အပစ်ရပ် SSPP/SSA အား အစိုးရတပ်ထိုးစစ်ဆင် ဒေသခံရာကျော်ထွက်ပြေးနေရ

ယခုနှစ်ဆန်းပိုင်းက အစိုးရနှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ခေါ်  SSA /SSPP အား အစိုးရတပ်က လိုက်လံတိုက်ခိုက်နေသောကြောင့် ဒေသခံလူထုရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။
အစိုးရစစ်တပ်
အစိုးရစစ်တပ်

“ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကတိုက်ပွဲတွေဖြစ်တယ်။ အခုထိလဲတိုက်ခိုက်မှု မကြာခဏဖြစ်နေတယ်။ ကျနော်သိတဲ့ စာရင်းအရဆို လူထု ၃၀၀ ထက်မနည်း တိမ်းရှောင်နေရတယ်” - ဟု သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် အမတ် စိုင်းဝင်းခိုင် က ပြောပါသည်။

မတ်ခ်ျ ၆ - ၈ ရက်နေ့အထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ၆ ရက်နေ့ ညနေ ၁၆:၃၀ နာရီအချိန် သိန္နီမြို့ ဟိုမင် ကောင်းလန်း ဘက် တိုက်ပွဲတွင် အစိုးရဘက် ၇ ဦးသေ ၇ ဦးဒဏ်ရာရရှိကြောင်း၊ ဟိုနောင် ကိန်းခမ်း တိုက်ပွဲတွင်မူ ည ၂၀:၀၀ နာရီတွင်ဖြစ်ပွားပြီး အစိုးရတပ်ဘက် ၁ ဦးသေ ၄ ဦးဒဏ်ရာရရှိကြောင်း၊ ထို့အတူ ယမန်နေ့ ည ၂၁:၀၀ - ၂၂:၀၀ နာရီအထိ ဟိုတုန့်၌ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရဘက် ၁၀ ဦးသေ ၂ ဦးဒဏ်ရာရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်တွင် မိမိကိုယ်မိမိခုခံ ကာကွယ်ခြင်းသာ ဖြစ်ပြီး အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက် ခြင်းဖြစ်သောကြောင့် တဦးသာ ဒဏ်ရာရှိကြောင်း နှစ်ဘက်နှင့် နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။

မတ်ခ်ျ ၂၃ - ၂၆ ရက် နေ့အထိ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း၌ ရောက်ရှိစခန်းချသော သျှမ်းတပ်ဖွဲ့အား အစိုးရတပ် မှ လိုက်လံတိုက်ခိုက်သောကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ တိုင် တိုက်ပွဲငယ်များ သေနတ်သံများ ကြားနေ ရကြောင်း၊   သိန္နီမြို့ အနောက်ဘက် ၄ မိုင်အကွာ မိုင်းယန်း ကျေးရွာ အုပ်စုမှ အိမ်ခြေ ၆၀ ကျော် လူဦးရေ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ရာမှာ ယနေ့တိုင်အိမ်မပြန်နိုင်သေးကြောင်း ဒေသခံများကပြောပါသည်။

“မိုင်းယန်းကနေထွက်ပြေးလာတဲ့ရွာသားအများစုက ဝမ့်နောင်၊ ဝိန်းနန်း၊ ပန် လော့ နဲ့  သိန္နီမြို့  ရပ်ကွက် ၄ ဘက်ခိုလှုံနေတယ်။ အများအားဖြင့် ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေဘဲ” - ဟု သိန္နီမြို့ခံတဦးက ပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ စကခ ၁ မှူး ဗိုလ်မှူးကြီးထွန်းထွန်းညီက - “ဘယ်သူကဘဲ ငြိမ်းချမ်းရေးလုပ်နေလုပ်နေ ငါထိန်းချုပ်တဲ့ဒေသအတွင်း လက်နက်ကိုင်တိုင်းသားတပ်ဖွဲ့ရှိနေရင်တော့ တိုက်ခိုက်ရှင်းလင်းရမှာဘဲ”- ကပြောကြောင်း၊ ထို့ အပြင် သိန္နီမြို့နယ် ဟိုတုန့်ကျေးရွာအုပ်စု နောင်ဇွမ်၊ နားကေးကျေးရွာမှ အိမ် ခြေ ၂၀၀ ခန့် လည်း လားရှိုး - သိန္နီလမ်း (မူစယ် - လားရှိုး - မန္တလေး ပြည်ထောင်စု လမ်းမ အရှေ့ ဘက်ခြမ်းရှိ ) နမ့်အွန် - ဇံလောဝ်း ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့ခိုင်းကြောင်း ကြားသိရပါသည်။

