ဓာတ်ပုံ ASSOCIATED PRESS
ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင်
အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့
ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊
တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက
အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ
စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက်
အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
ဂျပန်နိုင်ငံမှာရောက်နေတဲ့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ NLD ပါတီဘက် ကတင်ပြထားတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာမှာ စကားလုံး ပြင်ပေးဖို့ဆိုတာ နဲ့ပတ်သက်ပြီး သတင်းသမားတွေ မေးတာကို တိုက်ရိုက် မဖြေခဲ့ပါဘူး။ ဒါပေမဲ့လည်း လွှတ်တော်တက်ရေးကိစ္စဟာ NLD ပါတီကိုယ်တိုင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးကတော့ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဖြေဆိုခဲ့တာပါ။ ဒီသတင်းတွေကို စောင့်ကြည့်လေ့လာပြီး ဖတ်ရှုထားတဲ့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာကြီး ဟိဆအို့ တနဘဲ့ (Hisao Tanabe) ခေါ် ဦးရွှေဘက ဗွီအိုအေကို အခုလိုပြောပါတယ်။
“အဲဒီ ကိစ္စ အန်အယ်ဒီ ကိစ္စနဲ့ ပတ်သက် ပြီးတော့ အန်အယ်ဒီ အနေနဲ့ တောင်းဆိုနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဖို့ ဘာညာ နဲ့ ပတ်သက်ပြီးတော့ သူက ဘာမှ မပြောဘူး။ မပြောပေမဲ့ ခုနက လွှတ်တော် ကို တက်မတက် ဆိုတာက ဒေါ်စု ကိုယ်တိုင် က ဆုံးဖြတ်ဖို့ ဖြစ်တယ် လို့ဘဲ ဖြေလိုက်တယ်။ နောက်ထပ် constitution အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့ generally speaking ဆိုတဲ့ သဘောနဲ့ သူပြောတာက ပြည်သူ ပြည်သားတွေ အကျိုးရှိစေဖို့၊ တိုင်းပြည်အတွက် အကျိုးရှိစေဖို့ ဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင် ဖို့ဟာ ဖြစ်နိုင်ပါတယ်။ လွှတ်တော်မှာ ဆွေးနွေးမှာ ဖြစ်ပါကြောင်း ဖြေလိုက်တယ် တဲ့။”
လွှတ်တော်ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါမည်ဆိုတဲ့ စာသားအစား လေးစား လိုက်နာပါမည်ဆိုတဲ့ စာသားနဲ့ ပြောင်းလဲ ပြင်ဆင်ပေးဖို့ NLD ပါတီဘက်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီကနေ့စပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအမီ မပြီးပြတ် ခဲ့တဲ့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီက ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ဖြစ်ခဲ့ကြပါဘူး။ ဘယ်တော့လောက် ပြေလည်မယ် ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ပြေလည်ဖို့အတွက်ကိုတော့ NLD တာဝန်ရှိသူတွေက ယုံကြည်နေဆဲပါ။
“ဒီ ကိစ္စက ပြဿနာ အသစ်အဆန်း မဟုတ်ဘဲကိုး။ ကျနော်တို့ ပါတီ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စ ဖြစ်ပေါ်လာအောင် လိုအပ်သလို ပြုပြင်ပေးတဲ့ အတွက်ကြောင့် မို့လို့ အဲဒီလို ပြုပြင်ပေးတဲ့ ဟာမှာ ပေါ်မှာ မူတည်ပြီး မှတ်ပုံတင်တယ်။ ရွေးကောက်ပွဲ ဝင်တယ်။ ပြုပြင်ပြီးတဲ့ ကိစ္စ နောက်ပိုင်းမှာ ဆက်ပြုပြင်ဖို့ဆိုတာ သူတို့မှာ အခက်အခဲ ရှိစရာ အကြောင်း မရှိဘူးလို့ ယူဆပါတယ်။”
NLD ပါတီရဲ့ ဗဟို ကော်မတီဝင်နဲ့ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ကနေ ရွေးကောက် တင်မြှောက်ခံ ထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဝင်းထိန်ပါ။
