ဓာတ်ပုံ 美国国务院
ကြားဖြတ် ရွေးကောက်ပွဲအတွင်း အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် တွေ အခု ကျင်းပနေတဲ့ လွှတ်တော်ကို မတတ်ရောက်နိုင်တဲ့ အခြေအနေဟာ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်မလား စိုးရိမ်မှုကတော့ အတော်များများရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ ကတော့ ဒါကို ပြဿနာတရပ်လို မယူဆပဲ၊ ညှိုနှိုင်း ဖြေရှင်းလို့ ရနိုင်မယ်လို့ ယူဆနေပါတယ်။ လွှတ်တော်ကိုလည်း တတ်ရောက် ဖြစ်မှာပါလို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုအနေ နဲ့ ကတော့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်ရောက်နိုင်ရေးအတွက် အားလုံး ညှိုနှိုင်းဆောင်ရွက် နိုင်ကြဖို့ တိုက်တွန်းပါတယ်။
“စစ်အုပ်ချုပ်ရေးမှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတဲ့ ကျမ်းသစ္စာ ဆိုရမယ့်ကိစ္စကို စိုးရိမ်တာကြောင့် ဒီနေ့ ပြုလုပ်တဲ့ လွှတ်တော် အစည်အးဝေးတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ မတတ်ရောက်ဘူးလို့ နားလည် ထားပါတယ်။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရနဲ့ အခြားအစုအဖွဲ့ ပါတီတွေကို ဆွေးနွေး နေတယ်လို့ သိထားပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်တွင်း ၀င်ရောက်နိုင်ဖို့ အတွက် အစုအဖွဲ့အားလုံး ညှိုနှိုင်း ကြိုးပမ်းလုပ်ဆောင်ကြပါလို့ ကျမတို့ တိုက်တွန်းပါတယ်။”
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Vitoria Nuland က ပြောသွားတာပါ။
လွှတ်တော် ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ဆိုရမယ့် ဖွဲ့စည်းပုံကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို အဖွဲ့ချုပ်က ပြင်ဆင်ဖို့ လိုလားနေတာပါ။ ဒါ ပြင်ပြီးမှ လွှတ်တော် တက်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ဒါပေမယ့် အချို့ကတော့ ဒီအချက်ဟာ ဖွဲ့စည်းပုံပါ အချက်အလက် ဖြစ်တာမို့၊ လွှတ်တော်ထဲ ၀င်ပြီး ပြင်သင့်တယ်လို့ ယူဆမှုတွေ လည်းရှိပါတယ်။ အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်း ဒီကိစ္စ ပြင်ဆင်ချက်ကို ဆွေးနွေး မလားလို့လည်း မျှော်လင့်မှုတွေ ရှိပါတယ်။ ပြင်ဆင်မယ် ဆိုရင်တော့ အဓိက အာဏာရပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီရဲ့ အဆုံးအဖြတ်က အဓိက ကျမှာပါ။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးဌေးဦးကတော့ ဖွဲ့စည်းပုံ ပြင်ဖို့ အချိန်အခါ မရောက်သေးဘူးလို့ မနေ့က လွှတ်တော်ဝန်းထဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
"ကတိ သစ္စာခံ တဲ့ ကိစ္စ က ကျနော် တို့လည်းဘဲ ဒီမှာ တက်နေတဲ့ လူတွေ အားလုံးက ဒီအတိုင်း ကတိ သစ္စာ ပြုလာကြတာဘဲလေ။ ပြင်ရမယ် ဆိုတာကျတော့ ကျနော်တို့ များ ပြန်ပြင်ရမလား မသိဘူး။ တကယ်လို့များ ပြင်ခွင့်ရမယ် ဆိုရင်၊ ဒီမှာ ရှိတဲ့ လူတွေ အားလုံး ပြန်ပြင်ရမလား တောင် မပြောတတ်ဘူး။"
အမေရိကန် ပြည်ထောင်စုအနေ နဲ့ကတော့ အခြေအနေတွေကို စောင့်ကြည့်သွားမယ်လို့ နိုင်ငံခြားရေးပြောခွင့်ရသူ Nuland က ပြောပါတယ်။
“ဒီအခြေအနေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး၊ မကြာခင်ရက်တွေအတွင်း ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဂျပန်နိုင်ငံရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ကတော့ အခု ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ မ၀င်လာတဲ့ ကိစ္စရဲ့ သူမရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်တယ်၊ သူတို့အနေ နဲ့ကတော့ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော်ထဲမှာ ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။
"ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် ထဲကို ဝင်မလာတာ ဟာ သူ့ရဲ့ သဘော ဆန္ဒ ဘဲ ဖြစ်ပါတယ်။ လွှတ်တော်ကြီး ကတော့ သူကို ကျနော်တို့ ကြိုဆိုနေပါတယ်။ အဲဒီတော့ ဒီ သူမ ပါဝင်လာတာဟာ ခုနက လို ဆွေးနွေး ပြောဆိုတာတွေ၊ နောက်တစ်ခါ ကျနော် တို့မှာ မေးခွန်းတွေ မေးခွင့်၊ အဆိုတွေ တင်သွင်းခွင့် ကျနော်တို့ ရှိပါတယ်။ ပိုမို ပြီးတော့ ခုနက လို တိုင်းပြည်အတွက် အကျိုးပြုနိုင်တဲ့ ဟာတွေ ပိုမိုပြီးတော့ သွက်သွက်လက်လက် နဲ့ ပါလီမန် ကြီးဟာ ကျနော်တို့ အသက်ဝင် လှုပ်ရှားလာမယ် လို့ ကျနော် အနေနဲ့ ဒီလို ထင်မြင်ပါတယ်။"
အဖွဲ့ချုပ်ကတော့ ဒီကိစ္စအပေါ် နိုင်ငံတော် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေ နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး တို့ကို အကြံပြုချက် ပေးပို့ထားပါတယ်။ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံစဉ်မှာလည်း ဒီကိစ္စ ဆွေးနွေး ထားတယ် လို့သိရပါတယ်။ အမေရိကန် ပြည်ထောင်စု ကတော့ အခုလို ညိနှိုင်းဆောင်ရွက်မှု တွေကို အားပေးပါတယ်။
“အတွင်း ညှိုနှိုင်း ဆောင်ရွက်နေကြတဲ့အပေါ်မှာ ကျမတို့ ဘာမှ စွတ်ဖက်စရာ မရှိပါဘူး။ NLD က ပါဝင်ခွင့် မရခဲ့တဲ့ ပြီးခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ချမှတ်ခဲ့ပြီးတဲ့ကိစ္စရပ်တွေ၊ ဒီတိုင်းပြည်ရဲ့ အမည် သတ်မှတ်မှု ကိစ္စ အပါအ၀င်ပေါ့၊ ဒီကိစ္စရပ်အတော်များများအပေါ်မှာ NLD ဖက်က စိုးရိမ်မှုဖြစ်နေတာတွေ ရှိပါတယ်။ နိုင်ငံရေး ပွင့်လင်းမှုနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်း တရပ်အနေနဲ့ အဲဒီ ကိစ္စရပ်တွေကို သူတို့ အချင်းအချင်း ညှိုနှိုင်း ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။”
မနေ့က ပြန်လည် ကျင်းပတဲ့ လွှတ်တော်တွေမှာ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် တွေ ထဲကဆို နှစ်ဦးပဲ လွှတ်တော် တက်ရောက် နိုင်တယ်လို့ ပြောရမှာပါ။ အာဏာရပါတီက ကိုယ်စားလှယ် တဦးနဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီက ကိုယ်စားလှယ်တို့ဖြစ်ကြပါတယ်။ အခြား အသစ်တတ်လာတဲ့ကိုယ်စားလှယ်တွေကတော့ ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားတဲ ကိုယ်စားလှယ် ၅၉ ဖြစ်ပါတယ်။ အရင် စစ်တပ် ကိုယ်စားလှယ်အချို့နဲ့ အစားထိုး ပြောင်းလဲလိုက်တာပါ။ မနေ့ကတော့ အဲဒီ တက်လာတဲ့ ကိုယ်စားလှယ်အားလုံး လွှတ်တော် ကိုယ်စားလှယ် အဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်။
By သားညွန့်ဦး (ဗွီအိုအေ-မြန်မာပိုင်း)
NLD လွှတ်တော် တက်ရေးကိစ္စ အားလုံး ညှိနှိုင်း ကြိုးပမ်းဖို့ အမေရိကန် တိုက်တွန်း
Reviewed by သစ်ထူးလွင်
on
09:07
Rating:
16 comments:
စစ်တပ်ကတော့ လွတ်တော်မှာ ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်၊ လူများလဲချင်တိုင်းချင်လဲ နေကြတာ
သူတို့ကို ဘယ်သူမဲပေးလိုက်လို့ လွတ်တော်ရောက်တာလဲ မသိဘူး အရပ်ကတို့ရေ....
