ၾသစေၾတးလ် လေဘာပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) မှ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊
ဒေါ်စန္ဒာမင်း၊ ဦးဖြိုးဇေယျာသော်နှင့် NLD လူငယ်ဖြစ်သည့်
အဆိုတော်လင်းလင်းတို့ သြစတြေးလျနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
“မနက်ဖြန် စပြီး ရန်ကုန်က ထွက်မယ်။ ဒီခရီးစဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင်စေလွှတ်တာပါ။ သြစတြေးလျ လေဘာပါတီက ဖိတ်လို့ပါ။ စုစုပေါင်း ၄ ယောက်ပါ” ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
သြစတြေးလျသို့ ရောက်ရှိစဉ် ဆစ်ဒနီတက္ကသိုလ်တွင် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တခုကို ၅ ရက်ကြာ လေ့လာကြမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် သြစတြေးလျ လွှတ်တော်အမတ်များ၊ နိုင်ငံရေးသမားများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
NLD မှ လွှတ်တော်အမတ်တချို့ လွှတ်တော်တက်ရောက်ခြင်းမရှိဘဲ သြစတြေးလျနိုင်ငံ သွားရောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ လွှတ်တော်ရုံးသို့ တရားဝင် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
“အခုအခြေအနေမှာ ကျမ်းကျိန်လွှာ အခက်အခဲကြောင့် ကျနော်တို့ လွှတ်တော် မတက်နိုင်သေးဘူး။ ဒါပေမယ့်လည်း ခရီးသွားမယ့်သူတွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေဖြစ်နေတော့ လွှတ်တော်ရုံးကိုတော့ တရားဝင် အကြောင်းကြားထားတယ်။ ကျနော်တို့ ခရီးသွားနေစဉ်မှာ ကျမ်းကျိန်လွှာကိစ္စ အဆင်ပြေလို့ တခြားအမတ်တွေ လွှတ်တော်တက်ကြမယ်ဆိုရင်လည်း ကျနော်တို့ ခရီးလွန်နေလို့ လွှတ်တော် မတက်နိုင်တဲ့အကြောင်း ပါတီကနေ တရားဝင်ခွင့်တိုင်ပေးမှာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ယင်းခရီးစဉ်နှင့် ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်တဦးက နိုင်ငံရေးပါတီများအကြား ချစ်ကြည်ရေးရင်းနှီးမှုဆိုင်ရာ ခရီးစဉ်မျိုးဖြစ်ကြောင်း ပြောသည်။
“ဒါက ဟိုဘက်ပါတီက ဖိတ်တယ်။ ဒီဘက်က သွားတယ်။ ချစ်ကြည်ရေးပုံစံပါပဲ” ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီတချို့မှ ပါတီဝင်များနှင့် အမတ်တချို့လည်း ၂၀၁၁ ခုနှစ်အတွင်း ဖိတ်ကြားမှုများအရ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တရားဝင် သွားရောက်ခဲ့ကြသည်ဟု သိရှိရသည်။
NLD လွှတ်တော်အမတ်များ ဦးဆောင်သွားရောက်ကြမည့် သြစတြေးလျခရီးစဉ်သည် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်သည်။

NLD အမတ်များ သြစတြေးလျသို့ ချစ်ကြည်ရေးခရီးစဉ် သွားမည်
Reviewed by သစ်ထူးလွင်
on
17:31
Rating:
6 comments:
Good တယ်နော်။ အားကျစရာကြီး
"
သြစတြေးလျသို့ ရောက်ရှိစဉ် ဆစ်ဒနီတက္ကသိုလ်တွင် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တခုကို ၅ ရက်ကြာ လေ့လာကြမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ လွှတ်တော်များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ " သေသေချာချာလေ့လာခဲ့ပါ။ အားကိုးလွန်းလိုပါ။