ဂျပန်မှာရှိနေဆဲ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးဟာ နောက်ကြောင်း ပြန်မလှည့်တော့ ပါဘူးဆိုပြီး ပြောတယ်လို့လည်း ဂျပန်သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
ဒါပေမဲ့လည်း အခုပေါ်ပေါက်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေး၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် NLD ကိုယ်စားလှယ် တွေ လွှတ်တော် တက်ရောက်နိုင်ရေးကိစ္စဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ရမယ့် အခြေအနေထိ ဖြစ်နေတာကြောင့် သိပ်မကြာခင်မှာ ပြီးပြတ်မယ့်အခြေအနေမျိုး ခုချိန်ထိတော့ မတွေ့ရသေး ကြောင်းပါ။

NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး
Reviewed by သစ်ထူးလွင်
on
04:19
Rating:
14 comments:
TO U THEIN SEIN ..... စစ်တပ် ၂၅ % ဆိုတာ လက်နက်နဲ့ အာဏာကို အားကိုးပြီး ယူထားတာပါ ။ ကြံ့ ဖွတ်အမတ်ရာချီဆိုတာလည်း ညစ်ပတ်ပြီး မဲခိုးထားလို့ရတာဆိုတာ သမ္မတကြီးလည်း သိပါတယ် ။ အနောက်နိုင်ငံတွေလို လွတ်လွတ်လပ်လပ်မျှမျှတတဆိုရင် ကြံ့ ဖွတ်တွေအဖို့ အမတ်နေရာ ၁% ရဖို့တောင် သံသယဖြစ်စရာပါ ။ .................ဒါကြောင့်မို့ NLD တောင်းဆိုတာကို ဘာလုပ်ရမယ်ဆိုတာ သမ္မတကြီး သဘောပေါက်မှာပါ ။
ကယ်ဘာလုပ်ကျမှာလည်....ပြည်သူတွေကိုစင်းရဲသထက်စင်းရဲအောင်တော့မလုပ်ကျပါနဲ့ တော့....မာဏတွေပြိုင်မဲ့အစားညှိနိုင်ကျစေချင်ပါတယ်....တဖက်ကလည်လိုက်လျှောထာတာပဲ....နိုင်ငံတကာပိတ်စို့ မူတွေကြာအောင်လုပ်နေကျတာလားNLD ၇ယ်....ပြောတော့ပြည်သူတွေကိုချစ်တယ်စို....ပြည်သူတွေတင်မြှောက်တဲပါတီပါစို....အရွဲ့ လွန်ရင်စောင်းတက်တယ်နော်....ပညာရှိသတိဖြစ်ခဲ့..ဖြစ်မှာစိုလို့ ပါ...ပြည်သူကိုသနာကျပါ..အာပြိုင်မဲ့ အစားညှိနိုင်ကျစေလိုပါသည်......
ဟေ့ကောင်မြန်မာပြည်သား မင်းစာမတတ်တ်ာလား သတင်းတွေသေချာဖတ်ပြီးမှ အပြစ်တင်ကွ ဒါကို nld ကတမင်ကပ်သပ် တမင် ပိတ်ဆို့နေတာမဟုတ်ဘူး ဒါစကတည်းနှစ်ဖက် ညှိနိုင်းမှုမှာ သူတို့ လုပ်ပေးရမယ့်အပိုင်းမှာ ပါပြီးသား အစိုးရနဲ့ ပြည်ခိုင်ဖြိုးပေါ်မှာ အဓိက တာဝန်ရှိနေတာ ဘာလို့ nld ကို ပဲ ဇွတ်မဲ nld ပဲ မှားနေသလို ဘက်လိုက်ရေးတာလည်း မင်းလည်း ဖွတ်ထင်တယ်၊ ပြည်သူအတွက်တစ်ကယ်ကြည့်ရင် သူတို့ ဒါကို မပြင်ပေးနိုင်စရာ ဘာမှ မရှိဘူး nld က ပြည်သူကို ကြည့်လို့ 2008 ဖွဲ့စည်းပုံကို လက်မခံပေမယ့် ဒီအချက်တွေကို ပြင်ရင် ၀င်မယ်ဆိုပြီး ပြည်သူမျက်နှာကြည့်ဝင်လာပြီးပြီ၊ ရှေ့ခေါင်းစဉ်တော့ ပြင်ပြီး ကျမ်းကြိမ်ရမယ့်ဟာကျမှ သပ်သပ်ညစ်ထားတာ ဆိုပြန်ရင်လည်းကျမ်းစူးမယ် မဆိုပြန်ရင်လည်း ပြည်သူညိုညင်အောင်တမင်ညစ်တာ သိသိကြီးကွာ ၊ မင်းတို့က ဘာလဲ ဘယ်သူက ပြည်သူမျက်နှာကြည့်ပြီး အနစ်နာခံလုပ်သလဲ ဘယ်သူတွေက သူတို့ လက်တစ်ဆုတ်စာ ခေါင်းဆောင်တွေ အခွင့်ထူးရအောင် မှားခဲ့ ကျူးလွန်ခဲ့တာတွေပြစ်ပေးမခံရ အောင် ကာကွယ်နေတယ်ဆိုတာ မင်းမမြင်ဘူး ဇွတ် nld ကို အပြစ်မြင် အစိုးရပဲ ကောင်းသရောင်မင်းထင်ရင် မင်းလဲ ပြည်သူ့ ဘက်သားမဟုတ်ဘူး သန်းရွှေမိသားစု စစ်အာဏာရှင်မိသားစု အသက်အိုးအိမ် စည်းစည်ကာကွယ်နေတဲ့ အတုရောင်ပဲ
မြန်မာပြည်သားရယ် ခုလဲညှိနိုင်းနေတာပဲ.ခဏတော့စောင့်ကြည့်ရမှာပေါ့။
နှစ်ဖက်စလုံးကတော့အဆင်ပြေအောင်လုပ်မယ်လို့မျော်လင့်ပါတယ်..
