ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထုက
ကြံ့ခိုင်ရေးပါတီကို ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ဆက်ဆံမှု
အားနည်းခြင်း၊ ပါတီဝင်များ၏ ချို့ယွင်းချက်စသည့် သင်ခန်းစာများရရှိခဲ့ပြီး
၂ဝ၁၅
ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။
“အဓိက ကတော့ ကျနော်တို့ လုပ်ဆောင်မှုကို လူထုက မယုံကြည်တာပေါ့။ နားမလည်တာပေါ့။ ဒါကတော့ အဓိက
ဖြစ်မှာပေါ့လေ။ နောက်တခုကတော့ မီဒီယာ လှုံ့ဆော်မှုပေါ့။ မီဒီယာ လှုံ့ဆော်မှုကတော့ ကျနော်တို့မှာ တော်တော်ကြီး ကို အားနည်းတယ်။ ဒါလည်းပဲ ကျနော်တို့ရဲ့ အားနည်းချက်ထဲမှာ တခုပါတယ်လို့ ကျနော်မြင်တယ်။ (ပါတီဝင်) တချို့လည်း ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် မကြိုက်တဲ့လူတွေ ရှိချင်ရှိမှာပေါ့။ လူထုနဲ့ သဟဇာတ မဖြစ်တဲ့ လူမျိုးလည်း ရှိနိုင်တာပေါ့။ ဒီလိုမျိုးကျတော့ ကျနော်တို့ လဲရမှာပေါ့” ဟု ပါတီတွင်း အားနည်းမှုများနှင့် ၂ဝ၁၅
ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ရန် အချက်များကို ဦးဌေးဦးက ပြောသည်။
ထို့အပြင် ကြံ့ခိုင်ရေးပါတီ၏ ကျေးလက်စည်းရုံးရေးကိုလည်း စွမ်းရည်ရှိသည့် စည်းရုံးရေးမှူးများကို ထပ်မံဖြည့်စွက်၍ ၂၀၁၅ အတွက် ပြင်ဆင်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
“အခြေခံအကျဆုံးကတော့ ကျေးလက်ဒေသမှာရှိတဲ့ စည်းရုံးရေးမှူးတွေပါပဲ။ သူတို့ဆီကနေပြီးတော့ လူထုကို တဆင့် ကျနော်တို့ လုပ်ချင်တဲ့ ဥစ္စာတွေ၊ ကျနော်တို့ လုပ်နေတဲ့ ဥစ္စာတွေကို အသိပေးရတာပေါ့။ ကျေးလက်ဒေသမှာရှိတဲ့ စည်းရုံးရေးမှူးတွေက စွမ်းအားရှိဖို့လိုတာပေါ့။ အဲဒီအတွက် ပိုပြီးတော့ စွမ်းအားရှိတဲ့လူတွေကို ကျနော်တို့ ဆောင်းမှာ
ပေါ့” ဟု မဇ္ဈိမကို ပြောသည်။
ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ ရွေးကောက်ပွဲတွင် အဓိက အားနည်းချက်မှာ မဲစာရင်းများ မှားယွင်းမှုဟု ထောက်ပြပြောဆိုလိုက်ပြီး ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထိုဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်မလာနိုင်အောင် ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ်
ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောသည်။
“အန်တီ့မဲဆန္ဒနယ် မရမ်းကုန်းမှာဆိုရင် မဲဆန္ဒရှင်စာရင်းတွေ အများကြီး ကျန်ခဲ့တာရှိတယ်။ ဒါကြောင့် ၂ဝ၁၅ မှာ ဆိုရင်တော့ ဒီလို မကျန်ရအောင် အဲဒီသင်ခန်းစာတော့ ရလိုက်တယ်။ ၂ဝ၁၅ အတွက်ကတော့ မဲစာရင်း မကျန်ရေး ကတော့ အန်တီ့အတွက် အဓိကလိုအပ်ချက်ပါပဲ” ဟု မဇ္ဈိမကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ တွင် ကျင်းပခဲ့သည့်အနက် NLD သည် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့က ၁ နေရာစီ အနိုင်ရရှိခဲ့ကြသည်။
NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရခြင်းအား ဆူနာမီလှိုင်းကြီးဖြင့် ဥပမာပေးကာ ထိုလှိုင်းကြီးအား
နောင်ရွေးကောက်ပွဲ အတွက် NLD က ဆက်လက် ထိန်းသိမ်းနိုင်မှု ရှိ/မရှိအပေါ် မူတည်ကြောင်းလည်း မေလ ၂ ရက်နေ့က လွှတ်တော် သတင်းထောက်အများ အမေးကို ဦးဌေးဦး က ဖြေကြားသွားခဲ့သည်။
မျိုးသန့် - ချင်းမိုင် (မဇ္ဈိမ) ။ ။
ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။