လက်ရှိတွင် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် စားဝတ်နေရေး ကူညီပံ့ပိုးပေးရန် ကျားဖြူပါတီ အနေ ဖြင့် ပြင်ဆင်နေကြောင်း၊ လွှတ်တော်အစည်းအဝေး ပြန်စပါက အဆိုပါကိစ္စအား လွှတ်တော်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျားဖြူအမတ် စိုင်းဝင်းခိုင်က ပြောပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှ ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ဂျန္နဝါရီလ ၂၈ ရက်က ပဏာမ အဆင့် အပစ်ရပ်ရေး အပါအဝင် ပြည်ထောင်စုအဆင့်ပါ သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
သျှမ်းသံတော်ဆင့်
အပစ်ရပ် SSPP/SSA အား အစိုးရတပ်ထိုးစစ်ဆင် ဒေသခံရာကျော်ထွက်ပြေးနေရ အပစ်ရပ် SSPP/SSA အား အစိုးရတပ်ထိုးစစ်ဆင် ဒေသခံရာကျော်ထွက်ပြေးနေရ Reviewed by သစ်ထူးလွင် on 08:55 Rating: 5

4 comments:

aungaung said...

အမှန်တကယ်ငြိမ်းချမ်ရေးဖော်ဆောင်နိုင်သူတွေဖြစ်ဖို့ လိုတယ်

မျိုးချစ်လူငယ် said...

နိုင်ငံလူကြီးတွေ လုပ်ပြီး အပြစ်အခတ်ရပ်စဲရေး လုပ်ထားတာတောင် ပစ်နေတုန်းပဲလား။
စစ်တပ်က အနိုင်ကျင့် ဗိုလ်ကျချင်နေတာလား။
သိန်းစိန်ဆိုတဲ့ဘဲကြီး ဒါကိုမသိလိုက်ဘူးထင်တယ်။ ကျွတ်..ကျွတ်..ကျွတ်
သမ္မတဆိုတဲ့ ရာထူးနဲ့လစာတွေ အဆမတန်ယူပြီး ဒါကိုတောင်မသိဘူးဆိုတော့ အင်း...BBC..VOA..RFA တွေကို နေ့တိုင်းနားထောင်ခိုင်းရမလိုပဲ။
ဘယ်သိမလဲ...သူအောက်ကကောင်တွေက ပုလင်းတူဘူးစို့ချင်း အတူတူမို့ တားလို့မရတာ ဖြစ်နေတာ။
မြန်မာတွေ အချင်းချင်း သတ်ဖြတ်နေတာ မမြင်တော့ဘူးကွာ။

shwe man thar said...

ကဲ။...ကျားဖြူအမတ်ကြီးေ၇။..

ဒါမျိုးမှလွှတ်တော်မတင်၇င်၇ှမ်းပြည်နယ်အတွက်ဘာသွားပြောကြမလဲ။..

ရှမ်းမြောက်မှာပြသနာတသိန်းလောက်၇ှိတာခင်ဗျားသိတယ်နော်။...

ဒါပေမဲ.လူထုအာ၇ုံစိုက်မိတာကိုအ၇င်အောင်မြင်အောင်လုပ်ပြမှလူထုက
တင်းပြည်.အမှတ်ပေးမှာ၊။

ako055ako said...

ငြိမ်းချမ်းရေးအတွက်ဘာမှအတည်ပြုချက်မရသေးဘဲနဲကိုနယ်မြေမှာကိုနေလေဘာလိုရန်စသိလိုသွားလုပ်နေတာလည်း

Powered by Blogger.