ပြည်သူတွေအားလုံးမွန်းကျပ်နေပါပီ.အမြန်ဆုံးပြောင်းလဲအောင်လုပ်ကြပါ.
NLD စာသားပြင်ဆင်ခိုင်းတာဟာ အရမ်းသဘာဝကျတဲ့ကိစ္စပါ
အခုမပြုပြင်ရင် နောင်ပြည်သူတွေအကျိုးအတွက် ဘာလုပ်လုပ် အစိုးရကဆန့်ကျင်နေတော့မှာလေ ..။
ကာကွယ်စောင့်ရှောက်မယ်ဆိုတာ လုံးဝမပြင်ဆင်တော့ဘူးလို့အဓိပါယ်ရောက်ပါတယ်. လေးစားလိုက်နာမယ်ဆိုတာ လောလောဆယ်လွတ်တော်တက်ရေးအတွက်ဖြစ်ပြီး နောင်တချိန်ပြည်သူလူထုအတွက် ဥပဒေတွေပြင်ဆင်သင့်တာတွေလုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်..။
ပြည်သူလူထုအတွက်စဉ်းစားတာမို့ အရမ်းကောင်းတဲ့NLD ရဲ့တောင်းဆိုချက်ပါ..။ကာကွယ်တယ်ဆိုတာ တသက်လုံးပြင်ဆင်လို့မရတော့ပါဘူး..။အမေစုရဲ့ ပြည်သူလူထုအတွက်စေတနာနဲ့ ဥာဏ်ရည်မြင့်မားမှုတွေပါပဲ..။
တောင့်ထားNLD../
NLD ဝင်ပြိုင်တယ်ဆိုတာ အခြေခံဥပဒေတွေကို ပြင်ဆင်ဖို့ ဝင်ပြိုင်တာ...ဒီအခြေခံဥပဒေကို ကာကွယ်ပါ့မယ်လို့ ကျမ်းဆိုရင် ဘယ်လိုလုပ်ပြင်ရမတုံး မြန်မာပြည်သားရဲ့
မြန်မာပြည်သားရေ မင်းရေးတဲ့ စားသားတော့ ကြိုက်သဟ ဒါပေမယ့် သတ်ပုံသတ်ညွှန်းလေးတော့ မှန်အောင်ရေးပါဗျာ (ဆင်းရဲသထက် ဆင်းရဲအောင်။ မာနတွေပြိုင်မဲ့အစား ပိတ်ဆို့မှု၊ ပြည်သူကို သနားကြပါ) ဆရာလုပ်တာ ဟုတ်ဘူးနော်။ စာသားကောင်းပြီး သတ်ပုံမှားတော့ အရသာ သိပ်မရှိလို့
အမေစုက ကတိပြုသစ်စာဆိုပြီးရင် ကတိတည်ချင်လို့ပါ။ ဥပဒေပြင်နိုင်မှ ပြည်သူတွေအတွက် တရားမျှတမှာပါ။သေချာစဉ်းစားကြပါဗျာ။လွှတ်တော်ထဲဝင်ပြီးတဲ့သူတွေလို ဘာမှမသိဘဲနဲ့ ထိုင်ခုံပေါ်ထိုင်ရရင်ပြီးရောလုပ်နေတာမဟုတ်ဘူး၊
လွှတ်တော်ထဲက ခွေးစစ်တပ်အုပ်စု ကိုယ့်နေရာကိုမနေတာခက်တယ်၊ ဒီစစ်သားတွေရှိနေသမျှတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ အလကားဆန်ကုန်မြေလေးတွေ
မြန်မာပြည်သာ အဲ့ဒါညှိနိုင်းနေတာလေ လွှတ်တော်ရဲ့အလုပ်ကိုက မကောင်းတာပြင်မယ်၊ အသက်တွေထပ်ထည့်မယ် အဲ့ဒါမလုပ်ချင်တဲ့သူကတော့ မဟုတ်တာလုပ်ထားတဲ့သူ နောက်ကျောမလုံတဲ့သူ။ လွှတ်တော်ထဲ သွားပြီး ငုတ်တုတ်ထိုင်မဲ့ အစားတော့ ရောက်တဲ့နေရာကနေ လုပ်နေတဲ့ NLD ကို ကျေးဇူးတင်တယ်။ ပိတ်ဆို့မှုတွေ ပြန်လည် စတင်ပါစေဗျာ။
