နေပြည်တော်ဒေသခံများ၏နစ်နာမှုအတွက် လျှော်ကြေးရရှိရန် NLDပါတီအဖွဲ့ချုပ်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆို

နေပြည်တော်ရှိ ဒေသခံပြည်သူများအနေဖြင့် မြေယာဆုံှးုံးမူများနှင့် ပြောင်းရွှေ့ခံရသူမျာအတွက် သင့်တင်မျှတသည့် လျှော်ကြေးရရှိရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလွတ်တော်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆိုသွားမည် ဖြစ်သည်။

ကျွန်မတို့ အဖွဲ့ချုပ်ကိုထောက်ခံအားပေးပြီး တာဝန်ပေးလိုက်ပြီ၊ ဒေသခံတွေကြုံတွေ့နေရတဲ့ လယ်ယာမြေ အသိမ်းခံရ တာတွေ၊ ဖယ်ခိုင်းတာတွေ အခုကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို လွတ်တော်ထဲရောက်သွားရင် တင်ပြမယ်လို့ မျှော်လင့်ပါတယ်ဟု ဇမ္ဗုသီရိမြို့နယ်က ဒေသခံတစ်ဦးကပြောသည်။
 
ကျင်းပခဲ့သောကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်းများအနေဖြင့် နေပြည်တော် သီရိ()မြို့နယ်တွင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ်၌ ဦးမင်းသူ၊ ပုဗ္ဗသီရိမြို့နယ်၌ ဦးဇေယျသော် () ဖြိုးဇေယျသော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဦးနိုင်ငံလင်း၊ ဇမ္ဗုသီရိမြို့နယ်၌ ဒေါ်စန္ဒာမင်းတို့မှ ၀င်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို ဘာလုပ်ပေးမယ်၊ ဘာဖြစ်စေရမယ်ဆိုတဲ့ ကတိကို ပါတီအဖွဲ့ခေါင်းဆောင်တွေက ရော ကျွန်တော်တို့ရော အောင်နိုင်ရေးဆင်းတုန်းကလည်း မပေးခဲ့ပါဘူး။ ဒါပေမယ့် ပါတီရဲ့ မူဝါဒ လမ်းစဉ်တွေ လယ်ယာ မြေပြသာနာတွေ၊ ပြောင်းရွှေ့ခံမိသားစုတွေရဲ့အခက်အခဲတွေကိုတော့ တိုင်ပင်ဆွေးနွေးဖြစ်ပါတယ်။ အဲဒါတွေကို လွတ်တော်ထဲ ရောက်သွားရင် ဦးစားပေးဆောင်ရွက်မယ်၊ တင်ပြမယ်၊ မေးမြန်းမယ်ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်က အနိုင်ရခဲ့သူ ပြည်သူလွတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏မူဝါဒမှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင် ပြောင်းလဲရေးတို့ကို အခြေခံ တိုင်းပြည်တိုးတက်ကောင်းမွန်စေရန် ပြည်သူလူထုအနေဖြင့်လည်း လက်တွဲလုပ်ကိုင် သင့်ကြောင်း ပါတီအောင်နိုင်ရေးခရီးစဉ်လူထုမိတ်ဆက်ပွဲများတွင် အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ခြင်းဖြစ်သည်။

ပါတီမူဝါဒကို နှစ်သက် သဘောကြလို့ထောက်ခံတယ်။ အဲဒါကြောင့် မဲထည့်ခဲ့တယ်။ လွတ်တော်ထဲ ရောက်သွားပြီ ဆိုရင် တော့ ကျွန်တော်တို့ အခုလက်ရှိ လယ်သမားတွေကြုံတွေနေရတဲ့ လယ်ယာမြေအသိမ်းခံရမူတွေကို တင်ပြတောင်းဆို ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေသခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေဆီ ဆွေးနွေးမယ် တိုင်ပင်မယ်ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ လယ်မြေအသိမ်းခံခဲ့ရသူ ဒေသခံတစ်ဦးကပြောသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာ ၄၈ နေရာတွင် ၄ နေရာ ၌ ကိုယ်စားလှယ် အသီးသီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  မဲဆန္ဒနယ်နေရာ(၄၀)ကျော် အနိုင်ရရှိခဲ့သည်။

 အောင်ကိုကိုလတ်(မြစ်မခ)
နေပြည်တော်ဒေသခံများ၏နစ်နာမှုအတွက် လျှော်ကြေးရရှိရန် NLDပါတီအဖွဲ့ချုပ်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆို နေပြည်တော်ဒေသခံများ၏နစ်နာမှုအတွက် လျှော်ကြေးရရှိရန် NLDပါတီအဖွဲ့ချုပ်ကိုယ်စားလှယ်များထံ တင်ပြတောင်းဆို Reviewed by သစ်ထူးလွင် on 00:33 Rating: 5

25 comments:

ထင်းရူးရိပ် said...

