NLD ကို ကြိုတင်မဲ ထည့်ပြီး ကွယ်လွန်သွားသူ

ပုလဲမြို့နယ် နွယ်ရှောက်ကျေးရွာ နေ မ၀င်းဆွေ ၄၁နှစ် မှာ ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာထဲ လဲနေတာကြာပါပြီ 31.3.2012နေ့ 23း0 တွင် ကော်မရှင်မှ ကြိုတင်မဲ လာရောက်ယူသောအခါ ဘယ်သူကိုမဲထဲမှာလဲမေးတော့ ခွပ်ဒေါင်း ခွပ်ဒေါင်း ခွပ်ဒေါင်း သုံးခါပြောပါတယ် ကော်မရှင်ကလည်း လူနာ ပြောတဲအတိုင်းမဲပေးပြီး ပြန်သွားပါတယ် နောက်တစ်နာရီ အကြာ မှာကွယ်လွန်သွားတယ်လို့ကျန်ရစ်သူ မ၀င်းဆွေ၏အကို နှင့် ကော်မရှင် လူကြီးများကပြောပါတယ် ၄င်းသတင်းကို သိသိချင်း ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့် ဦးအောင်ရှင်တို့ သွားရောက် ကူညီခဲပါတယ်။ လှော်ကား ကျေးရွာ ဦးစံလွင် ၇၇နှစ် လဲ ၁၂နာရီတွင် ကြိုတင်မဲပေးပြီးနာရီဝက်ခန့်အကွာတွင် ကွယ်လွန်သွားသည်ဟု ၄င်းမိသားစုများမှ ပြောကြားခဲ့ပါတယ် (Photo: a2 zm@iCJ)

ဒီဗွီဘီ
NLD ကို ကြိုတင်မဲ ထည့်ပြီး ကွယ်လွန်သွားသူ NLD ကို ကြိုတင်မဲ ထည့်ပြီး ကွယ်လွန်သွားသူ Reviewed by သစ်ထူးလွင် on 07:14 Rating: 5

13 comments:

The Burma Wildlife Ranger said...

ဒီမိုကရေစီအတွက် တာဝန်ကျေကြသူများဖြစ်တဲ့လို့ နောက်ဘ၀မှာ ဒီမိုကရေစီနဲ့ပြည့်စုံတဲ့ ဘ၀ကို ရကြပါစေ

phyo1980 said...

သေတဲ့ အထိခွတ်ဒေါင်းကိုအားပေးသွားတာ ဂုဏ်ယူမိပါတယ်ဗျာ။

Anonymous said...

သေတဲ့အထိ တာဝန်ကျေသွားတဲ့ ပြည်သူများကို ဂုဏ်ပြုပါတယ် . . ကောင်းရာသုဂတိ သို့ ရောက်ပါစေလို့  ဆုတောင်းပေးပါတယ် . .

ရာရာ said...

ကောင်းရာသုဂတိလားပါစေဗျာ...ဘ၀ဆက်တိုင်းဆက်တိုင်း မင်းဆိုးမင်းညစ်အုပ်စိုးတဲ့တိုင်းပြည်မှာ လူဖြစ်ရှုံးရတဲ့ဘ၀ မရောက်ရပဲနဲ့..ဒီမိုကရေစီ စနစ်အမှန်တကယ်ထွန်းကားတဲ့ တိုင်းပြည်မှာ လူဖြစ်ပါစေဗျာ...

ကောင်းစေချင်သူ said...

ကောင်းရာ သုဂတိ လားပါစေ။

ကောင်းတဲ့ စိတ်နဲ့ ကွယ်လွန်သွားတဲ့ အတွက်၊ ကောင်းတဲ့ဘုံကို ရောက်မှာပါ။
လူမျိုး၊ တိုင်းပြည် အတွက်ကောင်းစေချင်တဲ့ စိတ်နဲ့ ကောင်းကင်ဘုံ သို့။

Shwe Mg said...

မှတ်ထားကွ...သေသည့်တိုင် ခွပ်ဒေါင်းကိုပဲမဲပေးတာ....သေခါနီး ပြည်သူတွေအတွက် ကောင်းကျိုးပြုမယ့်ပါတီကို ထောက်ခံမဲပေးတဲ့ စေတနာကုသိုလ်ကံကြောင့် ကောင်းရာမွန်ရာသုဂတိလားပါစေလို့...ဆုတောင်းပေးပါတယ်

philosophermgmyathar said...

အော်.. မသေခင်မှာတောင် သူ့တာဝန်ကို သူကျေပြွန်သွားရှာတယ်နော်.
ြုကံ့ဖွတ်က လူတွေပါ အဲလိုအသိစိတ်ဓါတ်မျိုး ထားနိုင်ရင် တိုင်းပြည်ခဏလေး
နဲ့တိုးတက်ချမ်းသာကြီးပွားမယ်...

paukhlange said...

ကောင်းရာသုဂတိလားပါစေ။ ကောင်းရာသုဂတိကို ရောက်မှာလဲသေချာပါတယ်။

ko ko tin said...

လူနာပြောတဲ့အတိုင်း လုပ်ပေးတဲ့ ကော်မရှင်လူကြီးများကို ကျေးဇူးတင်ပါတယ်

Anonymous said...

တန်ဖိုးမဖြတ်နိုင်တဲ့စိတ်ဓါတ်လေးကို
လေးစားဖို့ကောင်းလိုက်တာ
ဘ၀ဆက်တိုင်းဒီမိုကရေစီအပြည့်ဝခံစားရမဲ့
နိုင်ငံမှာလူဖြစ်ပါစေ..

ဆန်းသစ်အောင် said...

ဒီမိုကရေစီကို ပြည်သူလူထုတွေ ဘယ်လောက်လိုလားတောင်းတကြသဲဆိုတာ

ကွယ်သွားတဲ့သူတွေက လက်တွေ့ကျကျ ပြသသွားရှာလေပြီတကား..

သာဓု.. သာဓု.. သာဓု..ကောင်းရာသုဂတိဘုံဌာနကို လာရောက်ပါစေ..

sean said...

အတိုင်းအတာတခုထိ ကျေနပ်မှုရသွားပြီး ဘဝချုပ်ငြိမ်းသွားတဲ့ အတွက် ကောင်းရာရောက်မှာပါ(အလွန်ကြီးမားသော အကုသိုလ်မရှိခဲ့ရင်)

shwe man thar said...

စိတ်ခြသွှားပါဗျာ...

Powered by Blogger.