၂၀၁၀ သင်္ကြန်ဗုံးခွဲမှုနဲ့ စွပ်စွဲခံထားရတဲ့ ကိုဖြိုးဝေအောင်ကို
လာမယ့် မေလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မှာ ဖြစ်ကြောင်းနဲ့၊
တရားစီရင်ရေးမှာ လွဲမှားမှုတွေရှိနေကြောင်း အာရှလူ့အခွင့်ရေး ကော်မရှင်က
ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ကိုဖြိုးဝေအောင်အမှုမှာ တရားမ၀င်ဖမ်းဆီးမှု၊ မမှန်မကန် သက်သေအထောက်အထား
ရယူမှုတွေ ရှိနေတဲ့အတွက် တရားရုံးအနေနဲ့ ပြန်လည်သုံးသပ် စီရင်နိုင်ဖို့
ဒီကနေ့ ကြေညာချက် တစ်စောင်ထုတ်ပြန် တိုက်တွန်းရတာ ဖြစ်တဲ့အကြောင်း
အာရှလူ့အခွင့်ရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပြပါတယ်။
" ဥပဒေနဲ့အညီ လုပ်ဆောင်ထားတဲ့ လုပ်ဆောင်ချက်တွေ မရှိဘူးဆိုတာကို ကျွန်တော်တို့ အချက်အလက် တော်တော်များများ တွေ့ရတယ်။ ဥပမာ ဖမ်းဆီးစစ်ဆေးတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ သက်သေထွက်ချက်တွေ မတရား ရယူတာ၊ မတရားဝန်ခံခိုင်းတာ၊ အမှုစစ်ဆေး စီရင်ခြင်းမပြုသေးမီမှာလည်း ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲမှာ အပြစ်ရှိတယ်ဆိုတဲ့ သဘောမျိုးအနေနဲ့ ထုတ်ဖော်ပြောဆိုတဲ့ ကိစ္စရပ်တွေ၊ နောက်ပြီးတော့တခါ သက်သေအဖြစ် သတင်းစာတွေမှာ ထုတ်ဖော်တင်ပြထားတဲ့ အချက်အလက်တွေနဲ့ အမှုစစ်ဆေးတဲ့အခါမှာ သက်သေတွေရဲ့ထွက်ဆိုချက်တွေ ကွဲလွှဲနေတာ အများကြီး ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကိုလည်း တရားရုံးကနေပြီးတော့ အမှုမှာ သက်သေခံ အဖြစ် တင်သွင်းခဲ့တာ ကျွန်တော်တို့ တွေ့ရတယ် "
ဒီကနေ့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာနဲ့အညီ တရားစီရင်ရေး မဏ္ဌိုင်ကိုလည်း ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ ယခင်စစ်အစိုးရ လက်ထက်ကလို အာဏာပိုင်တွေ လက်အောက်က တရားစီရင်ရေးမှုမဟုတ်ဘဲ လွတ်လပ်တရားမျှတဲ့ တရားစီရင်ရေးမျိုးဖြစ်အောင် တရားသူကြီးတွေ အနေနဲ့လည်း သတိထား ဆောင်ရွက်သင့်တယ်လို့ အာရှလူ့အခွင့်ရေး ကော်မရှင်က ပြောဆိုထားပါတယ်။
မှန်ကန်တဲ့ တရားစီရင်ရေးသာဖြစ်ခဲ့ရင် ကိုဖြိုးဝေအောင်ဟာ ကွင်းလုံးကျွတ် လွတ်ဖို့ ရှိကြောင်းနဲ့၊ ကိုဖြိုးဝေအောင်ရဲ့ လက်ရှိကျန်းမာရေးဟာ အတော်လေးဆိုးဝါးနေကြောင်း ဇနီးဖြစ်သူ မဌေးဌေးက အာအက်ဖ်အေကို အခုလို ပြောဆိုခဲ့ပါတယ်။
" ကျန်းမာရေးကတော့ လုံးဝမကောင်းဘူး။ သူက အသည်းရောဂါ ဖြစ်နေတယ်။ အထူးကု ကုမှ ရတော့မဲ့ အချိန်မှာ သူ့ကို အထူးကုခေါ်ပြီး ကုပေးခြင်းလည်း မရှိဘူး။ ဒီအကိုက်အခဲ ပျောက်ဆေးတွေတိုက်တာ များလွန်းတဲ့အတွက် သူအစာအိမ်ရောင်ပြီး ဆေးရုံ ၅ ရက် တက်ရတယ်ရှင့်။ တခါ အခု ၃၀ ရက်နေ့ ညပိုင်းတုန်းကလည်း အဲဒီလို မခံမရပ်နိုင် တအားအောင့်ပြီးတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်။ အခုလက်ရှိလည်း ဆေးရုံပေါ်မှာပဲ"
