NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို
ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း
ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
usdp3
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ပြော (ဓါတ်ပုံ မဇ္ဈိမ)

“ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူးက ဆိုသည်။

NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိ
ကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းက ဆိုသည်။

“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း အောက်ခြေအဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်
ဒေါက်တာစိုးမင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင်
အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။

“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေးချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်းမယ်လို့ ကျနော် ယုံကြည်ပါ တယ်” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်
ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။

အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းသမားများသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီက မှာကြားခဲ့သော် လည်း ရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက်တဦး တက်ရောက်သတင်းယူခဲ့သည်။
NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည် NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည် Reviewed by သစ်ထူးလွင် on 15:12 Rating: 5

39 comments:

thethnin said...

အဟိ လို့ပဲရယ်လိုက်မယ်
ရေတွင်းတွေ အသစ်မလုပ်တောင် နေပူတော်က ပိတ်ထားတာလေး ပြန်ဖွင့်လိုက်ပါဦးဗျာ

Shwe Mg said...

သူ...စည်ပင်သာယာရေးဝန်ကြီးလုပ်တုန်းက...အလွဲသုံးစားမှုတွေကိုသာ...ပြန်စစ်ခိုင်းလိုက်ရင်.....ဒူးနဲ့မျက်ရည်သုတ်နေရမယ်....

National said...

ကျားနာခဲ ခဲပြီးနဲ့တူပါတယ်။ စိတ်လျော့မှပေါ့။ အသက်လဲကြီးပါပြီ။ စံပြဖြစ်အောင်နေပြဦးမှပေါ့။

Myanmar said...

လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်းေ၇ွးကောက်ပွဲမတိုင်ခင်က ပျောက်နေတော့ လိမ္မာနေပီလားလို့ မ၇ဲတ၇ဲ ထင်မိတယ်။ အဖွဲ့ချုပ် ဆိုင်းဘုတ်တွေ ဓားနဲ့ခွဲတာ အဖွဲ့ချုပ် စည်း၇ုံးေ၇းပွဲစဉ်တွေကို လက်၇ှိအာဏာသုံးပီး အမျိုးမျိုး ကန့်သတ်ချုပ်ချယ်တာ လူသေလောက်အောင် လေးဂွနဲ့ချောင်းပစ်တာ စည်း၇ုးံေ၇းပွဲပျက်အောင် ၇ွာမီး၇ှို့တာ မတော်သြဇာသုံးပီး မဲထည့်ခိုင်းတာ ပြောင်ပြောင်တစ်မျိုး ခြိမ်းခြောက်ပြီးတစ်မျိုး မက်လုံးပေးပြီး တစ်မျိုးေ၇ွးကောက်ပွဲဥပဒေချိုးဖေါက်ပြီး ၀န်ကြီးကိုယ်တိုင် သမ္မကိုယ်တိုင် မဲဆွယ်လို့ဆွယ်။ မင်းပါးစပ်က ဒီလေသံထွက်လာတာ မင်းတို့အဖွဲ့ကျတော့ လုပ်ချင်၇ာလုပ်ပိုင်ခွင့်ကို ဘယ်သူက ပေးထားခဲ့လို့လဲ မေးပါ၇စေ။ ။

I love NLD said...

တို့ခေါင်းဆောင်စကားနဲ့ သူ့စကားနဲ့ဟာ
မနှိုင်းချင်ပေမဲ့ နှိုင်းရမယ်ဆို
နံ့သာဆီနဲ့ အီး
စိတ်ကရိုက်ချင်နေတာနဲ့ ကိုယ့်ပါတီကလူတွေကို ခုတုံးလုပ်ပြီးပြောနေ
ပါတီကလူတွေကဒီလိုလူကြမ်းတွေလို့ ပြောချင်နေတာလား
စိတ်ထားတွေ ပြင်ဖို့လိုနေပြီ ပါတီအရောင်က လူတွေရဲ့စိတ်လိုပဲ
မွဲတေနေပြီ

N2N said...

