မန္တလး၊ ဧပြီ ၈
ကြားဖြတ် ရွေးကောက်ပွဲ ပူပူနွေးနွေး အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း အယောင်ဆောင်များ ရှိနေသဖြင့် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး NLD ဥက္ကဌ ဦးသိန်းတန်က ပြောကြားသည်။
မန္တလေး မြို့တော်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပသော တိုက်ဂါး နေကြာမှ ဂုဏ်ပြုသော အခမ်းအနားတွင် ယင်းနှင့် တွေ့ဆုံစဉ် The Voice Weekly သို့ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပြန်လည် ဖွဲ့စည်းရန် အသင်းဝင် လျှောက်လွှာ တစ်သောင်းကို ဖြန့်ဝေထားပြီး ယခုအချိန်ထိ မန္တလေးမြို့တွင် NLD ပါတီဝင် လေးထောင်ကျော်သာ ရှိသေးကာ ပါတီဝင်များကို ပြန်လည် ဆန်းစစ်သွားမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။
"ကျွန်တော် ကိုယ်တိုင်က စပြီး လျှောက်လွှာ တင်ရမှာ။ ကျန်တဲ့ လူတွေတော့ ပြောမနေနဲ့တော့" ဟု ဦးသိန်းတန်က ဆိုသည်။ပါတီ ဂုဏ်သိက္ခာကျဆင်းစေရန် အခိျု့သော အဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များမှ သေသေချာချာ ပြုမူ ဖန်တီး နေကြကြောင်း၊ ၄င်းတို့ အနေဖြင့် NLD ပါတီကို စည်းကမ်းစနစ် ကျနသော ပါတီ တစ်ခုအဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ၄င်း ရှင်းပြသည်။
The Voice Weekly
ကြားဖြတ် ရွေးကောက်ပွဲ ပူပူနွေးနွေး အနိုင် ရရှိထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအတွင်း အယောင်ဆောင်များ ရှိနေသဖြင့် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး NLD ဥက္ကဌ ဦးသိန်းတန်က ပြောကြားသည်။
မန္တလေး မြို့တော်တွင် ဧပြီလ ၆ ရက်နေ့က ကျင်းပသော တိုက်ဂါး နေကြာမှ ဂုဏ်ပြုသော အခမ်းအနားတွင် ယင်းနှင့် တွေ့ဆုံစဉ် The Voice Weekly သို့ ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပြန်လည် ဖွဲ့စည်းရန် အသင်းဝင် လျှောက်လွှာ တစ်သောင်းကို ဖြန့်ဝေထားပြီး ယခုအချိန်ထိ မန္တလေးမြို့တွင် NLD ပါတီဝင် လေးထောင်ကျော်သာ ရှိသေးကာ ပါတီဝင်များကို ပြန်လည် ဆန်းစစ်သွားမည် ဖြစ်ကြောင်း ယင်းက ဆိုသည်။
"ကျွန်တော် ကိုယ်တိုင်က စပြီး လျှောက်လွှာ တင်ရမှာ။ ကျန်တဲ့ လူတွေတော့ ပြောမနေနဲ့တော့" ဟု ဦးသိန်းတန်က ဆိုသည်။ပါတီ ဂုဏ်သိက္ခာကျဆင်းစေရန် အခိျု့သော အဖွဲ့ အစည်းများ၊ လူ ပုဂ္ဂိုလ်များမှ သေသေချာချာ ပြုမူ ဖန်တီး နေကြကြောင်း၊ ၄င်းတို့ အနေဖြင့် NLD ပါတီကို စည်းကမ်းစနစ် ကျနသော ပါတီ တစ်ခုအဖြစ် တည်ဆောက် သွားမည် ဖြစ်ကြောင်း ၄င်း ရှင်းပြသည်။
The Voice Weekly
NLD ပါတီတွင်း အယောင်ဆောင်များ ရှိဟုဆို
Reviewed by သစ်ထူးလွင်
on
19:20
Rating:
20 comments:
လုပ်သင့်တဲ့အလုပ်ကိုလုပ်တာ အားပေးပါတယ်.. ဘာဖြစ်ဖြစ် ကိုယ်က စည်းကမ်းရှိပြမှ သူများတွေလည်း လိုက်အတုယူနိုင်မှာလေ... ပါတီတော်တော်များများမှာ အတုယူစရာ အတုခိုးစရာဆိုလို့ ကောင်းတာတစ်ကွက်မှ မတွေ့သေးပေါင်...
