ဧပြီလ ၂၃ ရက် နေ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး မှ
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား လွှတ်တော်တွင်
အဆိုတင်သွင်းခဲ့ကြောင်း Messenger News Journal - facebook
စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား လွှတ်တော်တွင်
အဆိုတင်သွင်းခဲ့ကြောင်း Messenger News Journal - facebook
စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
NLD ပါတီမှ ဒေါက်တာမြတ်ဥာဏစိုး ကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူတွေ့ရစဉ်။ (ဓါတ်ပုံ-Messenger News Journal) |
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား NLD ပါတီမှ ကိုယ်စားလှယ် အဆိုတင်သွင်း
Reviewed by သစ်ထူးလွင်
on
09:44
Rating:
69 comments:
အဲဒီဖုန်းကိစ္စက နားလည်ပါးရိုက်လုပ်နေတဲ့ကိစ္စကြီးကို ဘာလဲဆင်းကတ်တစ်ကတ်ကို ၃၀၀တောင်မတန်ဘူး မတန်တာတော့သိတာပေါ့ ဒါပေမယ့် ဆက်သွယ်ရေးတာဝါတိုင်တွေ ကိုဘယ်သူအကုန်ကျခံပီးစိုက်ပေးမလဲ အန်ကယ်မြတ်ဥာဏစိုး
ကများအကုန်အကျခံပီးစိုက်ပေးမလား သူများနိုင်ငံမှာရတယ် သူများနိုင်ငံမှာရမှာ ပေါ့ သူတို့ဆီကအဆောက်အဦးတွေက အမြင့်ကြီးတွေလေ ဒီမှာရှိတဲ့အဆောင်အဦးက နိမ့်နိမ့်လေးတွေကိုဘယ်လိုတပ်မလဲ သူတို့လို သူတို့ကအဆောက်အဦးမြင့်မြင့်ရှိတဲ့နေရာတိုင်းမှာဆက်သွယ်ရေးတာဝါတွေတပ်ထားတာလေ သေချာလည်းပြန်တွေးကြည့်ပါအုံး ခုနှစ်သိန်းတန်ဖုန်းတွေတောင် တာဝါတွေထပ်ဆင်ပြီးမှရောင်းတာတောင်လိုင်းက ဒီလောက်ကျပ်နေတာ ၅၀၀၀တန်ဖုန်းတွေကအခုရှိတဲ့တာဝါတွေနဲ့ သုံးရင်ဖုန်းကိုဆက်ရတော့မှာမဟုတ်ဘူး စိတ်ညစ်စရာကြီး လုပ်လို့ရမှန်းတော့သိတယ် ၂၀၀၀၀၀ပေးနေရတာဆင်းကတ်ကြောင့်တော့မဟုတ်နိုင်ဘူး တာဝါတိုင်တွေစိုက်ရလို့နေမှာပါ စီးပွားရေးလုပ်ငန်းလုပ်နေတာပဲလေ သူတို့လည်း မြတ်ချင်မှာပေါ့ မြတ်အောင်တော့လုပ်မှာပေါ့ မျှမျှတတလေးတော့တွေးပေးသင့်တယ်ထင်တယ်နော်။
ဦးအောင်သိန်းလင်း တင်သွင်းမယ့် အဆိုကို NLD က အရင်တင်သွင်းလိုက်တယ်ပေါ့... ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်က အခုက အချိန်မမှီတော့လို့  ပြန်တက်ရမယ့် လွှတ်တော်ကျရင် ၅၀၀၀ကျပ်တန် ဖုန်းကိစ္စ အဆိုတင်သွင်းမယ် ပြောထားသလားလို့ ...
အခု ၂သိန်းတန်ဖုန်းတွေက ဈေးကောင်းနေတော့ မေ့နေတာထင်တယ်...ဟီးဟီး
အဆင်ပြေပါစေလို့ပဲ ဆုတောင်းပါတယ်။ ဒါမှ လူတိုင်းဖုန်းကိုင်နိုင်မှာ။
စီးပွားရေး တံခါးဖွင့်ဝါဒ အမှန်တကယ် ကျင့်သုံးနေပြီဆိုရင်တော့
ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးသင့်ပါတယ်။
အာဏာရှိသူနှင့် စီးပွားရေး ၀ိသမသမားတွေ ပေါင်းပြီး ပြည်သူကိုနှိပ်စက်နေတာတွေ အဆုံးသတ်ဖို့ အချိန်ရောက်ပါပြီ။
ဒီကောင်တွေ အရှက်မရှိလို့ မတန်မရာ ဈေးနှုန်းနဲ့ လုပ်စားနေကြတာပါ။
၎င်းအဆိုကို ပြည်သူတစ်ဦးအနေဖြင့် ထောက်ခံပါသည်။ အောင်မြင်ပါစေ။
အားပေးနေပါတယ်။ ပြည်သူတွေအတွက် ဘယ်သူတွေဘာလုပ်တယ်ဆိုတာ ပြည်သူသိနေပါတယ်။
ဒီကိစ္စကို ကန့်ကွက်သူတွေကသာ ပြည်သူ့သစ္စာဖောက်တွေဖြစ်ပါတယ်။ သူတို့ အကျိုးတစ်ခုကြည့်ပြီး ငတေမာရင် ဆိုတဲ့သူတွေကသာ ကန့်ကွက်ပြီးရင်း ကန့်ကွက်နေလိမ့်မယ်။
ကုမ္ပဏီက လူတွေ၊ MPT က လူတွေ နိုင်ငံတော် စရိတ်နဲ့ ဟိုတယ်မှာ အိပ်၊ ဟိုတယ်မှာ စား၊ အရက်သောက်၊ ဖာချ၊ ဂေါက်ရိုက်၊ အနှိပ်ခန်း သွားပြီး၊ လုပ်ခတွေကို မတန်တဆ တောင်းနေတာကို နိုင်ငံတော်က လူကြီးတွေက သိသိကြီးနဲ့ ထုတ်ပေးနေသ၍ ၅၀၀၀ိ/- တန်ဆိုတာ မမျှော်လင့်ကြပါနဲ့၊ MPT က လူကြီးတွေ လုပ်ခတွေ မတန်တဆ တောင်းထားတာတွေကို ထောက်ခံပေးထားတာကိုက တပည့်လိမ်မာ ဆရာ အာပတ်လွတ်ဆိုတာမျိုးပေါ့ ရှယ်ယာမရရင် ဘယ်ထောက်ခံပေးကြမလဲ၊ စဉ်းစားကြည့်ရုံနဲ့ ထမင်းစားသူတိုင်း သိတာဘဲ၊ ဒါနဲ့များ Infra တည်ဆောက်တာ ကြာသလေးပါသလေး အချိန်ယူရတယ်လို့ လာပြောနေသေးတယ်၊ MPT က လူတွေ တိုက်တွေ၊ ကားတွေ ၀ယ်တာ၊ ဟော်တယ်သွား ဖာချ၊ အနှိပ်ခန်းသွားတာ မသိဘူးများ ထင်နေကြသလား မသိဘူး