လူကြမ်း-လူမိုက်တွေက လူကြမ်း-လူမိုက်စကားပဲပြောနေတော.တာပဲ ပြည်သူ့ရင်ထဲရောက်ချင်ရင် မင်းသားဖြစ်ချင်လျှင် (ကလိန်ညဏ်တွေစွန့်ပြီး-ရိုးသားစွာ အလုပ်အကြွေးပြုပါ)

robot said...

သူခိုး ကလူကို ပြန် ဟစ်တယ် ဆိုတာ ဒါမျိုး နေ မှာ....

shweminthar said...

ကိုအောင်ကျိန်းလင်း....ယုဇနဥယျာဉ်မြို့တော်မှာ ချိုးဖေါက်မှု ၁၂၀ ဆိုတော်ပြီလားဟင်......ထပ်တိုးပေးရအုံးမလားဟင်..........
ကြည်ံလဲပြောနော်....သူများကိုပြောချင်ရင် ငါတို့ဘယ်လောက် နောက်ကြောလုံလဲဆိုတာ သုံးသပ်ကွ....ဒီကလူတွေအကုန်သိတယ်။သိလို့လဲ မင်းတို့ကို ရွံလို့ မထောက ခံတာပေါ့ကွာ။မင်းတို့က စစ်မှန်တဲ့စိတ်ဓါတ်မှ မရှိတာ။ခုလောလောဆယ် အောင်နိုင်ဖို့ ..လိုတာရဖို့ကိုပဲ ရည်ရွယ်တာလေ....
ရေတွေကျော်ပြီး သွားလာရခက်တဲ့လမ်းကို အရင်တုံးကပစ်ထားတယ် ဒီတိုင်း....ရွေးကောင်ပွဲနီးမှ လမ်းကို အောက်ခြေက သဲခင်း..သဲဖို့ ...ပြီးတော့ ကွန်ကရစ်လောင်းတယ်..ကြာဖူးသေးဖူး..အဲဒီ နည်းစနစ်....ပြည်သူတွေလိုအပ်ချက်ကို အားချင်းဆောင်ရွက်ပေးတဲ့အထာပေါ့......အဲဒါ ဖုတ်ပူမီးတိုက်လို့ခေါ်ပါတယ်...ဒါတစ်ခုပဲရှိသေးတယ်နော်။ပြီးတော့ ငွေပေး ..မုန့်ကျွေး ပြီး အင်အားပြဆိုတာတွေကရော ..တရားဝင်သလား။။။
ကို့လူတို့..ရှုံးသွားရင် ငါတို့ဘာကြောင့်လဲဆိုတာ သုံးသပ်ပါ...ပြုပြင်ပါ....ရေရှည်အတွက်ပါ။ကန့်ကွက်တာတွေဘာတွေလုပ်မနေပါနဲ့....မင်းတို့တတွေ ...ဟိုက ပိတ်..ဒီကပိတ်လုပ်ရပ်တွေကိုလဲ စဉ်းစားနော်..မျှတအောင်ပါ။ဘယ်ဘက်ကမှ မလိုက်ဘူး။။။၂ ဘက်လုံးချွတ်ယွင်းချက်လေးတွေရှိကြတာပဲ..နဲတာနဲ့များတာပဲကွာပါတယ်...
ခပ်ရှင်းရှင်းပြောရရင် လူထုက ပေါက်ကွဲထွက်သွားတာပဲ.......ထပ်ပြီးမပေါက်ကွဲစေနဲ့ဟေ့။
ယုဇနကတော့ တုပမဲ့စွာနဲ့ ဆန္ဒတွေထုတ်ပြခဲ့တာပါ။တူးလက်စစက်ရေတွင်းကြီးရောပြီးသွားပြီလားသိဘူးနော်။ဦးအောင်ဝင်းကြီးက အရမ်းချမ်းသာတာပဲနော်။သူပဲ အကုန်ခံတယ်
နော်...ဟိဟိ...ကုသိုလ်တော်တော်ရမှာ....ဘယ်ကငွေတွေနဲ့များလှုပေးလဲသိဘူးနော်။

aye year htun said...