နေပြည်တော်မှာရှိတဲ့စစ်သည်တွေ၊၀န်ထမ်းတွေ၊ပြည်သူလူထုတွေနဲ.
တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေကတော့၊ေ၇နစ်သူလိုပဲအသက်ရှင်ခွင့်ရရှိရေးအတွက်သေရမှာကြောက်လို.ဆွဲမိဆွဲရာ
ဆွဲလိုက်တဲ့နေရာမှာ ဆွဲမိတာကတော့NLD ဖြစ်နေပါတယ်။အဲ့ဒီ့ NLD ကရေထဲ
မှာရှိနေတဲ့၊သစ်ပင်သစ်ကိုင်းနွယ်မြတ်ဖြစ်နေရင်တော့၊ဆွဲမိတဲ့စစ်သားတွေ
ဝန်ထမ်းတွေ၊ပြည်သူလူထုတွေေ၇နစ်သေသလိုအသက်ဆုံးရှုံးကြရမှာပဲ။
အသက်ရှင်ခွင့်မျှော်လင့်ချက်ကင်းမဲ့နေရင်တော့NLDလည်းတစ်ချိန်မှာ
လက်တွဲဖြုတ်ရမှာပါပဲ။အတိုင်းအတာတစ်ခုအထိတော့အချိန်ပေးနိုင်ပါတယ်။

ကျော်ထိုက် said...

ဒါကတော့ NLD ဟာ ရေထဲက မင်းပြောသလို သစ်ကိုင်း ...သစ်နွယ်လား.....အားကိုးရတဲ့ သစ်ဖောင်လား ဆိုတာ စောင့် ကြည့်ပေါ့.......ခုလောလောဆယ် နဲ့ ပြီးခဲ့တဲ့ အချိန် တွေကို ပြန်ကြည့်ရင် ဒီလို မျှော်လင့်ချက် မရှိခဲ့ တာတွေ နဲ့ စာ ၇င် အခု အစစ်အမှန် မျှော်လင့် ချက်ရောင်ခြည်တွေ ရှိခဲ့ပြီ..ထင်းရှုးရိပ် သတင်းတွေ များများဖတ်ဖို့ တိုက်တွန်းချင်ပါ တယ် ..ခု ရွေးကောက်ပွဲ ပြီး ကတည်းက ဘာတွေ ခု တိုးတက်ဖြစ်နေသလဲဆိုတာကို...ဒါ ဟာ ကောင်းတဲ့ ရလဒ် တွေ ဆိုတာ တွေ့ရလိမ့်မယ်....အပြော မဟုတ်ပဲ အလုပ်နဲ့ သက်သေ ပြ မယ့် လူတွေ လွှတ်တော်ထဲ ကို ရောက် သွားပြီ ကို့လူရေ.....ခင်ဗျားရဲ့ အဆိုးမြင်ချင်တဲ့ စိတ်လေးတွေ လျှော့လိုက်ပါအုံး....စေတနာ အမှား နဲ့ အမေစု တို့ ကို မစော်ကားပါနဲ့....ကို့လူ ထက် အဆအများကြီး သာတယ်.... နားလည် တို့ အမေတို့ က............

myochit said...

ထင်းရှူးရိပ်ရဲ့ သဘောထားက သဘာဝကျပါတယ်၊ ကျားကိုကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုသလိုဘဲ။ အချိန်အတိုင်းအတာ တခုထိ စောင့်ကြည့်ရမှာဘဲ။ တကယ်လူထု လိုအပ်ချက်ကို လုပ်ပေးနိုင်မှာလား၊ ပြောသွားတာက တမျိုး လက်တွေ့ဖြစ်လာတော့ တဖုံဆိုရင်တော့ ကျနော်တို့တွေ လက်တွဲဖြုတ်သင့်တာ မှန်သမျှ ဖြုတ်ရမှာဘဲ။ တကယ်တော့ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ၊ ပြည်သူကို ဘယ်သူမှ တနပ်ကောင်းစား မကြံနဲ့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး... ငါတို့တိုင်းပြည် ငါတို့လူမျိုး ကြီးပွားဘို့ ကောင်းစားဘို့အတွက် ငါတို့မျိုးဆက်သစ်တွေ စောင့်ကြည့်နေဆဲ ဆိုတာ ကမ္ဘာမြေကို သက်သေပြုလို့ သစ္စာဆိုပါတယ်။

ဒီလူ said...