“အဓိက ကတော့ ကျနော်တို့ လုပ်ဆောင်မှုကို လူထုက မယုံကြည်တာပေါ့။ နားမလည်တာပေါ့။ ဒါကတော့ အဓိက
ဖြစ်မှာပေါ့လေ။ နောက်တခုကတော့ မီဒီယာ လှုံ့ဆော်မှုပေါ့။ မီဒီယာ လှုံ့ဆော်မှုကတော့ ကျနော်တို့မှာ တော်တော်ကြီး ကို အားနည်းတယ်။ ဒါလည်းပဲ ကျနော်တို့ရဲ့ အားနည်းချက်ထဲမှာ တခုပါတယ်လို့ ကျနော်မြင်တယ်။ (ပါတီဝင်) တချို့လည်း ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် မကြိုက်တဲ့လူတွေ ရှိချင်ရှိမှာပေါ့။ လူထုနဲ့ သဟဇာတ မဖြစ်တဲ့ လူမျိုးလည်း ရှိနိုင်တာပေါ့။ ဒီလိုမျိုးကျတော့ ကျနော်တို့ လဲရမှာပေါ့” ဟု ပါတီတွင်း အားနည်းမှုများနှင့် ၂ဝ၁၅
ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ရန် အချက်များကို ဦးဌေးဦးက ပြောသည်။
ထို့အပြင် ကြံ့ခိုင်ရေးပါတီ၏ ကျေးလက်စည်းရုံးရေးကိုလည်း စွမ်းရည်ရှိသည့် စည်းရုံးရေးမှူးများကို ထပ်မံဖြည့်စွက်၍ ၂၀၁၅ အတွက် ပြင်ဆင်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
“အခြေခံအကျဆုံးကတော့ ကျေးလက်ဒေသမှာရှိတဲ့ စည်းရုံးရေးမှူးတွေပါပဲ။ သူတို့ဆီကနေပြီးတော့ လူထုကို တဆင့် ကျနော်တို့ လုပ်ချင်တဲ့ ဥစ္စာတွေ၊ ကျနော်တို့ လုပ်နေတဲ့ ဥစ္စာတွေကို အသိပေးရတာပေါ့။ ကျေးလက်ဒေသမှာရှိတဲ့ စည်းရုံးရေးမှူးတွေက စွမ်းအားရှိဖို့လိုတာပေါ့။ အဲဒီအတွက် ပိုပြီးတော့ စွမ်းအားရှိတဲ့လူတွေကို ကျနော်တို့ ဆောင်းမှာ
ပေါ့” ဟု မဇ္ဈိမကို ပြောသည်။
ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ ရွေးကောက်ပွဲတွင် အဓိက အားနည်းချက်မှာ မဲစာရင်းများ မှားယွင်းမှုဟု ထောက်ပြပြောဆိုလိုက်ပြီး ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထိုဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်မလာနိုင်အောင် ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ်
ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောသည်။
“အန်တီ့မဲဆန္ဒနယ် မရမ်းကုန်းမှာဆိုရင် မဲဆန္ဒရှင်စာရင်းတွေ အများကြီး ကျန်ခဲ့တာရှိတယ်။ ဒါကြောင့် ၂ဝ၁၅ မှာ ဆိုရင်တော့ ဒီလို မကျန်ရအောင် အဲဒီသင်ခန်းစာတော့ ရလိုက်တယ်။ ၂ဝ၁၅ အတွက်ကတော့ မဲစာရင်း မကျန်ရေး ကတော့ အန်တီ့အတွက် အဓိကလိုအပ်ချက်ပါပဲ” ဟု မဇ္ဈိမကို ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ တွင် ကျင်းပခဲ့သည့်အနက် NLD သည် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့က ၁ နေရာစီ အနိုင်ရရှိခဲ့ကြသည်။
NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရခြင်းအား ဆူနာမီလှိုင်းကြီးဖြင့် ဥပမာပေးကာ ထိုလှိုင်းကြီးအား
နောင်ရွေးကောက်ပွဲ အတွက် NLD က ဆက်လက် ထိန်းသိမ်းနိုင်မှု ရှိ/မရှိအပေါ် မူတည်ကြောင်းလည်း မေလ ၂ ရက်နေ့က လွှတ်တော် သတင်းထောက်အများ အမေးကို ဦးဌေးဦး က ဖြေကြားသွားခဲ့သည်။
မျိုးသန့် - ချင်းမိုင် (မဇ္ဈိမ) ။ ။
၂၀၁၂ သင်ခန်းစာဖြင့် ၂ဝ၁၅ အတွက် ကြံ့ခိုင်ရေးပါတီ ကြိုတင်ပြင်ဆင်
Reviewed by သစ်ထူးလွင်
on
03:59
Rating:
27 comments:
ပြည်သူတွေက လုံးဝမယုံကြည်တော့တဲ့အတွက် ဘယ်လိုပဲပြင်ပြင် မရနိုင်တော့။ မထိုင်ပါနဲ့တော့ ကုလားထိုင်ကြီး ဆွေးလို့ကျိုးတော့မယ်။
လုပ်လေမြုပ်လေပဲ...မကြာခင် မင်းတို့ နေ၀င်ချိန်ရောက်တော့မှာပါ၊ အဲဒီအချိန်က 2015.....
