ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို

USDP ပါတီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်ပါဝင်သော  အခြေခံဥပဒေ ဇယား(၄)ပါ ကတိသစ္စာပြုချက်(သို့) ကျမ်းသစ္စာ ဆိုချက် ပုံစံတွင်ပါရှိသည့် ရွေးချယ်ခံပြီး ကိုယ်စားလှယ်ဖြစ်ပါက ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး ’’ အစား ‘‘ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမည်’’ ဆိုသော စကားရပ် ကို ပြင်ဆင်ပေးရန် အစီစဉ်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ ၏ဗဟိုကော်မတီဝင် ဦးအောင်သောင်း က  ရန်ကုန်မီဒီယာ ဂရုပ် သို့ပြောကြားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်  လွှတ်တော်သို့တက်ရောက်နိုင်ရေး အတွက် ဒေါက်တာမြတ်ဉာဏစိုး နှင့် ဒေါက်တာအေးမောင်တို့က USDP ပါတီ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် အတွက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ သည့် အပေါ် ရန်ကုန်မီဒီယာဂရုပ် မှ   ပြည်ခိုင်ဖြိုးပါတီ ၏ ဗဟိုကော်မတီဝင် ဦးအောင်သောင်းအား မေးမြန်းရာ  အစီစဉ်မရှိပါကြောင်းကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘ ကျွန်တော်တို့ အဲဒီစကားရပ်ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ အစီအစဉ် မရှိပါဘူး၊ ဒီစကားရပ်က နိုင်ငံတိုင်း အသုံးပြုနေတဲ့ စကားရပ်ပါ၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်  စောင့်ရှောက်ရမယ်ဆိုတာ၊ နိုင်ငံသားတိုင်း ရဲ့တာဝန်ပါပဲ၊ ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊ ကျွန်တော်တို့  အနေနဲ့ နိုင်ငံတော် အကျိုးရှိစေမယ့် ၊ အမျိုးသားရေး အကျိုးရှိစေမယ့် ၊ ပြည်သူအကျိုးရှိစေမယ့် ၊ လွှတ်တော် အကျိုးရှိ စေမယ့်  ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ် ဦးအောင်သောင်းက ပြောကြားသည်။

Yangon Media Group
ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို ပြည်ခိုင်ဖြိုးပါတီက NLD ပြင်လိုသည့် အချက်အား ပြင်ဆင်မပေးနိုင်ဟုဆို Reviewed by သစ်ထူးလွင် on 17:24 Rating: 5

46 comments:

Dr.Hellboy2009 said...

ကာကွယ်‌စောင့်‌ရှောက်မည်ဆိုတဲ့စကားကစစ်သား‌တွေနဲ့သာသက်ဆိုင်တဲ့
စကားလုံးမျိုး..‌လေးစားလိုက်နာမည်ဆိုတဲ့စကားကအများပြည်သူ
နဲ့သက်ဆိုင်တဲ့စကားမျိုးဆိုတာ..စဉ်းစား‌တွေး‌တောတတ်တဲ့သူတိုင်း
သိတယ်..‌ကြံ့ဖွတ်‌တွေနားလည်‌အောင်ဥပမာရိုင်းရိုင်း‌ပေးရရင်..မင်းတို့
အ‌မေလဲမိန်းမ၊နှမလဲမိန်းမ။မယားလဲမိန်းမ၊သမီးလဲမိန်းမ..ကဲ..အဲဒါ
ကိုအတူတူလို့သ‌ဘောထားနိုင်မလား...။

that said...

ဂေါင်းဆိုတာမာတိုင်းမကောင်းပါဘူး ပြည်သူတွေအတွက်ထည်.ပြီးစဉ်းစားပေးပါ (ကိုရီးယားက ကရင်လေး)

နိုင်နိုင်စနေ။ said...