ပြည်သူအတွက်သက်သာရာအကြောင်းတစ်ခုတော့အဆိုတင်သွင်းလိုက်ပြီ၊လိမ်ပြီးနေရာအများစုကိုယူထားတဲ့သူတွေပြည်သူ့အတွက်ဘယ်လိုဆုံးဖြတ်ကြမလဲ၊စောင့်ကြည့်ကြရအောင်။(ဘယ်လိုဝေေ၀၀ါးဝါးနဲ့အချိန်ဆွဲထားမလဲဆိုတာ)
အင်မတန်မှ ကောင်းပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေ ရွေးကောက်တင်မြောက်လို့ လွှတ်တော်ထဲ ရောက်လာတာပါ။ လွှတ်တော်ထဲရောက်ပြီး ပြည်သူအကျိုး ဘာမှ မသယ်ပိုးနိုင်ရင်၊ မသယ်ပိုးတတ်ရင်၊ မသယ်ပိုးရဲရင်၊ မသယ်ပိုးချင်ရင် ပြည်သူအပေါ်ကို သစ္စာဖောက်ရာ ရောက်ပါတယ်။... တခြား လွှတ်တော် အမတ်များလည်း သတိချပ်စေလိုပါတယ်။
K5000 ဆိုတာဈေးကြီးနေပါသေးတယ်။ မလေးရှားမှာ DiGi, Hotlink, Celcom, U-Mobile, Tunetalk ဖုန်းကဒ်တွေတောင် တကဒ်ကို (၅) ရင်းဂစ် ကနေ (၈.၈၀) ရင်းဂစ် အထိပဲရြှိ့ပီးကဒ်တိုင်းမှာ (၅) ရင်းဂစ်ဝန်းကျင်ငွေပါပြီးသားပါ။ မလေးရှား (၁) ရင်းဂစ် ကို မြန်မာကျပ် (၂၆၅) ကျပ်ရှိပါတယ်။
လုပ်လိုက်ပါဗျာ...သူများနိုင်ငံတွေ မှာ..လူတိုင်းဖုန်းကိုင်နေကြတာ...မြန်မာဆက်သွယ်ရေးက လူကြီးများခင်ဗျာ..ခင်ဗျာတို့ လည်း အကြိုးရှိမှာပါ..ခင်ဗျာတို့  လုပ်တတ်မှာပါ...ဟုတ်တယ်ဟုတ်
သို့ မြေးလေးမျိုးချစ်
ဘကြီးစာရေးခဲ့တယ်၊ အဘကတော့တစ်သက်လုံး ဖုန်းဆိုတဲ့ဟာကြီး ဈေးကြီးလွန်းလို့ မကိုင်နိုင်ခဲ့ပါဘူးကွယ်၊ ခုတော့ ၅၀၀၀တန်ဖုန်း ဆိုပြီးတော့ ပြောနေကြတာပဲ ၊ ဘကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဘကြီးစောင့်နိုင်မယ်ထင်တော့ပါဘူးကွယ် ၊ အကယ်၍ပေါ့လေ၊ တကယ်လို့ပေါ့ ၊ ဘုရားသကြားမလို့ ၊ အဲ့သည့်ဟာကြီးများ တို့မြန်မာနိုင်ငံကြီးမှာ သုံးလို့ရတဲ့အချိန်ကြရင် ၊ ရွာဦးကျောင်းက ဘဘုန်းကြီးကို တစ်လုံးဝယ်လှူပြီး ဘကြီးအတွက် အမျှဝေလိုက်ပါကွယ်၊ ဘကြီး တမလွန်ကသာဓုခေါ်နေမှာပါ၊
မင်းဘကြီး
ကောင်းပါတယ်၊ တစ်မျိုးသားလုံး မျှော်လင့်နေပါတယ်
၅၀၀၀တန်ဖုံးမြန်မြန်ဖြစ်ပါစေ။
ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့အတိုင်း
ပြည်သူလူထုအားလုံးကိုယ်စား
တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့
လိုအပ်ချက်တွေ လွဲချော်နေတာတွေ
နှောက်နှေးနေတာတွေ မတရားမှု့တွေ
ပျော့ကွက်ဟာကွက် အားနည်းချက်တွေ စသဖြင့်
တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက်
ထောက်ပြဝေဖန် တင်ပြရဲတဲ့ သတ္တိတွေရှိဖို့လိုပါတယ်
အဲဒီလိုသတ္တိမျိုးတွေရှိမှ လွှတ်တော်ထဲဝင်ထိုင်ကြပါ
ထုပ်ပေသင့်တာပေါ့......ဘာလိုလဲဆိုတော့လူတန်းစေ့ဖုန်းကိုနိုင်တော့လုပ်
ငန်းတွေမှာအဆင်ပြေတာပေါ့.......
ကုမ္ပဏီက လူတွေ၊ MPT က လူတွေ နိုင်ငံတော် စရိတ်နဲ့ လေယာဉ်စီး။ ကားစီး။ ဟိုတယ်အိပ်၊ ဟိုတယ်စား၊ ဂေါက်ရိုက်၊ အရက်သောက်၊ ဖာချ၊ အနှိပ်ခန်းသွား၊ ကာရာအိုကေသွားပြီးလုပ်ခတွေ မတန်တဆ တောင်းနေသ၍ MPT က လူကြီးတွေ မသိချင်ယောင်ပြီး တပည့်တွေကို ပံ့ပိုးပေးထားပြီး ရှယ်ယာတောင်းနေသ၍ ၅၀၀၀ိ/တန်ဆိုတာကို မမျှော်လင့်ပါနဲ့၊ MPT က လူတွေ (၅)နှစ် စီမံကိန်းနဲ့ ဘယ်လောက် ကောင်းစားသွားသလဲ ဆိုတာကို စီမံကိန်း လုပ်နေတဲ့သူတွေ သွားကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်
ထုပ်ပေသင့်တာပေါ့......ဘာလိုလဲဆိုတော့လူတန်းစေ့ဖုန်းကိုနိုင်တော့လုပ်
ငန်းတွေမှာအဆင်ပြေတာပေါ့.......
်Good! သိပ်ကေါင်းတဲ့ အစီအစဉ်ပါ။ ကျေးဇူးတင်ပါတယ် ဒေါက်တာမြတ်
ဥာဏ်နစိုးခင်ဗျား...ထောက်ခံပါတယ်။ လူထုကိုယ်စားလှယ်ဆိုတာ အဲဒါပါပဲ။
တခြား အာဏာရပါတီမှ လုပ်ပိုင်ခွင့်ရ လူထုကိုယ်စားလှယ်ကြီးများ အဲဒါမျိုး
တွေလူထုက လိုအပ်ပါတယ် မသိမှာစိုးလို့ ပြောပြရင်း ဒေါက်တာမြတ်ဥာဏ်န
စိုးရဲ့ အဆိုကို ပြည်သူတစ်ယောက်အနေနဲ့  ထောက်ခံကြောင်းတင်ပြပါတယ်။
ကျနော် တာမွေသား ပါ လို့ ......
