NLD ကိုယ်စားလှယ်များ လွှတ်တော်တက်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အီတလီ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ ခန့်တွင် တွေ့ဆုံမှု မြင်ကွင်းဓာတ်ပုံ (The Voice Weekly)
ရန်ကုန်၊ ဧပြီ - ၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီ၏ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ ယခုကျင်းပနေသော လွှတ်တော်အစည်းအ ဝေးများသို့ မတက်ရောက်သည့် ကိစ္စသည် လုပ်ထုံးလုပ်နည်းဆိုင် ရာပြဿနာတစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာမဟုတ်ကြောင်း၊ နိုင်ငံရေးအရ မဆုတ်သာ မတိုးသာသည့်အခြေအနေသို့ ရောက်ရှိစေရန် တွန်းအားပေးမည်မဟုတ် ကြောင်းနှင့် ပါတီကို ထောက်ခံအားပေးသူများလည်း တစ်သဘော တည်းရှိမည်ဟုထင်မြင်ကြောင်း ယနေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

သို့ရာတွင် ဘီဘီစီသတင်းဌာန၏ မည်သည့်အချိန်၌ ပါလီမန်ထဲ သွားနိုင်မည်လဲဟူသော မေးခွန်းကို “အဲဒီ့မေးခွန်းကို ကျွန်မအခု အဖြေနိုင်သေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၉ နာရီခွဲတွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နှင့် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ဖွဲ့စည်းပုံတွင်ပါရှိသော စကားလုံးများ တသမတ်တည်း မဖြစ်သည့်အခက်အခဲဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ အစီအစဉ်နှင့် ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်းဥပဒေ စသည် တို့တွင်ပါရှိသည့် စကားလုံးများမညီညွတ်သည့် လုပ်ထုံးလုပ်နည်း ပြဿနာတစ်ခုဖြစ်သည်ဟု သူမကပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ၂၀၁၀ ရွေးကောက်ပွဲ တွင် မပါဝင်ခဲ့သည့်အကြောင်းရင်းများထဲ၌ ယခုစကားလုံး၏ ပြဿနာသည် အဓိကပြဿနာတစ်ခု အဖြစ် ပါဝင်ခဲ့သည်ဟုပြောကြားသွားသည်။၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်ပါရှိသည့် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရ မည်ဟု ပါသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲမ၀င်ခဲ့ခြင်းဖြစ်ပြီး ထိုဥပဒေကို ပြင်ဆင်ပြီးနောက် အဆိုပါစာသားသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လွှတ်တော် ကိုယ်စားလှယ်များ ကျမ်းကျိန်ရ မည့်စာသားတွင်ပါရှိနေသေးခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ယခုပြဿနာကို ဖြေရှင်းရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေပြီး သူမတို့သည် သမ္မတ၏ ရိုးသားသောသဘောထား အပြုအမူများကြောင့် ယုံကြည်ကြောင်းပြောကြားခဲ့သည်။သမ္မတက မြန်မာနိုင်ငံကို တိုးတက်သော ချမ်းသာသောနိုင်ငံတစ်ခုအဖြစ် ပြုပြင်ပြောင်းလဲနေသောရလဒ်များကို ယုံကြည်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများတွင် သမ္မတနှင့်အတူတွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု လည်းပြောကြားခဲ့သည်။
7Day News Journal
 
NLD ကိုယ်စားလှယ်များ လွှတ်တော်တက်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား NLD ကိုယ်စားလှယ်များ လွှတ်တော်တက်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား Reviewed by သစ်ထူးလွင် on 16:27 Rating: 5

7 comments:

လင်းသစ် said...

အမေ...
အမေသိတဲ့ မြင်တဲ့ အတိုင်းအတာကို
သားတို့တတွေ မလှမ်းနိုင် မမြင်နိုင်သေးပါဘူး..
သားတို့တွေ မြင်နေတာ ကြားနေရတဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် ကာလတွေမှာ
အမေ့ရဲ့ ပြည်သူ့အတွက်ဆိုတဲ့ နှိုင်းမရတဲ့ မေတ္တာ စေတနာတွေကြောင့်
အမေ အပါအ၀င် ပါတီဝင်တွေရဲ့ ဘ၀တွေ
လူသားမဆန်တဲ့ စီရင်ဆုံးဖြတ်ချက်တွေအောက်မှာ
တွန်းဖြို နင်းခြေခံဘ၀ပေါင်းများစွာအတွက်
သားတို့ ရင်ထဲမှာ...
အမေဟာ လေးစားရဆုံး
အကြွင်းမဲ့ ယုံကြည်ရဆုံး အမျိုးသားခေါင်းဆောင်အဖြစ်
သန္ဓေတည် ရှင်သန်လျှက်ပါ
အမေ လျှောက်တဲ့ လမ်းတလျှောက်မှာ ထာဝရ လိုက်ပါရပ်တည်နေမှာပါ။