အပျက်အပျက်နဲ့တော့ပြည်သူတွေနှာခေါင်းသွေးထွက်အုန်းမယ်ထင်တာပဲ့ဗျာ။
တဘက်တည်းကိုသဘောထားတင်းမာတယ်လို့တော့အခုကိတ်စမှာပြောလို့
မရတာတော့အမှန်ပဲ့။
ကျွန်တော်တို့ဘာဆက်လုပ်ကြရမှာလည်း
NLDကလည်းမပြင်ပေးလို့ဆိုပြီးသိပ်ခါကျခံပြီးလွတ်တော်မတက်ပဲနေမယ်။
လက်ရှိအာဏရအစိုးရကလည်းမဆိုင်တာတွေပြင်ပေးလို့မရနိုင်ဖြစ်နေတယ်။
နှစ်ဦးနှစ်ဘက်လုံးကတင်းခံနေကြပီ။
ဘာတွေဖြစ်လာမှာလည်း
(1988)အရေးခင်းကာလမှစတင်ပြီး(2010)ရွေးကောက်ပွဲမတိုင်သည်အ
ထိပြည်သူတွေလည်းဘ၀ပျက်အောင်ခံစားလာကြရပြီးဖြစ်ပြီးပြီ၊သင်ခန်းစာ
ယူတတ်ကြဖို့ကောင်းသည်။
နောက်ထပ်ကျွန်တော်တို့တိုင်းပြည်မှာညစ်နွမ်းတဲ့အဖြစ်မျိုးထပ်မဖြစ်ချင်ကြ
တော့ပါ။လက်ရှိအစိုးရနဲ့တခဲနက်အောင်ပွဲရNLDတို့ပူးပေါင်းပြီးတော့တိုင်းပြည်
ကောင်းစားအောင်လုပ်တာမျိုးကိုပဲ့ပြည်သူတယောက်အနေနဲ့မြင်တွေ့ချင်တော့သည်။အဖွဲအစည်းအကျိုးနှင့်ပြည်သူ့အကျိုးကိုယှည်လာလျှင်ပြည်သူလူထုအ
ကျိုးစီးပွားပြည်သူတွေရဲ့ဘ၀တိုးတက်အောင်သာနှစ်ဦးနှစ်ဖက်လုံးကလုပ်စေ
ချင်တော့သည်။
ကလေးတွေရန်ဖြစ်နေသလိုမျိုးမလုပ်စေချင်တော့ပါ။
ပါတီတွေမဲဆွယ်တုန်းကတိုင်းပြည်ကောင်းကျိုးအတွက်အစွမ်းကုန်ရှေ့ရှုပြီး
လုပ်ဆောင်ကြမည်ဟုစကားလုံးမတူညီကြသောလည်းပါတီတိုင်းရည်ရွယ်
ချက်မှာအတူတူပင်ဖြစ်ကြသည်။
ဓါးဓါးချင်း၊လှန်လှန်ချင်းဖြေရှင်းရမည့်အချိန်မဟုတ်တော့ပါ။
ပြော့ပျောင်းသောနှလုံးသားများဖြစ်သာဖြေရှင်းသင့်ပါတော့သည်။
အမေစုအနေနဲ့လည်းလောလောဆယ်မပြင်ပေးသည့်တိုင်မှအတွင်းစည်းကို
ဝင်ရောက်နေရာယူပေးစေချင်သည်။
အတွင်းစီးရောက်မှကိုဖြစ်ချင်သည့်ဥပဒေ၊ပြည်သူတွေနဲ့သဟဇာတဖြစ်စေ
သည့်ဥပဒေရပ်များကိုပြောင်းပေးသင့်ပါသည်။
တခါသေဖူးပြင်ဖိုးနားလည်ဆိုသလိုနိင်ငံရေးပါးဝတတ်ဖို့လိုပြီဖြစ်ပါသည်။
အစိုးရအနေနှင့်လည်းငါတကောမကောထားပဲလက်ကမ်းကြိုဆိုပြီး
နိုင်ငံတော်တိုးတက်ရေးအတွက်လက်တွဲသင့်ပါသည်။
အခုကိတ်စမှာ
ကျွန်တော်ကသာမန်ပြည်သူလေးတယောက်သာဖြစ်ပါသည်။
ကျွန်တော်စိတ်အစဉ်မှာတော့
ဖြစ်စေချင်သည်မှာ
သားရွှေအိုးထမ်းလာသည်ကိုပဲ့မြင်မိချင်ပါတော့သည်။
ခါးသီးသောနိုင်ငံရေးခေတ်တခေတ်ဆီသို့ပြန်မရောက်စေချင်တော့ပါ။
နှစ်ဦးနှစ်ဘက်စလုံးအမြင်မတူကြပေမဲ့လည်း
ညှီနှိုင်းဆောင်ရွက်လျှင်အောင်မြင်နိုင်သည်ဟု
ကျွန်တော်အကြွင်းမဲ့ယုံကြည်နေမိပါသည်။

Anonymous said...

အဲ့ဒီဦးအောင်သောင်းတို့တစ်စု
ပြည်သူတွေကိုဒုက္ခပေးချင်နေတယ်ဆိုတာ
ကျမတို့သိနေပါတယ်။
တကယ်ပဲဝမ်းနည်းမိတယ်။
ကျမတို့လေးစားတန်ဖိုးထားတဲ့ခေါင်းဆောင်အမေစု
ကိုနှိပ်ကွပ်နေတာကျမတို့ပြည်သူတွေကိုနှိပ်
ကွပ်နေသလိုခံစားရတယ်။
ဘယ်ပြင်မလဲလေ..
မြန်မာပြည်သူတွေကိုစစ်တပ်ပုံစံခွက်ထဲ
လောင်းထည့်နေတာမို့လား။
လူကြီးမင်းများမတော်မရားမှုတွေရပ်တန့်ပါတော့
လုံးဝကိုမမြင်ချင်တော့တဲ့သူတွေကို
မ၇ဏမင်းကဘာလို့အခွင့်ထူးခံ
လူတန်းစားတွေအဖြစ်ပေးထားသလဲ..
သူတို့ကိုထိုက်တန်တဲ့အပြစ်ပေးပါ.

minsoeaung said...

မောင်အောင်သောင်း
ခေါင်းမမာပါနဲ့။ဥပဒေကိုခေတ်စနစ်အချိန်အခါနဲ့လိုက်ပြီး
ပြင်သင့်တာပြင်ရမယ်။မကာကွယ်ပါနဲ့။ ဦးဌေးဦးကတောင်
သိတယ်။ဖွဲ့စည်းပုံဆိုတာလေးစားလိုက်နာတာနဲ့တွဲသုံးရ
တယ်ဗျာ။ခေါင်းမမာပါနဲ့။အနာဂတ်သားသမီးတွေအတွက်
အမှန်တွေထားခချင်လို့ပါ။

Anonymous said...

ဒါပဲလေတိုင်းပြည်ကိုဒီမိုကေ၇စီကျကျ
အုပ်ချုပ်ချင်တာမှမဟုတ်တာ..
တပ်မတော်ကိုအုပ်ချုပ်ကိုင်တွယ်နည်းကိုမှ
မစွန့်လွတ်နိုင်သေးရင်
တပ်ထဲမှာပဲအေးဆေးနေလိုက်ပါလား။ဘာလို့လွတ်တော်ထဲ
နေရာယူထားတာလဲ..ဒါဒီမိုကရေစီမဟုတ်ဘူး။
ဘယ်နိုင်ငံမှာမှမရှိဘူး။
အမေစုကဘောင်ထဲကလျှောက်နေတဲ့သူတယောက်
ဘယ်တော့မှစည်းအပြင်မထွက်ဘူး။
ဒါကိုမလိုက်လျောတာ
ဘယ်လိုမှclean governmentမဖြစ်နိုင်ဘူး။
ဥာဏ်မရှိ..အနစ်နာမခံတက်..ဆတ်ဆတ်ကြဲ
ကိုယ့်တဗို့တည်းကြည့်သူတွေ
ဘယ်လိုခေါင်းဆောင်ကောင်းပီသပါ့မလဲ..
နောက်နှစ်တိုင်းတိုင်းနေရာယူချင်တယ်။
ပြည်သူကိုတော့ဖြင့်ဘာမှမငဲ့ကွက်ပဲနဲ့...
နောက်ထပ်ရွေးကောက်ပွဲ၁၀၀ကျင်းပလည်း
ထောက်ခံဖို့အိမ်မက်ထဲတောင်မမက်ဘူး။
တနိုင်ငံလုံးလွတ်လပ်စွာမဲပေးခိုင်းလိုက်လေ
သတ္တိရှိ၇င်စမ်းကြည့်ပါ။
လူတွေကိုနွားတွေလိုနဖါးကြိုးမထိုးချင်နဲ့။
အမေစုကိုတော်တော်မနာလိုနေတာပဲနော်။
အသက်လည်းကြီးပြီ။
စိတ်ကောင်းကောင်းထား

wi wi said...