အ၇ှုံ့းကိုရှုံးတယ်လို့ ၀န်ခံလိုက်စမ်းပါ မောင်မင်းတို့ ပြည်သူ့ငွေတွေနဲ့ အလွဲသုံးလုပ် ပြည်သူတွေ၇ဲ့အားနည်းချက်တွေအခွင့်ကောင်းယူ မဲလိမ်ပြီး မတ၇ားအနိုင်ယူထားတာပြည်သူတွေမသိဘူးနေလား တော်တော်လဲ တ၇ားကျလောက်ပါတယ်

Unknown said...

လမ်းခင်းတာကအိပ်ထဲကစိုက်ခင်းတာပေါ့နော် သာဓု

ပုဂံစစ်သည် said...

ဘာမှမဟုတ်ဘူး၊ ရှုံးမဲမဲနေတာ၊ သနားပါတယ်။

UTD said...

အမလေးဗျာ..ပြည်တွင်းသတင်းသမားများသာ တက်ခွင့်ပေးပြီး နိုင်ငံခြား သတင်းထောက်တွေကိုတော့ မဖိတ်ကြားဘူးဆိုတော့..ဘာကြောင့်တုန်းဗျာ။
ပြေးကြည့်သထက်တောင် မြင်သာကြီးပါ။ ဒါပွင့်လင်း ရိုးသားမှုလို့ ဘယ်လိုပြောနိုင်မလဲ။ ပြည်တွင်းသတင်းထောက်က ပြည်တွင်းပဲ ဖြန့်နိုင်ရုံပဗျာ။ ဘယ်လိုလုပ်ပြီး ကမ္ဘာကို ရိုးသားပွင့်လင်းပါတယ်လို့ ကုန်းအော်မတုန်း။ ပြောရက်ပုံ မိအေးနှစ်ခါနာတယ်တဲ့။ ဒါကျတော့ မလုံအိုးကြီးပဲ။ ပြောလိုက်ချင်ပါတယ်။ ကျုပ်တို့က နှစ်ခါမကဘူး သက်တမ်းတစ် ဝက်ကျော်နာခဲ့ပြီးပြီဗျာ

Ko Thaung said...

ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်လို့ ကော်မရှင်ကပြန်စစ်ရမယ်ဆိုရင်
ကြံ့ခိုင်ရေးပါတီက တစ်ယောက်မှတောင် ကျန်မှာမဟုတ်တော့ဘူး .... ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကိုယ်တွေဘာလုပ်ခဲ့တယ်ဆိုတာ ပြန်စဉ်းစားလိုက်ပါ ဦးအောင်သိန်းလင်းရယ် ....

tkm said...

မင်းပြောသလိုပဲရုံ့းမဲမဲနေတာမဟုတ်လားဟေ့ကောင်ကြီး
အခုမှရှက်နေတယ်ပေါ့..အရင်ကတော့လုပ်ချင်ရာလုပ်ပြီ
ပြည်သူတွေကိုပစ်ထားပြီး.....သင်ကောင်းလျှင်..ကျွန်ုပ်မဆိုးပ်ါဆိုတဲ့
စကားပုံကြားဖူးမှာပေါ့နော်..ဒီလောက်ဆိုသဘောပေါက်

Golden Wing Graphic House said...

“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။
ထစ်ကနဲ ရှိ လက်ယဉ်နေပြီးသားဆိုတော့ စိုးရိမ်ရတာပေါ့ နော်.။

လမင်းလေး said...

မင်းတို့ကလည်းကွာအဲဒီလောက်ကြီးတော့မပြောကြပါနဲ့ကွာရွေးကောက်ပွဲမတိုင်ခင်တုန်းကပြည်သူတွေအတွက်ဆိုပြီးသူကိုယ်တိုင်ပြောင်းဖူးလိုက်ရောင်းပေးထားတဲ့ မျက်နှာလေးတော့ထောက်သင့်ပါတယ်ကွာ။

Ko Tee said...