ပါတီက အခုမှ ပြည်သူ့ထောက်ခံမှူ၇လို့ အောင်မြင်ဘို့လမ်းစဘဲရပါသေးတယ်
ကိုယ့်ပါတီတွင်းကလူတွေကို မယုံကြည်သလို စိတ်မချသလို သံသယစကားမျိုး
မပြောသင့်ပါ..ပြည်သူ့တွေရဲ့ထောက်ခံမှူရဘို့အတွက် အတတ်နိုင်ဆုံးစည်းရုံးပါ
ပါတီတွင်းသန့်စင်ဘို့ မစဉ်းစားပါနဲ့အုံး..။ညီညွတ်အောင်ဘဲ လုပ်ဘို့စဉ်းစားပါ
ဗျာ..။အချင်းချင်းစိတ်ဝမ်းကွဲမဲ့စကားမျိုးမသုံးသင့်ပါ...။
NLD အနေနဲ့ "ဒေါင်းယောင်ဆောင်သောကျီး" များနှင့်ပတ်သတ်၍ လုံးဝမပေါ့ဆသင့်ပါ...ဆန့်ကျင့်သူများ မရိုးသားသူများမှ SPY ထည့်၍ ပါတီနာမည်ပျက်အောင် အကွက်ချ စီစဉ်ခြင်းပါ...မည်သူမည်ဝါ ဟုမှတ်ချက်မပြုသော်လည်း မိဘပြည်သူများ ရိပ်စားမိပြီးဖြစ်ပါလိမ့်မည်...
NLD အနေနှင့်လည်း မိမိတာမိမိ လုံဖို့အရေးကြီးပါတယ်...ပါတီဝင်များကို စည်းကမ်းများချမှတ်ပြီး ဂရုတစိုက်တည့်မတ်ပေးဖို့လိုသလို ပါတီဝင်အချင်းချင်း စောင့်ကြည့်တည့်မတ်ပေးဖို့လိုပါလိမ့်မယ်...အမြန်ဖော်ထုတ်ပြီး သန့်စင်နိုင်ပါစေ...
ဒါဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက်တခု လက်၇ှိအောင်နိုင်နေသော NLD နာမည်ပျက်အောင်လုပ်ကြမှာပါေ၇ွှဝါေ၇ာင်တော်လှန်ေ၇းကို သတိ၇စေချင်ပါတယ် အတုယောင် သံဃာတွေ ထည့်ပြီး ဦးတည်ချက်မဲ့အောင်လုပ်ခဲ့ကြတာတွေပါ ပြည်သူ့တွေအတွက် တကယ်လုပ်မဲ့ ပါတီကို ပြည်သူတွေက ကိုအမြဲတမ်းထောက်ခံနေမှာပါ
အင်းးးလူအချင်းချင်းလှည်.ပတ်ချင်း ကင်းဝေးကြပါစေဗျာ။။။
Than win maung ပြောသွားတာမှန်ပါတယ်၊အဖွဲံ့ထဲမှာစိတ်ဝမ်းကွဲစရာစကားတွေမပြောကြပါနဲ့ အခုမှNLD ပုပူနွေးနွေးဘဲရှိသေးတာ ၊အအေးခံလိုက်ရင်နောက်ဆို အယောင်ဆောင်တွေပျောက်သွားမှာပါ
မှန်ပါတယ် ။ ပြန်လည်စီစစ်သင့်ပါတယ်။ ပါတီကိုထိခိုက်နိုင်တဲ့ လူတွေပါဝင်လာနိုင်ပါတယ်။ အကျင့်သိက္ခာမရှိတဲ့ လူတွေအများကြီးရှိပါတယ်။ ပါတီဂုဏ်ကို ထိန်းသိမ်းဖို့လည်းလိုပါတယ်။ လုံးဝကို ထောက်ခံပါတယ်။ လူများလာဖို့လည်း လိုအပ်သလို သိက္ခာရှိဖို့လည်း လိုပါတယ်။
