ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရ လွှတ်တော်အမတ် လေးဦးကိုမဲမသမာမှုဖြင့် ကန့်ကွက်လွှာ တင်သွင်းထားပြီး NLD အမတ်တဦးကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတဦးကို ဥပဒေမဲ့ပြုကျင့်မှုဖြင့် ပြန်လည် ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။
NLD ရွေးကောက်ခံ အမတ်များဖြစ်ကြသည့် မင်္ဂလာ တောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီ၊ စစ်ကိုင်းမြို့မှ ဦးခင်မောင်သိန်းတို့ကို မဲမသမာမှုများ ပြုလုပ်သည်ဟုဆိုကာ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ငွေဆယ်သိန်းတင် ကန့်ကွက်လွှာတင်သွင်းထားကြောင်း နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ရောက်ရှိနေသည့် ဒေါ်ဖြူဖြူသင်းက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံတွင် ကန့်ကွက်လွှာ တင်သွင်းခံထားရသော ဒေါ်ဖြူဖြူသင်းကလည်း ကြံ့ခိုင်ရေးပါတီမှ ဒေါ်လဲ့လဲ့အေးကို ဘာသာရေးခုတုံးလုပ် မဲဆွယ်သည်ဟုဆိုကာ ပြန်လည် ကန့်ကွက်လွှာ တင်သွင်းလိုက်ကြောင်း သိရသည်။
“ကျမ အခုတင်ပဲ ကြံ့ခိုင်ရေးပါတီက ဒေါ်လဲ့လဲ့အေးကို ပြန်ပြီး တရားစွဲလိုက်တယ်။ အဓိက ဘာသာရေး အဆောက်အအုံတွေကို မဲဆွယ်မှုအတွက်သုံးတာ၊ နောက်ပြီး ဓမ္မာရုံတွေ ဆောက်ပေးတယ်၊ ဗလီဆောက်ပေးတယ်ဆိုပြီး ကြံ့ခိုင်ရေးက ဝေတဲ့ လက်ကမ်းကြော်ငြာတွေမှာ ထည့်သွင်းရိုက်နှိပ် မဲဆွယ်ထားတွေ အပါအ၀င် တရားမဲ့ ပြုကျင့်တာတွေအတွက် ကျမတို့ဘက်ကလည်း ကြံ့ခိုင်ရေးကိုယ်စားလှယ်ကို ပြန်ပြီး တရားစွဲထားပါတယ်။ ဒီနေ့ပဲ စွဲလိုက်တာပါ” ဟု ဒေါ်ဖြူဖြူသင်းက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်ဖြူဖြူသင်းကို ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားကြောင်း တရားဝင် အကြောင်းကြားထားပြီး ဖြစ်သော်လည်း ဦးဖြိုးမင်းသိန်း၊ ဒေါ်တင်တင်ရီနှင့် ဦးခင်မောင်သိန်းတို့ကို အကြောင်းကြားခြင်း မရှိသေးဟု သိရှိရသည်။
“ကျမကတော့ အကြောင်းကြားစာ ရထားပြီးပြီ။ ကျန်တဲ့သုံးဦးကတော့ ဒီနေ့ တရားဝင် စာထွက်မယ်လို့တော့ ကြားတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတဲ့ စာတွေတော့ ရွေးကောက်ပွဲကော်မရှင်ဆီ ရောက်နေပြီဆိုတာတော့ သိထားတယ်” ဟု ဒေါ်ဖြူဖြူသင်းက ပြောသည်။
ဦးဖြိုးမင်းသိန်းကမူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာ အောင်မြတ်သူက ကန့်ကွက်ထားသည်ဟုသာ ကြားသိထားပြီး တရားဝင် အကြောင်းကြားစာ မရရှိသေးဟု ဆိုသည်။
“ကျနော်ဆီကိုတော့ တရားဝင် အကြောင်းကြားတဲ့စာတော့ မရသေးဘူး။ ဒါပေမယ့် နေပြည်တော်မှာ ရောက်နေတဲ့ မဖြူဖြူသင်းဆီက သိရတာကတော့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းက ကန့်ကွက်ထားတာ ရှိတယ်လို့ သိရပါတယ်” ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
ဧရာဝတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ကော်မရှင်က တစုံတရာ အတည်ပြုပြောဆိုခြင်း မရှိပေ။
ပြည်တွင်းနိုင်ငံရေးသမားတဦးက NLD အနေဖြင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းကို ပြန်လည်ကန့်ကွက်ခြင်းသည် အတိုက်အခံပါတီတရပ်၏ သဘောသဘာဝကို ပိုမိုပီပြင်စေသည်ဟု သုံးသပ်ပြောဆိုသည်။
“၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက အင်အားကြီးပါတီ ဖြစ်တဲ့အပြင် အခုအချိန်မှာ အာဏာရပါတီဖြစ်နေပြီ။ ကြံ့ခိုင်ရေးက NLD အမတ်ကို မဲမသမာမှုရှိတယ်ဆိုပြီး တရားစွဲတာကို NLD က ပြန်ပြီးတော့ ကြံ့ခိုင်ရေးကို မသမာမှုနဲ့ တရားစွဲတယ်ဆိုတာက ဒါက ဒီမိုကရေစီစနစ်ပုံစံကို ပိုပြီးတော့ပီပြင်စေတယ်။ နိုင်ငံရေးပါတီ အချင်းချင်း Check and Balance ဖြစ်တယ်။ တခုပဲ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဘယ်ပါတီဘက်မှ မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်ဖို့ပဲ အရေးကြီးတယ်” ဟု ၄င်းက ဆိုသည်။
လတ်တလောတွင် ဧပြီလ ၂၃ ရက်နေ့၌ ပြန်လည်စတင်သော လွှတ်တော်များသို့ ကျမ်းကျိန်လွှာ မပြင်ဆင်ပေးသေးသည့် ကိစ္စကြောင့် NLD အနိုင်ရအမတ်များက တက်ရောက်ခြင်း မရှိသေးပေ။
အောင်သက်ဝိုင်း (ဧရာဝတီ)
ကြံ့ခိုင်ရေးပါတီက NLD အမတ် လေးဦးကို ကန့်ကွက်လွှာတင်
Reviewed by သစ်ထူးလွင်
on
14:33
Rating:
17 comments:
မဲမသမာတဲ့ သူတိုင်းကိုတ၇ာစွဲကြမယ်ဆို၇င်လွတ်တော်တက်နေတဲ့ ကြံ့ဖွံ့ ပါတီကကောင်တွေအကုန်လုံးတ၇ာစွဲ၇မယ်ကွ ခုလွတ်တော်ထဲကကောင်တွေကအကုန်းလုံးမဲခိုးပြီးအာဏာကိုလုယူထားကြတာတွေလေ အကုန်လုံးခွေးမျိုးနဲ့ ခွေးသခိုးတွေကြည့်ပါကွ
မဲမသမာမှုနဲ့ တရားဆွဲပြီး ဖြုတ်မယ်ဆိုရင် လွတ်တော်မှာ လွတ်တော် ကိုယ်စာလှယ် အယောက် 100 တောင် ကျန်မှာ မဟုတ်ဘူး
သြော်.. ညစ်ပတ်ရတာ ၀ါသနာ၊ အထုံဖြစ်နေတော့ မညစ်ရရင်ကို စားမ၀င် အိပ်မပျော်ဖြစ်နေတယ် ထင်တယ်..
ပြည်သူလူထုက ဒါမျိုးလုပ်လေ အော့နှလုံးနာလေ ဖြစ်နေတာ သူတို့ခုထိ မသိနိုင်သေးတာလား။ ဒါမှမဟုတ် ငါတို့ကတော့ ၂၀၁၅ ကျရင် နည်းပေါင်းစုံသုံးပြီး ညစ်ပတ်မှာပဲ အများပြည်သူ ထောက်ခံခံ.. မခံခံ ဂရုမစိုက်ဘူးဆိုတဲ့.. ပုံစံလား..။
ဒေါ်ဖြူဖြူသင်းကရော ဘာအကြောင်းနဲ့ကန့်ကွက်ခံရတာလဲ။ နှစ်ဦးနှစ်ဖက်လုံးရဲ့ကိစ္စကို ဖော်ပြပေးပါ။တဖက်စောင်းနင်းတော့မလုပ်နဲ့။ ပြည်သူတွေကဒီအချိန်မှာစောင့်ကြည့်နေကြတုံးပဲ။
NLD အနိုင်ရမယ်ဆိုတာယုံကြည်ပါတယ်။ပြည်သူတွေတကယ်ထောက်ခံလို.
အနိုင်ရတာပါ။
မင်းတို.ကြံ့ဖွတ်တွေမှဖယောင်းသုတ်ပြီးကလိမ်ကကျစ်လုပ်တာ။
ဥပဒေကိုတတ်ကျွမ်းသူတွေ၊သူတို.တွေမရိုးဖြောင်.တာကိုသိရှိသူတွေNLD ကိုကူညီပါလို.။
ဖွတ်ဆိုတဲ့ ငပြူးတွေပြဲနေကြပြီ
သတိထားနေကြပါ အမေစုနဲ့ NLD အပေါင်းတို့ ..။
ဆရာတော်ကြီးတပါး မိန့်တော်မူဖူးတယ်....
