ဓါတ်ပုံများဖျက်ခိုင်းသည့် တရားသူကြီးအား တရားဝင် ကန့်ကွက်သွားမည်


Weekly Eleven သတင်းထောက် ဓါတ်ပုံရိုက်ကူးခဲ့သည့် ဒဂုံမြို့နယ်တရားရုံးပြင်ပ ပလက်ဖောင်းနေရာ (ဓါတ်ပုံ-Eleven Media Group)
ဧပြီလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် The Voice Weekly ဂျာနယ်၏ အမှုရုံးချိန်းအား သွားရောက်သတင်းရယူခဲ့သည့် Weekly Eleven သတင်းထောက် ကိုဇင်ဘိုလွင်က တရားလိုနှင့် တရားလိုရှေ့နေများကို သတင်းဓါတ်ပုံရိုက်သည့်အပေါ် ဒဂုံမြို့နယ် တရားသူကြီးနှင့် တွဲဘက်မြို့နယ် တရားသူကြီးတို့က ခေါ်ယူသတိပေး၍ ဓါတ်ပုံများ ဖျက်ခိုင်းခဲ့သည်။ သတင်းရယူခြင်း၊ သတင်းဓါတ်ပုံ ရိုက်ကူခြင်းနှင့်ပတ်သက်၍ တရားရုံးပြင်ပ Public Area မည်သည့်နေရာတွင်မဆို အမှုနှင့်ပတ်သက်သူများကို ဓါတ်ပုံရိုက်ကူးခွင့်ရှိပါသည်။

ထို့ကြောင့် Weekly Eleven သတင်းထောက်အနေဖြင့် တရားရုံးခြံဝင်းအပြင် လမ်းမ ပလက်ဖောင်းပေါ်မှသာ ရိုက်ကူးခဲ့ခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့ ခေါ်ယူသတိပေး၍ ဓါတ်ပုံများကို ဖိအားပေး ဖျက်ခိုင်းခဲ့သော ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်၊ တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်ရီရီဆွေတို့အား Weekly Eleven မှ တရားဝင် ကန့်ကွက်သွားပါမည်။

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို တရားစွဲဆိုထားသည့်အမှုရုံးချိန်းဖြစ်ပြီး အဆိုပါဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၇)နံနက် ၁၁ နာရီကျော်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
 Eleven Media Group အင်တာနက်စာမျက်နှာ ရေးသားဖော်ပြထားပါသည်။
ဓါတ်ပုံများဖျက်ခိုင်းသည့် တရားသူကြီးအား တရားဝင် ကန့်ကွက်သွားမည် ဓါတ်ပုံများဖျက်ခိုင်းသည့် တရားသူကြီးအား တရားဝင် ကန့်ကွက်သွားမည် Reviewed by သစ်ထူးလွင် on 17:05 Rating: 5

11 comments:

Rubber Myanmar said...

ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်၊ တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်ရီရီဆွေ သို့

အနီရောင်အဝိုင်းထဲမှာ ကြက်ခြေခတ်ပြီး camera ပုံလေးဆွဲထား အဲဒါဆို သူများတွေ လာပြီးဓါတ်ပုံမရိုက်တော့ဘူး။ (၃တန်ယာဉ်မဝင်ရ လို့ - ဓါတ်ပုံမရိုက်ရ ဆိုတဲ့စာသားလေးဖြစ်ဖြစ်ပေါ့)

Aung Soe Oo said...

တရားရုံးအပြင်ဘက်မှာဓတ်ပုံရိုက်ကူးတာကိုတားမြစ်ခွင့်မရှိဘူးဆိုတာ ဒီတရားသူကြီး ၂ယောက်မသိဘူးလားဗျာ ဒီလိုလူမျိုးတွေနဲ့ဒီမိုကရေစီ စနစ်ကိုဘယ်လိုရှေ့ဆက်ဖြတ်သန်းကြမှာလဲ ဘာတရားသူကြီးတွေလဲဗျာ....

Anonymous said...

တရားရေးဝန်ထမ်းတွေရဲ့ တရားမဲ့တဲ့ လုပ်ရပ်ပဲ..
မြန်မာပြည်ရဲ့ တရားရေးမဏ္ဍိုင်ဟာ သုံးစားလို့ကို မရတော့ပါဘူး။ တရားရေးဝန်ထမ်းတွေရဲ့ ၉၀%လောက်ဟာ တရားမစောင့်တော့ပဲ ညစ်ပတ်ဖို့ပဲ အချိန်ပြည့် အားထုတ်နေကြတာပါ။

ziwasoe144 said...

ဓါတ်ပုံလေးဖျက်ခိုင်းတာများဖြစ်နေလိုက်တာ
စိတ်တိုလာပြီ၊ မီးပူနဲ့ကပ်လိုက်ရမလား။

ချစ်ဖူး said...

၁ထောင်ပေးပြီး ပါးရိုက်လိုက်မယ်နော်။ ဟိဟိ

nayzawpine said...

သတင်းထက် ကွန်မန့်တွေက ပိုပြီးဖတ်ကောင်းသလိုလို......

မောင် said...

လာဘ်မပေးဘဲ ဓါတ်ပုံရိုက်လိုက်လို့ (မ)တရားသူကြီးတွေ စိတ်ကောက်သွားတာဖြစ်မှာပေါ့။

zay mg said...

ခက်တော့တာပဲ...တရားဥပဒေကို ခါးကြားထိုးပြီး
မေ့နေရောသလား။။။။လိုအပ်မှ သုံးနေကြတာ ဘယ်နေရာတွေထုတ်သုံးနေ
ကြတာလဲ ဒေါ်တရားသူကြီးတို.ရယ်...။။။

အညတြ said...

ဥပဒေ မေ့ကုန်ပြီ။
အာဏာချည်းဘဲသုံးရလို့။

honey said...

ဒေါ်ခင်သန့်စင်ဆိုတာဗိုလ်မှူးတယောက်ရဲ့မိန်းမ
တရားရုံးလာရင်ထေနေတာပဲ..
ဥပဒေကိုတက်လို့တရားသူကြီးဝင်လုပ်နေတာမဟုတ်။
ကိုယ်ပိုင်ကားနဲ့တရားရုံးလာရင်
မျက်နှာကထန်လွန်းလို့
မ၇မ်းကုန်းအမှုတခုမှာနိုင်ငံခြားသားတရားလိုတယောက်
တရားခွင်မှာစစ်ဆေးနေချိန်
ရှေ့နေမေးတဲ့မေးခွန်းကိုရေသန့်ဗူးထဲအရက်ထည့်ပြီးသောက်ရင်း
အစစ်ခံတာကိုမကန့်ကွက်ပဲခွင့်ပြုပေးတဲ့
တ၇ားသူကြီးမလေ..
နိုင်ငံခြားသားကိုရီးယားကလိန်ကကျစ်တွေ
ဗမာကိုလီဆယ်ပြီးအမှုဖွင့်တာကိုငွေစားပြီးကူညီပံ့ပိုးကြတဲ့
စီအိုင်တီ..တ၇ားသူကြီးများ..

ဦးဇောတိက said...

တရားရုံးက လူတွေက မတရားလုပ်နေတာကို ဘယ်သူက အရေးယူကြမှာလဲ

Powered by Blogger.