NLD မှဆောင်ရွက်ပေးနိုင်မယ် ဆိုတာကို အပြည့်အ၀ ယုံကြည်ထားပြီးသားပါ...ဘယ်အလုပ်မဆို အခက်အခဲဆိုတာကတော့ အနည်းနဲ့အများ ရှိပါတယ်...ဖြေရှင်းတဲ့သူက စေတနာကောင်းဖို့ ပဲလိုတာပါ... NLD ချည်းပဲဆောင်ရွက်စေပြီး မအောင်မြင်တော့မှ ဘေးထိုင်ဘုပြော ကြမယ့်အစား NLD အပါအ၀င် USDP ၊ အစိုးရ၊ အခြားကိုယ်စားလှယ်များ နဲ့ ပြည်သူတစ်ရပ်လုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်...အားလုံးစည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြရမယ့် အမျိုးသားတာဝန်များပဲဖြစ်ပါတယ်...ဒီတစ်ခုတည်းမှ မဟုတ်ပါဘူး...ရှေ့လျောက် ဆောင်ရွက်သွားကြရမယ့် လုပ်ငန်းများအားလုံး အတွက်ပါ...အားလုံးဦးတည်ချက်ကတော့တူညီကြမှာပါ...လုပ်နည်းလုပ်ဟန် တူညီမှု၊ ခြားနားမှု အပေါ်မူတည်ပြီး ပူးပေါင်းဆောင်ရွက်၍သော်လည်းကောင်း၊ သီးခြားဆောင်ရွက်၍ သော်လည်းကောင်း အမျိုးမျိုးရှိကြမှာဖြစ်ပါတယ်...

kyaw kyaw said...

NLD နိုင်တာချည်းဘဲပြောနေလို့မဖြစ်သေးဘူးနော်...ပြည်သူလူထုဘာတွေဖြစ်နေသလဲ..ပြည်သူလူထုပြသနာကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊အခုဖြစ်နေတဲ့လယ်သမားတွေကိစ္စကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဒါတွေကိုအမြန်ဆုံးအကောင်အထည်ဖေါ်ဆောင်ရွက်စေချင်ပါသည်။

မီးအိမ် said...

ထင်းရှုးရိပ် ရဲ့ တင်ပြမူဟာ ထောက်ခံပါတယ်

aung naing said...

NLDကတောကတတ်နိုင်သလောက်ကြိုးစားသွားမှာပါ၊ဒါပေမယ့်ကြံဖွတ်အမတ်တွေ၊စစ်တပ်ကိုယ်စားလှယ်တွေကကန့်ကွက်နေမှာဆိုရင်ပြည်သူတွေ၂၀၁၅ကိုစောင့်ရတော့မှာပါ။

ahphyulay said...

အင်း...
လူ၆၀၀ ကျော်ရှိနေတဲ့  လွှတ်တော်ထဲမှာ တပ်နဲ့ ကြံ့ ဖွံ့ က
ဘယ်လောက်ယူထားသလဲဆိုတာ မေ့ နေကြပလား၊
၄၇ယောက်ထဲနဲ့  အုပ်လိုက်တက်နင်းလို့  အသက်ငင်သံပဲ
ထွက်လာမှာ၊ တာဝန်တွေ စွတ်မပိပါစေနဲ့ အုံး၊သူတို့ တွေ
အသက်ရှုခွင့် လေး ပေးကြပါအုံး..၊ စွတ်မဝေဖန်ပါနဲ့ ။

Anonymous said...