ကြောက်နေတာမဟုပ်လားကိုအောင်သောင်းရယ်

wi wi said...

ခင်ဗျားလွှတ်တော်ထဲမှာရှိနေတာကိုက တိုင်းပြည်ကံဆိုးစေတာထင်တယ်
ကိုယ်ကြိုးရှာသမားများအမြန်ဆုံးကျရှံးပါစေ

Unknown said...

အရေးမကြီး ပြင်ပေးလိုက်ပေါ့ ၊

panchit said...

အောင်သောင်းရေ......မင်းရုပ်နဲ့မင်းပြောတာတွေနဲ့ကတော့ကွက်တိပဲ။

panchit said...

သိပ်ကြောက်နေလားအောင်သောင်း၊

ကျော်အေးမြင့် said...

အဆင်ပြေအောင်ကြည့်လုပ်ပေးစမ်းပါ အောင်သောင်းရယ် အဆင်ပြေသွားရင် ခင်ဗျားယူနေကျ နှုန်းအတီုင်းကော်မရှင်ပေးပါမယ်။

ဇာမဏီ said...

ရှင်းပါတယ် ၊ရှင်းပါတယ် ၊ကြံ့ဖွတ်ရဲ့ရပ်တည်ချက်ကရှင်းပါတယ်
ပြည်သူများရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်(၄၃)ဦး
ကို လွှတ်တော်ထဲ ကို မရောက်စေချင်တာ ပြည်သူတွေကို မလေးစားတာပါဘဲ ။ ဖွတ်မင်းများ ကတော့ သူတို့ရဲ့ လမ်းစဉ်အတိုင်းဗီလိန်ဇာတ်ရုပ်ပဲ ဆက်ပီးသရုပ်ဆောင်ချင်တဲ့ သဘောပါ။(ဒီဟာက ကြီးမားတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး၊) ဆိုရင် တကယ့်ကြီးမားတဲ့ ပြင်ဆင်ချက်တွေ အန်အယ်ဒီက တင်သွင်းလာတဲ့အခါကျရင်ဖွတ်မင်းများဘယ်လိုသဘောရှိမလဲဆိုတာ ပြလိုက်တာပါဘဲ။ အန်အယ်ဒီ ကို လွှတ်တော်ထဲအတင်း
ဝင်စေချင်နေတဲ့ ရဲဘော်တွေရဲ့ခံစားချက်ကိုလည်း နားလည်
ပါတယ် ။ အထဲရောက်ပီးမှ လုပ်တာက ပိုပီး ထိရောက်မယ်လို့
ထင်နေကြတဲ့ ရဲဘော်တွေလည်း အများအပြားပါဘဲ ။
ရဲဘော်တို့ အန်အယ်ဒီလျှောက်ရမဲ့လမ်းဟာ လွှတ်တော်အ၀င်
ဝမှာ ခင်းထားတဲ့ ကတ္တီပါခင်းလို ပန်းခင်းလမ်းမဟုတ်ပါဘူး။
လွှတ်တော်ထဲကို ရောက်သွားရင်လည်း ကြိုဆိုကြမဲ့သူတွေက
ဂုဏ်သရေရှိ လူကြီးမင်းများမဟုတ်ပါဘူး။ ပါးစပ်ကသာ
အတိုက်အခံလို့သဘောမထားပါဘူး လို့ပြောနေကြတဲ့ စိတ်ထဲ
ကရန်သူလို သဘောထားနေကြတဲ့ အမတ်မင်းများက စောင့်
ကြိုနေတာပါ။အန်အယ်ဒီဘာပြောမလဲ ဘာတင်သွင်းမလဲ
ဘယ်လိုစကားမှားမလဲ ထောက်ပြဝေဖန်ကြမဲ့ သူတွေကအများ
အပြားပါ။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းကို ၊ပြည်သူ
တွေအကျိုးဖြစ်ထွန်းရာ ဖြစ်ထွန်းကြောင်းကို တင်သွင်းချင်မှ
တင်သွင်းကြပေမဲ့ အန်အယ်ဒီကိုတော့ (bearding) လုပ်ဖို့ကို
တော့ ကြိုးစားပမ်းစားလုပ်ကြမှာပါ။ဒါဟာပြေးကြည့်စရာမလို
ပါဘူး။ အန်အယ်ဒီ ခုလိုဆုံးဖြတ်လိုက်တာဟာ လွှတ်တော်ထဲ
မ၀င်ခင်ကတည်းက ဦးတည်ချက် သုံးရပ်ထဲက တစ်ရပ်ကို ချ
ပြလိုက်တာပါဘဲ။ အန်အယ်ဒီလွှတ်တော်ထဲ မသွား(သေး)လို့
မဲပေးခဲ့ကြတဲ့ ပြည်သူတွေက စိုးရိမ်နေတယ်ဆိုတာတော့
သေချာပါတယ်။ဒါပေမယ့် တကယ်တမ်းတွေးကြည့်ရင် ဂုဏ်ယူ
ကြရမှာပါ။ လွှတ်တော်ထဲမသွားသေးတာကို လွှတ်တော်မ
တက်ဘူးလို့ အထင်ရောက်အောင် ပုံမှားရိုက်ဝါဒဖြန့် ။ မဲပေးခဲ့
ကြတဲ့ ပြည်သူတွေကဘဲ စိတ်ပျက်သွားကြသယောင်ယောင်
အန်အယ်ဒီ နဲ့ ပြည်သူတွေကို ၀င်ပြီး သွေးခွဲကြတဲ့ လူတွေလဲ
အများအပြား ပေါ်ထွက်လာတာတွေ့ရပါတယ်။ ပြည်သူတွေက
အန်အယ်ဒီ နောက်မှာ မားမားမတ်မတ်ပါဘဲ။သေချာပါတယ်။
အဲဒါကို မယုံကြည်ဘူးဆိုရင်ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲ
(ရိုးသားစွာ) ကျင်းပကြည့်လိုက်ပါ။၂၀၁၅ ထိ စောင့်မနေဘဲ
ပြည်လုံးကျွတ်ရွေးကောက်ပွဲ ခုချက်ချင်း ကျင်းပကြည့်လိုက်ပါ။
အန်အယ်ဒီ ဟာ ပြည်သူကိုယ်စားလှယ်စစ်စစ် ပါတီအဖြစ်
လွှတ်တော်ပြည့်နေရာယူပြလိမ့်မယ်ဆိုတာမြေကြီးလက်ခတ်
မလွဲ ဘဲဆိုတာ ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်ပါရစေခင်ဗျား ။
သိတဲ့သူတွေ ပြုံးနေကြပါတယ် .......