မီဒီယာ တွေဘက်လိုက်မူ့ ရှိတယ်လို့ ဋ္ဌေးဦးကစော်ကားလိုက်တာပဲ....
ဘာကိစ္စလုပ်လုပ် (၁)စေတနာထားပါ။
(၂)ရိုးသားပါ
(၃)အခွင်.ထူးခံမလုပ်ပါနဲ.
(၄)ပြည်သူတွေကိုတပ်ထဲကစာမတတ်ပေမတတ်တွေလို
မနှပ်ပါနဲ.
(၅)လက်အောက်ငယ်သားတွေပေါက်တတ်ကရရူးကြောင်
ကြောင်အာဏာပြတာတွေမလုပ်စေနဲ.။
(၆)လူကြီးမင်းကိုယ်တိုင်ပြောတဲ.ပြည်သူတွေကအခြေခံ
ဥပဒေကိုမပြင်ခြင်ပါဘူးလို.ဇွတ်မပြောနဲ.။
(အခြေခံကော၊အထက်ခံကောပြင်ခြင်တယ်)
(၇)လာမည်.ရွေးကောက်ပွဲမှာညစ်တယ်ဆိုတာတွေမ
မကြားပါရစေနှင်.ယောက်ျားအာဇာနည်တွေဦး
ဆောင်တဲ.ပါတီပီသပါစေ။
(၈)ခေါင်းဆောင်တွေရဲ.လုပ်ငန်းမှာဇနီးတွေဝင်မပါပါစေ
နှင်၊သူတို.ကိုရာထူးပေးထားတာမဟုတ်ပါ။
တော်ပါပြီဆက်ရေးလဲနံပါတ်ကကုန်မှာမဟုတ်ဘူး
**** ဒါပေမည်.တရုတ်နဲ.ကုလားအရေးပြတ်ပြတ်သားသားသာမှန်မှန်
ကန်ကန်တရားမျှမျှတတလုပ်ဒါကိုတော.ပြည်သူတွေကလက်ခံမှာပဲ။
တချိန်တုန်းက၀န်ကြီးချုပ်တဦးလိုမဲရခြင်တာနဲ.အဲဒါတွေဆွဲထည်.လို.က
တော.လူကြီးမင်းတို.နှစ်ခါနာမှာပဲ။
ကျေးဇူတင်ပါတယ်။ နောင်တော်ညီတော်တွေကမခေတဲ.ဥာဏ်ပညာနဲ.
ဆက်ပြီးပြည်သူ.အသံနဲ.တင်ပြပါလိမ်.မည်။
အရူးကြီး ဘာတွေလာလာပြောမှန်းမသိဘူး။ ပြည်သူတွေအတွက်တော့ဘာလုပ်ပေးမယ် ဘယ်ဟာတွေတော့ ပြုပြင်ပေးမယ်မရှိဘူး။ မဲနိုင်ရေးဘဲပြောနေတယ်။ ၂၀၁၅ မှာနိုင်ချင်ရင် ကြံ့ခိုင်ရေး မဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေရဲ့ လိုအပ်နေတဲ့ ကျန်းမာရေး၊ လူမှုရေး နဲ့ ပညာရေးတွေမှာ စေတနာသန့်သန့်နဲ့ ကူညီလိုက်ပေါ့။ ဒါဆိုပြည်သူတွေက ထောက်ခံလာပါလိမ့်မယ်။ NLD ကိုမနာလိုဖြစ် ပြီးဒီလိုတွေပြောနေရုံနဲ့တော့ ဖြစ်လာမှာမဟုတ်ဘူး။ ဆူနာမီနဲ့ NLD ကိုမနှိုင်းပါနဲ့။ ဆူနာမီက လူတွေကိုသေစေခဲ့တာ။ NLD က ပြည်သူတွေကိုကယ်တင်ခဲ့တာ။ သေခြာစဉ်းစားပြီးမှပြောပါ။ NLD သာအတိုက်အခံ မရှိခဲ့ရင် မြောက်ကိုရီးယားထက်တောင်ဆိုးနေမလားဘဲ။ တော်ဘာတော့ ကြံ့ဖွတ်ရယ်။ ဒီလောက်ပြည်သူတွေကိုနှိပ်စက်ရရင်တော်ပါတော့။
အနာသိယင် ဆေးရှိပါတယ် ခင်ဗျားအပါအဝင် အကုန်လုံးကို လဲ ပါတီနံမည်ရော မူတွေရော အကုန်လဲ ပြည်သူ့ အတွက် ညီနောင်ပါတီ အဖွဲ့အစည်းတွေနဲ့ အညမည သဟဇာတ ဖြစ်အောင်
ပြောင်းနိုင်ယင်တော့ သန်းငါးဆယ်ကျော်သော ပြည်သူတွေက ထေါက်ခံ အားပေးကြမှာပါ