တစ်ခုလောက် ပြောချင်လို့ပါ...... လွှတ်တော်ထဲကို NLD ရောက်သွားမှ ဒီစာသား ကိုပြင်ဆင်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြုချက်ယူရင် ပိုအဆင်ပြေမယ် ထင်တယ်..... ဒီအတိုင်းနှစ်ဘက်စလုံးဆက်သွားနေကြရင်တော့ အပြောင်း အလဲကို မျှော်လင့်နေကြတဲ့ ပြည်သူုများအားလုံးအတွက် ဘာမှဖြစ်လာစရာမရှိ ပါဘူး...မတက်ဘူးဆိုရင် ...( 2015 မှာ တကယ့်အပြောင်း အလဲ မျှော်လင့်နေကြတာပါ)
ဘဘဦးဝင်းတင်ေ ပြာသွားတာသိပ်သဘောကျတယ်...ရွေးကောက်ပွဲ
ဝင်နိုင်ဖို့အတွက်ပိတ်ထားတဲ့သော့ခလောက်ကြီးကိုဖွင့်ပေးတယ်..ခုကျ
တော့လွှတ်တော်ထဲဝင်ခါနီးကျမှဒီသော့ခလောက်ကြီးကိုဘြဲပန်ခတ်ထား
ပြန်တယ်တဲ့..ကောက်ကျစ်တဲ့အကြံအစည်ဆိုတာလူတိုင်းသိနိုင်ပါတယ်..
အင်န်အယ်လ်ဒီကိုရွေးကောက်ပွဲဝင်စေချင်တာမှတပိုင်းကိုသေလို့..ဒါမှလဲ
နိုင်ငံတကာရဲ့အမြင်မှာနာမည်ကောင်းရမှာကိုး..သူတို့ကိုယ်သူတို့အထင်ကြီးတာလဲပါတာပေါ့လေ..ဒါပေမဲ့..NLD ကြိုပည်သူတွေတခဲနက်မဲပေးလိုက်
တဲ့အချိန်မှာသူတော်ကောင်းယောင်ဆောင်ထားတြဲ့ကံ့ဖွတ်ေ မြခွေးတွေကြံ
ရာမရဖြစ်ပြီး..အန်တီစုတို့လွှတ်တော်ထဲဝင်လာမှာကိုသေမလောက်
ေ ကြာက်နေကြပြီလေ..ဒါေ ကြာင့်ညှိနှိုင်းလို့ရပါရဲ့နဲ့ကတ်သတ်နေတာ..
သမတကြီးကိုယ်တိုင်ကနှာစေးနေတာ..အလကားအလိုတူအလိုပါတွေ..။
လွတ်တော်တွင်းကြမှပြင်ဆင်က သဘာဝမကျတော့ပါ..။
အခုပြင်ဆင်ရပါမယ်..။
ဒါဟာ ပြည်သူလူထုအကျိုးအတွက် လုပ်ဆောင်နေတာပါ.။
သမ္မတကြီးကလည်းအရင်ကကတိပေးပြီးသားပါ.
ပြင်ရမှာ နင်နေရာကိုပါပြင်ပစ်ရမှာ
စကားပြောတာကိုက...
