ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်ညွှန်ကြားချက်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ
အနိုင်ရရှိထားတဲ့ ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ
အရည်အချင်း စစ်စာမေးပွဲတွေ ဖြေဆိုထားကြ တယ်လို့ လွှတ်တော် ကိုယ်စား
လှယ်တစ်ဦးဖြစ်သူ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။

နိုင်ငံခြားသွားတဲ့အခါ ဘယ်သူတွေ ကိုယ့်ဖာသာကိုယ် ဆွေးနွေးနိုင်မယ်၊
ဘယ်သူတွေကတော့ ဘာသာပြန်လိုမယ် ဆိုတာ သိနိုင်အောင်
အခုလို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် လှည်းကူး
အမတ်ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။

သူ့အနေနဲ့ ၅ လပိုင်း ၁၆ ရက်နေ့က BC မှာစာမေးပွဲ ၀င်ဖြေခဲ့ပြီး ကျန်တဲ့
လွှတ်တော်ကိုယ်စားလှယ် အကုန်လုံးလည်း ဖြေထားပြီးပြီလို့ ပြောပြပါတယ်။
ဖြေထားတဲ့ result level တွေကြည့်ပြီး လိုအပ်တဲ့ သူတွေကို အဖွဲ့ချုပ်က
နောက်ထပ် သင်ကြားမှုတွေ ဆက်လုပ်ပေးဦးမှာ ဖြစ်တယ်လို့ ကိုဖြိုးမင်းသိမ်းက
 ပြောပါတယ်။ ဒါဟာ လွှတ်တော်အမတ်တွေ အရည်အချင်း မြင့်မားရေး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်အစီအစဉ် ဖြစ်တယ်လို့ သူကပြောပါတယ်။
ဒီဗွီဘီ
ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ် ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ  အရည်အချင်းစစ် Reviewed by သစ်ထူးလွင် on 12:31 Rating: 5

23 comments:

thawmyoh said...

ပညာရဲရင့်ပွဲလယ်တင့် ဆိုတဲ့ရှေးစာဆိုလေးကို သတိရမိပါတယ်။ မှန်ပါတယ် ဘယ်သူက ဘယ်လောက်အရည်အချင်းရှိတယ်ဆိုတာသိထားမှ ရှေ့ ဆက်ရမယ့်ခရီးကြမ်းမှာ တခြားပါတီ တွေနဲ့ ယှဉ်ရင် အမြဲမြင့်နေဖို့ လိုပါတယ်

linn said...

ကျေးဇူးတင်ပါတယ်အမေစု ခင်ဗျား။ ဒီချုပ်ကို တည်ဆောက်ရေးလုပ်တာ မြန်မာပြည် အနာဂတ်ကို တည်ဆောက်နေတာပါပဲ။ BC ကိုလည်းကျေးဇူးပါလို့။ ဒါမျိုးကူလိုက်ရင် ဟင်းစားပေးတာမဟုတ်၊ ကွန်ချက်ပါပြတာဖြစ်လို့ နောက် နှစ်တော်တော်ကြာရင် မြန်မာပြည်က သူ့ခြေထောက်ပေါ်သူရပ်နိုင်သွားမယ်လေ။

ခင်မျိုးချစ် said...

အမေစုရဲ့ ခြေလှမ်းတွေဟာ သိပ်သပ်ယပ်ပြီး အတုယူဖို့ အရမ်းကောင်းပါတယ်။ ပထမဆုံး မြန်မာနှစ်ဆန်းတစ်ရက်နေ့ က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအလှူအတွက် ကျေးရွာတွေကို ပရောဂျက်တွေချပေးတာလည်း သိပ်သဘောကျတာပဲ။ ကျွန်မတို့ လူမျိုးတွေက သူများအားကိုးတတ်တာ များတယ်။ ဘယ်သူတွေများ ငါတို့ကိုလာကူပါ့မလဲပေါ့။ တကယ်တော့ အားလုံး ကိုယ့်အားကိုယ်ကိုးကြရမှာပါ။ ငါတို့ ဘာတွေလိုနေ လဲ ဘယ်လိုလုပ်ကြမလဲ ဘယ်ကစလုပ်ကြမှာလဲဆိုတာကို အမေစုက ရွာဆိုတဲ့ အခြေခံယူနစ်ကနေစပြီး လေ့ကျင့် အလင်းရောင်ပေးလိုက်တာပါ။ အခုလည်း HRD အတွက် တတ်နိုင်သလောက်စလိုက်တဲ့ ခြေလှမ်းပါပဲ။ ဒါပေမယ့် တကယ့်ကို ခရီးရောက်မယ့် ခြေလှမ်းပါ။ အရည်အချင်းအတွက် ယှဉ်ပြိုင်ကြရတော့မယ်ဆိုတာ လူတိုင်းကို အသိပေးလိုက်တာပါပဲ ...