ကိုဖြိုးဝေအောင်ကို ၂၀၁၀ သင်္ကြန်မှာ ရန်ကုန်က H2O မဏ္ဍပ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး စစ်အစိုးရက တရားစွဲဆိုထားတာဖြစ်ပါတယ်။
RFA-Burmese

ကိုဖြိုးဝေအောင်အမှု တရားစီရင်ရေး လွဲမှားနေကြောင်း AHRC ဝေဖန်
Reviewed by သစ်ထူးလွင်
on
05:03
Rating:
5 comments:
(အထက်ပါသတင်းများရဆိုရရင်)-----အင်း အပြစ်ရှိရင်အပြစ်ပေးပါ၊ အပြစ်မရှိဘဲနဲ့တော့ သံသယရှိတယ်ဆိုတဲ့ သံသယလေးနဲ့တင် ကြီးလေးတဲ့အပြစ်ပေးခံရမယ်ဆိုရင်တော့လူသား တစ်ယောက်ရဲ့အခွင့်အရေးကို သက်သက်ကြီးထိခိုက်နစ်နာအောင်လုပ် သလိုဖြစ်သွားရင်မကောင်းဘူး။ အမှန်တရားကို တစ်ရားသူကြီးရဲရဲရင့်ရင့် မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ပါစေ၊ သူလဲ ထောင်ထဲမှာ သံသယမှုလေးနဲ့တင်အချိန်တော်ကြာကြာ အတော်ဒုက္ခရောက်နေပီးပါပီ--
ဥပဒေမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် ၊ အမှုဆင် ခံရတဲ့လူတွေ
မြန်မာပြည်မှာ ရေတွက်လို့တောင်ရနိုင်မှာ မဟုတ်ပါဘူး ။
အနှိပ်အစက် ၊ အထုအထောင်းခံ ရလို့ အသည်းရောဂါနဲ့
သေကြတာများပါတယ် ။ ဒါတွေကို မျိုးစေ့ချသွားတာ ခင်ညွန့် ပါ။
ဒီ ကောင်အခုထိအသက်ရှင်နေနိုင်သေးတာ ကံကောင်းတယ်မှတ်
ပါ ။ မျိုးရိုးစဉ်ဆက် ပြန်ခံစားရမယ်ဆိုတာ သက်ဆိုင်သူများ စွဲစွဲမြဲမြဲမှတ်ထားပါ ။
ဗုံးကွဲတဲ့အချိန်မှာစွပ်စွဲခံထားရတဲ့သူက(city mart)မှာအလုပ်လုပ်နေတယ်ဆိုတာကို(city mart)အသိုင်းအ၀ိုင်းကဘာကြောင့်တရားရုံးမှာအမှန်တရားဖက်ကထွက်မပေးရဲတာလည်း၊အရင်ကအာဏာရူးတွေကိုကြောက်လို့ဆိုရင်အခုလိုထင်သာမြင်သာရှိလာတဲ့အချိန်မျိုးမှာတော့အမှန်ကိုပြောရဲရမှာပေါ့။သိလျက်နဲ့မပြာရင်အကုသိုလ်ပဲ။
နိုင်ငံရေးလှုပ်ရှားသူတိုင်းကိုခုလိုယုတ်မာ
ကောက်ကျစ်နေကြပဲ..စစ်အာဏာရှင်ရဲ့ပေါ်လစီပါ။
ဒါကြောင့်ပြည်သူတွေမုန်းတီးမှုကိုခေတ်အဆက်ဆက်ခံနေရတာ
ရဲချုပ်ခင်ရီဆိုတာလည်းဘာတက်လို့လဲ။သူတို့တွေက
စစ်အာဏာရှင်တွေကခန့်အပ်ထားတဲ့လူမိုက်လူဆိုးတွေပဲ။
လာဘ်စားပြီးအမှုဆင်တာတွေရှိသလို
အမှုမခိုင်လုံသောအမှုကိုတောင်ငွေပေးရင်
မရမကအောက်ကရဲတွေကိုတ၇ားရုံးမရောက်ေ၇ာက်အောင်တင်ခိုင်းတဲ့
လူယုတ်မာကြီး...တရားရုံးရောက်သွားရင်
တရားခံမဟုတ်တဲ့သူကဘယ်လောက်ထိခိုက်နစ်နာသလဲ
သူတို့မစဉ်းစားဘူး။သူတို့စားရရင်တော်ပြီ။
ပြည်သူတွေရဲ့ဘ၀များစွာကိုကိုယ်ချင်းမစာပဲ
အာဏာကိုအဆင့်ဆင့်အသုံးချနေတာ
ပြည်သူတွေကသိသိလျှက်ခံစားနေ၇တော့
ဒီအုပ်စုတခုလုံးကိုဘယ်လိုမှမထောက်ခံကြတာ
အမှန်တရားပဲ။
မရမ်းကုန်းကအမှုတခုဆိုရင်..