အမေ၇ိကန်ကတော့ စောင့် ကြည့် နေတယ်နော် ညီညွတ်မျှတစွာလက်တွဲပြီးတိုင်းကျိုးဆောင်ရွက်ကြပါ။ကြံ့ ဖွတ်ကအ၇ည်အချင်းမရှိ အ၇ည်အတွက် အားကိုးနဲ့ တော့ လွှတ်တော်ထဲ ထင်၇ာစိုင်းလို့ မဖြစ်။ဥပဒေ စိုးမိုးမှုမရှိတာလဲ တပြည်လုံးပါဘဲ ဖွတ်တွေအ၇ည်အချင်းမရှိလို့ လဲ အ၇ာ၇ာနောက်ပိတ်ဆုံးတိုင်းပြည်အဖြစ်ကမ္ဘာ့ အလယ်မှာမျက်နှာမဖော်နိုင်တာငါတို့ ပြည်သူတွေပါ။ပြည်တွင်းကနှိပ်စက်လိုက်ပြည်ပကနှိမ်လိုက်နဲ့ နေ၇တာနှစ်ပေါင်းဘယ်လောက်အထိစောင့် ၇မှာတုန်း။
ပြဌါန်းချင်လို ပြဌါန်းထားတဲ့ ဖွဲ့စည်းပုံဥပဒေတွေကို ကျမ်းကျိန်ပြီး
သစ္စာဆိုလောက်အောင် NLD ပါတီဝင်တွေက ငဒူ ငအတွေမှမဟုတ်တာ
ကျမ်းကျိန်ပြီး သစ္စာဆိုလိုက်ရင် ဒီကောင်တွေအတွက် ထွက်ပေါက်ရသွားမှာ
မမှန်မကန် ပြဌါန်းထားတဲ့ဥပဒေကို အမေစုနဲ့အဖွဲ့က အသက်သာအသေခံ
သွားမှာပါ ဘယ်တော့မှ သစ္စာဆိုမှာ မဟုတ်ဘူးဆို ပြည်သူပြည်သား
အားလုံးက ယုံကြည်နေပါတယ်
စစ်အစိုးရနဲ့ ကြံ့ဖွတ်က ရေးဆွဲထားတဲ့ ဥပဒေက မသမာတဲ့
ဥပဒေဆိုတာ ကလေးလေးတွေတောင်သိတယ်
ခုလဲ အာဏာရှင် ဗိုလ်မူးတွေ၊ ဗိုလ်ချုပ်တွေ နေရာပျောက်မှာဆိုးလို့
လွတ်တော်ထဲကို ဇွတ်ပြေးဝင်လာတာ 59 ယောက်တောင်လေ
နောက်ဆိုရင် တပ်မတော်က လွတ်တော်ရဲ့အောက်ကို ရောက်တော့မှာကို
သိလို့ ဟိုအပင် ဒီအပင် ကူးနေတဲ့ သဘောလေ
မင်းတို့ လုပ်နေတာတွေ ကလေးတွေတောင်သိနေပြီ
2015 ဆိုရင် မင်းတို့ဘ၀ နိဂုံး ချုပ်ပါပြီ
မသေခင် ရိက္ခာယူထားလိုက်ကြပါ
သမ္မတကြီး ဒီလောက်ကိစ္စလေးကို သူများတွေက တိုက်တွန်းရလောက်အောင် မိုက်တွင်းနက်လှချည့်လား။ ခင်ဗျားတို့ စစ်ထွက်တွေ အတွက် ကြိုးကွင်းကြီး ၊ သတ်ကွင်းကြီး ဖြစ်နေလို့လား။ သမ္မတကို ကြံဖွတ် က ကြိုးကိုင်နေတာလား။ ဘယ်သူက ကြိုးကိုင်နေတာလဲ။ လွှတ်တော်တစ်ခုလုံးဖြစ်သိမ်းလိုက်ဗျာ လစာပေးရတာ မသဌာ ဘူး။
မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများ NLD ရဲ့ ဆုံးဖြတ်ချက်အပေါ် နားလည်လက်ခံနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်...
ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကြောင့် ခြေလှမ်းတိုင်း သတိထားလှမ်းနေရတဲ့ အခြေအနေမို့ပါ...တစ်ဖက်ပါတီကြီး အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ မျက်နှာကိုထောက်ပြီး သဘောထားကြီးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်...ကိုယ်စားလှယ် အားလုံး ပြည်သူတွေရဲ့ မျက်နှာကို တစ်ချက်လောက်ငဲ့ကြည့်လိုက်ပါ...
ဒီအချိန်ဟာ ငါတို့ အားလုံး သဘောထားကြီးရမယ့်အချိန်၊ အတ္တကင်းရမယ့် အချိန် ဆိုတာ သတိရကြပါ...
နိုင်ငံခြားက အလုံးအရင်းနဲ့ ၀င်လာတော့မယ်...အဆင်သင့်ဖြစ်ပြီလား...
အားလုံးသော စဉ်းစားတွေးခေါ်မှုများသည် မြန်မာပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေတော့မည်...