လုံးဝကို လိမ်စရာ ထပ်တိုးစရာ ကလိမ်ကျစရာ မဲတွေထဲ့ဖို့ မဖြစ်နိုင်တဲ့အရေ အတွက်နဲ့ NLD က အပြတ်အသပ်နိုင်ပေလို့ပေါ့ကွာ မဲအရေအတွက်နဲနဲနဲ့ ကပ်ပြီး အသာရလို့ကတော့ ညစ်ပြပါလိမ့်မယ် ကလမ်ကကျစ်အကွက်တွေနဲ့ မျက်နှာကြီးကိုကြည့်ဦး ရုံးလို့တဲ့ဖြစ်နေတာ NLD ကမင်းတို့ရုံးအရှေ့တွေမှာ အလံတွေလာရမ်းပြနေတာ မဟုတ်ဘူးကွ အဲဒါ အမေ့ကိုချစ်တဲ့ လူငယ်တွေနဲ့ပြည်သူတွေက ကိုယ့်ပိုက်ဆံနဲ့ကို အမေစုရဲ့ပါတီအလံကိုဝယ်ပြီး သူတို့ သိပ်အမြင်ကပ်နေတဲ့ ကြည့်လို့မရတဲ့ သူတွေကိုရွစိစိဖြစ်အောင်လုပ်နေတာ NLD ပါတီဝင်တွေမဟုတ်ဘူးကွ

cnc said...

ဟုတ်လို့ကျော်တယ်။ ပုပ်ရင်ပေါ်တယ်။ မနာလိုခြင်းဝန်တိုကင်း ရှင်းလင်းကြပါစေ။(အမြင်)

win said...

ကျွန်တော်တို့အထဲမခံချင်လို့များ၊တက်ပြီးတော့များထွက်ပြီးတော့ရိုက်တာပြုတာဖြစ်ခဲ့ရင်၊ ဒါကလုပ်နေကျဆိုတော့အကျင့်ကပါနေပြီးလေ၊ရိုက်ချင်လိုက်တာလက်ယားနေလောက်တယ်၊တော်တော်ကိုချုပ်တီးထားရမယ့်ပုံဘဲ၊ရိုက်လိုက်ပါလား၊ဘာဖြစ်သွားမလဲလို့၊ ဒီလိုစိတ်ဓါတ်မျိုးနဲ့များအမတ်လုပ်ဘို့စိတ်ကူးသေးတယ်၊ဆေးပဲကုနေပါကွာ။
အောင်သိန်းလင်းရေ မင်းတို့အလှည့်ရောက်လာပြီပေါ့၊အခုမှအစလေးရှိသေးတယ်၊ကိုယ်ချင်းစာစိတ်လေးထားနိုင်ပါစေကွာ၊

ကျော်အေးမြင့် said...

္ပအောင်သိန်းလင်းရယ် လမ်းတွေမှာ
ကြံခိုင်ရေးပါတီဝင်များလုပ်အားဖြင့်ဆောင်ရွက်သည် ဆိုရအောင်ကြံခိုင်
ရေးကကောင်တွေဘာတစ်ခုဝင်လုပ်ဖူးလို့လဲ၊မင်းတို့အရှက်မရှိဘူးလား!!

Kyiminhtay said...

့စိတ်လျော့လိုက်ပါတော့ ဦးအောင်သိန်းလင်းရယ်
2015 အတွက် အားမွှေးလိုက်ပါအုံး

chawthu said...

ဒီလိုလူမျိုးက အသက်ကြီးတာ သေဖို့ပဲ ထိုက်တန်နေတဲ့ ကောင်ပါ......။ ငပြူးကပဲ ပြဲရတယ် ရှိသေးတယ်.....။ အာဏာပါဝါနဲ့ နိုင်ငံပိုင်ငွေတွေကို အလွဲသုံးစားလုပ်ပြီး ပါတီမဲဆွယ်နေတဲ့ ကောင်တွေကများ.......။ ပါတီအရေးပေါ် အစည်းအဝေးလုပ်တယ် ဆိုပြီး ဘာများ ကြားရမလဲလို့...... အခုတော့ သူများအနိုင်ရတာကို $ကျင့်ယုတ်၊ ခြေထိုးခံဖို့ပဲ ဒီကောင်တွေ အကြံထွက်ကြတယ်.......။ ပြည်သူတွေအတွက် နောက်နောင် ဘယ်လို ကောင်းရာကောင်းကျိုး သယ်ပိုးမယ်ဆိုတာမျိုး မစဉ်းစားကြဘူး......။ အသက်ကြီးပြီး သေဖို့ပဲ ထိုက်တန်နေတဲ့ လူတွေ......

casper said...

