NLD လွှတ်တော်တက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ဦးရွှေမန်းထံစာပို့

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိထားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်နိုင်ရေးအတွက် အကူအညီပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ သူရ ဦးရွှေမန်းထံ တိုင်းရင်းသားနဲ့ တသီးပုဂ္ဂလ လွှတ်တော်အမတ်တွေက စာရေးသား တောင်းဆိုလိုက်ပါတယ်။
 

လွှတ်တော်ကိုယ်စားလှယ် ကတိသစ္စာပြုလွှာမှာ ဖော်ပြထားတဲ့ စကားတွေရပ်ကို ပြင်ဆင်နိုင်ဖို့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရရှိထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး ဆောင်ရွက်ပေးဖို့ တသီးပုဂ္ဂလအမတ်တွေ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက လက်မှတ်ရေးထိုး
တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ပုဒ်မ (၆) ပါ စောင့်ထိန်း လိုက်နာရမယ့် ၀န်ခံချက်မှာလည်း အဲဒီစကားရပ်ကို ပြင်ဆင်ခဲ့ပြီး ဖြစ်တဲ့အတွက် အခု ကတိသစ္စာပြုလွှာမှာပါ အဲဒီ စကားရပ်ကို တပြေးညီ ပြင်ဆင်ပေးဖို့ကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ ဧပြီလ ၂၅ ရက် နေ့စွဲနဲ့
ပေးပို့တဲ့ လွှတ်တော်အမတ်တွေရဲ့ စာထဲမှာ ရေးသားထားပါတယ်။

RFA Burmese
NLD လွှတ်တော်တက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ဦးရွှေမန်းထံစာပို့ NLD လွှတ်တော်တက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တွေ ဦးရွှေမန်းထံစာပို့ Reviewed by သစ်ထူးလွင် on 03:19 Rating: 5

5 comments:

me: me: said...

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲအမြန်ဆုံးရောက်ချင်ပါတယ်။

me: me: said...

ဒေါ်စုလွှတ်တော်ထဲအမြန်ရောက်မှ နိုင်ငံတကာကလဲပိတ်ဆို့မှု တထစ်လျှော့၊
နိုင်ငံတကာပိတ်ဆို့မှုမြန်မြန်ပြေလျှော့မှ ပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းပေါမှာ။
အလုပ်အကိုင်အခွင့်အလမ်းပေါမှ ဘွဲ့ရအလုပ်လက်မဲ့၊ လက်လုပ်လက်စားပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းပေါပြီးစီးပွားရေးပြေလည်မှာ။
ပြည်သူတွေရဲ့ မျက်နှာထောက်ထားပြီး စကားရပ်အမြန်ဆုံးပြင်ဆင်ပေးပါဒုဥက္ကဌ.....

purewhite said...

တိုင်းပြည်ကို တကယ်ချစ်တဲ့သူတိုင်းက NLD ကိုလွှတ်တော်ထဲ တကယ်ရောက်စေချင်ကြပါတယ်။ အားလုံး တိုင်းပြည်နဲ့ပြည်သူကို တကယ်ချစ်နိုင်ကြပါစေ။

Cinderella said...

နိုင်ငံ‌တော်သမတပြီးရင်..ဦး‌ရွှေမန်းကြိုပည်သူအများစုက‌မျှော်လင့်
အားထားကြပါတယ်..ဦး‌ရွှေမန်းအ‌နေနှင့်တိုင်းပြည်‌ကောင်းစား‌ရေး
ကိုအမှန်တကယ်မြင်‌တွေ့လိုပါကNLD ကိုလွှတ်‌တော်ထဲ‌ရောက်‌အောင်
အမြန်ဆုံးညှိုနှိုင်း‌ဆောင်ရွက်‌ပေးပြီး NLD နဲ့လက်တွဲ‌လုပ်‌ဆောင်ကြပါလို့
ပြည်သူတ‌ယောက်အ‌နေနဲ့တိုက်တွန်းလိုက်ပါတယ်...။

Public Enemy said...

အလုပ် လုပ်ချင်သူများအတွက် နည်းလမ်းများ ရှိသည်။ အလုပ် မလုပ်ချင်သူများအတွက် အကြောင်းပြချက်များ ရှိသည်။

Powered by Blogger.