကယ်
ရှိသွားတာကကြံ့ဖွတ်တွေ..တော်လိုက်တဲ့အမေစု...
ကြောင် လာရင် ကြွက်တွေ ပြေးရမှာပါဘဲ...
ဘုန်းရှိတဲ့သူရောက်လာရင် ဘီလူး သဘက်တွေ ပြေးရမှာ ဓမ္မတာပါဘဲ
မမှန်တဲ့သူတွေ ပြေးလော့....
ပြည်သူ့ဆန္ဒကို တကယ်အကောင်အထည်ဖော်မယ့် ပြည်သူကိုယ်စားလှယ်တွေ ပြည်သူ့ လွှတ်တော်ထဲ ရောက်ပြီ
ပြည်သူတွေကတခဲနက်ထောက်ခံပြီး ရွေးကောက်ပွဲမှာ(မဲမခိုးဘဲ)အမှန်အကန် အနိုင်ရရှိလာတဲ. ပြည်သူ.ကိုယ်စားလှယ်စစ်စစ်များ လွှတ်တော်ထဲဝင်လာပြီ .... ဖြစ်ကြောင်း ..။
အယက် အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်း ပန် လျက် ပဲ ........ အမေ ပန်းပန်လျက်ပါပဲလားအမေ.............. အားရှိလိုက်တာအမေရယ်........
တို့ အမေ...တို့ ပြည်ကိုကယ်တော့ မယ်..လွတ်တော်ရဲ့ ချွတ်ချော်နေတာတွေကို...ပြုပြင်ဖို့ အတွက်...ခွပ်ဒေါင်းတွေပြန်သန်းလာပြီ....အမေနဲ့ ခွမ်ဒါင်းတွေကိုသားတို့ .....အမြဲတမ်းထောက်ခံအားပေးသွားမယ်....အမေ
မေတ္တဒီကမ္ဘာလွှမ်းခြုံပါစေ....အမေ..ကျန်းမာချမ်းသာလန်းဖြာပါစေ...
Post a Comment