ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အိုးအိမ်ဦးစီးဌာနမှ ပြန်လည် သိမ်းဆည်းသော ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ ဝန်ထမ်း မြေကွက်များကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောဆိုထား သော်လည်း ယခုအချိန်အထိ ဝန်ကြီးဌာနထံမှ ညွှန်ကြားချက် ရရှိထားခြင်း မရှိသေးကြောင်း မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာန မြေယာနှင့် အခွန်ဌာနခွဲ (နေပြည်တော်) ဒုတိယ ညွှန်ကြားရေးမှူး ဦးဟန်ချိုဦးက The Voice Weekly သို့ ယနေ့ ပြောကြားသည်။

"ဝန်ကြီးချုပ် ပြောတာကို ဂျာနယ်တွေမှာ ဖတ်လိုက်ရတယ်။ လုပ်ငန်းလုပ်ဖို့ ကြတော့ အဆင့်ဆင့် ညွှန်ကြားချက် စောင့်ရတဲ့ အတွက် အခုတော့ အတိအကျ ပြောလို့ မရသေးဘူး" ဟု ၎င်းက ဆိုသည်။

မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြေကွက်များကို ပြန်လည် အပ်နှံရန် မြေပိုင်ရှင်များကို အသိပေး အကြောင်းကြား ထားပြီး သတ်မှတ်ရက်အတွင်း လာအပ်သည့် သူများကို မြေကွက်ဖိုး ပြန်ထုတ်ပေး ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ညွှန်ကြားမှူ ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော တိုင်းဒေကြီး အထူး လွှတ်တော် အစည်းအဝေး အပြီးတွင် ဝန်ထမ်း မြေကွက်များကို လက်ရှိ နေရာတွင်ပင် ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ အဆိုပါ ပြောကြားချက်ကြောင့် မြေကွက်ပိုင် ပြည်သူများ မျှော်လင့်ချက် ပြန်လည်ထားရှိကာ မြို့ရွာနှင့်အိုးအိမ် ညွှန်ကြားမှု ဦးစီးဌာနသို့ သွားရောက်မေးမြန်း စုံစမ်းသော်လည်း ညွှန်ကြားချက် မရသေးဟုသာ ပြောနေကြောင်း လုပ်ပေးမည်ဟု ပြောပြီးပါက အမြန်ဆုံး အကောင်အထည်ဖော် သင့်ကြောင်း အဆိုပါ မြေကွက်များကို ပိုင်ဆိုင်ထားသူများက ဆိုသည်။
The Voice Weekly
 
ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို ဒဂုံအရှေ့ မြေကွက်များ ပြန်ပေးရန် ညွှန်ကြားချက် ရရှိထားခြင်းမရှိဟုဆို Reviewed by သစ်ထူးလွင် on 06:37 Rating: 5

7 comments:

u kyawkyaw said...

စနစ်သစ်ကိုတည်ဆောက်နေချိန်၊ပြည်သူ၏ယုံကြည်မှုကိုရယူနေရချိန်မှာလက်တွေ့ရင်ဆိုင်ဖြေရှင်းရတဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဆုံးဖြတ်ချက်ကိုသက်ဆိုင်ရာဝန်ကြီးဌာနတွေကဦးစားပေးအမြန်အကောင်အထည်ဖော်ပေးရပါမယ်၊အခုတော့-၁၄ရက် ရှိနေ ပါပြီ၊အောက်ကဌာနကို ညွှန်ကြားတာ အဲလောက် မကြာ သင့်ပါဘူး၊၅ နှစ်ဆိုတာဘာမှမကြာပါဘူး ၊ဒီလိုပိုက်ဆံယူပြီး သွက်သွက်လက် လက်မလုပ်တဲ့ဝန်ထမ်းတွေနဲ့ ဦးဆောင်ရတဲ့ အစိုးရအဖွဲ့ကိုဘယ်ပါတီကတက်တက်၅နှစ်တကြိမ်လဲခံရပါမယ်၊ပြည်သူကိုအထင်သေးလို့မရတော့ပါဘူး၊လေးစားရပါတော့မယ်၊
လစာတိုးချင်တဲ့ဝန်ထမ်းတွေအချိုးပြင်ပါ၊ခင်ဗျားတို့ကြောင့်တိုင်း
ပြည်လဲဆင်းရဲမွေတေအောက်တန်းကျနေရတယ်။

Anonymous said...

ဒီကောင်တွေ.ဒီလမ်းကြောင်းကနေစားပေါက်ထွင်ဦးမယ်.
ဂွင်တွေရိုက်ကြဦးမယ်.ဘာတွေအပြောင်းအလဲလုပ်ကြတာလဲ.
ရည်ရည်လည်လည်စိတ်ပျက်ပါတယ်.စစ်ဗိုလ်တွေရယ်.
ခိုးထားတာတွေလဲ.ထားစရာမရှိ.ခုထိကိုမတင်းတိမ်နိုင်ကြသေးဘူးလား.