သူခိုးက လုူပြန်ဟစ် တယ်ဆိုတာ ဒါမျိုးပေါ. ......

Unknown said...

စစ်မှန်တဲ့လမ်းပေါ်ကိုတင်ပေးနေတာ ကန့် လန့် လိုက်မတိုက်ပါနဲ့ ဗျာ။အဝီစိ ငရဲ မရောက်ချင်ရင်တော့ခင်ဗျားတို့ အတွက် ပြင်ဆင်ချိန်ရှိပါသေးတယ်

ဒီလူ said...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ရွေးကောက်ပွဲ ၀င်ကိုယ်စားလှယ် များအနေနှင့် မအောင်မြင်ခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေ ကိုမှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့လိုသလို ရလာဒ်အမှန်ကိုလည်းရိုးသားစွာ လက်ခံဖို့ အကြံပြုပါတယ်...အဓိကကတော့ ရိုးသားတဲ့မြန်မာ ပြည်သူတွေရဲ့ ထောက်ခံမှုကို ရရှိဖို့အတွက် ရေတွင်းတူးဖို့ လမ်းခင်းပေးဖို့ မလိုပါဘူး...ရိုးသားတဲ့နှလုံးသားနဲ့ အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲတဲ့သတ္တိ ပဲလိုပါတယ်...ကြိုးစားအားထုတ်နိုင်ကြပါစေ။

အမြင်သစ် said...

2015 ကျရင်တော့ ဘယ်လောက်များညစ်ကြအုံးမလဲ လို့ကြိုမြင်
မိပါတယ်။ ဒီ ၄၄ နေရာလောက်လေးရှုံးတာကို တော်တော်ထိ
နေတဲ့ပုံပေါက်ရင် သူတို့ကိုသူတို့လည်းတော်တော်လေးထင်
ထားပုံရပါတယ်။ပြည်သူတွေရဲ့အသံကိုနားမထောင်ကြတာလား
ဗျာ။ ဒါမှမဟုတ် နားထောင်ရကောင်းမှန်းကိုမသိကြတာလား။
သစ်ထူးလွင်ဝက်ဆိုဒ်လေးတော့တနေ့တခါလောက်တော့ဝင်ကြည့်ကြပါ။ကွန်မန့်ရေးတဲ့လူတွေကလဲ သတင်းတွေအပေါ်ခြုံငုံပီး အရှိအတိုင်းရေးကြတာပါ။အားအားယားယားရေးနေတာမဟုတ်ပါဘူး။ကိုယ့်ပါတီဘာလို့ရှုံးတာလဲလို့ ပြန်သုံးသပ်နေဖို့ကို မလိုတာပါ။ဘာဖြစ်လို့တုန်းဆိုတော့ ပြည်သူလူထုအများစုက ခင်ဗျာတို့ ပါတီကိုမကြိုက်ကြဘူးလေ။၂၀၁၀ တုန်းက နိုင်ခဲ့တာ
ကို သာယာမနေကြနဲ့ဗျ။ ကိုယ့်ထက်ကောင်းအောင်လုပ်ပေး
နိုင်တဲ့လူပေါ်လာရင်နောက်ဆုတ်ပေးဖို့ ၀န်မလေးကြပါနဲ့ဗျာ။
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲကလိုပြောရရင် ရဲဘော်တွေထဲ
ကကျုပ်ထက် တိုင်းပြည်ကိုချစ်တဲ့လူ၊ခေါင်းဆောင်ကောင်းပီသ
တဲ့လူပေါ်လာရင် ကျုပ်ခေါင်းဆောင်နေရာဖယ်ပေးပြီး သူ့နောက်ကလိုက်ဖို့ဝန်မလေးဘူး တဲ့။ခင်ဗျားတို့ဆိုတာ ခေါင်း
ဆောင်ကောင်းပီသဖို့မပြောနဲ့ ခေါင်းဆောင်ဆိုတဲ့စကားလုံး
ဆိုတာဘာလဲလို့ ပြည်သူတွေဆီက ပြန်သင်ကြရမလိုပါဘဲ။
တစ်ဘ၀စာကောင်းစားဖို့လေးဘဲ မကြည့်ကြနဲ့ ဆရာသမားတို့၊
သမိုင်းမှာနာမည်သေသွားရင် မြေး၊မြစ်၊တီ၊တွတ် အထိ ကိုယ့်
ကြောင့် လူပုံအလယ်မှာ မျက်နှာငယ်ရမယ်ဆိုတာ ထည့်တွက်
ကြအုံး။ ခင်ဗျားတို့က ခုမှ မိအေးနှစ်ခါနာတာပါဗျာ .ပြည်သူတွေ
ကခင်ဗျားတို့အစိုးရကြောင့် မိအေး အခါ ၂၀၀ လောက်နာပီး
နေကြပါဘီ။။။။။။။။။