Anonymous said...

အမေစုရဲ့အတွေးအမြင်ကထက်မြက်လွန်းတယ်။
တော်တယ်..လိုက်မမှီလို့ထင်တယ်။
အမေ့ရဲ့တောင်းဆိုချက်ကိုကန့်လန့်တိုက်နေတယ်။
သူတို့သာရိုးရှင်းမယ်ဆိုရင်ဒီကိစ္စလိုက်လျောပေးသင့်တယ်။
တိုင်းပြည်အတွက်အကျိုးမရှိတာမှန်သမျှတောင်းဆိုပါအမေ..
အမေကကတိတည်ကြည်သူမို့...စကားစုတိုင်းကိုအလေးနက်ထားခြင်းကလုံခြုံမှုကိုဖြစ်စေတယ်။။

evil said...

တစ်ကယ်တော့ ဒီကိစ္စက မဆုတ်သာ မပြုသာ အခြေအနေလို့ ထင်တယ်။ နှစ်ဘက်လုံးအတွက်ပါ။ အမေစုတို့ဘက်ကလဲ ပြင်မရရင် နိုင်ငံရေးသိက္ခာကျမယ်။ လက်ရှိအစိုးရကလဲ လွှတ်တော် လမ်းကြောင်းက မဟုတ်ပဲ ပြင်ပေးရင် သိက္ခာကျမယ်။ ဒီတော့ နှစ်ဘက်လုံးက မလျှော့ပဲ တင်းခံရင်တော့ ပြည်သူတွေပဲ ဒုက္ခရောက်မယ်လို့ပဲ သတိပေးချင်ပါတယ်။ ပုဂ္ဂလိက ခံစားချက်ကတော့ ရှဉ့်လဲလျှောက်သာ ပျားလဲ စွဲသာ အခြေအနေမျိုး ကို ဖန်တီးပေးမဲ့သူ ဘယ်သူလဲသိချင်နေတယ်။

aungsantagun said...

ဒေါ်စုနင့်သမတကြီးခဏခဏတွေ့ဆုံနေတာပါ..ဒါနိင်ငံရေးပြသနာမဟုတ်ပါ...ပြေလည်သွားမှာပါ.......အားလုံးN.L.D...ရဲ့စုစည်းမှုအောက်မှာရှိနေကြဖို့လိုပါတယ်။

me: me: said...

ဒါနဲ့စကားမစပ်.....
အမေစု ဒီဇိုင်းနာ ဘယ်သူလဲသိချင်လိုက်တာ။

win zaw naing said...

အမေရဲ့  မြန်မာဆန်ဆန် ၀တ်စားဆင်ရင်မှု ကို မြန်မာမိန်းကလေးတွေ
များများအတုယူစေချင်ပါတယ်ဗျာ.... ကြည့် ရတာ ကျက်သရေရှိလွန်းလို့ 
ပါဗျာ.. တကယ်ပါ။

itintinwin said...

ဟုတ်ပါတယ်- မမစု အခုတလော ၀တ်ဆင်ထားတဲ့ဒီဇိုင်းလေးတွေနဲ့အလွန်လိုက်ဖက်ပါတယ်- အရမ်းလည်းကြည့်လို့ကောင်းပါတယ်- မြန်မာဆန်ဆန်ဝတ်စားထားတာ အရမ်းကျက်သရေရှိပြီး-၀င့်ဝင့်ကြွားကြွားဖြစ်နေပါတယ်- စတိုင်ကလည်းအတော်မိုက်ပါတယ်- ကြည့်လို့မ၀အောင် အဆင်ပြေပါတယ်-
ကြိုက်ပါတယ် :)

Powered by Blogger.