၂၀၁၂ သင်္ကြန်သက်သာထောက်ပံ့ငွေများမရရှိကြောင်း တင်ပြခြင်း

သို့
ဦးရဲထွဋ်
ညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံေ
ရးဦးစီးဌာန
နေပြည်တော်။

အကြောင်းအရာ။   ။ ၂၀၁၂ သင်္ကြန်သက်သာထောက်ပံ့ငွေများမရရှိကြောင်း တင်ပြခြင်း။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံေ
ရးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းသည် ရှမ်းပြည်နယ်တစ်ခုလုံးရှိ
ဝန်ထမ်းများအား ရုံးချုပ်နှင့်ဝန်ကြီးမှ ထောက်ပံ့ပေးသော
သင်္ကြန်ထောက်ပံ့ကြေးငွေများကို ယနေ့ထိ မြို့နယ်အားလုံးကို
ထုတ်ပေးထားခြင်းမရှိဘဲ လက်မှတ်များကို အတင်းအဓမ္မထိုးပြီး ရုံးချုပ်သို့
ပေးပို့လျှက်ရှိပါသည်။ 


အထက်ဌာနအကြီးအကဲမှ
ထောက်ပံ့ပေးသောငွေကျပ်(၂၀၀၀ိ)နှ
င့်(၁၀၀၀ိ)တို့သည် တန်ဖိုးမရှိသော်လည်း
ဝန်ကြီးမှထောက်ပံ့သောငွေ ဖြစ်သောကြောင့် လိုချင်သည့်ဆန္ဒရှိပါသည်။

 
အထက်ကိုဖား အောက်ကိုဖိသော စနစ်များမှာ ယနေ့ထိ ပြန်/ဆက်ရုံးတွင်
ရှိနေပါသေးသလားဆိုတာ သက်သေပြနေပါတယ်။ ပြည်သူ့ဆက်ဆံရေးအရာရှိ မပီသတဲ့
အရာရှိကို လူကြီးမင်းတို့ ဒီအတိုင်းဘဲ ကြည့်နေမှာလား၊
အမြန်ဆုံးအရေးယူပေးသင့်ကြောင်း တင်ပြအပ်ပါသည်။

မိတ္တူကို-
        - သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ
တာ်၊ သမ္မတရုံး၊ နေပြည်တော်။
၂၀၁၂ သင်္ကြန်သက်သာထောက်ပံ့ငွေများမရရှိကြောင်း တင်ပြခြင်း ၂၀၁၂ သင်္ကြန်သက်သာထောက်ပံ့ငွေများမရရှိကြောင်း တင်ပြခြင်း Reviewed by သစ်ထူးလွင် on 22:20 Rating: 5

3 comments:

devil said...

တကယ်ဆိုးတာပဲ။ မဖြစ်သင့်ပါဘူး။ ၀န်ထမ်းဆိုတာ တန်ဖိုးမရှိပေမဲ့ အထက်ကပေးတာကို ကြည်နူးမှုနဲ့ လိုချင်ကြတာ သဘာဝပဲ။ တကယ်မှန်ရင် ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။

A Dr. of MOST said...

တိုင်တဲ့သူက ဘယ်သူလဲ တိုင်မှတော့ ကိုယ့်နာမည် ကိုယ်ဖော်ရဲရမှာပေါ့

Myanmar man said...

အတူတူပါပဲသူငယ်ချင်းရယ်

Powered by Blogger.