အမှုမခိုင်လုံဘူး။ရဲချုပ်ခင်ရီကဒါကိုနိုင်ငံခြားသားကိုရီးယားတွေဆီက
လာဘ်စားပြီးအမှုကိုစီအိုင်တီကိုတွန်းအားပေးပြီးမရ၇အောင်
တရားရုံးတင်ခိုင်းတယ်။
စီအိုင်တီရဲတွေကလည်းမင်းသားရှုံးတယ်။
သက်သေခံအဖြစ်တင်လို့ရအောင်
အမှုသည်ကိုလိမ်ညာပြီးလီဆယ်တယ်။
ပိုက်ဆံသိန်း၅၀ကိုရှာလာခိုင်းတယ်။ကားကိုယူထားပြီး
ဒီအမှုကိုတရားရုံးရောက်အောင်တင်မှတဲ့
မတင်ရင်ခင်ရီကသူတို့ကိုထောင်းမှာတဲ့..
ဒီအမှုကတရားရုံးရောက်၇င်ရှင်းလို့ရပါတယ်တဲ့..အမှုကပြီးသွားမှာပါတဲ့။
တ၇ားရုံးရောက်ရင်ဒီအမှုကမဟုတ်မမမှန်တာမို့
သူလည်းကူညီပေးပါ့မယ်။အမှုကပြီးသွားမှာပါတဲ့။
သိန်း၅၀လည်းတရားရုံးေ၇ာက်၇င်ပြန်၇မှာပါတဲ့
မတရားမလုပ်ပါဘူးဆိုပြီးလိမ်ညာပြီး
သက်သေခံအဖြစ်ငွေသိန်း၅၀ကိုရှာလာခိုင်းတယ်။
ဥပဒေကြောင်းကိုနားမလည်အမှုမဖြစ်ဘူးသူတယောက်ကို
လိမ်ညာပြောဆိုပြီးအကူညီတောင်းတော့..
လောလောဆယ်အိမ်ကကားကိုယူထားတော့
ကားပြန်ယူရေးအတွက်ငွေသိန်း၅၀ကိုအတိုးနဲ့ချေးပြီး
ငွေသွားပို့ပေးတော့ကားပြန်ပေးလိုက်တယ်။
ဒါနဲ့ငွေသိန်း၅၀ကြောင့်တရားခံအလိုလိုဖြစ်ပြီးတ၇ားရုံးရောက်သွားတယ်။
တရားရုံးရောက်ပြီဆိုတော့ဘယ်လိုအလွယ်ပြီးမလဲ
နောက်ကငွေထုတ်ပိုက်ပြီးရှင်းနေရပြီ။
အဲ့ဒီစီအိုင်တီရဲကကောဘာလုပ်ပေးလို့လဲ
အမှုသည်ဘ၀စီးပွါးလည်းပျက်ငွေကုန်လူပန်း
အိုးပျောက်အိမ်ပျောက်နဲ့အမှုနောက်ငွေမလိုက်နိုင်လို့
ခုထိအမှုမပြီးသေးဘူး။အဲ့လူရဲကမိသားစုဘဝ
ပျက်စီးယိုယွင်းသွားတယ်။တကယ့်တ၇ားခံကထွက်ပြေးတိမ်းရှောင်သွားတယ်
ဒါကိုအမည်ခံဘီနာမီကိုတ၇ားခံလုပ်ပြီးအမှုဆင်ထားတော့
မြန်မာပြည်သူနစ်နာနေတာရဲတွေမတော်မရားမှုတွေကြောင့်ပဲ...
ဒီအကျင့်ဆိုးတွေကိုဖျောက်ပေးဖို့
တောင်းဆိုပါတယ်။
၇န်ကုန် မြို့ ပေါ်က ဗုံးကွဲ မှူ့ တော်တော်များများဟာ ပြည်သူတွေနဲ့
အတိုက်အခံတွေဘက်က မလုပ်ပါဘူး စစ်တပ် ထဲ က အတွင်းလူတွေ
အမင် နိုင်ငံကို ဆူပူအောင် လုပ်ခဲ့တာပါ ဒါကြောင့်လည်း စ၇ားခံ
အစစ်အမှန် ကို ဘယ်တော့မှ မဖော်ထုတ်နိုင်ပါဘူး သူတို့ ဖော်ထုပ်လိုက်တဲ့ တ၇ားခံတွေဟာ နိုင်ငံေ၇းလုပ်သူတွေနဲ့ စစ်အစိုး၇က ကြည့်မ၇တဲ့သူတွေပဲ အတင်းဖမ်းဆီးနှိပ်စက် ပြီးထောင်ထဲ အေ၇ာက်ပို့ခဲ့တာပဲလေ လူသတ်တာကို လက်ယာဉ်နေ
တဲ့ သူတွေဟာ ဘယ်သူလဲ ဆိုတာ ပြည်သူတွေ စဉ်းစားကြည့်ပေးပါ
Post a Comment