ကျေးလက်စည်းရုံးရေးမှုးတွေစွမ်းအားရှိဖို့ လိုသတဲ့ ဦးဋ္ဌေးဦးတော့ စွမ်းအားရှင်ကိုပြန်ပြီးအသုံးချချင်ပုံရတယ်
ပြီးတော့ 
ကြံခိုင်ရေးပါတီဝင်အချို့ လည်းကြိုက်ချင်မှကြိုက်မှာပေါ့ တဲ့ 
အမှန်ကတော့ ဦးဋ္ဌေးဦးအပါဝင်ဘောင်ဘီချွတ်နိုင်ငံရေးလုပ်ငန်ရှင်တွေ
အားလုံးနီုင်ငံရေးလောက ကနေအပြီးအပိုင်ထွက်ပေးရမှာပါ
ဘောင်ဘီချွတ်ပြီးနိုင်ငံရေလုပ်တယ်ဆိုတာတနည်အားဖြင့်
စီးပွားရေးရင်းနှီးမြှတ်နှံမှုလုပ်လိုက်တာပါငွေရှာတော့ မယ်လို့ 
ယူဆရပါတယ် ဘောင်ဘီချွတ်ပြီးခဲ့ ကြသော ဗိုလ်မှုးကြီးအစ
ဗိုလ်ချုပ်ကြီးအဆုံးဘယ်သူများဆင်းရဲပြီးကျန်ခဲ့ ပါသလည်း
အဖြေကရှင်းပါတယ် ကြံခိုင်ရေးပါတီဆိုတာ
ဘောင်ဘီချွတ်နိုင်ငံရေးလုပ်ငန်းရှင်များပါတီဆိုပြီး၂၀၁၅မှာအမည်ပြောင်း
ရမှာပါ
ကြံခိုင်ရေးအသင်းဘ၀ကဘယ်ငွေနဲ့ ရပ်တည်သလည်း
ကြံခိုင်ရေးပါတီရဲ့ ပိုင်ဆိုင်မှု့ ငွေကြေးရောဘယ်ကရသလည်း
နိုင်ငံတော်ငွေတွေကိုအလွဲသုံးစားလုပ်ထားကြတာပါ
ဦးဋ္ဌေးဦးကတော့ အင်တာဗျူးတခုမှာပါတီအသင်းဝင်ငွေနဲ့ ရပ်တည်တာပါတဲ့ 
၂၀၁၂ရွေးကောက်ပွဲကတော့ ကြံခိုင်ရေးပါတီဝင်ဘယ်လောက်ရှိတယ်
ဆိုတာပြည်သူအားလုံးသိပြီးကြပါပြီ ဘယ်လိုလုပ်စားဖို့ လိမ်ကြအုံးမယ်ဆိုတာစောင့် ကြည့်ရပါအုံမယ်
အောင်နိုင်ေ၇းအတွက် အကောင်းဆုံးအကြံပေးမယ်။
၁။ ထိပ် မှ ဘိတ် အထိ အားလုံးထွက်လိုက်ပါ။
၂။ ကြံဖွတ် ဆိုတဲ့ နာမည် ပြောင်းလိုက်ပါ။
၃။သေချာသွားအောင် ပါတီပါ ဖျက်သိမ်းလိုက်ပါ။
ကျွန်တော်တို့ ကတော့ ပြည်သူတွေဖြစ်တဲ့အတွက် ဘယ်သူ့ က တိုင်းပြည်ကို ပိုကောင်းအောင် လုပ်နိုင်တယ် အောက်ခြေလူတန်းစားတွေရဲ့ ဘ၀ကိုမြှင့်တင်ပေးနိုင်မယ် ဆိုတာပဲ့ကြည့်မှာပဲ့ ၊ ကိုယ်ကျိုးမကြည့်ပဲ တိုင်းပြည်ဖွံဖြိုးတိုးတက်အောင် ၊တိုင်းသူပြည်သားအားလုံးကို တန်းတူအခွင့်အရေးရရှိအောင် လုပ်ဆောင်ပေးနိုင်သူ ဆိုရင် ထောက်ခံမှာပါပဲ့၊ မီဒီယာတွေက အရင်အစိုးရလက်ထက်တုန်းကလဲ ဘက်လိုက်သလို ဒီဖက် ခေတ်မှာလဲ ဘက်လိုက်တာပါပဲ့ ၊ အစိုးရနဲ့  အတိုက်အခံ ထဲမှာပါသူတွေ အားလုံးဟာ လူသားတွေချည်း ဖြစ်တာကြောင့် အားလုံးတော့ perfect man , perfect lady မဖြစ်နိုင်ပါဘူး ။ နှစ်ဖက်စလုံးမှာ အကောင်းတွေရော အဆိုးတွေပါ ရှိကြမှာပါပဲ့ ၊ နည်းတာနဲ့  များတာပဲ့ကွာပါလိမ့်မယ် ၊ နှစ်ဖက်စလုံးရဲ့ အဆိုးအကောင်းတွေ အားသာချက် အားနည်းချက်တွေကို ဘက်မလိုက်တမ်း ဝေဖန် ရေးသားကြပါမှ မျှတတဲ့ မီဒီယာဖြစ်မယ်လို့  မြင်ပါတယ်။