နိုင်ငံတကာက ပိတ်ဆို့မှုတွေတော်တော်များများကို ဖယ်ရှားပြီးသွားပါပြီ.. အဓိက ကျန်နေတဲ့အချက်က နိုင်ငံရေးအကျဉ်းသားတွေ အကြွင်းမဲ့လွှတ်ပေးရေးပါ.. အခုလက်ရှိကျန်နေတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ ဦးသိန်းစိန်နဲ့ လက်ရှိအာဏာယူထားတဲ့ ပါတီရဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာပဲ မူတည်ပါတော့တယ်..။
ကျွန်တော့အထင် အင်အယ်ဒီလွှတ်တော်မတက်သေးတာ ပါတီတွင်း အရေးကိစ္စတွေ မပြီးပြတ်၊ အဆင်သင့် မဖြစ်သေးလို့လို့ထင်ပါတယ်။ ကျမ်းကျိမ်စာသားပြင်မယ့် ကိစ္စကတော့ ရွေးကောက်ပွဲဆိုင်ရာဥပဒေမှာတောင် ၀ိုင်းပြီး ပြင်ပေးပြီးသားမို့လို့ လွယ်လွယ်ကူကူ ၀ိုင်းဝန်းပေးကြလိမ့်မယ်ထင်လို့ ဒီနေရာမှာလည်း စာသားကို ပြုပြင်သင့်ပါတယ်လို့ အကြံပြုထားတာပဲရှိတယ်။
ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အင်အယ်လ်ဒီ လွှတ်တော်ကို တက်တော့တက်ရမှာပဲ... စောင့်ကြည့်ရမှာပဲ..
အခြေခံဥပဒေကို မပြင်နိုင်ဘူးလို့ပြောတဲ့သူတွေ အန်အယ်ဒီကလွှတ်တော်ထဲတောင် မလာသေးဘူးနော် ။
ပြင်ခိုင်းနေပီ ။ကဲ ဘယ့်နှယ်ရှိစ။ အန်အယ်ဒီကို လွှတ်တော်မသွား
သေးလို့ သံသယ ရှိနေတဲ့ပုဂ္ဂိုလ်များ မြန်မြန်အမြင်မှန်ရကြပါတော့
ဗျာ ။ ကလေးအတွေးနဲ့ ကလေးဆန်နေတာက ခင်ဗျားတို့ကိုယ်
တိုင်ဖြစ်နေတယ်နော်။
မြန်မာပြည်သား.........ခင်ဗျာ မြန်မာစာ သင်ဖူးတင်လိုထင်ပါတယ်.....မြန်မာစကားအမျိုးများတယ်ဆိုတာ ခင်ဗျာသိရင် သူဘာကြောင့်အဲလို လုပ်တာလဲဆိုတာ စောက်ကြည့်သင့်ပါတယ်...အရမ်းမဝေဖန်ပါနဲ့......
ကဲဒီအသေးမွားလေးတောင်လုပ်မပေးနိုင်ရင်
ဒီထက်ကြီးမားတာတွေကို..ဘယ်လိုပြုပြင်ပေးမှာလဲ
ယုံလိုက်ရမှာလား သမ္မတကြီးရယ်..
ကြည့်လဲလုပ်ပါအုံး.တပည့်တွေက
တော်တော်များများ ကြားရတာက NLD က ရွေးကောက်ပွဲဝင်တာ အခြေခံဥပဒေကို ပြင်ဖို့ဆိုတော့ ကျွန်တော်နားမလည်တာက 2015 မှာ အစိုးရမဖွဲ့တော့ဘူးလား မသိဘူး။
Post a Comment