ပင်လယ်ပြာ said...

အရည်အချင်းရှိတဲ့ ခေါင်းဆောင်ဆိုတာ အခြေခံလိုအပ်ချက်ကဘာလဲဆိုတာကို ကောင်းကောင်းထောက်ပြနိုင်စွမ်းရှိတာပါပဲ။

ppw said...

နောင်လာနောက်သားတွေ ကံအများကြီးကောင်းပါတယ်။ နောက်ဆို ကမ္ဘာ့အလယ်မှာ မြန်မာတွေ ပွဲလယ်တင့်ပြီပေါ့။ နို့မို့မြန်မာ လူမျိုးအများစုဟာ အင်္ဂလိပ်စာ အားနည်းလို့ အနှိပ်ခံရလွန်းလို့။ အမေစု သက်ကျော်ရာကျော်ရှည်ပါစေ....

min khine said...

အင်္ဂလိပ်စာ အရည်အချင်းကို မြင်မားအောင် ဒီချုပ်က အခမဲ့သင်တန်းဖွင့်ပေးသင်တယ် အရွယ်မရွေးသင်လို.ရတဲ့ဟာမျိုးလေ အဲဒါမှမြန်မာနိုင်ငံသူနိုင်ငံသားတွေ အရည်အချင်းရှိမှာပါ ဒီလိုလုပ်လာမယ်လို.လဲ မျှော်လင့်ပါတယ်။

kyi kyi said...

ကောင်းလိုက်တဲ့အစီအစဉ်၊ ဒါကြောင့်အမေစုကိုလေးစားတာ။ ကိုယ့်မှာဘာအားနည်းချက်ရှိတယ် ဆိုတာသုံးသပ်တဲ့လူ၊ အဖွဲ့အစည်း ဘဲဖြစ်ဖြစ် ဒါကောင်းတဲ့အလုပ်ဘဲ လေးစားအတုယူပါတယ်၊ စစ်တတ်ခေါင်းဆောင်တွေကတို့ မျက်စိမိတ်ပီလမ်းလျှောက်နေတာနှင့်တူတယ်၊
လူချင်းတူပေမဲ့ အသက်ရှင်တာမတူတာ ဒါမျိုးကိုပြောတာပါ

Leaderofmyanmar said...

ကောင်းလိုက်တာ ပညာရဲရင့်ပွဲလယ်တင့်ပဲ ပညာတက်တဲ့သူတွေကတော့ ပညာ ကိုပါတစ်ပါထဲလုပ်ဆောင်တယ် ပညာမတက် ဆယ်တန်းမအောင်တဲ့ ဆိုက်ကားသမားသာသာကောင်တွေက်တော့ ဘယ်လိုအာဏတည်မြဲမလဲပဲသိတက်တဲ့ကောင်တွေဒိုးတော့ အဝေးကို

မောင်သစ္စာ said...

ယခုကာလ ၂၀၁၂ သမယ၌ အမေစု၏ ဂုဏ်တော် ကျေးဇူးတော်တို့သည်ကား အနာဒိ အနန္တ ဂဏန်းချ၍ မပြနိုင်လောက်အောင် များမြောင်တော်မူလှသဖြင့် NLD ပါတီဝင်အပေါင်း သူတော်စင် သူတော်ကောင်းတို့ကား ညအိပ်ရာဝင် နံနက်အိပ်ရာထ အောက်ပါအတိုင်း ရွတ်ဆိုပူဇော်ကြကုန်၏။
ဗုဒ္ဓဂုဏော အနန္တော ဓမ္မဂုဏော အနန္တော သံဃဂုဏော အနန္တော မာတာပိတုဂုဏော အနန္တော အာစရိယဂုဏော အနန္တော အမေစုဂုဏော အနန္တော။

bomberman said...