ကြံခိုင်ရေးတွေကရွှေဝါရောင်တုံးကသံဃာတွေကိုရိုက်တာ၊ဒေါ်စုကိုဒီပဲရင်းမှာရိုက်တာ၊ပြည်သူတွေကိုမောက်မာရိုင်းစိုင်းတာဟောက်စားလုပ်တာ၊တွေကြောင့်ပါတီနာမည်ပျက်သွားပါပြီ၊ပြည်သူခြင်ဖတ်ဖြစ်သွါားပြီ၊ပြီးတော့အောက်ကလူတွေကသာအပင်ပန်းခံပြည်သူအမုန်းခံလုပ်ပြီးဘာမှအကြိုးအမြတ်မရကြတာလဲပါတယ်၊အပေါ်ကလူတွေကတော့တိုက်ဆောက်ကားစီးနဲ့၊ကြားဖြတ်လဲပြီးရောအခုဆိုရပ်ကွက်ထဲမှာခေါင်းတောင်မဖေါ်ရဲတော့ဘူး၊သီမ်ငယ်သွားကြပြီ။
ကြံ.ခိုင်ရေးပါတီရဲ့ အတွင်းသဏ္ဏန်အဆင့်အတန်းကို myanmarexpress ကိုကြည့် ခြင်းအားဖြင့် အင်မတန်အောက်တန်းကျမှန်း သိသာထင်ရှားစေပါတယ်။
တနင်္လာကိုကိုပြောတာကို အပြည့်အဝထောက်ခံပါတယ် အဖြစ်သင့်ဆုံးကအဲဒီအတိုင်းပါ မှန်ကန်တဲ့လမ်းစဉ်တွေပါလို့ ပြောပါရစေ။
အခြေခံ အကျဆုံးနဲ့ အရေးအကြီးဆုံးက စိတ်ဓာတ်ဘဲ၊ နိုင်ငံရေးပါတီ တစ်ခုဖြစ်နေပြီ အောက်တန်းမကျဖို့ မညစ်ပတ်ဖို့ ပြည်သူတွေကို မလှည့်စားဖို့ လိုတယ်၊ ပြီးတော့ ကိုပြောထားတာတွေကို တာဝန်ယူတက်ဖို့လဲ အရေးကြီးတယ်။
တော်ကြပါတော့ဗျာ....
တော်ကြပါတော့ဗျာ....
သင်ကန်းကျွန်းမှာ ပါတီဝင်၃၀၀၀၀ရှိတာ မဲဘယ်လောက်ရလို့ လဲ...မမှတ်သေးဘူးလား
ပြည်သူ့ငွေတွေခိုးပြီးထောင်ထားတသူခိုဲး့ပါတီ၊ပြည်သူကဘယ်တော့မှမယုံဘူး၊ခိုးထားတဲ့ပါတီပိုင်ငွေတွေကိုမင်းတို့ကထပ်ခိုးပြည်သူ့အကျိုးသယ်ပိုးတယ်ဆိုပြီးအသံကောင်းဟစ်၊ပြည်သူတွေကမင်းတို့ထက်နားလည်တယ်ဟ၊မြန်မာပြည်မှာနိုင်ငံရေးနာမည်သေရင်နလံမထူတော့ဘူး၊တည်မြဲဖဆပလ၊မ.ဆ.လပါတီတွေကသက်သေဘဲသားစဉ်မြေးဆက်ခံနေရပြီလေ၊မင်းတို့အတွက်(၂၀၁၅)နောက်ဆုံးပါဘဲမောင်ဌေးဦးရေ-တါ့ တါ
လုပ်မနေနဲ့ ဋ္ဌေးဦး၊ ပြည်သူတွေက ဦးနှောက်ရှိတယ်၊ ဘယ်သူကောင်းတယ် ဘယ်သူမကောင်းဘူးဆိုတာ ခွဲခြားတတ်တယ်၊ ရူံးတော့ ဟိုရမ်း ဒီရမ်းနဲ့ မီဒီယာကြောင့် ရူံးရတဲ့ပုံစံမျိုး ပြောတယ်၊ မီဒီယာထဲကသတင်းတွေ မှန် မမှန် ပြည်သူတွေ ဆုံးဖြတ်တတ်တယ်၊ အဲဒီလို ငါ့စကား နွားရ ပြောချင်ရင် မင်တို့ ရဲ့ brain wash လုပ်ထားခံရ ပြီးသားသူတွေကို သွားပြော......ငါတို့ ကိုလာမပြောနဲ့၊ မင်းကိုရူးလို့ ပြောတယ်ပဲ သတ်မှတ်တယ်.....