သူတောင်းစားတွေဖုန်းေ၇ာင်းလို.မကုန်ခင်မြန်မြန်ပြော...
ဒေါက်တာမြတ်ဥာဏစိုးက ဘာလိုလုပ် NLD ဖြစ်သွားတာလဲ။
တပ်တွင်းက လူသတ်သမားတွေ က ဘာအဆင့်ရှိလို့ ဒီလွှတ်တော်ထဲမှာ ၀င်နေရတာလဲဗျာ။
စစ်တပ်က နိုင်ငံကိုထိပါး မှ သုံးရမှာမဟုတ်လား။
ဘာမှ နိုင်ငံမှာ သုံးလို့ရမှာမဟုတ်ဘူး။
ကောင်းတာပေါ့......လူတွေအာလုံအဆင်ပြေသွာတာပေါ့
ဒေါက်တာမြတ်ဥာဏစိုးက ကျွန်တော်သိသလောက် NDF ကပါဗျာ
အောင်မြင်ပါစေလို့မျှော်လင့်ပါတယ် တကယ်တမ်းတော့လွယ်တဲ့ကိစ္စကိုခက်အောင်လုပ်နေကြလို့ပါ ပြည်သူတွေအဆင်ပြေအောင်လုပ်နေကြတာပဲ လိုက်လျှောသင့်ပါတယ်။
အောင်မြင်ပါစေလို့မျှော်လင့်ပါတယ် တကယ်တမ်းတော့လွယ်တဲ့ကိစ္စကိုခက်အောင်လုပ်နေကြလို့ပါ ပြည်သူတွေအဆင်ပြေအောင်လုပ်နေကြတာပဲ လိုက်လျှောသင့်ပါတယ်။
၅၀၀၀ ထောင်တန်ဖုံးမြန်မြန်ရောင်းပေးပါဗျို.။
လူတန်းစားမရွေးကိုင်နိုင်အောင် ၅၀၀၀ထောင်တန်ဖုံးမြန်မြန်ရောင်းပေးစေချင်တယ်။
၅၀၀၀တောင်တန်ဖုံးများမြန်မြန်ရောင်းပေးပါ။
အမတ်ဆိုတာသည်လိုမှပေါ့ဗျ။ ဘယ်နှယ် အချို့အမတ်များ ထောက်ပံ့ကြေးဘယ်လောက်ပေးမှာလည်းတို့၊ကားက ဘယ်လောက်တန် ပေးတာလည်းတို့လောက်သာ စုံစမ်းသွားတယ်လို့ ပြောသံကြားရဲ့။ ပြည်သူအတွက် ငါ-ဘာတွေလုပ်ပေးမယ်။ပြောပေးမယ်.ဆိုတာကိုလည်း တွေး၊ပြော၊ပြု လုပ်နေ နိုင်ရမှာပေါ့။
လေးစားပါတယ် ကိုမြတ်ညာဏစိုးခင်ဗျား..။
ညီလေးDr
မင်းတို့လိုလူတော်တွေနိုင်ငံတော်အတွက်အလုပ်နေတြတယ်။အများစုက တစ်လုံး။နှစ်လုံး။သုံးလုံးနဲ့အချိန်တွေကုန်နေကြတယ်။အနာဂတ်အတွက်ရင်
လေးမိတယ်။ငါးထောင်တန်ဖုန်းကတော့အိပ်မက်လို့သတ်မှတ်ထားတယ်
ငါ့ညီတင်ပေးတာကျေးဇူးတင်တယ်။ မင်းစိုး
ကိုယ်နဲ့ အိမ်နီးနားချင်းနိုင်ငံတွေမှာတောင် လူအများစု ဖုန်းကိုင်နိုင်နေကြပြီ။ ကိုယ့်နိုင်ငံက အနည်းစုပဲ ကိုင်နိုင်သေးတယ်။ ရှက်တတ်ရင် အစိုးရအနေနဲ့ ရှက်စရာ ကောင်းတဲ့ ကိစ္စ။ ဘာမှ အကြောင်းပြမနေနဲ့ပါနဲ့။ အစိုးရတစ်ခု အနေနဲ့ ဒါဟာ ခက်ခဲတဲ့ ကိစ္စရယ်လို့ မမြင်မိပါဘူး။ ပြည်သူအပေါ် တကယ်စေတနာ ရှိတယ်ဆိုရင် ချက်ချင်း အကောင်ထည်ဖော်လို့ရတဲ့ ကိစ္စပါ။ ဒါကို လွှတ်တော်ထဲမှာ တကူးတက ဆွေးနေရတယ်ဆိုတော့ သူများနိုင်ငံက လွှတ်တော်အမတ်တွေက ဒါမျိုးကြားရရင် ဟားတိုက်နေမှာတောင် မြင်မိတယ်။ ဘာပြေြာေ့ပာ ဒေါက်တာ မြတ်ဥာဏစိုး ကို ကျေးဇူးပါ။
ဒေါက်တာမြတ်ဥာဏစိုးက ဘာလိုလုပ် NLD ဖြစ်သွားတာလဲ။
ဒီကောင်တွေ အရှက်မရှိလို့ မတန်မရာ ဈေးနှုန်းနဲ့ လုပ်စားနေကြတာပါ။
ဝယ်လိုအားနည်းလာလျှင် အလိုအလျောက် ၂ သိန်းတန်ဖုန်း ကနေ အလကားပေးရတဲ့ အဆင့်ချက်ချင်းရောက်လာမှာပါ လတ်တလော Demand များနေပေမဲ့ မြန်မာပြည်မှာ average လူတစ်ဦးစီဝင်ငွေမှာ ၂ သိန်း(ဖုန်းတန်ဘိုး) နှင့် လစဉ်ပေးရမည့် ဖုန်း Bill ၅၀၀၀-၁၀၀၀၀ ကျပ် ခန့် မရှိနိုင်သည့်အတွက် မကြာမီ ၀ယ်လိုအားလျော့နည်း လာပေလိမ့်မည် ထိုအချိန်တွင် ဖုန်းတန်ဘိုးလျော့ကျလာမည်မှာ အသေအခြာပင်ဖြစ်သည်...
