ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၂)

Update 6:08 PM
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲရုံစုစုပေါင်း ၃၆ ရုံရှိသည့်အနက် ၁၇ ရုံကို ရေတွက်ရာ NLD က ၁၆ ရုံတွင်အနိုင်ရ။

ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLD မှ ၇၀ % ဖြင့် အနိုင်ရရှိ


မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း မဲရုံအမှတ်(၂) ကန်တော်လေးတောင်ရပ်ကွက်တွင် မဲရေတွက်နေသည်ကို မဲရုံပြင်ပတွင် စောင့်ဆိုင်းနားထောင်နေသည့် ပရိသတ်။
NLD ရုံးရှေ့တွင် ရွေးကောက်ပွဲသတင်းအချက်အလက်များကို LED ဘုတ်ဖြင့်ပြသနေမှုကို ကြည့်ရှုနေကြသူများ။ (ဓာတ်ပုံ-အေးမြတ်သူ)
လားရှိုးမြို့နယ် ခလရ ၄၁ မှ ကြိုတင်မဲ ၁၅၅ မဲပါသော မဲပုံးမှာ ပွင့်နေသောကြောင့် NLD ပါတီမှ ကန့်ကွက်ရာ ပယ်မဲဖြစ်သွားကြောင်း သိရသည်။ ထို့ပြင် လားရှိုးးမြို့နယ်မှ ပညာတော်သင်မဲ ၁၉ မဲတွင် မဲလက်မှတ် နှစ်ဘက်စလုံးတွင် မဲရုံမှူးလက်မှတ်ပါနေသောကြောင့
် ပယ်မဲဖြစ်သွားသည်။
Update 5:45
စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်။
Update 5:48
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သော ဦးဇေယျာသော်က "အခြေအနေကောင်းနိုင်တယ်။ အတိအကျတော့ လက်ထဲမှာ စာရွက်တွေမရောက်လာသေးသည့်အတွက် မပြောနိုင်သေးဘူး" ဟု ပြောသည်။
 7Day News Journal
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၂) ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၂) Reviewed by သစ်ထူးလွင် on 18:14 Rating: 5

4 comments:

Myanmar said...

ကြံ့ဖွတ်ေ၇ မင်းတို့ အသာဒိုင်လျှိုနေလိုက်၇င် ပြည်သူက မင်းတို့ကို အကောင်းမြင်လာနိုင်သေးတယ်။ ။

ငြီမ်းသူ said...

ရင်ခုန်စွာ နှင့် စောင့်မျှော်နေပါသည် ၊ ရလဒ်များကို။ သစ်ထူးလွင်ကို ကျေးဇူးတင်ပါသည် ၊။

Han Gyi said...

ရလဒ်ကတော့ မျက်ရည်ဝေတယ်ဗျာ။ အပျော်မျက်ရည်ပေါ့ NLD ဘဲအပြတ်နိုင်ပါစေဗျာ

ayetaa said...

အရမ်းဝမ်းမြောက်မိပါတယ်သူတို့ဂတိတည်ပါစေ

Powered by Blogger.