မှန်ပါတယ် ။ ပြန်လည်စီစစ်သင့်ပါတယ်။ ပါတီကိုထိခိုက်နိုင်တဲ့ လူတွေပါဝင်လာနိုင်ပါတယ်။ အကျင့်သိက္ခာမရှိတဲ့ လူတွေအများကြီးရှိပါတယ်။ ပါတီဂုဏ်ကို ထိန်းသိမ်းဖို့လည်းလိုပါတယ်။ လုံးဝကို ထောက်ခံပါတယ်။ လူများလာဖို့လည်း လိုအပ်သလို သိက္ခာရှိဖို့လည်း လိုပါတယ်။
အရေအတွက် သန်းချီပြီး ဖွတ်ပါတီလိုဖြစ်နေလျှင်...ဖွတ်ပါတီလိုပဲ ကျဆုံးရမည် သတိပြုသင့်သည်..။
ဒါမျိုးလုပ်နေကျ လုပ်တတ်တဲ့သူတွေကိုအားလုံးသိပြီးသားပါ၊
ဒါမျိုးကို ၈၈ အရေးအခင်းထဲကလုပ်လာတာ၊လုပ်သက်က
နှစ်ချို့နေပြီ၊အလွန်သတိထားရမည့်အချိန်ဖြစ်ပါတယ်၊ပြသနာရှာမည့်
ကောင်တွေများဖို့မလိုပါ၊သွေးကွဲအောင်လုပ်တဲ့နေရာမှာအလွန်
ကျွမ်းကျင်သူများ(ဂျိုးကြီး)များဖြစ်ပါတယ်၊
NLD ကိုအမြဲထောက်ခံအားပေးလျှက်
မန္တလေး ချမ်းမြသာစည်မြို့နယ်မှာ NLD ပါတီရုံးရှိပါသလား... ရှိရင်ဘယ်နေရာမှာရှိပါသလဲ... မရှိဘူးဆိုရင် NLD ပါတီရုံးရှိတဲ့နေရာကို ဖော်ပြပေးစေလိုပါတယ်... နောက်ပြီး ပါတီလျှောက်လွှာတင်ဖို့  ဘာတွေ လိုအပ်ပါသလဲ ဆိုတာ တဆိတ်လောက် ပြောပြပေးစေလိုပါတယ် (shaeyaesatlay@gmail.com)
မှန်ပါတယ် ပါတီကိုသိက္ခာကျဖို့ လုပ်ဆောင်မည့်သူများ ပါရှိနေနိုင်ပါတယ်
ပါတီအတွက် ဆိုးကျိုးတွေကိုဖန်တီးမည့်တခြားပါတီမှ သူလျိုများလည်းရှိနေနိုင်ပါတယ်
မင်းကျန်စစ် said
မှန်ပါ.မှန်ကန်တဲ.ပါတီအပေါ်သစွာရှိတဲ.ပါတီဝင်တွေနှင့်ဖွဲ.စည်းသင့်ပါသည်
၂၀၁၀ ရွေးကောက်ပွဲတုံးက သူတိုတွေဟာ အနိုင်ရဘို.ဘယ်လိုလုပ်ရမလဲဆို
တာသူတို.တွေပြင်ဆင်ပြီးလုပ်လာတဲ့အဖွဲ.ဖြစ်တယ် မိမိပါတီတွင်းမှာလဲအတွင်း
သူလျိုများထည်.သွင်းကာပါတီရဲ.လုပ်ဆောင်ချက်တွေစုံစမ်းမယ် အားနည်းချက်တွေနဲ.တိုက်ခိုက်ဘို.ပြင်ဆင်ပြီးဖြစ်နေလိမ်.မယ်ဒါကြောင်.ပါတီ
အပေါ်သစွာရှိ လူထူအကျိုးအတွက်အမှန်တကယ် စစ်မှန်သောစိတ်ထားများနှင့်
လုပ်ကိုင်မည်သူတွေကိုရွေးချယ်ဖေါ်ထုတ်သင့်ပါကြောင်းပြောကြားအကြံပေး
ပါရစေ (×)
အင်မတန် ကောင်းပါတယ် ပြင်ဆင်သင့်ပါတယ်
NLD အလံတွေ ထောင်ပြီး မီးပွိုင့်နှီနေတာကို ဖြတ်မောင်းတာတွေ