ကြံ့ဖွတ်အောင်သိန်းလင်းကကြားဖြတ်ရွေး
ကောက်ပွဲမတိုင်မီက ၅၀၀၀တန်ဖုံးကိုမဲဆွယ်
တဲအနေနဲ လွတ်တော်ကိုတင်ပြပေးမယ်ဆိုပြီး
လိမ်ညာသွားတယ် ။လွှတ်တော်ပြန်စတောဘာမှ
မပြောတောဘူး ။ဒေါက်တာမြတ်ဉာဏစီုးက
ပြည်သူအကျိုးအမှန်သယ်ပိုးမဲပါတီထဲရောက်
သွားတောချက်ချင်းလွှတ်တော်ကိုတင်ပြလိုက်
တယ်အဲဒါဘဲ တိုင်းပြည်နဲပြည်သူအကျိုးအမှန်
ဆောင်ရွက်မဲပါတီနဲလွှတ်တော်ကိုယ်စားလှည်
တွေပါဘဲ။ဗေဒင်မေးစရာမလိုပါဘူး။
အစိုးရမလုပ်နိုင်တာသေချာတယ်။ဒါကြောင့်မြန်မာနိုင်ငံ အဆင်းရဲဆုံးဖြစ်နေတာ။လုပ်နိုင်တဲ့ပုဂ္ဂလိကတွေကိုပေးလုပ်လိုက်ပေါ့။မလုပ်နိုင်ဘူးဆိုတာ ပညာရှင်တွေတော့မပြောပါဘူး။အစိုးရချည်းဘဲနေရာတကာပါစရာမလိုပါဘူး။ပြင်ပမှာ ပညာရှင်တွေနေရာပေးပါ။သူတို့လုပ်ပါလိမ့်မယ်။
ညီလေးDr
မင်းတို့လိုလူတော်တွေနိုင်ငံတော်အတွက်အလုပ်နေတြတယ်။အများစုက တစ်လုံး။နှစ်လုံး။သုံးလုံးနဲ့အချိန်တွေကုန်နေကြတယ်။အနာဂတ်အတွက်ရင်
လေးမိတယ်။ငါးထောင်တန်ဖုန်းကတော့အိပ်မက်လို့သတ်မှတ်ထားတယ်
ငါ့ညီတင်ပေးတာကျေးဇူးတင်တယ်။ OK မင်းဆိုး...ကိုလည်းစုံစမ်းပြီးပြီ ဘာလုပ်သင့်လည်းဆိုတာကိုတွေးပြီးပြီ......ညီအနေနဲ့ဖြစ်အောင်လုပ်ဖို့စိတ်ကူးပါ။ဘာလုပ်ရမလဲဆို.....ဘယ်သူ့မှ့အကျိုးအမြတ်မယူခင်...ဘာပြောမလဲစောင့်ကြည့်ရမှာပေါ့....ကိုယ့်ရီရွယ်ချက်ဘာလုပ်မလဲဆိုတာကို...စိတ်ရှည်သီခံလမ်းကြောင်းမှန်မောင်းမော်တော်ကား(သို့)လုပ်ရန်နိုင်ငံရေးဆိုတာမေ့နေပြီလား...ကိုလည်းပါဝင်မယ်နော်...ok..
အခြားနိုင်ငံတွေမှာဆိုရင် ဖုန်းဟာ လမ်းဘေးသူတောင်စားတောင်(ကိုင်တောင်မကိုင်ချင်တော့ဘူး)။
အခု မြန်မာနိုင်ငံမှာတော့ ဖုန်းဟာ ဂုဏ်တစ်ခုလိုဖြစ်နေတာဟာ (မိမိနိုင်ငံဟာ
ဘာလောက်တိုးတက်နေတယ်ဆိုတာ)ဖော်ပြနေတယ်။အရမ်းရှက်မိတယ်
အမိနိုင်ငံလေးကို၊ဒါကြောင့် အမိနိုင်ငံလေး ဂုဏ်ယူဝင့်ကြွားနိုင်အောင် 5000KS ဖုန်းစိမံကိန်းကြီးအကောင်အထည်အမြန်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ဒေါက်တာဦးမြတ်ဥာဏစိုး။
MPT ကိုဝေဖန်နေသူတွေ ကိုယ်တိုင်ရော တိုင်းပြည်အတွက်ဘာလုပ်ပေးပြီးပြီလဲ။
မင်းပဲနားလည်ပေးတော့အီမ်မဲကစောက်ရူးရေ
မေးသူကတော့ ပြည်သူ့မျက်နှာကြည့်ပြီး မေးတယ်၊ ဖြေသူကတော့ ဒီဓါတ်ပြားဟောင်းပဲပြန်ဖွင့်သွာတယ်၊ဒီတစ်သက်ရပါ့ဦးမလား
ဒါဟာလုပ်သင့်တဲ့ကိစ္စပါတကယ်တော့ရင်းနှိးမြုပ်နှ့မှု့ကတစ်ကြိမ်ပဲးလုပ်ရမှာပါနောက်ဆက်တွဲးအကြိုးအမြတ်တွေကဖုန်းကိုင်ဆောင်သူများရင်များသလောက်အကျိုးအမြတ်ရှိမယ့်ကိစ္စပဲးဒိလိုမျိုးလုပ်ငန်းတွေဆိုရင်အစုရှယ်ယာတွေထားပြိးလူအများရင်းနှိးမြုပ်နှံထားဖို့ကောင်းတာပေါ့ဒါမှကျွန်တော်တို့ငွေတွေဟာအကျိုးရှိတဲ့လုပ်ငန်းတွေမှာရင်းနှိးမြုပ်နှံခွင့်ရပြိးကျွန်တော်တို့ပြည်သူတွေအကျိုးရှိလာမှာပါ။
မြန်လုပ်နိုင်လေ ပြည်သူတွေ စိတ်ချမ်းသာလေလေ .. ပေါ့ .. ကောင်းပါတယ် တာဝန်ရှိသူများ အမြန်ဆောင်ရွက်ပေးပါခင်ဗျာ..