Anonymous said...

ဝန်ထမ်းတွေအတွက်ပဲဖြစ်ဖြစ် တခြားပြည်သူတွေအတွက်ပဲဖြစ်ဖြစ် ထိုက်သင့်လို့ ပေးအပ်ထားတဲ့မြေကွက် ဘာစည်းကမ်းချက် ဘယ်နည်းဥပဒေတွေနဲ့များ ပြန်သိမ်းကြတာလဲဗျ..... ဒီမြေကွက်နဲ့ ပါတ်သက်ပြီး ရရှိသူတွေဘက်ကကော ဘာစည်းကမ်းချက်တွေများ သတ်မှတ် ချက်တွေများ ဖောက်ဖက်မှုကြောင့်လဲ..... အကယ်လို့များ ၀န်ထမ်းများ ရရှိတဲ့မြေကွက်ကို အိမ်ဆောက်လို့မနေတာ ဘယ်နှစ်နှစ်ကြာသွားပြီ ဒါကြောင့်သိမ်းတာဆိုရင်လဲ......သိမ်းတဲ့အာဏာကိုထုတ်ပေးတဲ့ လူကြီးကို မေးကြည့်ချင်ပါတယ်..... ခင်ဗျားမိသားစုတွေကော အဲဒီမှာ သွားလို့ကော နေရဲ့လား......မနေဘူးဆိုရင်ကော ခင်ဗျားဘာကြောင့် အဲဒီမှာ မြေကွက်ရအောင် မယူခဲ့တာလဲ..... ကိုယ်တွေ့တစ်ခုပဲရှိတယ် ကျုပ်ရဲ့ဦးလေး ဒီမြေကွက်စီမံကိန်းနေရာမှာပဲ မြေကွက်ရတယ်.... ဒီမြေကွက်ရပြီး ၅ ရက်မြောက်မှာပဲ ရုတ်တရက်သေဆုံးသွားတယ် ကျန်ခဲ့တဲ့ မုဆိုးမအဒေါ်က သားသမီးတွေနဲ့ ကို့တောရွာမှာ မသေအောင်သာ လုပ်ကိုင်စားနေရတယ်.... အိမ်မိုးတယ်ဆိုတာတောင်မှ အိမ်နောက်ဖေး ဓနိတောက ကို့ဓနိကိုပစ်ပြီးမှမိုးရတဲ့ဘ၀.....ဒါမျိုးဆို ခင်ဗျားတို့ ပညာတတ်လို့ ဘွဲ့အထပ်ထပ်ရလို့ ခန့်ထားတဲ့ ကိုရွှေလူကြီးများ ဘယ်လိုများ စဉ်းစားပေးကြမလဲ..... ကျုပ်လဲ အစိုးရ၀န်ထမ်းဘ၀ကို ၁၃ နှစ် လုပ်ခဲ့တဲ့ကောင်ပဲ.... ပြည်သူအတွက် အဖက်ဖက်က စဉ်းစားချင့်ချိန် မပေးတတ်တဲ့ အမိန့်အာဏာကိုထုတ်တဲ့ ကိုရွှေလူကြီးများခင်ဗျား.... ခင်ဗျားတို့လုပ်ရပ်က အဆဲမတတ်တဲ့ပြည်သူကို ဆဲတတ်အောင် သင်ပေးနေသလို စွပေးနေသလိုမလုပ်ပါနဲ့..... ခင်ဗျားတို့ အဲဒီလို ပေးပြီးတာကို ပြန်သိမ်းတယ်ဆိုကတည်းက ဒါဟာ ပြည်သူတွေအတွက် အာမခံချက်ဆိုတဲ့ဂုဏ်ပုဒ်ကို ဘယ်လိုများလုပ်ကြမလဲဟလို့ စဉ်းစားစရာဖြစ်အောင် လုပ်လိုက်တာပဲဗျ.... သီတဂူဆရာတော်ကြီးဟောတဲ့ ဧကရာဇ်မင်းကြီးရဲ့ ဘ၀နိဂုံတရားခွေမှာပါတဲ့ ဗာရာနသီဇာတ်ထဲက ဥယျာဉ်စောင့်တဲ့ မျောက်တွေနဲ့ ဥယျာဉ်မှူးလို မလုပ်ကြပါနဲ့လို့ပဲ ပြောပြချင်ပါတယ်...... ပြောခဲ့တဲ့ဒီစကားတွေနဲ့ ပါတ်သက်ဆက်နွယ်နေတဲ့သူရှိလို့ မင်းကဘာသိလို့လဲလို့တော့ မမေးနဲ့ ..... ရိုင်းတယ်လို့မထင်နဲ့... ဒီလိုမျိုးတွေကြောင့် အခုတော့ ရိုင်းတတ်သွားပြီ..... မင်းအမေလင်က ဟိုးထန်းပင်အဖျားကနေစပြီး ဟိုးအောက်ကအမြစ်အထိ မြေလှန်ပစ်ပြီး ပြောပြလို့တောင်ရတယ်လို့ပဲ စကားလက်ဆောင်ပါးလိုက်မယ်......

a said...