shweku said...

ဒီလိုကလိမ်ကကျစ်တွေ ပြောတတ်လွန်းလို့လည်း လမ်းတစ်ခြမ်းခင်းအောင်သိန်းလင်း...ရယ်လို့ သမိုင်းမှာနာမည်ဆိုးတွင်ခဲ့ပြီမ
ဟုတ်လား.....

Ar Ga said...

ကလိမ် ကကျစ်ကြီး ၊ သူခိုးက လူဟစ်နေ၇သေးတယ် ။ လူထု မြစ်တာ ကို မပြောနဲ့ စည်ပင်မှာ လုပ်ခဲ့တုန်းက ၀န်ထမ်းတွေ၇ဲ့ မြစ်တာ ကိုေ၇ာ ၇ခဲ့လို့လား ၊ စည်ပင်ကလူတွေက အောင်သိန်းလင်း ဆို၇င် အသံတောင် ကြားချင်ကြတာ မဟုတ်ဘူး ။ မှန်အောင် လုပ်ကြပါလို့ ကြွေးကြော်၇င်း သူတစ်ယောက်တည်း ခွတီးသွားတာ ၇န်ကုန်မြို့လဲ စုတ်ပြတ်သတ်သွားတာပဲ ၊ ဦးကိုလေး လက်ထက်ကမှ စည်ပင်တွေ ခိုးတယ် နာမည်ကြီးနေပေမယ့် သူ့လက်ထက်တော့ သာသေးတယ် ။

Wah Lay said...

အံတီစုက သူ့ပါတီဝင်တွေကို တစ်ဖက်သားကိုရန်စသလိုမဖြစ်စေချင်ဘူးလို့ စာထုတ်တာက ညမှလေ။ သူတို့ပုံထဲမှာက တော်တော်စောနေသေးတယ်။ မမှောင်သေးဘူး။

ye ye said...

ဥအောင်းတိန်းဠင်းရယ်။ အသက်ကြီးပြီးအချိန်စီးစမ်းပါ။
သူများကိုလက်ညိုးတချောင်းထိုးရင်ကိုယ့်ဆီကိုဘယ်နှချောင်းပြန်ထိုးနေသလဲဆိုသာမူလတန်းကလေကိုသွားမေးကြည့်....။
လူလိုစဉ်းစားဆင်ချင်သင့်ပြီလို့ထင်ပါတယ်။

kyawthame said...

ဒေါက်တာစိုးမင်းဆိုတဲ့သူမဲဆွယ်တုန်ကဓာတ်ပုံမှာတဲကလေးအတွင်းလူနာတစ်ဦးကိုစေတနာကောင်းကောင်းနဲ့ကုသပေးနေတဲ့ပုံနဲ့။နောက်တစ်ခါကော့မှုးသမီးပျိုလေးကိုအမေစုလက်ထဲအပ်နှံလိုက်ပါပြီအသံကောင်းဟစ်လိုက်ခဲ့တာ။
တစ်ခါလူထုအကျိုးပြုစေတနာဆရာဝန်ဟန်ဆောင်ထားတာတွေမင်းသားခေါင်းဆောင်းထားတဲ့ဘီလူးရုပ်ပေါ်ပြီ။ဘာလို့လဲဆိုတော့သူ့ကိုယ်သူတစ်ကယ့်အာဏာရှိသူတစ်ဦးပုံစံနဲ့ငါတို့ရဲ့ငှာနာချုပ်ခြံစည်းရိုးနားလာပြီး အန်အယ်ဒီ အလံဝှေ့ရမ်းမှုအပေါ်။ ယမ်းပုံမီးကျပေါက်ကွဲမှုဖြစ်ပြီးလက်သီးလက်မောင်းတန်းလို့တစ်ကယ့်လူဆိုးလူမိုက်ကြီးပညာမတတ်လူရမ်းကားပုံစံဆရာဝန်လို့ထင်တောင်မထင်ရက်စရာ

tun win said...

