TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား

၁၅ ဧပြီ ၂၀၁၂ ကော့သောင်း

                   တနင်္သာရီိတိုင်းဒေသကြီး၊ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ မလိဝန်းကျေးရွာတွင် (TZK) ကုမ္ပ ဏီသည် ရော်ဘာ စိုက်ပျိုးရေးကို မလိဝမ်းရေတံခွန် အထက်ပိုင်းတွင် ဧက(၇၀၀၀) စိုက်ပျိုးလျှက်ရှိပါသည်။

ယခုအခါ မလိဝမ်းကျေးရွာ အထက်ပိုင်းမလိဝမ်းရေတံခွန်သို့စီးဆင်းရာ စမ်းချောင်းတစ်လျှောက်တွင် ၄င်ကုမ္ပဏီမှ ၀န်ထမ်းများ နေရာများချထားပေးရာမှ ၀မ်ထမ်းများ၏ အညစ်ကျေးများ၊ အမိုက်များ၊ မစင်နှုင့် စွန့်ပစ်ပစ္စည်းများကို ရေတံခွန်သို့စီး ဆင်းရာ တောင်ကြစမ်းချောင်းအတွင်သို့စွန့်ပစ်ခြင်း၊ ပေါင်းသတ် ၊မျက်သတ်ဆေးများ သုးံစွဲရာမှ ရေတံခွန်အတွင်း   သို့စီးဆင်းခြင်း၊ သဘာဝပါတ်ဝမ်းကျင်နှင့် ရေအရင်းမြစ်ကို ထိမ်းသိမ်းပေးသော သစ်ပင်ကြီးများကို ခုတ်ထွင်ရှင်းလင်း ခြင်းမှ ရေတံခွန်သို့စီးဆင်းရာ စမ်းချောင်များခန်းခြောက်ခြင်း စသည့် နောက်ဆက်တွဲဆိုးကြီးများ ဆက်တိုက်ဖြစ်ပေါ် လာလျှက် ရှိပါသည်။
                  မလိဝမ်းရေတံခွန်သည် ကော့သောင်းမြို့နေပြည်သူများနှင့် ကော့သောင်းမြို့သို့ရောက်လာကြသော ပြည်တွင်း၊ပြည်ပဧည့်သည်များ လာရောက်အနားယူအပန်းဖြေရာ ကော့သောင်းမြို့၏ ထင်ရှားသောနေရာဖြစ်သည့်အ ပြင် မလိဝန်းရေတံခွန်မှ စီးဆင်းနေသည့်ရေကို တိုက်ရိုက်သုးံစွဲနေသည့် မလိဝမ်းမိဘမဲ့ဘုန်းတော်ကြီး ပညာသင်    ကျောင်း၊ မလိဝမ်းကွက်သစ်ကျေးရွာမှ အများပြည်သူများ တိုက်ရိုက်သုးံစွဲရာနေရာလည်း ဖြစ်ပါသည်။
                 ထို့ကြောင့် (TZK) ကုမ္ပဏီအနေဖြင့် လွတ်လပ်သော ဈေးကွက်စည်းပွားရေခေတ်ကြီးတွင် လွတ်လပ်စွာ စည်းပွားရှာဖွေသည်ကို မပြောလိုသောလည်း မိမိကုမ္ပဏီကြောင့် အများပြည်သူကို ထိခိုက်နစ်နာစေနိုင်သည့် လုတ် ဆောင်ချက်များကို ရှောင်ရှားသင့်ပြီး ကုမ္ပဏီ၏ စွန့်ပစ်ပစ္စည်းနှင့် အမိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ပေးပါရန် ကုမ္ပဏီတာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ဌာနအကြီးကဲများအား တင်ပြတောင်းဆိုအပ်ပါတယ်။

ကော့သောင်းမြို့ မှ ပေးစာ
မလိဝမ်းရေတံခွန်

ရေထုညစ်ညမ်းနေပုံ


TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား TZK ရာဘာကုမ္ပဏီကြောင့် မလိဝမ်းရေတံခွန်ညစ်နွမ်း မှုများဖြစ်ပွား Reviewed by သစ်ထူးလွင် on 18:18 Rating: 5

6 comments:

mmn said...