မင်းတို့ရုပ်သေးအဖွဲ့ရဲ့တော်ပုံကတော့အထူးပါပဲ၊အစိုးရမလုပ်ပဲရှောက်သီးဆေးပြားရောင်းကြဖို့ကောင်းတယ်၊ဟိုလိုဒီလိုနဲ့၊ပြည်သူအတွက်ဆိုလက်နှေး၊ကိုယ့်စားပေါက်ဆိုပြည်သူတောင်မသိလိုက်ရဘူးမြန်တာ။

cherish said...

ဒို့ကတော့ ဘယ်လိုခေတ်ပဲပြောင်းပြောင်း. . . ပြောင်ပြောင်ပဲဟေ့

Yan Naing said...

ရန်ကုန်တိုင်း ဒေသကြီး မြို့ရွာနှင့် အိုးအိမ် ညွှန်ကြားမှူ ဦးစီးဌာနထံမှ သတင်းစာထဲမှာ ကြော်ငြာပါသည့်နေ့တွင် ကြော်ငြာတွင်ပါသည့် မြေကွက်အမှတ်များနှင့် နီးစပ်ရာ မြေပွဲစားများကို ဖုန်းဆက်မေးမြန်းရာ နှစ်သိန်းနဲ့ ၀ယ်နေသေးတယ်ဟုဆိုကာ သွားရောက်ရောင်းချခဲ့သော လူများလည်းရှိသည်ဟု သိရသည်။ ထိုကြော်ငြာမှာ အတိအလင်းဖော်ပြထားသော ကြော်ငြာဖြစ်နေပါသော်လည်း မြေကွက်နေရာများကို လိုက်လံဝယ်ယူနေသူများရှိသည်မှာ မသင်္ကာစရာကောင်းလိုက်နေသည်မှာ ထင်ရှားနေသည်။ နောက်ပိုင်းသိရသည်မှာ မြေကွက်များကို ၀ယ်ယူနေသူများက ၀န်ကြီးဌာနများသို့ ၀ယ်ယူသူများပူးပေါင်းကာ ပြန်လည်ချပေးရန်တောင်းဆိုမည်ဟု သိရသည်။ ထိုဖြစ်စဉ်တွင် မည်သူများနစ်နာသနည်း။ ရောင်းချသူမှာလည်း သိမ်းလိုက်သည့်နေရာကို ပြန်လည်အပ်နှံပါက သောင်းဂင်္ဏန်းသာရရှိမည့်အစား သိန်းဂင်္ဏန်းရရှိမည်ဖြစ်သဖြင့် ရောင်းချသည်။ သို့လည်းဘဲ ပိုက်ဆံချမ်းသာသူများကလည်း ကြော်ငြာပါသည့် အခွင့်အရေးကိုယူကာ ဈေးနည်းနည်းဖြစ်ပြန်လည်ဝယ်ယူကာ ၀န်ကြီးဌာနသို့ပြန်လည်လျှောက်တင်ကာ ပြန်လည်ရရှိလိုရရှိငှာ လျှောက်ထားသည်။ ပြန်လည်ရရှိပါက အဆမတန်မြတ်မည်ဖြစ်သဖြင့် ပြန်လည်ရရှိအောင် ပိုက်ဆံချမ်းသာသူများက ကြိုးစားမည်မှာ မလွဲဧကန်ဖြစ်နေသည်။ ပြန်လည်မချပေးပါက အရှုံးပေါ်မည်။ ရောင်းချသူမှာလည်း ပြန်လည်ချထားပေးပါက ရှုံးမည်။ ပြန်လည်ချထားပေးခြင်းသည် နှစ်ဦးနှစ်ဖက် နစ်နာမည့်ကိစ္စဖြစ်နေသည်။ အမှန်က သေချာစီစစ်ဆုံးဖြတ်ပြီးမှ ကြော်ငြာသင့်သည်ဟု ထင်မြင်မိပါသည်။

ဖိုးဖိုးကြီး said...

ကဲ့-ပြောနေကြပြီနော်-ရန်ကုန်တိုင်းဒေသကြီး၏၀န်ကြီးချုပ် ဘဘဦးမြင့်ဆွေ
တိုင်းသူ-ပြည်သားတွေ အစဉ်ပြေအောင် ဘဘ ဆုံးဖြတ်နိုင်ခွင့်မရှိရင်လည်း၊
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ထံမြန်မြန်တင်ပြပြီး ဆုံးဖြတ်ပေးသင့်ကြောင်း
အကြံပြုပေးပါတယ်။

Powered by Blogger.