NLD ၇ဲ့ ပြည်သူလူထုအပေါ် အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ဥပဒေစိုးမိုးေ၇း အဂတိ တ၇ားလျော့ နည်းပပျောက်ေ၇း လူထုအတွက် အခက်အခဲဖြစ်နေသောလယ်ယာမြေေ၇ လျှပ်စစ်မီး ကိစ္စများကိုလက္ခံနိုင်မည့် အခြေအနေမျိုးေ၇ာက်ရှိအောင်ဖန်တီးနိုင်၇င်တော့ အများကဆက်လက်ထောက်ခံမှာမလွဲပါ။ရွေးကောက်ပွဲမအောင်တဲ့ လက်ရှိဖွတ်ပါတီ၇ဲ့ ခါးသီးတဲ့ တုန့် ပြန်ချက်များမှလွတ်မြောက်အောင်အမေစုတို့ အဖွဲ့ မှကယ်တင်နိုင်ပါစေ။

ဝေဖန်ရေးသမား said...

ကဲကဲ COMMENT ပေးတဲ့နေရာမှာတောင် ဒီလောက်အငြင်းအခုန်ဖြစ်နေကြရင် လွှတ်တော်ထဲမှာ တကယ့်လက်တွေ့ အလုပ်လုပ်နေကြသူတွေကို ကိုယ်ချင်းစာကြဦးပေါ့ဗျာ

ပင့်ကူ said...

ကျွန်တော်အမြင် ပြောကြည့်မယ်..ဟုတ်ကဲ့ အခု NLD နိုင်တယ်...မဲပေးတဲ့ လူတွေကကော မဲပေးလိုက်တယ်...နိုင်တဲ့သူ ကလည်း နိုင်သွားပြီ...ယေဘုယျ ကတော့ ကိုရွေးထားတဲ့ ကိုယ်စားလှယ်က
ကို တွေအတွက်လုပ်ပေးရမဲ့တာဝန်ရှိပါတယ်...မဲ ထဲ့ထားတဲ့သူတွေကကော
မဲပေးလိုက်ပြီ..ငါတို့ကိစ္စပြီးသွားတယ်လို့ ထင်လား...ထင်ရင်တော့ ဒီမိုကရေစီ ဘာလဲ ဆိုတာမသိတဲ့ လူတွေလို့ ယူဆလို့ရပါတယ်...တိုင်းပြည်မှာ ပြန်လုပ်စရာတွေက ပြန်ပြင်စရာတွေကအများကြီးပါ...ဒီလိုအကြောင်း အရာတွေဘာလို့ဖြစ်နေလဲဆိုတော့ တရားဥပဒေစိုးမိုး မှု့မရှိသေးလို့ပါ...တရား ဥပဒေ စိုးမို့..တန်းတူ အခွင့်ရဖို့ဆိုတာကျွန်တော်တို့လိုပြည်သူတွေကလည်းတာဝန်ယူတတ်ရပါ့
မယ်....(ထင်းရူးရိပ်)ပြောသလို အချိန်တခုထိ ပေးရမယ်ဆိုတော့..မေးပါရစေ.ထင်းရူရိပ် ကကော တိုင်းပြည် အတွက် ဘာတွေလုပ်နေလဲခင်ဗျ...ဘာတွေ လုပ်ပြီးသွားပြီလဲ..နိုင်ငံရေး ဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ်...ကိုယ်တိုင်ဝင်လုပ်ကြည့်ပါ...အဲဒီအခါကြရင် အခက်အခဲ တွေကို သိလိမ့်ပါမယ်..မပြည့်စုံတဲ့ဗဟုသုတသည် ကို့ကိုယ်ကော သူများကိုပါထိခိုက်ပါသည်..လွပ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်..စည်းကမ်းတော့ရှိပါ..

Kelvin Aung said...

ပုဏားသားမြင်ချင် ဖင်ဖြဲကြည့် ဆိုတာလိုလုပ်မနေကြပါနဲ့။
အရိပ်သုံးပါးနားလည်ကြပါ။
အန်အယ်ဒီကိုမဲပေးတာဟာ စစ်အာဏာရှင်စနစ်အောက်က
ရုန်းထွက်နိုင်ဖို့ပဲ ဖြစ်သင့်တယ်။
မတရားမှုတွေကို ဖြေရှင်းဖို့ဆိုတာ ဒီမိုကရေစီကိုကျင့်သုံးနိုင်မှပါ။
အမြော်အမြင်ရှိကြပါ။

lucky tun said...

တင်ပြမှူကို ထောက်ခံပါတယ်.....

Saw K Shan said...