koko heav said...

တိုင်းပြည်ကြီးကိုလဲဘာတွေလုပ်နေကြမှန်းမသိဘူး တိုးတက်အောင် တိုးတက်အောင်တဲ့ ပြောလိုက်ကြတာ မစားရ၀ခမန်း ပြည်သူတွေမှာမွဲလို့သေတော့မယ် စောက်သုံးမကျတဲ့ ကြံ့ဖွတ် လူကြီးတွေ သူတို့အာဏာတည်မြဲဖို့လောက်ကိုဘဲကြည့်နေတယ် ပြည်သူတွေကို တိုးတက်အောင်တော့မလုပ်ဘူး ပြည်သူတွေက ဘတ်စ်ကားဘဲတိုးစီးနေရတယ်

ပုဂံစစ်သည် said...

အော် အောင်သောင်း အောင်သောင်း မင်းကိုအဲ့လောက်ထိ ငါထင်မထားဘူး၊ မင်းကတကယ့်ကို နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်မယ့်ကောင်ကိုး။

tkm said...

အောင်သောင်းကတော့..
သတိထားနေတော့နော်

a said...

နိုင်ငံတိုင်းအသုံးပြုနေတယ်ဆိုပေမဲ့မင်းတို့နဲ့တူလို့လား၊မင်းတို့လိုတိုင်းပြည်ကောင်းကျိုးဘာမှမလုပ်ခဲ့တဲ့သူတွေနဲ့တွေ့ရမှာမို့နောက်ပိုင်းပြသနာမရှိချင်လို့ပြင်ခိုင်းတာကွ။ကိုယ်ဘာတွေလုပ်ခဲ့လည်းဆိုတာမေ့သွားတာလား။မင်းတို့ဘာတွေလုပ်တတ်တယ်ဆိုတာတစ်နိုင်ငံလုံးသိတယ်။

ကိုသစ်ရဲ့ ပရိတ်သတ် said...

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၊ ခင်ဗျားကြီးဗျာ.. အချိန်မစီးသေးဘူးလား။ ၁၀၀မှာ ၁ယောက်ကတော့ ဖေါက်ဖေါက်လာတာပဲ။

Anonymous said...

အဲဒီလူညစ်ကို ကြည်ညိုလို့ကို မရဘူး..
တကယ်တမ်းက သူအကျိုးရှိမယ့်ကိစ္စဆို ဘာမဆို လုပ်ဝံ့တဲ့လူ..
အများပြည်သူ အကျိုးရှိမယ့်ကိစ္စဆို အားလုံး ဆောရီးပါ.. ဆိုတဲ့ လူ့ကန့်လန့်..

Anonymous said...

ဘယ်ပြင်ချင်ပါ့မလဲ။ဥပဒေလည်းနားမလည်။
နိုင်ငံရေးထက်ကိုယ့်အေ၇းပဲဦးစားပေးတဲ့
ဘီလူးကြီးတွေ..ပြည်သူအတွက်စဉ်းစားပေးလို့က
နတ်ပြည်ေ၇ာက်ပြီ။စိတ်ဓါတ်လေးတွေပြင်ကြပါ။
သေခါနီးတရားသိပါစေ...

Lion King said...

ဘာဘဲဖြစ်ဖြစ်...
ဒေါ်အောင်ဆန်းဆုကြည်ကိုလွှတ်တော်ထဲမှာ အမြန်ဆုံးမြင်ချင်ပါတယ်။
သဘောထားတင်းမာတာတွေ လျှော့သင့်ပါပြီ။
ကောင်းမှုကုသိုလ်တစ်ခုလုပ်တယ်လို့ဘဲ သဘောထားလိုက်ပါ။

Lion King said...

သက်တော်ရှည်အမတ်ကြီးဦးအောင်တောင်း
ဘာဘဲဖြစ်ဖြစ်...
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ အမြန်ဆုံးမြင်ချင်ပါတယ်။
သဘောထားတင်းမာတာတွေ လျှော့လိုက်ပါတော့။
ကောင်းမှုတစ်ခုလုပ်တယ်လို့သဘောထားလိုက်ပါ။

Z@! said...

သူတို့ကပဲ တရားဥပဒေကို စိုးမိုးသလိုလိုနဲ့.. ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ နားလည် သဘောပေါက်အောင် အရင်ဖတ်ဦး ဥာဏ်တုံးတွေရဲ့.

kan said...

ပြည်သူက ရွေးချယ်တင်မြှောက်ထားသူ မဟုတ်သ၍ ပြည်သူ့မျက်နှာကြည်မည်မထင်သည့်ပြင် အရင်ကလုပ်ရပ်တွေကလဲ သင်းတို့ပဲ ချမ်းသာနေကြတာပဲ။ဒီထဲ စားရမဲ့သောက်ရမဲ့ အလုပ်သမားတွေဆီကတောင် ၁၀ ရာခိုင်နှုံးဂုတ်သွေးစုပ်လိုက်သေး။

မြန်မာပြည်သား said...

