NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည်

ဒေါက်တာအေးမောင်
NLD လွှတ်တော်တက်ရောက်ရေး အတွက် လိုအပ်သောဖွဲ့စည်းပုံ အခြေခံဥပဒေပါဇယား(၄)တွင် ပါရှိသော စာသားအား ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်တွင်တက်ရောက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာ အေးမောင် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ  ဒေါက်တာမြတ်ဉာဏစိုး တို့က  လွှတ်တော်တွင်း နေရာအများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။

‘‘လွှတ်တော်ထဲမှာဆိုရင် USDP က အမတ်တွေက အများဆုံးပါပါတယ် ၊ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင် ပြည်ထောင်စု  လွှတ်တော်မှာ တက်ရောက်နေတဲ့ အမတ် ၂၀ ရာခိုင်နှုန်း ၊ ရှိဖို့လိုအပ်ပါတယ်၊ ဒီဥပဒေကို ပြင်ဆင်ဖို့ တင်မယ်ဆိုရင် USDP က ပါတီအင်အား ပိုများတဲ့အတွက် မို့လို့ ဒီပါတီကြီးက NLD အမတ်တွေဝင်လာဖို့ တင်ပေးမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ USDP က မဆောင်ရွက်ခဲ့ရင် ကျွန်တော် နဲ့ ဒေါက်တာ အေးမောင် ပေါင်းပြီး တိုင်းရင်းသားပါတီတွေ ဒီမိုကရေစီ အင်အားစု  ပါတီတွေအား လုံး ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာ မြတ်ဉာဏစိုး က ပြောကြားသည်။

‘၂၀ ရာခိုင်နှုန်း မှာ အမတ်ဦးရေ ၁၃၀ လောက်လိုအပ်တယ် ကျွန်တော်တို့မှာ အဲဒီ အမတ်အရေအတွက် မရှိဘူးရင်တောင် ကျွန်တော်တို့မရှုံးပါဘူး ၊ ကျွန်တော်တို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အမြတ် တစ်ခုလို့ ပဲ မြင်ပါတယ် ’’ ဟု ဒေါက်တာအေးမောင်က ဆိုသည်။

Yangon Media Group
NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည် NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည် Reviewed by သစ်ထူးလွင် on 17:29 Rating: 5

15 comments:

supergunner said...

မပြောတတ်တော့ဘူး...
တယ်လည်းရှုပ်တဲ့နိုင်ငံရေးပဲ..မသိလို့ မပြောတတ်ပေမဲ့.. တစ်ခုလေးပဲပြောချင်ပါ
တယ်.. နိုင်ငံတကာမှာ မျက်နာငယ်ငယ်နဲ့ ကျွန်သဖွယ်အလုပ်လုပ်နေတဲ့ပြည်ပ
ရောက်မြန်မာ တွေနဲ့ ပြည်တွင်းက ဆင်းရဲသားလူတန်းစားများရဲ့ မျက်နာကို
ကြည့်ပေးကြပါ.. ထိုင်းနိုင်ငံကမြန်မာတွေအတွက်..ဘာမှပြောင်းလဲမလာသလိုပဲ
မလေးရှားကမြန်မာတွေအတွက်လည်း..ဒီအတိုင်းပဲ..
ပြောင်းလဲချင်ပါဘီ.ပြည်အင်အားသည်ပြည်တွင်းမှာသာရှိသည်ဆိုပေမဲ့.. ပြည်ပ
မှာရှိတဲ့ ရွှေမြန်မာတွေအတွက်ရပ်တည်ပေးမဲ့ သံအရာရှိများကိုလည်း စေလွတ်
ပေးဘို့ တောင်းဆိုပါတယ်

မောင်မောင် said...

NLD အနေနဲ. အစကတည်းက အဒီစကာလုံးကိတ်စကို မစဉ်းစားခဲ့တာလား..နည်းနည်းတော့တွေးသင့်တာပေါ့..ရွေးကောက်ပွဲမဝင်မှီက တကယ်လို.အနိုင်ရခဲ့ရင်..ကျမ်းကျိန်ရမယ်ဆိုတာ သိပြီးသားလေ..ကျနော်တော့ nldလုပ်ရပ်တွေကို နည်းနည်းသံသယဖြစ်လာပြီဗျာ..အစကတည်းယုံကြည်ခဲ့တာ..

Lion King said...

အမေစုကို...
လွှတ်တော်ထဲမှာအမြန်ဆုံးမြင်ချင်ပါတယ်။

ဇာမဏီ said...

အခုမှ လွှတ်တော်ကြီးက စပြီး အက်ရှင်ဖြစ်လာတာပါ။
အန်အယ်ဒီ ၀င်မလာရသေးပါဘူး ။ အက်ရှင်စဖြစ်လာပါပြီ။
အန်အယ်ဒီကို ၀န်းရံရင်းစောင့်ကြည့်လိုက်ကြရအောင်။

Anonymous said...