အင်မတန် စိုးရိမ်စရာကောင်းတဲ့ ဖျက်ဆီးမှု ဖြစ်ပါတယ်... ပုဂ္ဂလိက ကုမ္ပဏီိတွေကို လုပ်ကွက်ချပေးတယ်ဆိုရင်လဲ.. သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ အရင်းအမြစ်တွေ မဆုံးရှုံးရအောင် ဘယ်လိုနေရမယ်.. ဘယ်လိုကာကွယ်မှုမျိုးတွေ လုပ်ရမယ်ဆိုတာကို အရင်ဆုံး ညှိနှိုင်းပြီးမှ ချပေးသင့်ပါတယ်... သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ကုမ္ပဏီိ ဘက်က တာဝန်ခံများ သဘောတူ စာချုပ် (သို့မဟုတ်) ညွန်ကြားလွှာ များနဲ့ လုပ်ငန်းလုပ်ခွင့် ပြုသင့်ပါတယ်.. ချိုးဖေါက်မှုများရှိရင်လဲ တင်းတင်းကျပ်ကျပ် အရေးယူသင့်ပါတယ်.. သဘာ၀၀န်းကျင် ပျက်သွားရင် ပြန်အစားထိုးလို့ မရပါဘူး.. National Environment Agency လို အမြဲတမ်းစောင့်ကြည့်ပြီး... လာဘ်မစား ဘက်မလိုက်တဲ့ အဖွဲ့အစည်းမျိုးနဲ့ မြန်မာ့ ရေမြေတွေကို ထိန်းသိမ်းဖို့ အချိန်တန်ရုံမက လွန်နေပါပြီ.. အင်မတန်ရုပ်ဆိုးနေပြီဖြစ်တဲ့ မိုးကုတ်မြေ၊ ဖားကန့်မြေ၊ မိုင်းရှုးမြေ.. ကောလိုက်လာတဲ့ မြစ်ချောင်းတွေ.. အစိမ်းရောင် မရှိတော့တဲ့ တောင်တန်းကြီးတွေ.. ရှိသင့်တဲ့ ရေအရည်အသွေးအောက် အနုတ်လက္ခဏာပြနေတဲ့ မြစ်ကြီးတွေ.. ဒီရေတွေကို သောက်သုံးနေတဲ့ လူတွေ.. ဒီအတိုင်းလွတ်ထားရင် နောင် အနှစ် (၃၀) လောက်မှာ မြင်ရမဲ့ မြန်မာပြည်ဟာ တွေးကြည့်ရင်တောင် မမြင်ဝံ့စရာပါ.. ငယ်ငယ်တုန်းက မြင်ဖူး တွေ့ဖူးခဲ့တဲ့ စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေ.. ပြာလဲ့နေတဲ့ ရေပြင်ကြီးတွေ.. အခု တွေ့ကြသေးရဲ့လား.. အရမ်းနှမြောဖို့ကောင်းတယ်နော်..

soenge said...

ကော့သောင်းဆိုတာရေအလွန်ရှားပါးတဲ့နေရာပါဗျာ။ဒါလေးပဲရှိတာချမ်းသာပေးပါ။

max thai said...

သူများတွေကိုဘဲ မကောင်းပြောနေတယ်။ အဲဒီကုမ်ပဏီမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေကို ဘယ်သူတွေ ထမင်းကျွေးနေတာလဲ။ ကိုယ်ကမကျွေးနိုင်ဘဲနှင့် သူများကို မကောင်းပြောပါနဲ့။ သူများကို မကောင်းကြောင်းလျှောက်ပြောနေတာ အဲဒါ နိုင်ငံရေးလား။ ကိုယ်ကိုတိုင်ရောကောင်းရောလား။ ကော့သောင်း NLD တွေ ပါးစပ်က နိုင်ငံရေးအကြောင်းပြောပြီး အမြန်ရေယာဉ်ဆိပ် ၊ လေယာဉ်ကွင်းတွေမှာ လူထုတ်နေတာတော့ မတင်ဘူးလား။ တင်ချင်ရင် ဓါတ်ပုံတင်ပေးမယ်။ ကိုယ်ကိုတိုင် မကောင်းဘဲနဲ့ သူများကို မကောင်းပြောပါနဲ့။ ကော့သောင်းသားများ။

pyaponthu said...

စီမံကိန်းကိုလုပ်မယ့်သူတွေဟာ အလုပ်သမားတွေနေဘို့အိမ်၊အိမ်သာ၊ရေ၊မီးတို့ကိုစနစ်တကျဆောက်ပေသင့်တယ်။အဲ့ဒါကုမ္ပဏီက တာဝန်ရှိတယ်။အစိုးရကလည်းအလုပ်သမားတွေလိုအပ်ချက်တွေကိုစစ်ဆေးသင့်တယ်။ခုတော့ပတ်ဝန်းကျင်ပျက်စီးပြီး။ကုမ္ပဏီနဲ့အစိုးရတာဝန်မကင်းဘူး

Anonymous said...

အခုလို အကောင်းဘက်ကို ထောက်ပြတာကို တာဝန်ရှိသူတွေအနေနဲ့ အမြန်အရေးတယူဆောင်ရွက်သင့်ပါတယ်...

ခွပ်ဒေါင်း said...

- အထက်ပါပေးစာနှင့် ပက်သက်ပြီး ၀န်ထမ်းများ၏ အလုပ်ကိုင်ခွင့်လမ်းများ ပေါ်များလာအောင် ရင်းနှီးမြုတ်နှံပေးတဲ့ TZK ကုမ္ပဏီအား သိမ်းကြုးံပြီးမကောင်းပြောတယ် လို့ သဘောမပေါက်ပါ၊ ပြောလိုသည်မှာ ကိုယ့်အကြိုးစီးပွားကြောင့် အများပြည်သူနှင့် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် တင်ပြခြင်းသာဖြစ်သည်ဟုသဘောပေါက်မိပါသည်၊ NLD ကော့သောင်းမှ လူကုန်တားကိစ္စများပါဝင်ပက်သက်ခြင်းနှင့် တခြားသော အားနည်းချက်များရှိပါကလည်း လွတ်လပ်သော မီဒီယာခေတ်ကြီးတွင် တင်ပြထောက်ပြခွင့်ရှိသည်ဟု ယူဆပါတယ် ၊လုပ်စားနိုင်ငံရေးသမားများနှင့် စီပွားရေးသမားကြီးများ မိမိအကြိုးစီးပွားတစ်ခုတည်းသာ ကြည့်ပြီး အများပြည်သူ ဒုက္ခရောက်စေမည့် လုပ်ရပ်မျိုး ပြုလုပ်ခြင်းမှ ကင်းဝေးနိုင်ပါစေ။

Powered by Blogger.