ကဲအောင်သောင်းရေးမင်းတိုတမျိုး NLD ကတမျိုးတခြားပါတီတွေကတမျိုး...ပြည်သူတွေခေါင်စဉ်တက်ပီ.....အာဏတွေလုနေကျတာလာဗျာ....ဒီမယ်ဦးအောင်သောင်ရေ..ခင်ဗျာ..မြန်မာနိုင်ငံပညာရေးကိုလည်ဖြတ်စီပီပီ..အခုနိုင်ငံကိုပါဖြတ်စီးဖို့ လုပ်နေတာလား...ခင်မှာတိုသေးရင်ခင်ဗျာတိုနောက်ကိုဘာမှမပါဘူနော်....ငါဗျာလုပ်ခဲ့တဲ့အားကုသိုလ်ပဲ..ခင်ဗျာက်ုငရဲပို့ မှာ.....ခင်ဗျာတိုမြန်မာနိုင်ငံကပြည်သူတွေကိုလည်သနာကျပါအုန်းဗျာ.....မီးမှန်..ရေမမှန်..တချိုဒေသတွေမှာသောက်စရာသောက်ရေးတောင်မှ၇ှိဘူးး...ခင်ဗျာတို့အက်ဒါတွေသိလား.......

su said...

လူမိုက်ဆိုတာ နုတ်နဲ့ မတန်ဘူး၊ ဒုတ်နဲ့ပဲ တန်တယ် ဆိုတဲ့ ဒို့ဘကြီး ပြောခဲ့ဘူးတဲ့စကား သတိရမိသားနော်။

sainyi said...

ဟေ့အောင်သောင်းမင်းဘ၀ကိုမင်းပြန်ကြည့်အုံးကွ ကန်ေ၇သောက်မျက်ခြောက်စားပြီးမှကြီးပြင်းလာတဲ့ ကောင် မင်းငယ်ငယ်တုန်းက အသားမဲမဲ ပြောင်းဆန်စားပြီးကြီးပြင်းလာတဲ့ ကောင်
မင်းပါးစပ်ပြည်သူအတွက်နိုင်ငံတော်အတွက် ဆိုပြီးစကားတွေလျောက်ပြောနေတယ် မင်းဘယ်တုန်း ပြည်သူတွေအတွက်လုပ်ခဲ့ လို့ လဲ နိုင်ငံတော်အတွက်လုပ်ခဲ့ လို့ လဲကွ ခွေးကောင် အမေစုေ၇ာက်လာ၇င်မင်းထမင်းခတ်မှာကြောက်နေတာမို့ လား ကွ

freedom from fear said...

ကဲ တွေ့ပြီမဟုတ်လား။ လက်ရှိအစိုးရနဲ့လွှတ်တော်ရဲ့ သဘောထား။ ပွင့်ထွက်လာပြီ။ NLD ရဲ့သွေးတိုးစမ်းချက်လေး။ သူတို့ဆွဲချင်သလို ဆွဲထားတဲ့ အခြေခံဥပဒေဆိုတာကြီးကို ပြင်ဖို့က ပြည်သူတရပ်လုံးနဲ့ NLD ရဲ့သဘောထား၊ အခြေခံဥပဒေဆိုတာ လေးစားပါတယ်။ ဒါပေမယ့် လက်ရှိအခြေခံဥပဒေကိုတော့ မစောင့်ရှောက်နိုင်ပါဘူး။ လွှတ်တော်ရဲ့သဘောထားလေးကို သွေးတိုးစမ်းလိုက်တာ တော်တော် ထိရောက် ပါတယ်။
ဒီလူတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုရင် လမ်းရိုးကြီးနဲ့မရပါဘူး။ မေးခွန်းလေးတွေမေးကြည့်မယ်။ဖြေကြည့်ပါ။

၁။ လွှတ်တော်ကိုတက် အဲ့ဒီမှာတောင်းဆို မဲခွဲဆုံးဖြတ် အဲ့ဒီလောက်နဲ့ ဒီဥပဒေကြီးကို ပြန်ပြင်နိုင်မယ်လို့ ယူဆပါသလား။

၂။ အခု NLD လွှတ်တော်တက် လွှတ်တော်လဲပြီးရော မြန်မာနိုင်ငံကြီး မီးထိန်ထိန်လင်း၊ ကြက်သားတစ်ပိဿာ ၁၀၀၀ ဖြစ်၊ ၅၀၀၀ တန်ဖုန်း ဘယ်တစ်လုံးညာတစ်လုံး ချိတ် အဲ့ဒီလိုမျှော်လင့်ပါသလား။

၃။ NLD ကိုလွှတ်တော်ထဲရောက်ဖို့ မဲပေးလိုက်တာလား။ NLD ဟာ မြန်မာနိုင်ငံတိုးတက်ဖို့ အခြေခံဥပဒေ ကိုပြင်ဆင်ပေးနိုင်မယ်လို့ ယုံကြည်လို့ မဲပေးလိုက်တာလား။

၎။ တိုးတက်ပေါက်မြောက်ဖို့ဆို အတုံးကြီးနဲ့ ဖောက်လို့မရဘူး။ အချွန်နဲ့ ဖောက်ရတယ်။ sharp ဖြစ်ရတယ်။ bright ဖြစ်ရတယ်။ intelligent ဖြစ်ရတယ်။ အဲ့ဒီ အရည်အချင်းတွေနဲ့ပြည့်စုံတာ ဘယ်သူလဲ။

၅။ နှစ်ပေါင်းများစွာ ဆီသယ်မလက်သုတ် မြန်မာနိုင်ငံကို တစ်ခါဖွတ်ရုံနဲ့ ပြန်သန့်မယ် ထင်ပါသလား။