တကယ်တမ်း အဲ့ဒီလောက် ခက်ခက်ခဲခဲကြီး လုပ်ရမယ့်ကိစ္စမဟုတ်ပါဘူးဗျာ.. ဘာတွေလွဲနေလဲ..

minmin said...

အမှန်မှန်ဆိုကျမ်းကျိန်ရင်ဗီဒီယိုမှတ်တမ်းလေးယူထား...ကာကွယ်ပါမည်ဆိုတဲ့နေရာမှာ..လေးစားလိုက်နာပါမည်လို့ ကျယ်ကျယ်လေးပြင်ဆိုလိုက်...ရမလားမသိဘူး...ဒါဆိုနှစ်ဦနှစ်ဖက်ပြေလည်မယ်ထင်ပါတယ်

William P said...

အန်အယ်ဒီကို ၀န်းရံရင်းစောင့်ကြည့်လိုက်ကြရအောင်။
Take time to get SUCCESS....

nanmyintswe said...

အလံတောင်သူတို့ပြောင်းသေးတာဘဲဘာလို့ဒီဟာလေးကိုပြောင်းမပေးချင်တာလဲ သူများလုပ်တာကျတာ့သူတို့ကလက်မခံကျဘူးလား

tapaungthi said...

minmin ပြောတာကောင်းပါတယ် ဖြစ်နိုင်ရင်ပေါ့..။
ဒါပေမဲ့လည်း NLD ရွေးကောက်ပွဲစ၀င်မယ်ဆိုကတည်းက ကတိပြုပြီးသားပါ
အခြေခံဥပဒေပြုပြင်ဖို့ကို အစိုးရက ပြင်ဆင်သင့်တာပြင်ဆင်ပေးပါ့မယ်လို့ပြောပြီးသားပါ
ကတိပေးလို့သာ ရွေးကောက်ပွဲဝင်ခဲ့တာပါ..။
ပြင်ဆင်သင့်တာတွေလည်းပြင်ဆင်ပေးခဲ့လို့ ၀င်ဖြစ်ခဲ့တာပါ
အခုဖြစ်နေတဲ့စကားလုံးဟာ အရမ်းကိုနက်ရှိုင်းပါတယ်.။
ကာကွယ်တာနဲ့လေးစားတယ်ဆိုတဲ့စာသားဟာ အရမ်းကိုကွာဟပါတယ်..။
ကာကွယ်တာဟာ တသက်လုံးပြုပြင် ပြင်ဆင်ဖို့မလွယ်ပါဘူး.။
ပြည်သူ့အကျိုး တိုင်းပြည်အရေးကိစ္စတွေကိုကြည့်ပြီး ပြင်ဆင်သင့်တာပြင်ဆင်ဖို့တောင်းဆိုတာပါ.NLD ရဲ့ ဘရိန်းကောင်းပုံလေးပါ အရမ်းကောင်းပါတယ်..။
လေးစားရင်းလေးစားပါတယ် အမေစု..။

thagyi Kyaw said...

ဒီတစ်ခါ နောက်ပြန်ဆုတ် ဖို့ ကြိုးစားတာ NLD ပါ လို့ ယူဆရမလိုဖြစ်နေပြီ..လွှတ်တော်မှာ တရားဝင်ပြောဆိုကြဖို့ ပြည်သူက ထောက်ခံမှု အပြည့်အ၀ ပေးပါရဲ့ နဲ့ လယ်ကွင်းတို့ သောင်ပြင်တို့ မှာကြားရတဲ့လက်ခုပ်သံကို ပိုကြားချင်လို့ လားလို့  လေးစားရတဲ့အမေစုကို မေးရမလိုဖြစ်နေပြီ..ကျွှန်တော်တို့ လူပြိန်းအတွေးနဲ့ တွေးပြီး အမေစု ပြောနေကြစကားကိုယူပြီးပြောရယင် ကျွှန်တော်တို့ ကတော့ အဲလိုဘဲ ယူဆပါတယ်..

Anonymous said...

NLD က အခြေခံဥပဒေ ကိုပြင်ချင်တာ၊ ပြင်လဲပြင်ရမယ် ထောက်ခံတယ်၊ ဟိုငနဲတွေက မဟုတ်တာလုပ်ထားတော့ ဘာတွေဆက်ပြင်မလဲ သိနေတာ၊ ဒါကြောင့်တင်းခံနေတာ၊ ကြံ့ဖွတ်ဆိုတဲ့ကောင်တွေက ငအတွေ ၊လူမှုရေးဆိုပြီးဖွဲ့တယ်၊ ပြီးတော့ စစ်ထွက်တွေက သိမ်းလို့ ပါတီအဖြစ် ပေးလိုက်ရတယ်။ အလှူခံပြီး စားဖို့လောက်ပဲ တတ်တဲ့ ငအတွေ။

ဇာမဏီ said...