ဘဘနဲ.ဘုဘုတို.ရေ....
ကျွန်တော်ကအရပ်သားရိုးရိုးပါ။သေသေချာချာကြည်.ပါ။မျက်မှန်စိမ်းမတပ်ပါနဲ.နိုင်ငံသားတာဝန်ကျေပါ၊ကူညီနိုင်တာကူညီပါ။မနိုင်ဝန်ကိုအမြင်ကတ်ပုဒ်မနဲ.ဇွတ်မလုပ်ပါနဲ.။သူတို.ကိုသမိုင်းနဲ.ပြည်သူတွေကကြည်.နေပါတယ်။သူတို.အနာခံခဲ.တဲ.နှစ်၂၀ရဲ.တန်ဘိုးကျွန်တော်တို.စခံစားနေရပါပြီ။သူတို.မဟုတ်တဲ.လမ်း
ကြောင်းပေါ်ရောက်လည်းမပူနဲ.၊ပြည်သူ၊ပြည်သားတွေစာတတ်နေပြီ၊မကြောက်လို.ရတယ်ဆိုတာလည်းသိနေပြီ။ယုံကြည်ပြီးအသက်ပေးရှူလိုက်ပါဦး၊လုပ်ပုံမဟုတ်တော.လည်းဘာအရေးလဲ၊ ၂၀၁၄ ကြတော.ဘဘဖွံဖွံဖြိုးကြီးကိုမဲထည်.လိုက်ကြတာပေါ.။
(တစ်ကယ်တော.ကျွန်တော်တို.ညီညီညွတ်ညွတ်ကြိုးစားရမှာဗျ။)
ကျွန်တော်အရေးမှားလျှင်သီးခံပါ။

ZawMinAung said...

ထင်းရူး၇ိပ်၇ဲ့တင်ပြမှု့ပာာကောင်းပါတယ် ဒါပေမဲ့ တခုသိစေချင်တာက ကောက်၇ိုးမျှင်ကိုချည်းအားကိုးမနေပဲနဲ့ ကိုယ်တိုင်လဲကူးခတ်ဖို့ကြိုးစား၇မှာပါ NLD ၇ဲ့လမ်းစဉ်ကိုက ပြည်သူနဲ့ပူပေါင်းဆောင်၇ွတ်ဖို့ပါ ကိုယ်တိုင်တော့ပူးပေါင်းမလုပ်ဆောင်ပဲနဲ့တော့ေ၇နစ်မှကောက်၇ိုးအပြစ်ဆို၇င်တော့ မဖြစ်သင့်ဘူးထင်တယ် အောင်မြင်မှု့ဆိုတာကြိုးစားပြီးမှ၇ယူ၇တဲ့အ၇ာပါ nldနဲ့ပြည်သူအောင်မြင်မှုမ၇ ၇အောင်ပူးပေါင်းဆောင်၇ွတ်သင့်တယ်လို့ထင်တယ်

ကိုခိုင် said...

ညီလေးတို့ရေNLDကအာဏာရလာတာမဟုတ်ဘူးပြောဆိုခွင်.ရလာတာတစ်ခုပဲရှိသေးတယ်nldပါတီကပြည်သူဘက်ကရပ်တည်မယ်ဆိုတာယုံကြည်တယ်အတိုက်အခံပါတီကအခုအင်အားကြီးနေတယ်သူတို့ပယ်ချရင်ဘာမှမတတ်နိုင်ဘူးလေnldယုံပါသည်

KO NAING said...

ခြိမ်းခြောက်နေကြတဲ့ကိုယ့်လူတို့ရယ်စဉ်းစဉ်းစားစားလဲပြောပါ။
အနှစ်လေးဆယ်ကျော်ပျက်စီးယိုယွင်းနေတဲ့နိုင်ငံကိုလွယ်လွယ်လေးနဲ့ပြန်ပြုပြင်နိုင်မယ်ထင်နေတာလား။ NLDကလည်းလက်ရှိအုပ်ချုပ်သူအစိုးရတစ်ရပ်မဟုတ်သေးပါ။အခုအချိန်မှာအောင်မြင်အောင်လုပ်နိုင်တာမလုပ်နိုင်တာထက်စေတနာကောင်းဖြင့်လုပ်ဆောင်ပေးရင်ဖြင့်ကြေနပ်ပါတယ်။ အမေစုကိုတော့တစ်ထစ်ချယုံကြည်ပြီးသားပါ။

zawgyii said...

