ဆံပင်တုစက်ရုံ လုပ်သား ကိစ္စ အလုပ်သမားကြီးကြပ်ရေးကော်မတီ မှ နက်ဖြန်ညှိနှိုင်းမည်


မေလ ၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI) 
ယနေ့မွန်းလွဲပိုင်းမှစတင်ကာ လုပ်ခလစာတိုးမြှင့်ရေး နှင့်အခြား အလုပ်သမားအခွင့်အရေးဆိုင်ရာ တောင်းဆိုဆန္ဒပြခဲ့ကြသည့် လှိုင်သာယာ Hi-Mo ဆံပင်တုစက်ရုံမှ အလုပ်သမား အရေးကိစ္စကို လှိုင်သာယာ မြို့နယ် အလုပ်သမားကြီးကြပ်ရေး ကော်မတီရုံးတွင် အလုပ်ရှင် အလုပ်သမားနှင့် အလုပ်သမားကြီးကြပ်ရေးကော်မတီတို့ နက်ဖြန်ခါတွင် သုံးပွင့်ဆိုင်ဆွေးနွေးရန် ချိန်းဆိုလိုက်သည်။
ယနေ့မွန်းလွဲပိုင်းမှ စတင်ကာ မရမ်းကုန်းမြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဋ္ဌာနရုံးသို့ လာရောက်တိုင်ကြားအရေးဆိုကြသည့် အလုပ်သမား ရာကျော်သည် ရုံးရှေ့တွင် တောက်လျှောက်စောင့်ဆိုင်းနေကြရာမှ ညနေ ၆ နာရီဝန်းကျင်တွင် အလုပ်သမားညွှန်ကြားမှု ဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းရှိန်လာရောက်ကာ ”အကောင်းဆုံးဖြစ်အောင် စာနာညှိနှိုင်းပေးပါမည်” ပြောဆို၍ နက်ဖြန် နံနက်တွင် လှိုင်သာယာ မြို့နယ် အလုပ်သမား ကြီးကြပ်ရေး ကော်မတီရုံးသို့ လာရောက်ရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

မေလ ၁၀ ရက်နေ့နံနက် ၉ နာရီတွင် မယမင်းလွင်အပါအ၀င် အလုပ်သမား ကိုယ်စားလှယ် ၉ ဦး၊ အလုပ်ရှင်နှင့် မြို့နယ် အလုပ်သမားကြီးကြပ်ရေး ကော်မတီတို့ ဆွေးနွေးကြမည်ဖြစ်သည်။
Yangon Press International
ဆံပင်တုစက်ရုံ လုပ်သား ကိစ္စ အလုပ်သမားကြီးကြပ်ရေးကော်မတီ မှ နက်ဖြန်ညှိနှိုင်းမည် ဆံပင်တုစက်ရုံ လုပ်သား ကိစ္စ အလုပ်သမားကြီးကြပ်ရေးကော်မတီ မှ နက်ဖြန်ညှိနှိုင်းမည် Reviewed by သစ်ထူးလွင် on 04:07 Rating: 5

No comments:

Powered by Blogger.