ကောင်းတော့ ကောင်းပါတယ်
ဒါပေမယ့် ပြည်သူ့လိုအပ်ချက်တွေကို
စွမ်းစွမ်းတမံ ဖြည့်ဆည်းပေးမှ ပြည်သူ့ ကိုယ်စားလှည် မည်မှာ
ဥပမာ မီးလိုအပ်ချက် လိုမျိုး ပေါ့
၂၀၁၅ မှာ ဘယ်လိုလူတွေကို လူထုကရွေးကောက်မယ်ဆိုတာ
ခုကတည်းက မျက်လုံး ဒေါက်ထောက် ကြည့်ထား ကြပါ
မီး ပေးမယ့် ကိုယ်စာလှယ် ဒို့ကိုယ်စားလှယ်
မီးပေးတဲ့ အစိုးရ ဒို့ အစိုးရ

Ma Ma Hnin ze said...

အရမ်းကောင်းတဲ့ အစီအစဉ်ပါ။မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ
မှာ ဒီလိုမျိုးအစီအစဉ်တွေက လွန်စွာအထောက်အကူဖြစ်ပါတယ်။
ဒါက အဆင့်မရှိတဲ အမတ်တွေထက်စာ ရင်ကိုယ်က နှာတစ် ဖျားသာတာပါပဲ။လွှတ်တော်ထဲက အဆင်မရှိတဲအမတ်တွေအနေနဲ
ကိုယ်အကြောင်းကိုသိပြီး အရှက်မကွဲခင်cover လုပ်ထားဖို့ ပြော ချင်ပါတယ်။

konamazu said...

အမေစုဥာဏ်ရဲ့ ၁၀ ပုံ ၁ ပုံလောက်သာမြန်မာအစိုးရတွေဆီမှာရှိရင် မြန်မာနိုင်ငံကျွန်ဖြစ်မှာမဟုတ်ဘူး။အမေစု ရဲ့ လမ်းညွှန်ချက်တွေက အရမ်းကိုထိရောက်မှုရှိပါတယ်။အမေစုရဲ့ခြေလှမ်းတိုင်းက အဓိပ္ပာယ်ရှိပါတယ်။

clementzaw said...

အရည်အချင်းရှိတဲ့ ခေါင်းဆောင်ဆိုတာ အခြေခံလိုအပ်ချက်ကဘာလဲဆိုတာကို ကောင်းကောင်းထောက်ပြနိုင်စွမ်းရှိတာပါပဲ။

Tear said...

အဲဒါမှ ငါတို့ခေါင်းဆောင်၊ ဘယ်နေရာမှာ ဘာလိုအပ်သလဲ ဆိုတာ အမြဲဆန်းစစ်နေတယ်

innyatara said...

ဒီချုပ်အမတ်တွေကျတော့ BC မှ မှာ အင်္ဂလိပ်စာ စစ်ဆေးကြတယ် ကြံ့ခိုင်ရေးကအမတ်တွေကတော့ အရမ်းတော်ကြတယ်ထင်တယ် လက်ညိုးထောင်၊ ခေါင်းညိမ့် သမားတွေဆိုတာ ဘာမှ တတ်စရာလည်း မလိုပါဘူးလေ

kowin said...

သိပ်ကောင်းအစီအစဉ်ပါပဲ.........နိုင်ငံတကာမှာမြန်မာလူမျိုးတွေရဲ့ သိဏ္ခာမြင့်တင်ပေးရာရောက်တယ်........အရည်အချင်းကနေ...တဆင့်ပြီးတဆင့်......တပ်လာရင်ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာမှာပဲ......တခုတော့ပြောချင်တယ်.......ဘ၀ကိုတော့မမေ့ပါနဲ့ လို့ ပြောပါရစေ။အားပေးနေမဲ့ လူတွေရှိသလို့ ..........ဆန့် ကျင်မဲ့ လူတွေလည်းရှိနေမှာပဲ...............ဒီမိုရရေစီ..ဆိုတဲ့ အတိုင်း...အကောင်းနဲ့ မကောင်းတာဒွန်တွဲနေတယ်..............အမေစုရဲ့ ရည်မှန်းချက်ကိုလေးစားတယ်..................ကိုယ်တိုင်မပါဝင်ရပေမဲ့ .....အဝေးကနေတော့အမြဲအားပေးနေမယ်............NLD အဖွဲ့ တွေပေးဆပ်ရကျိုးနပ်ပါတယ်

me: me: said...