ဆွဲလိုက်တဲ့နေရာမှာ ဆွဲမိတာကတော့NLD ဖြစ်နေပါတယ်။အဲ့ဒီ့ NLD ကရေထဲ
မှာရှိနေတဲ့၊သစ်ပင်သစ်ကိုင်းနွယ်မြတ်ဖြစ်နေရင်တော့၊ဆွဲမိတဲ့စစ်သားတွေ
ဝန်ထမ်းတွေ၊ပြည်သူလူထုတွေေ၇နစ်သေသလိုအသက်ဆုံးရှုံးကြရမှာပဲ။
ထင်းရူးရိပ်ပြောကတည်းက စစ်သားတွေ၊ ၀န်ထမ်းတွေ၊ ပြည်သူလူထုတွေ ရေနစ်နေတယ်လို့ ဆိုတော့ ရေကဘာကြောင့်နစ်တာလဲ ဘယ်သူ့ကြောင့်နစ်တာလဲ၊ သိချင်ပါတယ်

နွေမင်းလွင် said...

NLD နိုင်တော့ ၂နှစ်လောက် မဖြတ်ခဲ့တဲ့ မီး ဖြတ်လိုက်သေးသဗျ။ NLD ကပြည်သူတွေ ဖြစ်ချင်တာ လုပ်ပေးချင်ဦးတောင်
လက်ရှိအာဏာရပါတီက လူတွေ စိတ်ထားကောင်းဦးမှ ကိုး.........ခွေးမြှီးကောက် ကျည်တောက်စွပ် တွေဆိုရင်တော့ NLD ၄၈ နေရာ လည်း အလကားပဲဖြစ်တော့မပေါ့။

may lay said...

NLD ပါတီကတခြားပါတီထက်တော့အများကြီးသာပါတယ်.သူတို့ ကိုပဲရအောင်လုပ်ခိုင်းနေလို့ မရဘူးလေ.ပြည်သူတွေအတွက်အများကြီးလုပ်ပေးခဲ့ တာဘယ်ပါတီလဲ.NLD ကတကယ်လုပ်မလုပ်သိချင်ရင်နေရာအများစုကိုပေးကြည့်လိုက်လေအခုအင်အားအများစုရနေတဲ့ ပါတီထက်အပြတ်သတ်မသာရင်ကြိုက်သလိုပြောလိုက်လို့ ရတယ်.NLD ကိုယုံကြည်ပြီးသား.

may lay said...

NLD ပါတီကတခြားပါတီထက်တော့အများကြီးသာပါတယ်.သူတို့ ကိုပဲရအောင်လုပ်ခိုင်းနေလို့ မရဘူးလေ.ပြည်သူတွေအတွက်အများကြီးလုပ်ပေးခဲ့ တာဘယ်ပါတီလဲ.NLD ကတကယ်လုပ်မလုပ်သိချင်ရင်နေရာအများစုကိုပေးကြည့်လိုက်လေအခုအင်အားအများစုရနေတဲ့ ပါတီထက်အပြတ်သတ်မသာရင်ကြိုက်သလိုပြောလိုက်လို့ ရတယ်.NLD ကိုယုံကြည်ပြီးသား.

nandarllay said...

ထင်းရူးရိပ် သိသာရန်
အခု မှ နိုင်ပီး ဘာမှ လုပ်ပိုင်ခွင့် မရသေးတဲ့လူကို ခင်ဗျားအပြစ်တင်တာတွေမစောလွန်းဘူးလား။ သူတို့ဟာ အာဏာ ရလာတာမဟုတ်ဘူးလေ။ လွတ် တော် ထဲမှာ တင်ပြခွင့် လောက်ပဲ၇ှိသေးတာ။ခင်ဗျားရဲ့ ကြံဖွတ် တွေ နှစ်ပေါင်းများစွာ လုပ်လို့ တိုင်းပြည် မွဲ ပြာကြနေုတုန်းက တသံ မှမထွက်ခဲ့တဲ့ ခင်ဗျားက ခုတော့လည်း ။ခင်ဗျား ကိုယ်တိုင် ရော မြန် မာနိုင်ငံသားတစ်ဦးအနေနဲ့ တိုင်းပြည်အပေါ်မှာ ဘယ်နှစ်ကျပ် ဖိုးလောက် တာဝန် ကျေခဲ့ပီးပီလဲ ဆိုတာ ခင်ဗျားအိပ်ရင် နဖူးပေါ်ပေါင်တင်ပီးစဉ်းစားကြည့်ပါ။ပီးမှ သူတပါးကိုဝေဖန်ပါ။၇ှက်တတ်ရင်ပေါ့လေ

pheasant said...