ကျနော်ဝန်ခံပါတယ်...ဟုတ်တယ် NLD အလံလွှင့်ပြတုန်းကကျနော်ပါတယ်..ကျနော်တို့အပြစ်ပါ..ဒါပေမယ့်..ကျနော်တို့အုပ်စုထဲမှာ NLD ပါတီဝင် တယောက်မှမပါပါဘူး..တကယ်ပါ..ကျနော်တို့က ပျော်တာရယ်..ကြံ့ဖွံ့ဆိုကြည့်မရတာနဲ့..နည်းနည်းလေးအောက်တန်းကျမိတာပါ..အမေစု စကားကိုနားမထောင်တာမဟုတ်ပါ...အမေစုထုပ်ပြန်ချက်ကို မသိသေးတာပါ..တကယ်လို့သိခဲ့ရင် NLDပါတီဝင်မဟုတ်တောင်လိုက်နာမှာပါ...

soe maung said...

“ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

မှန်လား..မှားလားတောင်မသိ ၊ ကျားကျား မီးယပ်ပဲ ဆိုတဲ့ သဘောထားကတော့ အောက်တန်းကျလွန်းပါတယ် ဗျာ...
ဪ...ဒါနဲ့ မိအေး ဆိုတာ အောင်သိန်းလင်းရဲ့ အိမ်ခေါ်နာမည်လေး ထင်ပါရဲ့...ဒါ့ကြောင့် သူ နှစ်ခါတောင် နာရတယ် လို့ ပြောရှာတာကိုး....

ရာရာ said...

လုပ်လိုက်စမ်းပါ...။ ခင်ဗျားကြီးအဲ့လိုမလုပ်ခင် ကိုယ့်သေတွင်းကိုယ်ပြန်တူးတယ် ဆိုတဲ့စကားအနက်အဓိပါယ်ကို ပြန်တွေးကြည့်ဦး။ ခင်ဗျားလူတွေ မဲဆွယ်ကာလကနေ ဆန္ဒမဲခံယူတဲ့နေ့အထိ( ခင်ဗျားတို အရှက်တစ်ကွဲအကျိုနည်း ခွက်ခွက်လန် ရှုံးတဲ့အထိ)ဘယ်သူမှမတွေးမိတဲ့ ကောက်ကျစ်နည်းမျိုးစုံးနဲ့ ယုတ်မာခဲ့ကြတာ သက်သေနဲ့တစ်ကွ လှစ်ဟပြချင်နေတဲ့သူတွေ အများကြီးဗျို့ ....

hyperkosun said...

မဲလိမ်- ခိုးမဲတွေနဲ့ လူကြီးလုပ်နေတဲ့သူကများပြောတယ်ရှိသေးတယ်..

saw said...

အံ့သြပါရဲ့ တကယ်ကိုအရှက်မရှိဘူးဘဲ.အာဏာရုးတွေပါလား.လူဖြစ်ပြီး ဘာကြောင့် ဟီရိသြတ္တပတရား မရှိကြပါလား

saw said...

တကယ်ကို အရှက်မရှိတဲ့ပါတီပဲ.

cherish said...

ဒေါက်တာစိုးမင်းရယ် တစ်နိုင်ငံလုံး နေရာမလပ် ခွပ်ဒေါင်းအလံတွေ ပလူပျံနေတာကို ဒီရက်မှပဲ မြင်ရသလားကွယ်။

truth teller said...

အောင်သိန်းလင်း ကို Shine Construction မှ အောင်ဇော်ဝင်း က Cygnus တစ်စီးပေးခဲ့ရ။ Shwe Kaba Mg Mg Construction မှ မောင်မောင် က Mindhama Housing Project တိုက်ခန်း တ ခန်း ပေးခဲ့ရ။

Powered by Blogger.