ဌေးဦးဘာကိုပြင်မှာလဲ နည်းနည်းစားတဲ့သူနဲ့၊များများစားတဲ့သူ၊ချိန်းမှာကို ပြောတာလား။ (ပြည်သူ့အကျိုးပြုလုပ်ငန်းမလုပ်သ၍ သေတာတောင်မနိုင် ဘူး မှတ်ပါ။) အရင်လိုလိမ်မယ်၊အနိုင်ကျင့်မယ်၊လုပ်လိုမရတော့ဘူး။ နိုင်ငံတကာ ကကြည့်နေပြီ။ သမ္မတကြီးကလဲကောင်းအောင်လုပ်နေပြီ။ (၂၀၁၅ လဲNLD ဘဲနိုင်မှာပါ၊ ပြည်သူအတွက်တကယ်ပေးဆပ်မဲ့ပါတီဖြစ်နေ လို့ဘဲ)။ ရွေးကောက်ပွဲနီးမှ ပိုက်ဆံချေး၊မီးမှန်၊လမ်းတဝက်စခင်းပြ၊ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုတာ ပြည်သူတွေကသိကုန်ပြီ။ (စိတ်ဓါတ်မှမကောင်းဘဲ....ဖွတ်ကြံတွေလေ)။
လုပ်ခဲ့တဲ့ဟာတွေအားလုံးကတော့ တခုမှပြည်သူအတွက်မဟုတ်ခဲ့ဘူး။ပြောင်းမယ်ဆိုရင်တော့ အဖွဲ့နာမည်ရယ်လူရယ်စိတ်ဓါတ်ရယ်အကုန်ပြောင်းလဲရမှာပါ။သဘောကဖျက်ပြစ်လိုက်ဆိုတာပါဘဲ။
၅ ပါးသီလလုံဘို့အရင်ကြိုးစားပါ။ ၅ ပါးသီလလုံခေါင်းဆောင်တွေ ပဲအောင်မြင်မည့်ခေတ်။ စိတ်ကောင်းစေတနာထားပါ။ လူငယ်တွေကိုပျိုးထောင်ပါ။ အရင်ခေတ်ကလို ဘာလုပ်လိုက်လို့ပြောပြီးပြန်သွားတဲ့ခေါင်းဆောင်တွေ အုပ်ချုပ်လို့ကတော့ ဘယ်တော့မှ မအောင်မြင်ဘူး ။ ရေတော့ပါလာမှာ သောက်မရသုံးမရတဲ့ရေ တွေ လေ။
အော်...ဦးဌေးဦးရယ်...
ကျမတို့ပြည်သူတွေကမညံ့ပါဘူး။ရှင်တို့ကအနှစ်၂၀ကျော်
ပြည်သူကိုနင်းသတ်ထားခဲ့တယ်။..ပြည်သူတွေကအနင်းခံထားပေမဲ့
စိတ်ကိုတော့တယောက်မှအနင်းမခံထားဘူးဆိုတာသိသင့်တယ်။
ကျမတို့အသွေးအသားဦးနှောက်တွေမှာတော့
စစ်အာဏာရှင်တို့ရဲ့ရက်စက်မှုအပေါင်း
နင့်နင့်သီးသီးခံစားထားပြီးပြီမို့
ကျမတို့နှလုံးသားထဲမှာအမေစုကလွဲပြီး
ဘယ်သူ့ကိုမှနေ၇ာမပေးနိုင်တော့ပါဘူး။
အမေစုဟာကျမတို့ပြည်သူနဲ့အတူခါးစည်းခံစားပေးခဲ့သူ
ဘုရားပေးတဲ့ခေါင်းဆောင်ကောင်းတဦးကို
ကျမတို့ပြည်သူတွေနောက်အနှစ်၅၀ထိအားကိုးချင်ပါသေးတယ်။
အမေစုလိုမိဘရင်းသဖွယ်ခေါင်းဆောင်တဦးကို
ဘယ်လိုလူညံ့တွေနဲ့မှမနှိုင်းယှဉ်နိုင်ပါ။ခုတောင်
မလွဲသာလို့ခပ်ညံ့ညံ့လွတ်တော်ထဲကလူတန်းစားတွေနဲ့
ယှဉ်တွဲပြီးကြည့်နေရတာမလွဲသာလို့ဆိုတာ
အသံလွင့်ဌာနကနေတကမ္ဘာလုံးကြားအောင်
အော်ပစ်ချင်နေတာပါ။ယှဉ်တွဲပြီးမှန်မှန်ကန်ကန်
ပြိုင်ရင်လည်းရှင်တို့ပဲရှုံးမှာပဲဆိုတာကိုယ့်ကိုကိုယ်သိကြပါ။
နေ၇ာလုထားလို့နေရာရနေတာကို