NLD ပါတီရဲ့ ပြည်သူကို ကတိက၀တ်ပြုထားတဲ့ ဖွဲ့စည်းပုံပြင်ရေး အတွက် ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ထင်ပါတယ်။ အောင်မြင်ပါစေ။
သမ္မတကြီးကိုလေးစားခဲ့လို့...ဒီအချိန်မှာတခုဘဲမေးခွင့်ပြုပါ၊ သမ္မတကြီးက နောက်ကြောင်းပြန်မလှည့်ဘူးလို့အကြိမ်ကြိမ်ပြောနေတုံးဖြစ်ပေမဲ့၊လက်ရှိဖြစ်ပျက်နေပုံက၊ယုံကြည်ဖို့ကင်းမဲ့လာပါပြီ၊ (ပြည်သူတွေက နှစ်၂၀ အလိမ်ခံလာရပြီနောက်၊ဒီတစ်ကြိမ်လဲ ပုံပြင်ဘဲဖြစ်တော့မယ်။
သမ္မတကြီးအားနည်းချက်က...၁၀%၊ လက်ရှိအစိုးရအပြစ်က...၉၀%။
၁။ ဧရာဝတီ၊ မိမိရာထူးသက်တမ်းရပ်ထားမည်။(နောင်အချိန်မရွေးပြန်လုပ်)
၂။နိုင်ငံရေးသမားအများအပြားလွှတ်လိုက်။(အချိန်မရွေးပြန်ဖမ်းနိုင်)
၃။ရွေးကောက်ပွဲဝင်လာပါ၊လွှတ်တော်တက်ပါ၊(ပြောင်းခြင်တာ၊လွှတ်တော်ထဲမှာတောင်းဆို၊၂၅%စစ်တပ်အမတ်၊အများစုကြံ့အမတ်၊)
၎။ နောက်ပြန်မလှည့်ဘူးပြောနေကြ။(သွေးသစ်ပေါက်စတွေကိုစိတ်ချနိုင်တဲ့ စစ်အရာရှိကြီးတွေနဲ့ပြောင်း၊)
၅။လက်ရှိထဲကတင်းမာတဲ့ဝန်ကြီးတချို့ကိုရွှေ့မယ်စဉ်းစားနေ(၊ရွှေ့လဲ ဝန်ကြီးဟာ၊ဝန်ကြီးဖြစ်နေတုံး)
၆။ဒီမိုကရေစီပြောင်းလဲဖို့လုပ်နေတာက...၂၀%၊ နိုင်ငံခြားအကူအညီ ရဖို့လုပ်နေတာက...၃၀%၊ စစ်အစိုးရဆက်ရှင်သန်ရေးလုပ်နေတာက...၅၀%၊
သမ္မတကြီး...ပြည်သူကိုလဲသနားပါနော်၊တောင်းပန်ပါတယ်။
အဆင်ပြေသွားမယ်လိုထင်ပါတယ်။
မြန်မြန်အဆင်ပြေပါစေ။
ဖွတ်ကြီးဌေးဦးတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ မင်းတို့ကတော့ ဒါလုပ်ဆိုလုပ်မှာပေါ့။ ဦးဏှောက်မှ မရှိတာကိုး။ လွှတ်တော်ထဲ လေးဘက်ထောက်ဝင်ပါမည်လို့ ကတိသစ္စာပြုခိုင်းလည်း အဲ့ဒီတိုင်းပြုမှာပဲမလား။
နှစ်ဖက်စလုံးက ညှိညှိနှိုင်းနှိုင်းလေးလုပ်ကြရင်ကောင်းမယ်ထင်တယ်....
ပြည်သူတွေအတွက်ဆိုရင်ပေါ့....
အမေစုကိုထုတ်အသုံးချလိုက်တာဂျပန်ချေးငွေ
မပေးရတော့ဘူး။အော်...လွတ်တော်ထဲက
ကျားကွက်ထိုးနေသူများကိုတ၀ါးဝါးတဟားဟားနဲု့
ရီချင်မိတယ်။ခလေးအကွက်တွေနဲ့...
လွတ်တော်ကြီးကိုဇောက်ထိုးလုပ်ကြမည့်
လူယုတ်မာတစုအား..အမေစုထားတဲ့မှန်ကန်တည်ကြည်
ဖြောင့်မတ်သောစိတ်ကအနိုင်ရပါစေ...
ကျဆုံးပါစေ..နိုင်ငံတကာကပြန်ပိတ်ပေးပါ။
အချိုသပ်တော်တဲ့သမ္မတကြီး...
ဘာညာအုံးမှာလည်း
Post a Comment