အဆိုတင်မနေပါနဲ.တော. ၊ ဦးသိန်းစိန်နဲ. အဖွဲ.က အချီကြီး ယူထားပြီးသား ....... ၊
အီမ်မဲကညီလေးရေ ၁၀ လုံးကို ၁၀၀ ဆိုရင်၁လုံးကို ၁၀ ကောက်ပြီး ပြည်သူပိုက်ဆံ နဲုဆောက်သွားတာကွ အခြားနိုင်ငံမှာသူတို.အကုန်စိုက်ပြီး simcardကုန်ကျစရိတ်နဲ. bill အမြတ်ပဲယူတာ ဒိမှာက ငါးကြင်းဆီနဲ.ငါးကြင်းပြန်ကြော် ထားတာ နည်းနည်းစဉ်းစားကြည်.ပေါ.ငါညီရာ။
အိမ်မဲသား.. မသိလို့လား၊ သိသိကြီးနဲ့ လာဖွတာလား။ နည်းပညာခေတ်ကြီးမှာ နည်းပညာအကြောင်း ဘာမှနားမလည်ဘဲ ဇွတ်ကြီးကာကွယ် ပြောနေတဲ့ MPT က ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေရဲ့ လေသံအတိုင်း လာမအာနေပါနဲ့.. အဲဒီတာဝါတိုင်တွေ ရှိမှ အလုပ်လုပ်လို့ရတာ မဟုတ်ပါဘူး။ အခု စမတ်ဖုန်းတိုင်းမှာ သုံးနေတဲ့ individual GPS တွေက ဘယ်တာဝါတိုင်ကိုမှာ အားကိုးပြီး အသုံးပြုနေတာမဟုတ်ဘူး။ အားလုံးဟာ satellite base တွေကြီးပဲ။ နည်းပညာ၊ အဆက်အသွယ်နဲ့ ကာလရှည် ရင်းနှီးမြှုပ်နှံနိုင်မှု တွေပဲလိုပါတယ်။ အလားတူ တခြားတခြားသော အဆင့်မြင့် နည်းပညာတွေ အများကြီး ရှိပါတယ်။ တိုင်းပြည်အတွက် တကယ်စေတနာရှိရင် မဖြစ်မနေ လိုအပ်ရင် လက်ရှိထောင်ထားပြီးသား တာဝါတိုင်တွေကို ဝေမျှသုံးစွဲလို့ ရနိုင်တာပဲ။ တာဝါတိုင်တစ်တိုင်မှာ ထပ်ဆင့်လွှင့်တဲ့ repeater transmitorလို.. စလောင်းလိုဟာမျိုးတွေ တစ်ခုမက တပ်ပြီး အသုံးပြုလို့ရနိုင်တာပဲ။ အခု ဖုန်းတစ်လုံးကို နှစ်သိန်းကျော်နဲ့ ရောင်းနေတာလည်း တိုင်းပြည်ကို စေတနာရှိလို့မှ မဟုတ်တာ။ ၅ထောင်တန်ဖုန်းက သီးသန့်နည်းပညာနဲ့ ပေါ်လာရင် အခုလက်ရှိဖုန်းတွေကိုင်ထားသူရော မကိုင်ရသေးသူတွေပါ ထပ်ပြီး ၀ယ်ကိုင်ကြဦးမှာပဲ။ အခု မြန်မာနိုင်ငံမှာ လက်ရှိသုံးနေတဲ့ mpt ရဲ့ နက်ဝပ်ခ်ကို မသုံးပဲ မချိပ်ဆက်ပဲ.. တနည်းအားဖြင့် အဲဒီဖုန်းတွေနဲ့ အဆက်အသွယ်လုပ်လို့မရလည်း ကိစ္စမရှိပါဘူး။ ၅ထောင်တန် အချင်းချင်း အဆက်အသွယ်လုပ်လို့ရရင် အိုကေပြီလေ။ ဒါလည်း mptက သတင်းစာရှင်းလင်းပွဲမှာ ၅ထောင်ဖုန်း ပေါ်လာရင်လည်း အခုလက်ရှိ ဖုန်းတွေနဲ့ ချိန်ဆက်လို့ မရနိုင်ဘူးဆိုလို့ ပြောလို့ပါ။ တကယ်တမ်းမှာ အင်တာနက်ကနေ လက်ကိုင်ဖုန်း၊ ကြိုးဖုန်း၊ ရေဒီယိုဖုန်း စသဖြင့် ရှိသမျှ ဟာတွေအားလုံးကို basic format မတူပေမယ့် အပြန်အလှန် ချိန်ဆက်လို့ရနေတဲ့ နည်းပညာခေတ်ကြီးမှာ သူမို့လို့ အရှက်မရှိ ပြောရဲတာပါဗျာ။ ၅ထောင်ဖုန်း တကယ်ရရင် မြန်မာပြည်မှာ လူသန်း၆၀ရှိရင် ဖုန်းအလုံးသန်း၁၂၀လောက် ရောင်းရလိမ့်မယ်။ ဗိုက်ထဲက ကလေးအတွက်တောင် ကြိုပြီးဖုန်းဝယ်ချင်ဝယ်ထားကြဦးမယ်။ အဲဒီအခါကြရင် ဖုန်းပြောခနဲ့တင် ၀င်ငွေက မမျှော်မှန်းနိုင်ဘူး။ လက်ရှိသုံးနေတဲ့ ဖုန်းတွေ အပြောနည်းသွားလို့ ဖုန်းပြောခမရတော့ပဲ သူတို့တွေ ခွက်ပျောက်သွားမှာကို စိုးရိမ်ပြီး ဒီစီမံကိန်း မဖြစ်အောင်၊ ပျက်အောင်ဝိုင်းပြီး အာ..နေကြတာဖြစ်တယ်။ အရင်တုန်းက ဖုန်းတစ်လုံး သိန်း ၅၀ က ပြဿနာမရှိဘူး။ သူဌေးတွေ အိပ်ထဲက ပိုက်ဆံကို ညာယူတာ။ အခုယူတဲ့ နှစ်သိန်းက လူလတ်တန်းစားနဲ့ အခြေခံအလွှာလူထုတဲက ရှိစုမဲ့စု ငွေကို အနုနည်းနည်းနဲ့ ဓမြတိုက် ညစ်ယူတာ။ ဒါမျိုးက တိုင်းပြည်အပေါ် စေတနာ ရှိရင် လုံးဝမလုပ်သင့်တဲ့ကိစ္စ။
တာဝါတိုင်ထောင်တာ လောက်ကို အရင်းကြေဖို့က ဆင်မ်ကဒ်ကို အခုလောက်ဈေးတင် ရောင်းစရာမလိုပါဘူး အိမ်မဲသားရာ။ ဖုန်းခ ကောက်ခံငွေနဲ့တင် ကာလတိုအတွင်း အရင်းကြေပါတယ်။ ဒီကြားထဲ အင်တာနက် အသုံးပြုခဆိုပြီး နည်းအမျိုးမျိုးနဲ့ ငွေကိုညှစ်ယူသေးတယ်။ Hand Set ၀ယ်မှ sim ကိုရောင်းမယ်ဆိုတာမျိုးလည်း ပါသေးတယ်။ အနီးစပ်ဆုံး နှိုင်းယှဉ်ရရင် မလေး၊ စင်္ကာပူ၊ အိန္ဒိယစတဲ့ အိမ်နီးခြင်းနိုင်ငံတွေမှာ ဒီလို hand phoneတွေ ကနဦးစတင် တပ်ဆင်တုန်းကလည်း ဖုန်းတစ်လုံးရဲ့ တန်ဖိုးက ဒီလောက်ကြီးမြင့်တက်မနေပါဘူး။ အသေအချာ ပြောချင်တာက နည်းပညာခေတ်မှာ ခေတ်မမီတဲ့အတွေးအခေါ်တွေနဲ့ အကြောင်းပြပြီး တိုင်းပြည်အပေါ် ညာမနေပါနဲ့။ အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေ ညှိပြီး ရိုက်စားလုပ်တဲ့ခွင်ကို ခင်ဗျားက ၀င်ပြီးကာဗာ လုပ်မနေစမ်းပါနဲ့ဗျာ။ သူတို့က မရှုံးပါဘူး။ တစ်ခါတည်းနဲ့ ဆယ်သက်စားမကုန်အောင် မတန်မဆ အမြတ်ရဖို့ လုပ်နေကြတာ အိမ်မဲသား နားလည်ထားပါ။ နောက်ဆုံး သူတို့ဒီကိစ္စမှာ အရှုံးပေါ်သွားဦးဗျာ..