ခွေး တွေဟာ အစားအသောက်လုစားစရာမရှိတဲ့အချိန်မှာဆိုရင် တကောင်နဲ့ တကောင် ဆော့ကစားကြ ခင်ခင်မင်မင်နေကြတာတဲ့.. အကယ်၍များ လုစားစရာ အစားအသောက်ရောက်လာဘီဆိုရင် တကောင်နဲ့ တကောင် ရန်သူသဖွယ် လုံးဝ မတည့်ကြတော့ဘူးတဲ့ .. ငါ့တပည့်တွေလဲ အဲဒီလိုမကျင့်ကြနဲ့ အမြဲတမ်း ချစ်ချစ်ခင်ခင်နေကြပါ လို့ မိန့်တော်မူဖူးတယ် ..
ကျုပ်တို့ ရွှေမြန်မာပြည်လဲ အင်း အဲဒီလို အစားအသောက်ကို ငန်းပြီးတော့ သွေးမကွဲစေချင်တော့ပါဘူး...
အာ ၊ ခွေးမသားတွေ! ကန်တော့ဗျာ၊ မတက်နိုင်ဘူး၊
တစ်မျိုးသားလုံး ၊ အမျိုးသားအကျိုးစီးပွားအတွက်လက်တွဲညီညီ အလုပ်လုပ်ရမယ့်အချိန်မယ်၊ အချင်းချင်းပြန်တိုက်ခိုက်နေကြတယ်၊
မျှော်လင့်နေကြတယ်ဗျာ၊ ခင်ဗျားတို့ လွတ်တော်ထဲမှာ ရန်ဖြစ်နေတာလား၊
ကြံ့ခိုင်ရေးကကောင်တွေ မင်းတို့လွတ်တော်ထဲမှာနေပြီးထူးထူးခြားခြား ပြောင်းလဲမှုတွေဘာတွေလုပ်ပေးနိုင်ခဲ့လဲ၊ ခင်ဗျားတို့ ကိုယ်ကျိုးကို စွန့်ပြီး ပြည်သူတွေအတွက်ဘာတွေလုပ်ပေးခဲ့လဲ၊ ဘယ်လောက်စွန့်လွတ်အနစ်နာခံခဲ့ကြလဲ၊
တော်ပါတော့ဗျာ၊ ပြည်သူတွေလည်းကြည့်ကြပါဦး ၊ တိုင်းပြည်ကောင်းစားဖို့လုပ်ကြပါဗျာ၊ စိတ်ပျက်တယ်.........
ဟုတ်တော့ဟုတ်နေပြီ NLD အနေနဲ့လဲ ကိုယ့်ရဲမဲဆွယ်ပွဲတွေကိုအတက်နိုင်ဆုံး
စည်းကမ်းဘောင်အတွင်းကဖြစ်အောင်လုပ်သင့်ပါတယ် ကြံဖွတ် ကလဲပဲ ရုံးမဲမဲနေတယ် အစထဲကမသာမှုတွေ မကောင်းစိတ်တွေနဲ့ပြည့်နေတဲ့ ကြံဖွတ်
ကိုတော့လျှော့်မတက်နဲ့ကောက်ကျစ်စဉ်းလဲတဲ့ အကြံတွေအပြည့်နဲ့ အဲ့ကောင်တွေက
ဟားဟားဟားလို့ ရီလိုက်ချင်တယ် မဲမသမာမှုနဲ့ ကန့် ကွက်ရင် လွှတ်တော်ထဲက ကြံဖွတ်တွေ ကကောဘယ်လိုမဲနဲ့ လွှတ်တော်ထဲရောက်လာတာလဲ ...
ကျနော် ပြည်ပကိုရောက်နေသူတယောက်ပါ...ကျနော်နေတဲ့ အခန်းမှာ မြန်မာအယောက်၄၀ ရှိပါတယ်...ဒါပြည်သူတွေပါ ...အကုန်ဖြစ်စေချင်တာကတော့ မြန်မာပြည်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဆိုတာ မရှိသင့်တော့တဲ့ပါတီဆိုတာ ...အကုန်လိုလားကြပါတယ်..ကျနော်တကယ်ပြည်သူပါ၊ သူများတိုင်းပြည်မှာ ကိုယ့်နိုင်ငံ သယံဇာတပေါရဲ့နဲ့သယံဇာတမရှိတဲ့နိုင်ငံမှာ ကျွန်ခံနေရသူပါ..မိသားစုနဲ့ခွဲပြီး ဘာအတွက်သုံးမှန်းမသိ၊စာရင်းမရှိဘဲ တလ ကို s$40 မြန်မာ စစ်အစိုးရကို ပေးနေတဲ့ တကယ်ပြည်သူပါ...စစ်အစိုရမဟုတ်ပါဘူး....
