NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ

သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (Photo-88 Generation Students)
မဟာသင်္ကြန်အကျတ်နေ့တွင် သန်လျှင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များအား တိုက်ခိုက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ယင်းတို့၏အပေါင်းပါများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သန်လျှင်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
သန်လျှင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာသို့ သံချပ်ဖျော်ဖြေရန် ရောက်ရှိလာသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့ကို နှုတ်ဆက်သည့် သန်လျှင်မြို့နယ် NLD လူငယ်များအား အမျိုးသမီးတစ်ဦးပါဝင်သည့် လူအုပ်စုတစ်စုမှ အုတ်ခဲများ၊ တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်ခဲ့ကြ သည်။
“သန်လျှင်က NLDပါတီဝင် ကိုညီညီဦး တိုင်ချက်ဖွင့်လို့ ရိုက်နှက်ခဲ့တဲ့သူတွေကို ညတွင်းချင်းဖမ်းဆီးခဲ့ပါတယ်”ဟု ယင်းရဲအရာရှိက ပြောကြား သည်။
အမည်မသိလူအုပ်၏ ရိုက်နှက်မှုကြောင့် NLD လူငယ်သုံးဦးမှာ ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သန်လျှင်မြို့နယ် NLD လူငယ်တစ် ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပက်သက်၍ ဖမ်းဆီးထားသူ ၁၅ဦးကျော်ရှိကာ၊ ပြည်ခိုင်ဖြိုးပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။
“ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နေရအများဆုံး အနိုင်ရခဲ့သဖြင့် အခြားသောပါတီများ၏ ဝေဖန်မှုများ ကို ကြုံတွေ့နေရသည်။
KP (yangonchronicle)
NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ NLD လူငယ်များကို တိုက်ခိုက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ဖမ်းဆီးရမိ Reviewed by သစ်ထူးလွင် on 05:07 Rating: 5

16 comments:

Anonymous said...

ဒါမင်းမဲစရိုက်ဘဲ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး
အခုလိုတရားဉပဒေအရအရေးယူထားတယ်ဆိုတော
ကျေးဇူးတင်ပါတယ်။

oaksoe said...

NLD ထိခိုက်ခံရပြီဆိုရင် ဘာလို့ ပြည်ခိုင်ဖြိုးဆိုတာကြည့်ပြောနေတာလည်း အဲလိုပြောကြေးဆိုရင်တော့ တစ်နိုင်ငံလုံး ပြည်ခိုင်ဖြိုးတွေကြည့်ပဲဆိုတာ သိတင်တာ် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ အခြေခံ၊ အလည်တန်း၊ အထက်တန်း ကျောင်းတွေမှာ ကျောင်းသားတိုင်း ပြည်ခိုင်ဖြိုး ၀င်တွေကြည်ဆိုတာကိုတော့ သိမယ်ထင်ပါတယ် ကျောင်နေသူတိုင် ပြည်ခိုင်ဖြိုးအသင်းဝင်ခိုင်ခဲ့တာပါ ဒါဟာလည်း သူခေတ်ပေါ်လစီအတိုင်းပေါ့ဗျာ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ခံရသူရော ပြုလုပ်သူပါ အပြစ်တွေရှိပါတယ် လက်ခုတ်နှစ်ဖက်တီးမှ မည်တယ်ဆိုတာ သိကျပါတယ် အဲလိုပဲ အခုလိုပြောနေကျမဲ့အစား နားလည်မှုတွေနဲ့ အတူလက်တွဲပီး ဒို့နိုင်ငံ တိုးတက်အော် ကျိုးစားကျရအောင်လို့ ပြောချင်ပါတယ်ဗျာ

konamazu said...

အမှန်ဆိုရင် ဒီကောင်တွေ မိုက်ရိုင်းတယ်လို့ပြောတာတောင် မတန်တော့ဘူး။လူစိတ်မရှိတာ လူကမွေးပြီးခွေးချီးပါတဲ့ကောင်တွေဆိုတာ ဒီလိုတိရစ္ဆာန်တွေကိုပြောတာ။ဖမ်းမိတယ်ဆိုတာတော့ ကောင်းပါတယ် ပြန်မလွတ်သွားဖို့တော့ လိုတယ်နော်။ဒီကောင်တွေခံစားရတာ ၈၈ကအစ်ကို၊အစ်မတွေ ခံစားရတာထက်စာရင်တော့ အများကြီးသက်သာမှာပါ။ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ...

Anonymous said...

ဦးအောင်သိန်းလင်းဖွဲ့ပေးထားတဲ့လက်မရွံ့အဖွဲ့များစွာထဲကတဖွဲ့ဖြစ်ပါလိမ်မယ်။
ရွေဝါရောင်အရေးအခင်မဖြစ်ခင်မှာတရပ်ကွက်လျှင်အယောက်(၂၀)ဖြင့်၊ရိုက်ဆို
တာနှင့်စဉ်းစားမနေနဲ့ရိုက်သာရိုက်ဆိုတဲ့အဖွဲ့များရှိခဲ့ပါသည်။

Latha Mobile 0945 000 1727 said...

ကြိုးကိုင်သူ ဘယ်သူလဲ?

လွပ်လပ်သော အရူး said...

