NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု

လွှတ်တော်ကိုယ်စားလှယ်တွေကျမ်းသစ္စာကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိမ်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့စကားရပ်နဲ့ကျိန်ဆိုရမှာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရကိုတင်ပြထားတဲ့ကိစ္စနဲ့ ပတ်သက် လို့ နေပြည်တော်အခြေခံဥပဒေခုံရုံးကဒီစကားရပ်ကိုပြန်လည်ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။

အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့
နောက်မှာ NLD ရဲ့တင်ပြချက်အဆင်မပြေသေးကြောင်း သိရတာပါ။
ဒါနဲ့ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။

"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူးမဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"

အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတခုပဲဖြစ်သေးတဲ့ အတွက် သမတအပါအဝင် အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူး
လို့ ဦးဥာဏ်ဝင်းကပြောပါတယ်။

အခုလို အခြေခံဥပဒေခုံရုံးကပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့ မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသေးဘူး လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။

နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ အခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလဲ ဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်တဲ့အတွက် အခြေခံဥပဒေ
ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ဒီ ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့်တင်ပြထားတာဖြစ်ပါတယ်။


RFA

NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု NLD တင်ပြချက် အခြေခံဥပဒေခုံရုံးက ပြင်ဆင်ခြင်းမပြု Reviewed by သစ်ထူးလွင် on 04:33 Rating: 5

10 comments:

လင်းသစ် said...

မေးလိုက်ဗျာ...
ပြည်သူကို ထိခိုက်နစ်နာစေတဲ့
ဥပဒေ နှင့် ပြဌာန်းထားတာရှိနေခဲ့ရင်
ထပ်မံ ပြဌာန်းမိရင်
စီရင် ပြဌာန်းသူ အကုန်လုံးနဲ့
ဆွေစဉ်မျိုးဆက် ၁၀ဆက် ပြည်သူ့အတွက် ဘ၀အဆက်ဆက်ပြန်ပေးဆပ်ပါ့မယ်လို့ ...
ပြည်သူအတွက် အကျိုးမရှိတဲ့
ဥပဒေ နှင့် ပြဌာန်းချက်မှန်သမျှ
အချိန်မရွေး ပြောင်းလဲ ပြင်ဆင်ခွင့်ပေးမလားလို့ ...
စာကြွင်း။
အစ်ကို မင်းကိုနိုင်က ထောင်ကထွက်ထွက်ချင်း
ဘုရားမှာ
ဒီဘ၀ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုး ခရီးဆုံးပန်းတိုင်အထိ
ပို့မပေးနိုင်ခဲ့ရင် နောက်ဘ၀အဆက်ဆက်
ဒီဘ၀ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုး ခရီးဆုံးပန်းတိုင်အထိ
ဆောင်ရွက်ပါ့မယ်လို့ သစ္စာဆိုသွားခဲ့တယ်...

zinko said...

မပြင်ရင်မတက်ပါနဲ့ကာကွယ်စောင့်ရှောက်ဆိုဒါ(NLD)ရဲ့အဆိုတွေ..တခြားသောပါတီတွေရဲ့အဆိုတွေကိုလေးစား လိုက်နာမှုမရှိဘူးဆိုဒါကို(အရိုးပေါ်အရေဖုန်းထားတဲ့သဘောပါ)တင်ပြကြည့်ပ့ါ လားကျွန်တော်တို့က ကာကွယ်စောင့်ရှောက်ရမယ်လို့ပါတဲ့အတွက်လို့ပြန်လညှ်၍ခုခံ ခံရပါလိမ့်မေ ပါတီစုံတွေသတိထားပါဘယ်လိုပုံစံနဲ့အလိမ်ခံရမလဲဆိုတာကို(ပညာရှိသတိဖြစ်ခဲ)

a said...

ကလိမ်ဇာတ်လမ်းကစပြီ၊ရွေးကောက်ပွဲဝင်ဖို့တုံးကပြင်ပေးပြီးနိုင်ငံတကာနဲ့အပေးအယူတစ်ချို့ရပြီးတော့မှဇာတ်လမ်းကစပြီ။ပြင်ဆင်ရေးသားဖို့မလိုဘူးဆိုကထဲကသူတို့ဘာလုပ်မယ်ဆိုတာသိသာနေပါပြီ၊သူညစ်တွေကိုအမြဲသတိနဲ့ဆုံးဖြတ်တဲ့အတွက်NLD ကိုကျေးဇူးတင်ပါတယ်။

မျှော်ရဇ် said...