ကိုယ့်နေ၇ာကိုသိစေချင်တယ်။မနှိုင်းယှဉ်သင့်ဘူး။
အဲ့လိုနှိုင်းယှဉ်ပြောဆိုနေတာကိုမြင်ရင်
ကျမတို့ပြည်သူတွေရဲ့နှလုံးသားတွေနာကျင်လွန်းပါတယ်။
ကျမတို့ပြည်သူတွေအတွက်ရှင်တို့ကိုလိုက်လျောပြီး
ပျော့ပြောင်းနေတဲ့အမေ့အတွက်လည်း
ရင်ထဲမှာမကောင်းပါဘူး။ရှင်တို့သာအမေစုနေ၇ာမှာဆို
အမေစုလိုခွင့်လွတ်နိုင်မလား။ဝေးပါသေးတယ်။
၂၀၁၅ကိုလည်းအားကိုးမှာအမေ့ကိုပဲ...
နေရာယူပြီးပြည်သူအတွက်တကယ်အလုပ်လုပ်ပေးချင်ရင်
လွတ်တော်ထဲမှာရှင်တို့အမေ့ကိုကန့်လန့်မတိုက်ကြပါနဲ့လို့
မှာချင်တယ်။အမေ့နောက်ကလိုက်မှရှင်တို့လမ်းကြောင်းမှန်
မယ်။ဘာလို့လဲဆိုတော့ရှင်တို့မှာဦးတည်ချက်မရှိပြည်သူအတွက်
နဂိုကတည်းကစေတနာမထားဘူးတော့
ဘာလုပ်လို့ဘယ်ကစရမှန်းမသိသလို
အောက်လက်ငယ်သားတွေကိုလည်းကောက်ကျစ်ညစ်ပတ်မှု
တွေကိုပဲလေ့ကျင့်ပေးထားလို့ဒါကိုပဲအသုံးချတက်နေကြပြီ။
တက်နိုင်ရင်အားလုံးစစ်တပ်ပြန်ပြီး
အမေစုကိုစိတ်တိုင်းကျစီမံခိုင်းရင်အမြန်ဆုံး
ထိရောက်လာမှာသေချာလွန်းလို့ပါ။
(ဒီလိုမျိုးအာဏာကိုမစွန့်နိုင်သေးဘူးမို့လား)...
အဟင်း....ဒါကြောင့်ပဲလေပြည်သူ့မဲရဖို့
နောင်ဘ၀ထိစောင့်....
ဟား...ဟား..ဟား...မီဒီယာတဲ့...ဆူနာမီတဲ့.....
သမိုင်းကြောင်းပြန်လှန်ကြည့်....
အောင်မလေး...လူသတ်ကောင်တွေ
အဟိ, ဦးဌေးဦးတော့ပြောလိုက်ရင်ကွက်တိချည်းဘဲ
-ယုံကြည်မှု့မရှိခြင်း|ဟုတ်ပါတယ်လုံးဝမယုံတာပါ။ ပြည်သူကနားမလည်၍တော့မဟုတ်နှစ်၅၀နီးပါးခံစားထားရ၍အလွန်အလွန်ကိုနားလည်သွားတာပါ။
-မီဒီယာနဲ့ဆက်ဆံမှုအားနည်းခြင်း|ဟုတ်ပါတယ်မီဒီယာတွေကိုမကောင်းပြောချုပ်ကိုင်ချင်နေတော့မီဒီယာတွေနဲ့မတည့်တာပါ။
-ပြည်သူမကြိုက်တဲ့ပါတီဝင်တွေရှိတယ်ဆိုတာလဲကွက်တိပါဘဲ။ ဝေးဝေးမရှာပါနဲ့ဦးဌေးဦးကိုယ်တိုင်နှင့်အမာဂိုဏ်းသားတွေကိုပါ။
ကဲဒါဆိုသင်ဘယ်လိုလုပ်သင့်ပါသလဲ။
စေတနာ မှန်ရင် အကျိုးပေးပါတယ်။ လူထုကို ထားတဲ့ ကိုယ့်စေတနာပေါ်မှာပဲ မူတည်ပါတယ်။ ရေတွင်းတူးပေးပြီး ရေမခပ်ရ။ လူတစ်စု အတွက်ပဲ မစဉ်းစားရင်တော့ မြန်မာလူမျိုးတွေက ခွင့်လွှတ်လွယ်ပါတယ်။ ဒါပေမယ့် မယုံကြည်ထိုက်တဲ့ လူဆိုရင် တသက်လုံး မယုံတတ်ကြပြန်ဘူး။