ကမ္ဘာအဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မြန်မာ့မြေ/လေ/ရေကို အသုံးပြု အမြတ်ထုတ်ပြီး ပုဂ္ဂလိက လေယာဉ်လိုင်းလိုဟာတွေတောင် ထောင်နိုင်လောက်အောင် ချမ်းသာနေတဲ့ အလွှာ၊ အသိုင်းအ၀ိုင်းက လူတွေပါဗျာ။ ကိုယ့်နိုင်ငံ လူမျိုးအတွက် ဒီလောက်လေးတော့ ပြန်ပြီး ကျေးဇူးပြုပေးဆပ်သင့်ပါတယ်။ ဒါ..ဥပမာအဖြစ် ပြောတာ၊ သူတို့မရှုံးပါဘူး။ အဲဒီလူတွေက ပိုင်မှခြင်ရိုက်တဲ့လူစားတွေပါ။ ခင်ဗျားလည်း သူတို့ရဲ့ လုပ်ရပ်ကို အားပေးထောက်ခံတဲ့လူမို့ ဒီလိုကာကွယ်ပြောနေတာ သိတယ်။ သဘောထား ကွဲလွဲခွင့်ရှိတယ်။ ဒါပေမယ့် ပြည်သူလူထုကို အားနာတတ်ရင် ဒီလိုဝင်မပြောသင့်ဘူး...။
ဒေါက်တာမြတ်ဥာဏစိုးက nldကပါ ... ndfကထွက်တာပဲကြာလှဘီ..သူအစကပြောတဲ့ nldမှတ်ပုံတင်ရင်ပြန်ဝင်မယ်ဆိုတဲ့အတိုင်းပြန်ဝင်တာပါ ..ndfမကောင်းလို့တော့မဟုတ်ပါဘူး ..မိခင်အဖွဲ့အစည်းဆီပြန်သွားတာပေါ့
ကောင်းပါတယ် ၅၀၀၀ တန်ချပေးမယ်ဆိုတဲ့သတင်း က ထွက်နေတာ ကြာပြီ ..ဒါပေမဲ့ သိပ်တော့ မ၀ါကြနှင့် ဗျာ .. သိပ်ရှက်စရာကောင်းတယ် .. သူများနိုင်ငံမှာ အလကားပေးနေတာ . ကိုနိုင်ငံ ဆင်းရဲတာ ကို ကမ္ဘာသိအောင် ကြော်ငြာနေတာနှင့်တူတယ် ..အမြန်လုပ်ဆောင်ပေးနိုင်ပါစေလို့ .. ပြည်သူတွေ ကိုယ်စား တောင်းဆိုပါတယ် .. ပြီးတော့ သမ္မတ ကြီး ပြည်သူကို ဘယ်လောက်ထိချစ်တယ်ဆိုတာ ..ဒီတစ်ခါ သိရမှာပဲလေ....... မဟုတ်ဘူးလား
N.L.Dညွန်ကြားချက်အရလွတ်တော်
တက်တာလားသိချင်ပါတယ်။
အိမ်မဲသားကလည်းမိချောင်းမင်းရေခင်းပြတာ
သေချာလည်းလေ့လာပြီးပြောပါ။
တက်ယောင်ဝါးနဲ့ဘာတွေရှုံးနေလို့လဲ။ရှုံးတယ်
ထင်ရင်နင့်အိတ်ထဲကစိုက်ပေးလိုက်။
ဗမာလူမျိုးတဲ့မှတ်ထားကိုယ့်မျိုးကိုယ်ချစ်
ကိုယ့်အတွက်ပဲကိုယ်သိတဲ့လူတန်းစားတွေ
စေတနာထားတက်သူတွေဆိုဗမာပြည်ခုလောက်ဆိုလန်းနေပြီ။
အဆင်းရဲဆုံးတိုင်းပြည်
အုပ်ချုပ်သူနဲ့အခွင့်ထူးခံလူတန်းစားတွေကတော့
သန်းကြွယ်သူဌေးတွေဖြစ်နေပြီ။
ပြောအုံးမယ်လေသူတို့ချမ်းသာတာကိုမနာလိုဘူးတဲ့။
အရည်အချင်းရှိလို့အလုပ်ကြိုးစားပြီး
ချမ်းသာတာမှမဟုတ်ကြတာ။
တိုင်းပြည်ကိုထင်သလိုအသုံးချ
ပြည်သူပိုင်များကိုအလွဲသုံးစားလုပ်ပြီး
ပြည်သူတွေဘ၀ကိုနင်းလျှောက်ပြီး
ချမ်းသာနေကြတာ..
အရည်အချင်းစစ်တွေနဲ့တကယ်ကြိုးစားသူတွေမဟုတ်။
ကိုကျော်စိုးသူရေ ကျွန်တော်တို့နိုင်ငံကို ဆင်းရဲတယ်လို့မပြောနဲ့ဗျ တော်တော်လေးကိုချမ်းသာကြတာ ချမ်းသာလို့လဲ လူများနိုင်ငံတွေမှာ အလကားနီးပါးရနေတဲ့ ဖုန်းလိုင်းကို ဒီမှာ သိန်းနဲ့ချီပေးပြီးဝယ်ကိုင်နေကြတာပေါ့ဗျ ဟုတ်ဘူးလား.....ဒီလောက်လူချမ်းသာတွေပေါနေတာကို...သမ္မတကြီးကလည်း ပြည်သူတွေကိုသိပ်ချစ်တာပေါ့ ဒါကြောင့် ပြည်သူတွေကိုတန်ဖိုးထားတဲ့နေနဲ့ ဖုန်းကိုလည်း တန်ဖိုးကြီးကြီးနဲ့ရောင်းပေးတာပေါ့ဗျ...
ဒို့ကတော့...ဒို့ကတော့...ဒို့ကတော့...
ဘာပဲပြောပြော ၅၀၀၀တန်ပေါ်ရင် ဖုန်းကိုင်ရတော့မယ်။အခုတော့ဝေးနေပါတယ်။
အော် အိမ်မဲသား အသိညာဏ်ကတိမ်သေး အတွေးအခေါ်ကမရှိ မဖြစ်နိုင်ဝူးဆိုတာ အရင်ပြောတယ် ပညာရောတတ်ရဲ့လား ဒီကိစ္စတွေက ဒီခောတ် ၆တန်း၇တန်း ခလေးသွားမေး ရင်တောင်သိတယ်... ဒို့နိုင်ငံမှာ မင်းလိုလူမျိုးတော်တော်များ လွတ်တော်ထဲရောက်နေတယ် အခုလူတော်တွေရောက်လာတော့ မင်းတို့ညာဏ်လောက်နဲ့ဘယ်မှီမလဲကွ..ဟိဟိ
ဘလက် ဟောက်စ်( အိမ်မဲ) က ကောင်လေးရေ- ကမ္ဘာကြီးတခုလုံးကို မကြည့်နဲ့ ဦး- ပထမဆုံး အိမ်နီးခြင်း နိုင်ငံတွေဖြစ်တဲ့ ယခင်က မြန်မာနိုင်ငံအောက် နိမ့်ကျတဲ့ လော- ကမ္ဘောဒီးယား- ဘင်္ဂလားဒေးရှ် နိုင်ငံသားတွေ ရဲ့  ဆက်သွယ်ရေး အခြေအနေကို လေ့လာဦးကွ။
နိုင်ငံတကာမှ ဖုန်းခတွေ ဈေးမကြီးဘူး၊လူတိုင်းသုံးနိုင်တယ်.........ငါတို့မြန်မာနိုင်ငံမှာ ဘဲလူတန်းစေ့ဖုန်းမကိုင်နိုင်ကြတာ......