ထင်းရူးရိပ်ရေ ကြံ့ဖွတ်နဲ့ စစ်တပ်ကမှ တစ်ကယ့်ေ၇ထဲက သစ်ကိုင်းနွယ်မြက်ပဲ ကွ ပြည်သူတွေ ရေနစ်အောင် သန်းရွှေနဲ့ အပေါင်းပါတွေက လုပ်တယ် တပ်မတော်က နှစ်နှစ်ဆယ်ကျော် ၀ါးကူထိုးတယ် ကြံ့ဖွတ်က ရေထဲက သစ်ကိုင်း နွယ်မြက် ပဲ ဒါကြောင့် ပြည်သူတွေက နစ်ပြီးရင်းနစ်နေတာ ဆင်းရဲမွဲ ကြေနေပြီ ဟုတ်ပြီလား ပြောချင်ရင် အဲဒီကောင်တွေကို အရင် ဝေဖန်၊ ခု NLD ဆိုတဲ့ ကြိုးတစ်ချောင်း ရောက်လာပြီ ပြည်သူတွေက နစ်နေတဲ့အတွက် ဆွဲမှာပဲ လက်ခံတယ် ဒါပေမယ့် ဒီ NLD ကြိုးက နစ်နေတဲ့ပြည်သူတွေကို တစ်ကယ် ကယ်ချင်တဲ့ကြိုးကွ ဒါပေမဲ့ ကြံ့ဖွတ်နဲ့ စစ်တပ်ကြောင့်နစ်နေသူကတစ်နိုင်ငံလုံးနီးပါးဆိုတော့ NLD ကြိုးက သိပ်မခိုင်လှသေးဘူး (လုပ်ပိုင်ခွင့်-ဖန်တီးနိုင်ခွင့်-ကယ်နိုင်ခွင့်) နည်းနေသေးတယ် ဒီတော့ ဒီNLD ကြိုးကို ပိုခိုင်လာအောင် ပိုအားကောင်းလာအောင် ၀ိုင်းပြီး အားဖြည့်ကြစို့ ဒါမှ နစ်နေသူတွေကို တစ်ကယ် ကယ်နိုင်မှာ မင်းလူပိန်းမဟုတ်ရင် နားလည်မှာပါ

နဂါးနီ မျိုးမြန်မာ said...

ထင်းရူးရိပ် comment က သဘာဝ မကျလို့ လက်မခံနိုင်ပါ။mind wide ဖြစ်အောင်ကြိုးစားသင်ယူပါ။

Unknown said...

ထင်းရူးရိပ်ရဲ့အရည်အချင်း အတွေးအခေါ် အဆင့်အတန်းကို သိလိုက်ရတော့ တော်တော်လေး စိတ်ပျက်မိတယ် ။ ခင်ဗျားစာများများဖတ်ပါ လေ့လာပါ။ ပြည်သူနဲ့ NLD ကိုသွေးကွဲအောင်ခင်ဗျားဘယ်လိုနည်းနဲ့မှကြိုးစားလို့ တတ်နိုင်မှာမဟုတ်တော့ဘူးဆိုတာ နားလည်ထားပါ။ ဘာလဲလာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက်ကြိုတင်ပြီးတော့ ၀ါဒဖြန့် တိုက်စစ်ဆင်နေတာလား sorry ပဲဗျာ....ကျုပ်တို့ပြည်သူလူထုတစ်ရပ်လုံးက လာမည့်၂၀၁၅ မှာ NLD ကိုမဲပေးဖို့ အားအင်အပြည့်နဲ့ စောင့်မျှော်နေကြတာပါ.......ခင်ဗျားလိုအတွေးအခေါ်နဲ့အပြောတွေကိုကြည့်ချင်းအားဖြင့် ဘယ်ပါတီ ဘယ်အဖွဲ့အစည်းထဲကလူလဲဆိုတာ မေးစရာမလိုပဲအလိုလို သိနေကြတယ်ဆိုတာ ခင်ဗျားသိထားပါ........။

Powered by Blogger.