လွတ်တော်ထဲမှာ ရှိတဲ့ ကြံ့ဖွတ်တွေကို အကုန်ကန့်ကွက်မယ် ၂၀၁၀ မဲမသမာမှူနဲ့...တစ်ယောက်ကို ကန့်ကွက်ရင် ၁၀ သိန်းဆိုရင် ငါတော်တော်ကုန်သွားမှာပဲ..မတန်ဘူး အပြင်မှာပဲ မျက်ခွက်တွေ ပိုက်ရိုက်ပြစ်မယ်။ ပြီးရင် ထက်ထက်မိုးဦးလို တစ်ယောက်ကို ၁ ထောင်ပေးလိုက်မယ်။
သူခိုးကလူပြန်ဟစ်တယ်ဆိုတာအခုမှပဲလက်တွေ့သိရတယ်။
ကျတ်ဖွတ်တွေ...ကလေးအထာတွေရပ်သင့်ပြီလို့ထင်တယ်။
ဟေ့ကောင်ဖွတ်ကောင်တွေ..မင်းတို့ကောင်တွေ
လွှတ်တော်ထဲကနေအကုန်ထွက်လိုက်ရင်မြန်မမာပြည်ကြီး
တိုးတက်မှာအမှန်ပဲ...မင်းတို့ကောင်တွေရှိတာဆန်ကုန်မြေလေးတယ်
မင်းတို့အဖေတရုတ်နိုင်ငံတာ အကုန်သွားနေကြတော့
မင်းတို့အမျိုးတွေလည်း တရုတ်တွေနဲ့ပေးစားလိုက်ကြ
၂၀၁၀ မှာမဲခိုး မတာရားလုပ်တာမင်းတို့ပဲလေ..
အမှန်ပြောရင်ပြည်သူတွေက မင်းတို့ကို မဲပေးချင်တာမဟုတ်ဘူး
ကြည့်လို့ကိုမရတာ....
၁၀ တန်းမအောင်ဘူးလို့ ခဏခဏ မပြောချင်ဘူးနော်
အစထဲက ထောင်ထွက်တွေကို ထွက်ခွင့်ပေးလိုက်တော့ စည်းလွတ်ဝါးလွတ်ဖြစ်သွားတာပေါ့ နောက်ကရူးတိုက်မဲ့သူတွေများတော့ ငါ့ပဲ ငထွားဆိုပြီး မာန်တက်နေကျတာ ထားလိုက်ပါ တို့တွေက စင်ပေါ်က လူပဲ အမဲပဲ ပြစ်ကျွေးလိုက်ပါ တိုင်မနေနဲ့ အချိန်တန်ရင်တော့ သိလာပါလိမ့်မယ်
oaksoe..ဆိုတဲ့လူ...
ထောင်ထွက်ဆိုတာပြစ်မှုကျူးလွန်ထားသူမဟုတ်။
ပြည်သူအတွက်ပေးဆပ်အနစ်နာခံသူများ။
ထောင်ထဲကိုမတရားထည့်ထားတာနင်တို့စစ်ခွေးတွေလေ။
ဝဋ်လည်ပါစေ..သားစဉ်မြေးဆက်...
စည်းလွတ်ဝါးလွတ်တိုင်းပြည်ကိုနစ်နာစေတာ
နင်တို့စစ်ခွေးတွေကြောင့်
တကမ္ဘာလုံးသိနေတာကိုအရှက်ပြေလာပြီး
ချေးဦးနှောက်နဲ့ကွန်မန်းလာပေးနေတယ်။
တကမ္ဘာလုံးနဲ့စစ်ခွေးဘယ်သူကတရားမဲ့နေသလဲ..
လာစွနေတယ်။မေ့ထားတာတွေသမိုင်းကြောင်း
လာပြန်လှန်နေတယ်။ပြန်လှန်လိုက်မယ်။
ရာဇ၀င်ထဲကလူသတ်ကောင်တွေ....
လူရာမ၀င်တဲ့ဟာတွေ
Post a Comment