ဟုတ်တာပဲ..နိုင်ငံတကာမှာ ဈေးမကြီးပဲကိုင်နိုင်နေကြတာ ကိုယ့်နိုင်ငံကျမှ
ဟိုဟာကြောင့်ဒီဟာကြောင့် ဆိုပြီး..အကြောင်းပြပြီးပြည်သူကိုနှစ်ရှည်ဒုက္ခ
ပေးမနေကြပါနဲ့ ခုအခြေအနေက နီပေါတို့ဘင်္ဂလားဒေ့ရှ် တို့တောင်မမှီနိုင်
ဘူး..မဖြစ်နိုင်ရင်မဖြစ်နိုင်တဲ့သူမလုပ်နဲ့ပေါ့ကွာ..ဖြစ်နိုင်တဲ့သူ လုပ်နိုင်တဲ့
သူလုပ်ပေ့စေပေါ့..ခုဟာက ကိုယ်လဲမလုပ်နိုင် လုပ်နိုင်တဲ့သူကိုလည်း.
ကန့်ကွက်နေတော့.....ဟိုအပုံကိုစောင့်တဲ့ ဟိုကောင်နဲ့တူမနေဘူးလား။
အိမ်မဲသား မင်းနားမလည် တာ လားမသိ တာ လားခက် လေ ပြီ
ဧရာဝတီတိုင်း သိက္ခာကျတယ်ကွာ အိမ်မဲသားရာ။ မင်း နောက်ခါ အိမ်မဲသား လို့ မပြောနဲ့ ကြားလား။ မင်း သူငယ်တန်းပြန်တက်သင့်နေပြီထင်တယ်။ နောက်ခါ စကားပြောဆင်ခြင်။
အိမ်မဲသားနဲ့ blogger တို့ရေ စဉ်းစဉ်းစားစားလည်းပြောကြအုန်းနော်။ စီးပွားရေးလုပ်တာ မြတ်ချင်လို့လုပ်တယ်ဆိုတာ လက်ခံပါတယ်။ ၁ ကျပ်တန်တဲ့ ပစ္စည်းကို ပြား ၂၀-၂၅ စားတာမပြောလိုပါဘူး။ ဒါပေမယ့် အခုဖုန်းကိစ္စမှာ ကုမ္ပဏီတစ်ခုကို မြန်မာကျပ်ငွေ ၅ ဘီလီယံစီ ရင်းပြီး ကုမ္ပဏီပေါင်း ၂၃ ခုကလုပ်ထားတာလေ။ ဖုန်းတစ်လုံးကို ၂သိန်းနဲ့ တစ်နှစ်အတွင်းမှာ အလုံးရေ ၄သန်းပြန်ရောင်းရင် ဘယ်လောက်ရမယ်ဆိုတာ တွက်ကြည့်ကွာ။ 4000000×200000= 800000000000 ရမယ်။ ဘီလီယံပေါင်း 800ကျော်တယ် တစ်နှစ်အတွင်းနော်။ ကုမ္ပဏီ ၂၃ခုပြန်ခွဲရင် 34.78 ဘီလီယံဆီပြန်ရကြမယ်။ တစ်နှစ်အတွင်းမှာ ဖုန်းပြန်ရောင်းရုံနဲ့ ၃၄ ဘီလီယံဆီပြန်ရမှာ။ ဖုန်းခေါ်ဆိုခကိုလည်း အစိုးရက တစ်ဝက်ပြန်ပေးအုန်းမယ်ပြောထားသေးတယ်။ ဒီတော့ ဘယ်လောက်အမြတ်ကြီးစားထားလည်းဆိုတာ ငါ့ညီသိသင့်တယ်။ နားလည်သင့်တယ်။ အသေးစိတ်ကိုသိချင်ရင် knight620.blogspot.com မှာ အသေးစိတ်တွက်ပြထားပါတယ်။
ီနှစ်သိန်းတန် ဖုန်းများကို အကုန်လုံးေ၇ာင်းကုန်ပြီသွား ရင် ပြည် သူတွေ လိုချင်တဲ့ ၅၀၀၀ တန်ကို ရောင်းချပေးပါမည်။
အင်ဒိုနီး၇ှားမှာ ၂၆ ကြိမ်အေ၇ှ့တောင်အာ၇ှအားကစားပြိုင်ပွဲကစပြီး၅၀၀၇ူပီးထည့်ထားတဲ့ကဒ်
အခမဲ့ဝေတယ်။ပြောချင်သလောက်ငွေထပ်ထဲ့ပေါ့။MPT ငတုံးတွေအတုယူပါလား။
အိမ်မဲသားကတော်တော်ညံ့တယ်။ သူကနေတာ မှောက်ထားတဲ့ အုံးမုတ် ခွက်ထဲမှာဖြစ်မယ်။ သိအောင်အုံးမုတ်ခွက်ကိုလှန်ကြည့်လိုက်။ MPT ကလမ်းချင်တာလိမ်နေတာ ဖုန်းကုမ္ပဏီတွေ တာဝါတိုင်ထောင်ရလို့ ဆင်းကတ်ဈေးတယ်တယ်ဆိုတာ ဒီ ချတောင်ပို့(ဗမာပြည်)မှာပဲရှိတယ်။ မလုပ်နိုင်ရင်မလုပ်နိုင်ဘူး။ ကျွန်တော်တို့ဥာဏ်မမီဘူးပြော လိုက်ပေါ့။ သူများနိုင်ငံမှာ ဆင်းကတ် တခုကို ၄၀၀ကျပ်ပဲရှိတယ်။ တလောက ကုမ္ပဏီ တခုက လုပ်ပိုင်ခွင့်သာ ချပေးပါ သူတို့ အကုန်တာဝန်ယူတယ် လို့ပြောပြီးနေပြီ။
ngaba ပြောတာကိုထောက်ခံပါတယ်...အိမ်မဲသားကမသိလို့ပြောတာပဲဖြစ်ဖြစ်...သိလို့ပြောတာပဲဖြစ်ဖြစ်...ကျွန်တော်တို့မြန်မာလူမျိုးဟာတစ်ခုခုဆိုရင်အရင်ဆုံးသိအောင်လုပ်တတ်ကြတဲ့လူမျိုးတွေပါ....အခုကိစ္စမှာလဲ..၅၀၀၀ တန်ဆင်းကဒ်ကိစ္စကလုပ်လို့ရတဲ့ကိစ္စမျိုးပါ...ဘာလို့လဲဆိုတော့လူများနိုင်ငံလိုတာဝါအမြင့်ကြီးမလိုပါဘူး...ကုန်ကုန်ပြောမယ်ဗျာ...ကျွန်တော်ဘန်ကောက်သွားတုန်းကသူတို့ဆီကတာဝါတိုင်က..လမ်းမီးတိုင်ထက်အလွန်ဆုံးမြင့်နှစ်ဆပေါ့ဗျာ...တာဝါတိုင်မလိုဘူး..အဆောက်အအုံအပေါ်ထပ်တွေမှာတင်ထားလို့ရတယ်....ဘယ်သူမဆိုအဲဒီ့ကိစ္စအတွက်ခွင့်ပြုမှာပဲ...နောက်ဆုံးမြန်မာ့ဆက်သွယ်ရေးကတာဝါတိုင်မှာချိတ်တောင်ရတယ်...သူတို့ကစောက်ကျင့်ယုတ်ပြီးပေးမတပ်တာပါ...ဖုန်းတစ်လုံးကိုဟန်းဆက်တစ်ခုစီနဲ့အလကားပေးရင်တောင်၂ နှစ်ဆိုအရင်းကျေပါတယ်...ကျန်တဲ့နှစ်တွေကအမြတ်တွေနော်...စဉ်းစာြး့ည့်စမ်းပါ...အရင်တုန်းကမသိခဲ့ချိန်တုန်းကဖုန်းကိုဇိမ်ခံပစ္စည်းဖြစ်အောင်လုပ်ခဲ့ကြပြီးပြီအခုလူတန်းစေ့သုံးနိုင်ဖို့အတွက်ကိုအားလုံးကလုပ်ကြရမှာလေ....ခင်ဗျားပြောတဲ့ MPT ကကုန်ကုန်ပြောရရင်တာဝါဖိုးကျေယုံမကလို့...ဆွေစဉ်မျိုးဆက်တောင်ချမ်းသာနေပြီထင်ပါရဲ့ဗျာ.....အားလုံးပဲစဉ်းစားကြည့်ကြပါအုံး....