ဟက်ဟက် ကိုသစ်ထူးလွင် နဲနဲ များ ပြီ ထင်တယ်နော် ခင်ဗျား သန်ချင်ရဲစခန်းက တာဝန် ရှိ သူတစ်ဦး အဲ.လိုပြောတာသေချာလို.လားကွယ် ဖြစ်မှဖြစ်ရလေ ခင်ဗျား ဘာလို.အဲ.လောက် သိနေတာလဲ ကိုယ်တိုင် မြင်တွေ.ခဲ.ရတဲ လူလောက်တော. ခင်ဗျားပိုသိနိုင်မှာ မဟုတ်တာ သေချာတယ် သူများ ပေါက်ကရပြော ပြောတိုင်း ပေါက်ကရလိုက်မရေးဖို. မျှော်လင်. ပါတယ်
ဟက်ဟက်

ဇာမဏီ said...

“ဘယ်သူက ရိုက်ခိုင်းတယ်။ ဘာအတွက်ကြောင့် ရိုက်တယ်ဆိုတာကတော့ စစ်မေးနေတုန်းပါပဲ” တဲ့ ဟဟဟဟဟ
ရိုက်စစ်စရာမလိုပါဘူးဗျာ ။ အားလုံးအသိပါ ။။

ရင်တွင်းကမှန်ရာ said...

အော်ဒီမိုကရေစီ မလို့သာနော် ဥပဒေဆိုတာအလကားတော့မထားပါဘူး ဒီမိုကရေစီဖြစ်တိုင် မင်းမဲ့တိုင်ပြည့်မဟုတ်ဘူးဆိုတာပိုသိသာသွားတာပေါ့ အဖွဲ့အမည်တွေပါနေတော့ခက်တယ် အကောင်းပြောခံရတော့လည်း အဖွဲ့အမည် အဆိုးပြောခံရတော့လည်း အဖွဲ့အမည် အင်လေ ပြိုင်ဖက်လေးလည်းရှိကြမှ နိုင်ငံတိုးတက်မှာပါ ဒါပင်မဲ့ ဒီမိုကရေစီနော် ဥပဒေဆိုတာအလကားမထားဘူး

Anonymous said...

ရိုက်တဲ့သူတွေလည်း ငယ်ရွယ်တဲ့သူတွေမဟုတ်ပါဘူး
ကိုယ့်အသက်အရွယ် ဆင်ခြင်တုံတရားနဲ့
ကိုယ့်ဟာကို ပြန်ဆန်းစစ်ကြဖို့လိုပြီ
သူများမြှောက်ပေးတိုင်း လုပ်သင့်သလား
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်လုပ်တယ်ဆိုရင်
အဲဒီလို အပြုအမှုစရိုက်တွေ လုပ်သင့်သလား
သူတပါးက အဲဒီလို ကိုယ့်လာလုပ်ရင်ကော
ခံနိုင်မလား မြန်မာမြန်မာချင်းချရဲတာ
အကျိုးရှိသလား သတ္တိလို့ခေါ်မလား
လူငယ်တွေ မိမိကိုယ်ကို တန်ဖိုးထားကြပါ
အမှန်တရားကိုမြတ်နိုးပြီး ကျင့်သုံးနိုင်ကြပါစေ

Theodo said...

တကယ်အရေးယူနော် မဟုတ်လို.ကတော့

HAN MYO said...

သတင်းေ၇းသူသည်ကိုေ၇းသည့်သတင်းအတွက်မည်သို့သောအစွဲ မျှမရှိရ။

Aung Soe Oo said...

မင့်မဲ့စရိုက်ဆန်တဲ့တဖက်သတ်အပြုအမူဖြစ်ပါတယ် ဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘးခင်ဗျာ ..ထိရောက်စွာအရေးယူပေးပါ...

Moe Moe said...

ပြည်ခိုင်ဖြိုးပါတီ ဆိုတာမြန်မာငံမှာ လုံးဝ မရှိသင့်တဲ့အဖွဲ့ ပါ ကောင်တာလုပ်တာ တစ်ခုမရှိဘူး မကောင်းတာတွေပဲလုပ် တာတွေ့ နေကြာနေမြင်နေရတယ် ဒါကြောင့် သမ္မတကြီးအနေနဲ ဒီအဖွဲ့ ကိုအမြန်ဆုံးဖြိုခွဲ နှိမ်နင်းပေးပါရန် ပန်ကြားအပ်ပါသည်။

su said...

ဖမ်းဆီးရမိ သတင်းလောက်တင် မလုပ်ပါနဲ့။ ဘယ်လို အရေးယူဆောင်ရွက်သလဲ ဆိုတာလည်း ကြားချင် သိချင်နေတယ်။

Anonymous said...

ထုံးစံ အတိုင်း ပေါ. ၊ အထက်အမိန်. ........... လွှတ်ပေးလိုက် ၊

Anonymous said...

ကျောင်းသားအရောင်ကိုခိုးထားပြီး
ကျောင်းသားတွေကိပြည်ခိုင်ဖြိုးထဲဝင်ခိုင်းပြီး
သူတော်ကောင်းကြက်သူခိုးလုပ်နေကြတာ
မရှက်ဘူးလား။ကျောင်းသားသိက္ခာပွန်းပဲ့စေတယ်။
လူတွေလည်းချေးကျွေးတိုင်းမစားကြစေနဲ့။
အော်အော့....
စွမ်းအားရှုင်များသဘာဝဘေးဆိုးကြီးမှ
လွတ်မြောက်ပါစေ..နောင်ဘ၀တွင်...
ကြံ့ဖွတ်ကြီးများဝတ်ဆိုတာမလည်ပါစေနဲ့...

Powered by Blogger.