၆။ ပြောင်းလဲမှုဖြစ်ဖို့ အချိန်ဘယ်လောက်လိုမယ်ထင်လဲ။

၇။ အလျှော့ အတင်း နိုင်ငံရေးကစားမှု မရှိပဲ လွှတ်တော်ထဲ တနေကုန် ထိုင်အော်---- အဲ့ဒီလမ်းက အလုပ်ဖြစ်မယ်ထင်ပါသလား။


ပြောချင်တာက NLD ဟာသေချာပေါက် လွှတ်တော်ကိုသွားမှာပါ။ မသွားခင်တော့ ရှင်းသင့်တဲ့လမ်းရှင်းထားရမယ်။ ကိုယ်ဘာ့ကြောင့်လွှတ်တော်ထဲ ဝင်လာရလဲဆိုတာ သိအောင်လုပ်ထားရမယ်။ စစ်တိုက်သလိုပေါ့ ခြုံခိုတိုက်တာလဲရှိမယ်။ စည်သံ ဗိန်းဘောင်းသံပေးပြီး ငါလာပြီဟေ့ လို့ ရဲရဲဝံ့ဝံ့ဆိုပြီး တရကြမ်းဝင်တိုက်တာလဲရှိမယ်။ အမေစုနဲ့NLD ကို ယုံကြည်ပေးပြီး အချိန်တစ်ခုပေးလိုက်ပါ။ အဲ့ဒီအချိန်အတွင်းမှာတော့ NLD နဲ့ အမေစုကို တခဲနက် ထောက်ခံပေးလိုက်ပါ။ ဒါမှ လွှတ်တော်ကို အယောက်လေးဆယ်ကျော် နဲ့ ဝင်တာ မဟုတ်ဘူး။ သန်း ၆၀ နဲ့ဝင်တာဆိုတာကို ဟိုဖွတ်ကြီးတွေ သိအောင် လုပ်ပြလိုက်ကြပါ။

nanmyintswe said...

နိုင်ငံတော်အလံကိုတောင်ပြောင်းသေးတာဘဲဒီစာသားလောက်တော့ပြောင်းတာမခက်ခဲဘူးထင်တယ်

ရာရာ said...

"ကျွန်တော်တို့ အနေနဲ့ နိုင်ငံတော် အကျိုးရှိစေမယ့် ၊ အမျိုးသားရေး အကျိုးရှိစေမယ့် ၊ ပြည်သူအကျိုးရှိစေမယ့် ၊ လွှတ်တော် အကျိုးရှိ စေမယ့် ဘယ်အကြောင်း အရာကို မဆိုထောက်ခံတင်ပြသွားဖို့ အဆင်သင့်ပါပဲ’’ ဆိုပါလား...ခုထိပြောတုန်းနော်..။ သုနက္ခော ပါးစပ်က ဒေ၀တာ စကားထွက်တယ်လို့ပြောရမယ် အောင်သောင်းရယ်း။

KO NAING said...

rosefloralove ရဲ့တင်ပြချက်ကိုထောက်ခံပါတယ်။
ကျွန်တော်ပြည်သူတစ်ယောက်အနေနဲ့တသဘောထားပဲပါဘဲ။
အမေစု NLD ကိုလွှတ်တော်မတက်တာစိုးရိမ်ပြီးတက်ခိုင်းနေတဲ့ပြည်သူတွေအတွက်အထူးသတိချပ်စရာပါဘဲ။

Loune Loune said...

ဒါလဲ ပြည်သူအတွက် နိုင်ငံတော်အတွက် အကျိုးရှိတဲ့ လုပ်ငန်းတရပ်ကို အကောင်အထည်ဖော်ဖို့  အတွက် စတင်ပြင်ဆင်မှုဘဲဆိုတာ နာလည်စမ်းပါ... သေခါနီး ရိပ်ခါယူမနေစမ်းပါနဲ့ ... ဒီကနေ့ ကြံဖွတ်နေရာရနေတာဟာ ကြိုးစားမှု စွန့် လွှတ်အနစ်နာခံမှုတွေကြောင့် ရနေတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်... မတရားတဲ့ ဥပဒေကို ကာကွယ်စောင့်ရှောက်ရအောင် NLD နဲ့ ပြည်သူတွေက အရူးတွေမဟုတ်ဘူး... အဲဒီ 2008 ဖွဲ့ စည်ပုံဥပဒေကသာ တရားမျှတနေရင် သမာသမတ်ကျနေရင် တခြားနိုင်ငံတွေလိုဘဲ အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါမယ်လို့  ကျမ်းသစ္စာပြုဖို့  အဆင်သင့် ရှိတယ်ဆိုတာ နားလည်စမ်းပါ... ဒီကနေ့ ကစပြီး ကြံ့ ဖွတ်ပါတီ ကျဆုံးပါစေ...

ladyjune said...

rosefloralove ရဲ့comment ကို ထောက်ခံပါတယ်.အခုကိစ္စက ဥပဒေနဲ့နိုင်ငံရေးဆိုသော အရာများကို ပြည်စုံကျွမ်းကျင်သူများကသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ဂုဏ်ယူတတ်မယ်ဆိုရင် ဂုဏ်ယူစရာပါ.NLD ကိုလွတ်တော်မတက်ဘူးဆိုပြီးပြည်သူတွေ အထင်မှားအောင် အတွေးမှားအောင်ဝါဒဖြန့်နေတယ်ဆိုတာမှန်ပါတယ်။NLD လွတ်တော်ထဲရောက်ရင် 25%စစ်တွေက အနည်းငယ် ယိုင်းယိုင်နေကြလို့ ချက်ချင်း ပြောင်းလိုက်တာကို ကြည့်ပါလား။NLD ရဲ့ဆုံးဖြတ်ချက်မှန်ပါတယ်။ဒါဟာ ခေါင်းမာတာမဟုတ်ဘူး.ပညာရည်ပြည့်ဝနေတာလို့ခေါ်တယ်။

Youth said...