ဆိုင်ကယ်တွေကို စည်းကမ်းမရှိ အများပြည်သူ လမ်းပိတ်ဆို့မှု ဖြစ်အောင်မောင်းတာတွေ.. ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ် ရွှေဂုံ တိုင် အနီးမှာ ရှိတဲ့ ရုံးမှာ တစ်ခုခု လုပ်လိုက်တိုင်း လမ်းပိတ်ပြီး ခရီးသွား လုပ်သား ပြည်သူတွေ လမ်းပိတ်တာတွေကို ကြည့်ြုခင့်အားဖြင့် NLD ပါတီမှာ စည်းကမ်း မရှိတာတွေကို တွေ့နေရတယ်.. ပါတီ ကို အကြောင်းပြ လက်မောင်းတန်း လက်ထောင်ပြ လုပ်တတ်တာလောက်နဲ့တော့ အလုပ်မဖြစ်ဘူး သေချာ စီစစ် သင့်ပါတယ် ..
ထောက်ခံပါတယ်။ အရည်အချင်းကအဓိကပါ။ April 1 ရွေးကောက်ပွဲမှာ တချို့မြို့နယ်တွေမှာ အရက်မူးအောင်သောက်ပြီး NLD လက်ကမ်းစာစောင်တွေ လိုက်ဝေတာတွေ့ရတယ်။ တမင်ရည်ရွယ်တာမဟုတ်ပေမယ့် အဖွဲ့အစည်း တခုခုထဲကိုဝင်မယ်ဆိုရင် ကိုယ့်ကိုယ်သေခြာစဉ်းစားစေချင်ပါတယ်။ အဖွဲ့ဝင်တိုင်းရဲ့ အပြောအဆို၊အပြုအမူအားလုံးဟာ အဖွဲ့တခုလုံးကို ကိုယ်စားပြုသွားတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အိမ်နားက ကလေးတယောက်က NLD ပါတီဝင်ချင်ကြောင်းလားပြောတယ်။ ကျွန်မတခုမေးလိုက်တယ် အရက်ဖြတ်နိုင်လားဆိုတော့ မဖြတ်နိုင်ဘူးတဲ့ ။ မ၀င်ပါနဲ့လို့ပြောလိုက်တယ် ပါတီထဲဝင်မှပါတီကိုချစ်တာမဟုတ်ပါဘူး။ ပါတီဝင်တိုင်းအရက်မသောက်ရဘူးလို့ဆိုလိုတာလည်းမဟုတ်ပါဘူး။ လူငယ်လေးတွေက သောက်ပြီး အထိန်းအကွပ်မဲ့တတ်တော့ ပါတီသိက္ခာကျမှာဆိုးလို့ပါ။ ကျွန်မ ပါတီထဲဝင်ဖို့ရည်ရွယ်ချက်မရှိပါဘူး ဒါပေမယ့် ပါတီကိုတော့ ပြည်သူအားထားတဲ့ပါတီမို့ သိက္ခာရှိတဲ့ ပါတီအဖြစ် ရပ်တည်စေချင်တယ်။ April 1 ရက်နေ့က အတွေ့အကြုံကိုကြည့်ရင် ပါတီဝင်မဟုတ်ပဲ တနိုင်တပိုင် နီးစပ်ရာစည်းရုံးပေးနေကြတာကိုတွေ့ရတယ်။ အရမ်းကျေနပ်တယ် ကျေးရွာက ရွာသားတွေလဲ အဲဒီလိုပဲ နားမလည်တဲ့ရွာသားတွေကို အချင်းချင်း သေခြာ၇ှုင်းပြပြီး စည်းရုံးပေးကြတယ်။ တချို့ဆို အလားအလာ ကောင်းမှန်းသိလို့ နာမည်ခံပါတီဝင်ချင်ကြရုံပဲရှိတယ်။ နင်လားငါလားဆို ဘာမှမလုပ်ပေးချင်ကြဘူး။ ဒီလိုလူတွေလည်းတွေ့ရတယ်။ ဒါကြောင့် ပါတီဝင်စီစစ်တာကိုလက်ခံတယ်။