အပေါ်က ပုဂ္ဂိုလ်များ နားမလည်ကြသေးဘူးလားဗျာ ။ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အန်အယ်ဒီက ကိုယ်စားလှယ်(၄၃)ဦးဟာလွှတ်တော်ထဲကိုမဖြစ်မနေသွားရမှာ ။ အဲဒါဟာကျိန်းသေတဲ့ကိစ္စဘဲ ။ဒါပေမဲ့အန်အယ်ဒီလိုချင်တာဘဲ လဲ၊ရည်ရွယ်ချက်သုံးရပ်ကဘာလဲခင်ဗျားတို့မသိကြသေးဘူး
လား ။လွှတ်တော်ကို စောတက်တာနဲ့ နောက်ကျတက်တာနဲ့က ဘာမှထူးခြားမသွားပါဘူး ။ အေး ..ဒါပေမယ့် လွှတ်တော်ကို ကျိန်းသေပေါက်ဝင်ရမဲ့ အချန်မှာ ရည်ရွယ်ချက်သုံးရပ်ထဲက တစ်ခုကို တစ်ခါထဲ ဆွဲသိမ်းသွားတာဘဲဗျ ။ အဲဒါကို ခင်ဗျားတို့
မြင်ရဲ့လား ။ အဲဒီ ဆွဲသိမ်းသွားတဲ့ (၁) ရပ်ကလည်း ခင်ဗျားတို့
ကျုပ်တို့ ပြည်သူတွေရဲ့ပြုပြင်ပြောင်းလဲရေး အတွက် အရေးအ
ကြီးဆုံး တစ်ချက်ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဘဲ ။ဒီစကား
စုလေးတစ်ခုကိုကပ်နေကြပါလားလို့ခင်ဗျားတို့မြင်နေကြသလား
အန်အယ်ဒီခုလုပ်ဆောင်ချက်ကို အားပေးရမယ့်အစား မဝေဖန်
ကြပါနဲ့ဗျာ ။ တချို့ဆို သံသယရှိနေပီတောင်ပါလိုက်သေးရဲ့။
ခင်ဗျားတို့ ကျွန်တော်တို့က မနေ့တနေ့ကမှ အွန်လိုင်းပေါ်တက်
ပီး လေနိုင်ငံရေးလုပ်နေကြတဲ့သူတွေပါ။ ဒေါ်စုတို့ဆိုတာ ဘဝ
နဲ့ရင်းပီးတိုင်းပြည်အတွက်နိုင်ငံရေးလုပ်လာတာ(၂၅)နှစ်
လောက်ရှိပီဗျ ။ (ချက်) ဆိုရင် နားခွက်ကမီးတောက်ပီးသား
ဆိုသလိုမျိုးပေါ့ ။ မယုံရင်စောင့်ကြည့်လိုက်ကြ ။ အန်အယ်ဒီ
အမတ်တွေ လွှတ်တော်ထဲကို မ၀င်ရသေးခင်မှာတင် ကြံ့ဖွတ်
အစိုးရ ဘူးခံပီး ငြင်းနေတဲ့ အခြေခံဥပဒေကို စပြီးပြင်ပေးရတော့
မယ်။မြင်အောင်ကြည့်တတ်ကြပါဗျာ။ကြည့်တတ်သူတွေမြင်ကြ
ပါတယ်။မြင်တဲ့သူတွေသိကြပါတယ်။သိတဲ့သူတွေပြုံးနေကြပါ
တယ်။

တန`င်္လာကိုကို said...

အဲဒီဥဘဒေကြီးကို၊ ကားကွယ်ဆောင်.လျှောက်မယ်လို.ကျန်းကျိန်ပေါ.နော။
ပြီးမှဥဘဒေဟောင်ကြီးကိုအမျိုးသမီးပြတိုက်မှာကြည်ကာမှန်နဲ.ဖြစ်ဖြစ်၊ လျှို.၀ှက်ဥမင်မှာဖြစ်ဖြစ်ထိမ်းသိမ်းထား။ ကျွန်မတို.လဲဆောင်.လျှောက်ပေး
မယ်ဝေ.နော။

tapaungthi said...

minmin ပြောတာကောင်းတယ် ..။
ဒါပေမဲ့ ကာကွယ်တာကိုတော့ပြင်ဆင်သင့်တာတော့အမှန်ပဲ
အမေစုခေါင်းကောင်းတယ်နော် လျော့မတွက်ကြနဲ့

original said...

နိင်ငံတော်ုကီးတိုးတက်ဖို့ လက်ရှိအာဏာရပါတီသည် တာဝန်နင့်အသိစိတ် အကောင်းအဆိုး အမှားအမှန် ဆုံူးဖတ်ချက် အေူပာနင့်လက်တွေ့သက်သေပြရန်အချိန်တန်ပြီ
ဟီလာရီကလင်တန်ကတောင်ေူပာသွားသည်ူမန်မာခေါင်းဆောင်များသမိုင်းတွင်နာမည်ကျန်ရန်လိုသည်တဲ့ေုသာ် သူမတောင်ဝေဖန်သွားသည်
ေုသာ်ူမန်မာူမန်မာူမန်မာတဲ့လား
ငါမှန်တယ် မင်းမှားတယ် ငါရဲ့သခင် ငါဆွေမျိုးေုသာ်ူမန်မာတဲ့လား

Powered by Blogger.