ပြီးခဲ့သည့်
၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လစ်လပ်မဲဆန္ဒ နယ် (၄၅)နေရာအနက်
(၄၃)နေရာ အနိုင်ရရှိခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင်
ဒုတိယအင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။
ယခင်
ပြည်ထောင်စုလွှတ်တော်၌ ပထမအင်အားအကြီးဆုံးပါတီမှာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်ပြီး
ဒုတိယအင်အားအကြီးဆုံး ပါတီမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီနှင့်
တတိယအင်အားအကြီးဆုံးပါတီမှာ တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေးပါတီတို့ဖြစ်ကြောင်း သိရသည်။
ဧပြီ
၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီမှ
ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စား လှယ် ဦးရေ ၂၁၉ ဦး၊ အမျိုးသား
လွှတ်တော်တွင် ၁၂၄ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၄၃ ဦးဖြင့်
ဆက်လက်ဦး ဆောင်လျက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ
ပြည်သူ့လွှတ်တော်တွင် ၃၇ ဦး၊ အမျိုးသားလွှတ်တော်တွင် ၄ ဦး
စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယ
အင်အားအကြီးဆုံးပါတီတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။
ယခင်
ဒုတိယအင်အားအကြီးဆုံးပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်(ကျားဖြူ)ပါတီသည် လက်ရှိအချိန်တွင် ပြည်သူ့ လွှတ်တော်တွင် ၁၈
ဦး၊ အမျိုးသားလွှတ်တော်တွင် ၄ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၂၂
ဦးဖြင့် ပြည်ထောင်စုလွှတ်တော်တွင် တတိယ အင်အား အကြီးဆုံးပါတီတစ်ခုအဖြစ်သို့
ရောက်ရှိသွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင်
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်တွင် ၁၂ ဦး၊
အမျိုးသားလွှတ်တော်တွင် ၅ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၇
ဦးရှိပြီး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်တွင်
၉ ဦး၊ အမျိုးသားလွှတ်တော်တွင် ၇ ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၁၆
ဦးတို့ဖြင့် စတုတ္ထနှင့် ပဉ္စမနေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
YC(yangonchronicle)
ပြည်ထောင်စုလွှတ်တော်၌ NLD ဒုတိယအင်အားအကြီးဆုံးဖြစ်လာ
Reviewed by သစ်ထူးလွင်
on
06:53
Rating:
1 comment:
အခုလောလောဆယ်တော့ ကြံ့တွေ ဖွတ်တွေက လွှတ်တော်မှာ အင်အားအကြီးဆုံးပေါ့ ၂၀၁၅ ရောက်ရင်တော့ လမ်းဘေးမှာ အင်အားအကြီးဆုံးပါတီဖြစ်တော့မှာပါကွာ
Post a Comment