အောင်တောင်းရယ်...ခင်ဗျားကြီးကရုပ်နဲ့ လိုက်အောင်ကောက်ကျစ်မယ့်လူယုတ်ပဲ...ခင်ဗျားကြီးရထားတာတွေကမနည်းတော့ပါဘူး။ အဲ့လောက်လည်းခွက်ပျောက်မှာကြောက်မနေပါနဲ့ ။ ဆင်းရဲတွင်းနက်သထက်နက်လာတဲ့ငါတို့ ပြည်သူတွေကိုလည်းငဲ့ပါဦး။

Anonymous said...

မိုးရွာမှ နောက်ချီးပုံပေါ်တက် ငါဟဲ့မင်းရာဇာလို့ အော်တတ်တဲ့ ဖားပြုတ်ကြီး အောင်သောင်း၊ ငသောင်း ။ မရှက်ဘူးလားမေးရအောင်လဲ
ဖွတ်ကနေ မိကျောင်းပါလို့ ကိုယ်ကိုကိုအမွမ်းတင်နေတဲ့ လူစားမျိုး။ မင်းလုပ်လို့ အဖတ်ဆည်မရအောင် ဖြစ်တဲ့ နည်းပညာကို သာကြည့်ကွာ ။ ငသောင်းရာ ငါပြောလိုက်ချင်ဘူး ..... ......

tapaungthi said...

rosefloralove ပြောတာ ထောက်ခံပါတယ် အရမ်းကိုမှန်ကန်ပါတယ်
NLD ကလည်း မညံ့ဘူးဆိုတာ စပြတာပါ..။
ဒါကိုပြည်သူတွေနားလည်စေချင်တယ်..။
အခု ဖြစ်နေတဲ့ စာသားပြောင်းလဲရေးကိစ္စဟာအရမ်းနက်ရှိုင်းလွန်းပါတယ်..။
အောင်သောင်းကတော့ခေါင်းမာဆဲပေါ့ ဘာလို့လဲဆိုတော့ သူတို့အကြိုက်ဖြစ်နေလို့လေ.. လွတ်တော်ထဲ NLD မလာရင် သူတို့ပျော်မယ်လေ စိတ်ဓါတ်မကောင်းတာအရမ်းသိသာတယ် ဖွတ်တချို့ကို မဆိုလိုပါ တော်တော်များများစိတ်ဓါတ်မကောင်းကြတာအမှန်ပါပဲ(ဒါရိုးရိုးသားသားပြောတာပါ)..။

Shin Myochit said...

အောငိသောငိး၊ခငိဗျားပြောတာနားထောငိ၇အောငိဘာတွေများနိုငိငံကောငိးကျိုးဆောငိ၇ွကိခဲ့လို့လဲ။ခငိဗျားကိုလွှတိတေိာထဲမထားသငိ့တာကြာပြီ။ခငိဗျားကိုအ၇ုးလို့ဘဲသတိမှတိတယိ။ခငိဗျားလိုလူမျိုးတွေလွှတိတေိာထဲများနေသေ၇ွ့တော့နိုငိငံအတွကိ၇ငိလေးမိသေးတယိ၊

kokomaung said...

ကြားဖြတ်ရွေးကောက်ပွဲမှာလည်း NLD ပါတီကို မနိုင်ဘူး။အရှက်ကွဲပြီ်းပြီ။
ဒီကိစ္စလည်း နိုင်မယ်ထင်လား။ မနိုင်ပါဘူး အောင်သောင်းရယ်။ပြည်သူအတွက်ဆိုတဲ.စကား မပြောနဲ.။မင်းပါးစပ်နဲ.မတန်ဘူး။

goldentiger.mhs said...

ဘာမှမပြင်ချင်လဲ
ဖဲပြင်လိုက်ကြပေါ့ကွာ

မောင်လေး said...

ယောင်္ကျားဖြစ်လိုက်၊မိန်းမဖြစ်လိုက်နဲ့  honey ရေ။ ဒေါသတွေလဲလျှော့ ၊ ဒေါသနဲ့ သေရင် ဘယ်ရောက်တယ်ဆိုတာသိတယ်မို့ လား၊ NLD ပါတီက ငါ ပါတီကြီးဝါဒကိုပြလိုက်တယ်လို့ ပဲမြင်ပါတယ်။ ဒီမိုကို သွားနေတဲ့အချိန်မှာလွှတ်တော်ထဲတောင်မရောက်သေးဘူး လွှတ်တော်ထဲရောက်မှပြင်ရမဲ့ဟာကိုအတင်း ဇွတ်လုပ်တာဟာ လက်ရှိလွှတ်တော်တွင်းမှာ ရှိနေတဲ့လူတွေကို စော်ကားလိုက်တာလို့ မြင်မိပါတယ်။ ငါလာမယ်၊ ငါ့အတွက်လမ်းကိုမင်းတို့ အနေနဲငါပြောသလိုမလုပ်ပေးရင်မင်းတို့ ဘယ်လောက်ခေါ်ခေါ် ငါမလာဘူး၊ ငါမလာရင်မင်းတို့ ဘာတတ်နိုင်မှာလဲဆိုတဲ့ပုံမျိုးလို့ ထင်ပါတယ်။

that said...

မသူတော်ဘေး(ကြံ.ဖွတ်ဘေး)မှအမြန်ဆုံးကင်းဝေးပါစေ(ကိုရီးယားက ကရင်လေး)

နေကြာရိုး said...

ငြိမ်းချမ်းရေးနဲ့ သွားနေတဲ့ အမေစု လမ်းကြောင်းကြောင့် ပါ။ လစ်ဗျားလိုသာ သူသေသေ ငါသေသေ ချရင် ကိုအောင်သောင်းတို့ ပုန်းဖို့သာပြင်။ ခုတော့ ပြည်သူတွေက ပွဲကြည့်ပရိတ်သတ်။ ငြိမ်းချမ်းရေး အခန်း၊ ကြည်နူးစရာအခန်းတွေ ကြည့်ဖို ပြည်သူတွေက့စောင့်နေကြရတာ။ ဒါပေမဲ့ တင်းမာနေတဲ့ လူသတ်သမားတွေရဲ့မျက်နှာတွေနဲ့ ဇာတ်ကြမ်းခန်းတွေက ထွက်ထွက်လာတယ်။ စိတ်ကုန်လာပြီဗျာ။ မကြည့်ချင်တော့ဘူးဗျာ။ ပရိတ်သတ်အားပေးမှုမရှိတဲ့ ဒီမျက်နှာတွေ စတိတ်ခုံကနေ အမြန်ထွက်ခွါကြပါတော့။

နေကြာရိုး said...