ထောက်ခံပါတယ် လူကြီးမင်း။ ပြင်ပါ ကျိုးစားပါ ယှဉ်ပြိုင်ပါ အတုယူပါ တည်ငြိမ်ပါ စိတ်ကောင်းမွေးပါ။ အဟောင်းတွေကို မေ့ပျောက်နှိုင်စေဖို့ လုပ်ဆောင်ပါ။နာမည်ပြောင်းပါ။ အတောင်းအရမ်းမထူပဲ အပေးအကမ်း အကျင့်ကိုစတင်ပျိုးထောင်ပါ။ မျှော်ကိုး၍လုပ်ဆောင်ခြင်းကို မပြုပါနှင့် အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိနေပြီးသားပါ။လေလုံးမထွားပါနှင့် အမှန်ခံစားနေသူတို့ တစ်ထပ်တည်းကျသည့် စကားကိုသုံးပါ။လက်တွေ့ကူညီပါ။ နီုင့်ထက်စီနင်း မပြုပါနှင့် ဆင်ခြင်တုံးတရားရှိပါ။သတိရှိပါ။ဝီရိယစိုက်ပါ။အိပ်စိုက်ပါ။အားစိုက်ပါ။ မယားအကြိုက်လိုက်လုပ်ခြင်း အထူးရှောင်ပါ။ကြာမရိုက်ပါနှင့် ဂေါက်တော့ရိုက်ပါ။ ဦးနှောက်တော့ မဂေါက်ပါနှင့်လေးဘက်ထောက်သတ္တဝါကိုတောင်မချန် မေတ္တာထားပါ။ (သင်မအောင်မြင်က ငွေပြန်အမ်းမည် )။ သူတော်ဆည်းကပ် မြတ်တရားနာ လုပ်ပါ။
တခြားဟာတွေထက် ဦးဌေးဦးရဲ့ မချိုမချဉ်မျက်နှာကို ဦးစွာပြင်ပေးပါဦး။ စိတ်ထဲကလာတဲ့ မနောကံ စေတနာတွေကိုသာ ကောင်းကောင်းထားပေးလိုက်ပါ။ခင်ဗျားကြီးရဲ့ ပလီပလာ မျက်နှာပေးတွေ ကောင်းသွားပါလိမ့်မယ်။ကိုယ့်ရင်ထဲ၊ကိုယ့်စိတ်ထဲ မှာ ရှိနေတာကို ကိုယ်ဘဲအသိဆုံးနော်..။
mad dog said...
အောင်နိုင်ေ၇းအတွက် အကောင်းဆုံးအကြံပေးမယ်။
၁။ ထိပ် မှ ဘိတ် အထိ အားလုံးထွက်လိုက်ပါ။
၂။ ကြံဖွတ် ဆိုတဲ့ နာမည် ပြောင်းလိုက်ပါ။
၃။သေချာသွားအောင် ပါတီပါ ဖျက်သိမ်းလိုက်ပါ။
ကြိုက်လို့ပြန်ကူးထည်ပေးတာပါ ..
မှန်ပါတယ်
ဖွတ်ကြီးတို့ရဲ့ မနာလိုမစ္ဆိရစိတ်က အမြစ်တွယ်နေပါပြီ။ ဘယ်လိုမှပြောင်းလဲလာမယ်လည်းမထင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတစ်ကာက အလေးအနက်ထားနေရာပေးပြီး ဆက်ဆံကြလေ၊ ဖွတ်ကြီးတို့ သံပူပေါ်ဖင်ထိုင်မိသလို ခုံဆွခုံဆွဖြစ်လေ။ နိုင်ငံတစ်ကာက ဆုတံဆိပ်တွေအပ်နှင်းလေ၊ ဖွတ်ကြီးတို့ မနာလိုစိတ်ကြီးမားလေပါပဲ။ အထက်က ကိုမျိုးချစ်သူပြောသလို မြန်မာအိပ်စပရက်ဆိုတဲ့ ဆိုက်ကိုသွားကြည့်ပါ။ ဘယ်လောက် အောက်တန်းကျတဲ့စိတ်ဓါတ်တွေရှိကြတယ်ဆိုတာ အံ့သြစရာတွေ့ရမှာပါ။ သူတို့ဟာ 2015 မှာလည်းလိမ်ကြ၊ခိုးကြ၊ညစ်ကြ၊ယုတ်ကြ ဦးမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေအားကိုးတဲ့ဒေါ်အောင်ဆန်းစုကြည်သာ အနိုင်ရရှိဦးမှာပါပဲ။
Post a Comment