အမေစု နှင့် NLD အစဦးမှာ ဦးမကြိုးပါစေနှင့်။

နိုင်နိုင်စနေ။ said...

ပြည်သူတွေအသဲကြားကမဲတပြားအတွက်တန်ဖိုးထားပေးပါဗျာ။
ပြောင်းလည်းစေချင်လွန်းလို့..ဖြစ်စေချင်လွန်းလို့..
အုံလိုက်ကျင်းလိုင်းအားပေးထောက်ခံမှုပြုတာပါ
မြန်မာတွေနုံချာလာတာကြာပါပြီ..တခုတည်းသောထွက်ပေါက်လေးအတွက်
လုပ်လိုက်တာပါ။
လုပ်ပေးပါဗျာ။
ကိုယ်တိုင်လွတ်တော်ထဲရောက်အောင်ဝင်သွားပြီးမှကိုယ်လိုချင်တာတွေ
ပြောကြပါ။
ပြည်သူတွေအတွက်လုပ်ပေးပါ။
ဘာမဟုတ်တာလေးတခုအတွက်နဲ့လွှတ်တော်မတက်ဘူးဆိုပီး
ထပ်မလုပ်ပါနဲ့တော့
တခွန်းတည်းသောစကားလေးအတွက်
NLDအတွက်မဆိုဘူးပြည်သူတွေအတွက်ပဲ့လိုက်ဆိုလိုက်တာပါလို့
လုပ်လိုက်စမ်းပါ..
အချိန်ကနားနားကပ်နေပီ
ချီတုန်ချတုန်လုပ်မနေပါနဲ့တော့ NLD

NLD..ဟာပါတီအတွက်လား
NLD..ဟာပြည်သူ့အတွက်လည်း

ဆိုတာကို...
ရင်ဇွင့်ပြလိုက်ပါဗျာ။
စောင့်ကြိုနေပါ့မယ်။

phyoe said...

အမှန်တကယ်ဆို ပြင်ပေးသင့်ပါတယ် ဗျာ တကယ် တိုင်းပြည်ကို အကျိုးပြုမည့် ပုဂ္ဂိုလ်တွေပဲ

kyaw thu said...

သြော်...လူတွေ...လူတွေ....

a said...

စာသားမပြင်ခင်လွှတ်တော်ထဲရောက်မှာစိုးရိမ်ပါတယ်။ကလိမ်ကကျစ်အစိုးရပါ။

honey said...

N.L.Dကပြည်သူတွေအတွက်အဓိကထားပြီး
လုပ်ဆောင်နေတယ်ဆိုတာသေချာ
သဘောပေါက်ကြစေချင်တယ်။
ပြည်သူအတွက်စဉ်းစားပေးလို့ကျမ်းမကျိန်တာပေါ့။
သူ့ပါတီအတွက်လုံးဝမဟုတ်ပါ။
ကာကွယ်တယ်ဆိုတာလေးနက်တယ်။
ပြည်သူအတွက်အကျိုးမရှိတဲ့စာသားကို
ဘာကြောင့်မပြင်ပေးတာလဲ။
ရိုးသားရင်ပြင်သင့်ပါတယ်။

Alan said...

အခြေခံဥပဒေကို လေးစားလိုက်နာပါမည် သို.မဟုတ်ကာကွယ်စောင့်ရှောက်ပါမည် ဆိုလိုတဲ့သဘောတရားအခြေခံ ဘယ်အတိုင်းအတာအထိမှားယွင်းနေတယ်၊ လွဲမှားမှု အတိုင်းအတာဘယ်လောက်ကျယ်ပြန်.သလဲ၊ ပြည်သူကို ဒီအသုံးအနှုံးက ဘယ်အတိုင်းအတာအထိဒုက္ခပေးနိုင်သလဲ - NLD အနေနဲ.အရေးအကြီးဆုံးက လွှတ်တော်ထဲအမြန်ရောက်ဖို.ဟာ အဓိကအရေးကြီးတဲ့ကိစ္စလို.ပဲမြင်ပါတယ်။ လွှတ်တော်ထဲရောက်ရင် မိမိတို. အခြေခံဥပဒေမှာ သူ.ထက်အရေးကြီးတဲ့ပြင်ဆင်မှုပေါင်းများစွာ ကိုလုပ်ဆောင်ရမှာဖြစ်ပါတယ်။ အသေးအမွှားလေးတွေပေါ်မှာအချိန်မဖြုံးသင့်ပါကြောင့် အထူးလေးစားမှုနဲ.အကြံပြုလိုပါတယ်။

Powered by Blogger.