အိမ်မဲသားရယ်စဉ်းစားပေါ့ကွာ....မင်းလဲပြည်သူပဲဟုတ်တယ်မဟုတ်လား...MPT နဲ့ မင်းနဲ့ဘာပတ်သတ်လဲတော့မသိဘူးပေါ့လေ....ဒါပေမယ့်...ဖုန်းဆိုတာက
တာဝါတိုင်ရှိမှ...တာဝါတိုင်မြင့်မှဆိုတာက...မင်းပြောတဲ့ MPT ရဲ့လိုင်းလေ...၅၀၀၀ တန်ဆင်းကဒ်လုပ်ပေးမယ့်ဒီဇိုင်းက..မင်းတို့ MPT နဲ့ဘာမှမဆိုင်တဲ့နည်းလမ်းနဲ့သွားမှာလေ...တာဝါတိုင်ရှိစရာမလိုဘူး...
ခပ်မြင့်မြင့်အဆောက်အအုံမှာဆိုရပါတယ်....ကုန်ကုန်ပြောအုံးမယ်...ဖုန်းတစ်လုံးကို..ဆင်းကဒ်ရောဟန်းဆက်ပါအလကားပေးအုံးကွာ...၂ နှစ်အတွင်းအရင်းကျေနိုင်ပါတယ်...ကျန်တဲ့နှစ်တွေမှာအမြတ်လေကွာ....စဉ်းစားပေါ့.....ခုဆို MPT ကလူတွေတောင်သားစဉ်မြေးဆက်ချမ်းသာနေလောက်ပါပြီကွာ....မင်းတို့ MPT ကိုပြောလိုက်ပါအုံး...မကောင်းတာတွေသိပ်လုပ်မနေနဲ့အုံးလို့....မကောင်းတာတွေလုပ်...လူတွေဆီကမတရားယူထားတဲ့ပိုက်ဆံတွေနဲ့...ချမ်းသာရင်တောင်နောက်ဘဝ....ဘဝကူးကောင်းမှာမဟုတ်ဘူးလို့..ပြောလိုက်ပါကွာ...
ဆင်းကတ်တွေ အဆိုတင်သွင်းသလိုပေါ့ ဖုန်းတွေ နေရာတိုင်းမှာ ပြောလို့ရအောင်လဲ တင်သွင်းစေချင်ပါတယ် ဘာလို့လဲ ဆိုတော့ ဖုန်းကလေ အရေးကိစ္စ အတွက်ဝယ်ပါတယ် ဆိုမှ အရေးကြီါ်လို လိုင်းမရှိတာက များနေတယ် ဦးညဏစိုးရယ်
အဓိက အေုကာင်းအရင်းကတော့ လူတွေအားလုံးဟာ အသိဥာဏ် ကင်းမဲ့နေုကတာပါဗျာ တရားသဘောကို ကျောပေးနေကြတာပါ ပြန်လှည့်ကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ်
ဒါမျိုးဆိုတာ ဘယ်တော့မှနောက်မကျပါဘူး လှည့်ကြည့်ဖြစ်အောင်ုကည့်ုကပါလို့ တောင်ဆိုပါတယ် ခေါင်းဆောင်ချင်သူများ
ဆ၇ာကြီး ကောင်းကင်ဆက်သွယ်ေ၇းဥပဒေတွေကကြိုးနီစံနစ်ကိုထုံးထာ
တုန်းscrew driver,soldering iron တောင်ပြည်ပကယူလာလို့မ၇အောင်ညွှန်ကြားထားတယ်။တို့ဒီမိုကေ၇စီ
လမ်းသွားနေတာ၊နောက်ပြန်ကြည့်ယုံဘယ်ကမလဲဘေး ဘယ် ညာပါကြည့်ထား
ပါတယ်။လုပ်ပိုင်ခွင့်ဆိုတာဥပဒေမှာ၇ှိတာ၊လွန်ခဲ့တဲ့(၅)နှစ်ကလိုင်းဖုန်၊handဖုန်
သတ်မှတ်ဈေးနဲ့၇ဘူးလား။၇ပိုင်ခွင့်ဘယ်သူ့ထံမှာလဲ၊လုပ်ပိုင်ခွင့်ဆိုလုပ်ကြတာဒို့ဖုန်းတစ်လုံးသိန်း၅၀ပေးခဲ့၇တယ်၊ဆက်သွယ်ေ၇းမှာ(၁၀)နှစ်အတွင်းဖုန်း
ထုတ်ထာတဲ့စ၇င်း၇ှိတယ်၊မှတ်ပုံတင်၃၀၀၀၀ကျပ်နဲ့ယူပြီး၇တဲ့သူကဖုန်းတောင်မမြင်ဘူးတာသိလား၊နောက်မပြန်ချင်တော့ပါဘူးကွယ်။
၅ထောင်တန်ဖုန်းထုတ်ပေးပါလို့ပြောနေမဲ့အစား.....နှစ်သိန်းတန်ဖုန်းတွေမ၀ယ်ပဲနေနေလိုက်ကြလေ.....
ငါလိုးမသား....အိမ်မဲသား....တိုင်စိုက်စရာအထပ်အမြင့်မရရှိရင်မင်းမေဖင်လှန်လိုက်လို့ ...တိုင်ကောလီးကောထည့်ပေးမယ်
Post a Comment