နိုင်ငံတကာမှာသုံးနေတယ်လို့ ဦးအောင်သောင်းကြီး ပြောသွားတာ ကိုနားထောင်ရတာ အန်ချင်တယ်။ မြန်မာပြည်လွှတ်တော်က နိုင်ငံတကာနဲ့ ယှဉ်နိုင်လောက်တာ ဘာများရှိလို့လဲ။ ဘယ်နိုင်ငံတကာမှာ စစ်တပ်က ၂၅% ယူထား တဲ့ လွှတ်တော်ရှိသတဲ့လဲ။ အော်လိုက်မယ် ဗြဲ!!!!!!!!!!!!!!!!!!!

naung said...

Comment တစ်သောင်း အို သူတော်ကောင်းအပေါင်းတို့..
Comment တွေထဲမှာ NLD လုပ်ရပ်ထောက်ခံကြသူတွေနဲ့
NLD ကို လွှတ်တော်ထဲမှာ အမြန်ဆုံး မြင်ချင်နေကြသူတွေ
ကို တွေ့ရပါတယ်..။
UPHOLD - 1. to support something that you think
is right and make sure that it continues to exit
2.(especially of a court of law )to agree that a previous decision was correct or that a request is reasonable လို့ဆိုထားပါတယ်..။
ဒီလိုဆိုရင် NLD နေရာမှာ ခင်ဗျားတို့ဆိုရင်ကော ဘယ်လိုလုပ်မလဲ?
"2008 ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် မှန်ကန်ပြီး အဓွန့်ရှည်တည်တံ့
ခိုင်မြဲရန် ကာကွယ်စောင့်ရှောက်ပါမည်" လို့ ခင်ဗျား တို့ကော uphold
လုပ်ကြအုံးမှာလား? ရွေးကောက်ပွဲ ဥပဒေမှာ တည်ဆဲ ၂၀၀၈ အခြေခံ ဥပဒေကို ထိန်းသိန်း ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားရပ်ကို အာဏာပိုင်တွေဘက်က လေးစားလိုက်နာပါမယ်ဆိုတဲ့စကားရပ်နဲ့ ပြန်
ပြင်ပေးခဲ့တာကြောင့်NLD က ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ပြိုင်ပြီး
အနိုင်ရခဲ့တာပါ.။အခုမှ ဘာလို့ ပြင်မပေးသလဲ..။
ရှင်းပါတယ်..။သတိမူရင် မြူတောင်မြင်နိုင်သေးတာပဲ..။ ရွေးကောက်ပွဲ
တုန်းကပြင်ပေး လိုက်လို့ သူတို့လိုချင်တဲ့ ပိတ်ဆို့မှုတွေ ပွင့်သွားတဲ့
အပြင် ဆုတော် လာဘ်တော်တွေ တောင် ရလိုက်သေးသကိုးဗျ..။
နောက်ပြီးပြောသေး..။တစ်ခြားနိုင်ငံကြီးတွေမှာလဲ ဒီလိုပဲကျမ်းကျိန်ကြ
တာပဲတဲ့..။ သိပ်ဟုတ်တာ ပေါ့..။ဟိုမှာက ပြည်သူ့ဆန္ဒနဲ့အညီရွေးကောက်
တင်မြှောက်ထားတဲ့အစိုးရကိုး..။ဘာပြင်စရာရှိမှာတုန်း..။ပြီးတော့
တစ်မတ်သား ငါးမူးသားတွေ မပါဘူးလေ..။ဟော.. အစိုးရအကြာင်းအမွှမ်း
တင်နေတုန်း မီးပျက်သွားလို့နောက်မှ ဆက်ရေးမည်....။

Anonymous said...

အဆိုတခုကြားဖူးတယ်၊တောင်ကြီးတတောင်နဲ့တတောင်ရွေ့သွားတယ်ဆိုရင်ယုံ လိုက်ပါ၊လူတယောက်ရဲ့အကျင့်ပျောက်သွားတယ်ဆ်ုရင်ဘယ်တော့မှမယုံပါနဲ့တဲ့၊ စစ်သားလည်းဒီလိုဘဲ၊သူ့တို့ရဲ့အကျင့်ဘယ်တော့မှပျောက်မှာမဟုတ်ဘူး

nandathuriya said...

လွှတ်တော်ထဲမှာထိုင်နေတဲ့ ကြံ့ဖွတ်ကောင်တွေကို တခုလောက်မေးပါရစေ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို အစအဆုံးရောဖတ်ဘူးလား။ ကာကွယ်စောင့်ရှောက်
သင့်ပြီလားဆိုတာကို။ လေးစားလိုက်နာတာနဲ့ ကာကွယ်စောင့်ရှောက်တယ်ဆို
တဲ့မြန်မာလိုအဓိပါယ်ေ၇ာ သေသေချာချာသိလား။ လွှတ်တော်ထဲထိုင်နေပြီး ဒါလေးတောင်မသိဘူးဆိုတော့ ဆယ်တန်းမအောင် စာမတတ်ဘူးဟြေခံရတော့
နာတယ်ပေါ့။ အဲဒီလောက်အဟြေခံရတာ တော်သေးတာပေါ့။ မြန်မာတွေဖြစ်ပြီး
မြန်မာစာကို မတတ်ကြသေးတာ။ မြန်မာစာပြန်သင်ပြီးမှ လွှတ်တော်ပြန်တက်ကြပါ။ ဒါလောက်လေးတောင် မသိတဲ့ကိုယ်စားလှယ်တွေက ပြည်သူအတွက် ဘာများလုပ်ပေးနိုင်မှာလဲ။
ပြောတော့ ပြည်သူ့အတွက် လုပ်တော့ကိုယ့်အတွက်သမားတွေ။

Powered by Blogger.