ပါတီတံဆိပ်တွေရောင်းနေတာ ပါတီသုံးငွေမရှိလို့လား၊ ဒါမှမဟုတ် ပါတီဗန်းပြပြီး စီးပွားရေး လုပ်နေတာလား
ပါတီက အမျိုးသားရင်ကြားစေ့ရေးကို ဦးတည် လုပ်ဆောင်နေချိန်မှာ ဦးသိန်းတန်ရဲ့ သတင်းထုတ်ပြန်မှုဟာ ဗဟိုရဲ့ သဘောထားနဲ့ ကိုက်ညီပါသလား.. ကိုက်ညီတယ်ဆိုရင်လည်း တိတိကျကျ ထုတ်ပြန်သင့်ပါတယ်။ ကျွန်တော် တစ်ဦးတစ်ယောက်ထဲရဲ့ အမြင်အရ ဒီလုပ်ရပ်ဟာ ခုချိန်မှာ အင်မတန်မှ စောနေတယ်လို့ ထင်မြင်မိလို့ပါ။ ရန်သူဆိုရင်တောင် ရန်သူကို ကိုယ့်ဖက်ပါအောင် စည်းရုံးနိုင်တဲ့ အရည်အသွေးတွေ မြှင့်တင်သင့်တယ်လို့ ထင်ပါတယ်။
အေဘီအက်စ်ဒီအဖ် မြောက်ပိုင်းမှာ အိမ်ကြက်ချင်း အိုးမဲသုပ်ခံရတဲ့အဖြစ်မျိုးလို မဖြစ်အောင်တော့ သတိထားရပါမယ်။ ဒါပေမယ့် ကိုယ်မသိနိုင်တဲ့ အကြောင်းအရာပေါင်းများစွာ ရှိနေနိုင်တာကို လက်ခံပါတယ်။ မျက်စိကြီးနားကြီး သူတွေရဲ့ လုပ်ဆောင်မှုကို မမှားလောက်ဘူးလို့ ယူဆမိသလို သာမန်ပြည်သူတစ်ယောက်ရဲ့ အမြင်ကိုလည်း တင်ပြချင်တဲ့သဘောပါ။
အမျိုးသားရင်ကြားစေ့ရေးနှင့်ပါတီတွင်းသန့်ရှင်းရေးကတခြားစီပါ၊ဗိုလ်ချုပ်ပြောခဲ့သလိုစားဖါးတွေနဲ့ညီညွတ်ရေးအလိုမရှိပါ၊ညီညွတ်ရေးကိုမူအားဖြင့်လက်ခံပါသော်လည်းအကျင့်ပျက်စားဖါးများ၊ပါတီအပေါ်သစ္စာဖေါက်ခဲ့သူများနှင့်ဘယ်သူရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နှိုင်မလဲတိုက်ပွဲပေါင်းများစွာကျန်သေးတယ်နော်၊စည်းရုံးနှိင်တဲ့ရန်သူဟာသစ္စာမဖေါက်ဘူးလို့အာမခံနှိင်လို့လားစစ်အစိုးရပေးခဲ့တဲ့အမွေကြောင့်သစ္စာဖေါက်ဖို့ဝန်မလေးကြတော့ပါ၊ထောက်လှမ်းရေးကမက်လုံးပေးပြီးမြှူဆွယ်လို့သစ္စာဖေါက်သွားသူတွေ၊ခြံခုန်သွားသူတွေယခုNLDမှာရောက်နေကြပါတယ်
အဲထောက်ခံမခံတော့မပြောတော့ဘူး။သူတို့လုပ်တာနဲ့ ရန်ကုန်တစ်မြို့လုံးလည်းလမ်းတွေပိတ်လိုက်တာမှလွန်ရော ကြည့်လည်းလုပ်ကြဦး အရင်ဆုံးကို့လူကိုနိုင်အောင်ထိန်းဖို့လိုနေပြီလို့ပြောချင်တယ်
Post a Comment