အမေစုရဲ့ အရည်အချင်းတွေကို တစ်ခုပြီး တစ်ခု ထုတ်ပြနေသလိုပါပဲ။ ပြည်သူ့ ခေါင်းဆောင်အဖြစ် နိုင်ငံခေါင်းဆောင်အဖြစ် ထိုက်တန်တဲ့ အရည်အချင်းရှိသူဆိုတာ ယုံမှားသံသယမရှိပါဘူး။ အမေစု ကျန်းမာနေဖို့ အရေးကြီးပါတယ်။ အမေစုမှာ အရိုးကျီးပေါင်းရောဂါရှိကြောင်း သဇင်နီမှာ ဖတ်ရပါတယ်။ အမေစု ကျန်းမာရေးကို အထူးဂရုပြုစေချင်ပါတယ်။ အမေစု ကျန်းမာမှ ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီခရီးလမ်းကို ဖြောင့်ဖြောင့် ဖြူးဖြူးသွားနိုင်မှာပါ။ အမေစုကျန်းမာပါစေလို့ ပြည်သူပြည်သားအပေါင်းက ဆုတောင်းလျက်ပါ။

tkm said...

မိုက်တယ်ဟေ့
ဒီလိုမှပေါ့...

mamamay said...

ဘယ်သူနဲ.မှမတူနိုင်တဲ့အန်တီရဲ.
အရည်အချင်းတွေပါ၊နောက်တက်လာမဲ.
နောင်လာနောင်သားခလေးတွေကိုလည်း
ပညာရည်မြင့်မားလာအောင်ပညာရေးစနစ်ကို
လည်းအခုထဲကအုတ်မြစ်ချပေးပါ၊ဒါမှ.နောင်
တခေတ်မှာကမ္ဘာမှာမြန်မာဟေ.လို.
အော်လိုက်ချင်လို.ပါ.....

Brighten Future said...

ကြံ့ဖွတ် က အမတ်တွေကိုစစ်ရင်တော့ စစ်တဲ့သူ ရုးသွားမယ်။ :)

nyi said...

အရည်အချင်းရှိတဲ့ ခေါင်းဆောင်ဆိုတာ အခြေခံလိုအပ်ချက်ကဘာလဲဆိုတာကို ကောင်းကောင်းထောက်ပြနိုင်စွမ်းရှိတာပါပဲ။ ဒီစီအစဉ်လေးအရမ်းကောင်းတယ်... အမေ့ရဲ့အရည်အချင်းတွေ ဘယ်လောက်မြင့်မားတယ်ဆိုတာ အရမ်းကိုထင်ဟပ်စေပါတယ်...

Ah said...

အလွန့်အလွန်ကိုကောင်းလှပါတယ်ခင်ဗျား..

Anonymous said...

စိတ်ကောင်းစေတနာက
အကြံဥာဏ်ကောင်းကိုရွေးချယ်လေ့ရှိတယ်။
အသိပညာအတက်ပညာစိတ်စေတနာထပ်တူကြမှ
လုပ်ဆောင်ချက်တိုင်းကပြည်သူအတွက်အကျိုးရှိစေပါတယ်။
ဦးသိန်းစိန်တို့လိုအပ်ချက်တွေများနေလို့
အနှစ်၂၀ကျော်ပြီ။လုယူထားသောအာဏာကို
ပြည်သူအတွက်ထိရောက်မှုမပေးစွမ်းနိုင်တာ
အမေရေ...အမေ့အသိဥာဏ်ကိုအပုံတရာပုံရင်တောင်
တပုံတောင်မရှိကြတဲ့စစ်အာဏာရှင်တို့ရဲ့
နှလုံးသားတွေမဖြူစင်လို့တိုင်းပြည်ကဗရမ်းဗတာ
ဖြစ်နေတုန်းပါပဲ။စိတ်ကုန်တယ်အမေ..
အမေ့နောက်ကလည်းမလိုက်ချင်
အမေ့ဘေးကနေကန့်လန့်ကန့်လန့်နဲ့
အမေ့ပါတီကိုအကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရင်း
ထိေ၇ာက်တဲ့အကျိုးပြုလုပ်ငန်းတွေကို
အမြန်ဆုံးလုပ်ဆောင်ပြပေးပါ။

Powered by Blogger.