ဘိုလိုတော့က်တာ နဲနဲလောက် ကျင့်သွားကြပါအုံး။
မောင်မောင် ရေ အောင်အောင်ပါ
စိတ်လျှော့ ပါ ဒါနိုင်ငံရေးလုပ်နေတာနော်
ရွာထဲမှာတူတူပုန်းတန်းကစားနေတာမဟုတ်ဘူး
ယုံသလိုလို မယုံသလိုလိုမလုပ်ပါနဲ့  ရဲရဲကြီးယုံကြည်လိုက်ပါ
တစိမ်းသူတွေဝမ်းသာအောင်မလုပ်ပါနဲ့ ဟ
နိုင်ငံရေးမှာလျှိုဝှက်မှု့ တွေရှိနေမယ် နုညံမှု့ တိုင်းကိုတို့ မသိနိုင်ဘူး
ဒါနိုင်ငံရေးနေမှာပါ၊ တို့ လက်ခုပ်တီးပေးရအောင်နော်
တို့ မွေးထားတဲ့ ယုံမလေး ဟို နေ့ ကဗိုက်ကြီးတယ် ချက်ချင်းမမွေးဘူး
နည်းနည်းစောင့် ၇တယ် ယုံလေစောင့် ရမှာပေါ့  စက်ရုပ်မှ မဟုတ်တာ
အထက်က မောင်မောင် မင်းကဘာပြောတာလဲဟ ? အဲလိုမင်းတစ်ယောက်တည်းအတွက်ကိုကြည့်ပြီး အခွင့်အရေးလိုချင်လို့ မဲထည့်တယ်ဆိုရင်တော့ sorry ပဲကွာ .၂၀၁၅ မှာလဲထည့်စရာမလိုတော့ပါဘူး.....ငါလဲ ပြည်သူထဲက ပြည်သူတစ်ယောက်ပဲကွ။ ငါတို့ပြည်သူတွေက NLD ကိုမဲထည့်တယ်ဆိုတာက နိုင်ငံရေးယုံကြည်ချက်ကြောင့်ကွ နောင်လာနောက်သားတွေအတွက် ငါတို့နိုင်ငံတော်ကြီးရဲ့ အနာဂါတ်အတွက် ကိုယ်ကျိုးစွန့်ပြီးတော့ NLD ကိုမဲထည့်ခဲ့တာကွ......မင်းလိုပြောကြစတမ်းဆို ငါတို့လယ်မြေတွေကိုလဲ အခု တပ်မြေအဖြစ်နဲ့ အသိမ်းခံထားလိုက်ရတယ်လေ ....ဘာလဲ အဲဒါလဲ NLD ကိုပြန်အတောင်းခိုင်းရမှာလား ပြောပါ ? အတ္တစိတ်နဲ့ကြည့်ပြီးတော့ နိုင်ငံတော်ကြီးကောင်းမွန်လာအောင် ဦးဆောင်ဦးရွက်ပြုနေတဲ့သူတွေကိုပဲမင်းမို့အပြစ်ပြောရက်တယ်ကွာ......အဲလိုအခွင့်အရေးသမားဆိုရင်တော့ ကြံ့ဖွတ်ထဲကိုပဲ ဒိုးလိုက်တော့ မြန်မြန်သာ ဒိုးလိုက်တော့ မင်းစိတ်ဓါတ်နဲ့မင်းလိုချင်တဲ့အခွင့်အရေးနဲ့လိုက်ဖက်တာက ကြံ့ဖွတ်ပါတီပဲကွ......မင်းလိုလူတွေနဲ့ဖွဲ့စည်းထားတာလေ....။ မင်းရဲ့အရေးအသားက ကြံ့ဖွတ်တစ်ယောက်ပါ ဘယ်လိုနည်းနဲ့မှ NLD ကိုမဲထည့်ခဲ့သူမဖြစ်နိုင်ပါ NLD ကိုထည့်တဲ့ ပြည်သူတစ်ယောက်ကလဲ ဒီလို အသိတုန်းတဲ့ အမြင်မျိုးရှိမှာမဟုတ်ပါဘူးကွာ.....ပြည်သူတွေက NLD ရဲ့အပေါ်မှာ ယုံမှားသံသယ ဖြစ်လာအောင် တိုက်ခိုက်အပြစ်တင်ရေးထားတဲ့ ၀ါဒဖြန့်နေတဲ့ ကြံ့ဖွတ်တစ်ယောက်ပါ ဟုတ်ရဲ့လား.......
ကိုမောင်မောင်ရေ NLD အမတ်တွေက အခုမှ အမတ်စဖြစ်တာပါ လွှတ်တော်တောင်မတက်ရသေးပါဘူး တနှစ်လောက် လွှတ်တော်မှာကြီးစိုးထားတဲံ့  အမတ်မင်းကြီးများ ကိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ မတိုင်တည်ရတာလဲဗျာ ကိုမောင်မောင်ရဲ့ ရည်ရွယ်ချက်က NLD ကိုတိုက်ခိုက်ဘို့ သက်သက်ဘဲလား ခင်ဗျားတကယ်ဘဲ NLD ကိုမဲပေးခဲ့ လို့ လားဗျာ ပေါ်တင်ကြီးတော့ မလုပ်နဲ့ ဗျာ အဲဒီခေတ်က ကုန်သွားပြီ
ကိုယ့်လူတို့  အော်စီ လေသံလေးနဲ့  အော်စီ အထာလေးတွေ သိအောင်လုပ်ထားဦး- အော်စီတွေက နှုတ်ဆက်တဲ့အခါ - good day လို့ နှုတ်ဆက်တတ်တယ် -ဒါပေမဲ့ အသံထွက်က-good die- တဲ့- နောက်ပြီးတော့ - မိတ်ဆွေကို မိုက်-တဲ့ဗျ-ဒါပေမဲ့ ခင်ဗျားတို့ နဲ့ တွေ့ ၇မည့်သူတွေက နိုင်ငံရေးပါတီက အမတ်တွေ-တက္ကသိုလ်က ပညာရှင်တွေဆိုတော့ သူတို့ သုံးနေကျ ဆလန်းစကားတွေတော့ သုံးမှာ မဟုတ်ပါဘူး။ အောင်မြင်ပါစေ-
Post a Comment