NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည်

ရန်ကုန်၊ ဧပြီ ၁၈

ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ ကြသည့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် များ ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ တက်ရောက် မည်၊ မတက် ရောက်မည်ကို မနက်ဖြန်တွင် ဆုံးဖြတ်ချက် ချ မှတ်မည် ဖြစ်ကြောင်း NLD ၏ မန္တလေးတိုင်း မဟာ အောင်မြေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

"နက်ဖြန် မနက် ၉ နာရီကနေ ၁၀ နာရီအထိ လွှတ်တော် ကိုယ်စားလှယ် တွေကို NLD ရုံးချုပ်မှာ အစည်း အဝေး ခေါ်ထားတယ်။ အဲဒီတော့မှ ဆုံးဖြတ် ချက်ချမှာ"ဟု ဦးအုန်းကြိုင်က ဧပြီလ ၁၈ ရက် မွန်းလွဲပိုင်း က တယ်လီဖုန်းမှ တစ်ဆင့် ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရမည့် စာပုဒ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် NLD က သမ္မတရုံးသို့ အကြံပြုလွှာပေးပို့ထားပြီး ယင်းပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဧပြီလ ၂၃ ရက် တွင် စတင်ကျင်းပမည့် လွှတ်တော် အသီးသီးသို့ တက်ရောက်ရေးမှာ မသေချာမှု များရှိနေချိန်တွင် ၄င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

လွှတ်တော် တက်ရောက်ရမည့် ကိုယ်စား လှယ်လောင်းများကို အကြောင်း ကြားထားကြောင်း ပြည်သူ့ လွှတ်တော်ရုံးအဖွဲ့ ၏ ညွှန်ကြား ရေးမှူး တစ်ဦးက ဧပြီလ ၁၀ ရက်နေ့တွင် The Voice Weekly သို့ ပြောကြား ထားသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။


 The Voice Weekly
NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည် NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဒီကနေ့  ဆုံးဖြတ်မည် Reviewed by သစ်ထူးလွင် on 06:46 Rating: 5

21 comments:

khin lwin said...

လွှတ်တော်တက်သင့်ပါတယ် လို့ထင်ပါတယ်။

aungsantagun said...

NLD..အနေနဲ့သိပ်ပုံကြီးချဲ့ဖို့မလိုတော့ပါ။ဒီလိုဖြစ်မှန်းသ်ရင်အစကဘာလို့ရွေးကောက်ပွဲဝင်လဲ။ဒေါ်စုကြည်ကြောင့်NLD.....ဆိုတာဖြစ်ရတာပါ..နိင်တဲ့အမတ်မင်းတွေအရည်အချင်းကမေးခွန်းထုတ်စရာတွေပါ..သိပ်ပြီးတော့သူရဲကောင်းမဆန်နေပါနဲ့..လူထုကိုလည်းငဲ့ညာဖို့လိုနေပြီ.ပါတီ..၂..ခုလုံးကိုပြောတာပါ။ကိုယ့်နိင်ငံအခြေအနေကိုယ်သာအသိဆုံးပါ..ကိုယ်ပါတီကောင်းအောင်လုပ်ကြပါ

ပင့်ကူ said...

ဘာဖြစ်လို့လဲ ကိုခင်လွင် ရ..

တိုးတက်အောင် said...

ပြည်သူက တက်စေချင်လို့ ရွေးပြီးပြီ မဆိုချင်တဲ့စာသားကျရင် ပိစပ်ဟန်လုပ်လိုက်ပေါ့ အခုက အားလုံးနားလည်ပြီးသားပါ ။ပါမှပြင်လို့ရမှာကပထမပဲမမေ့ကြနဲ့။

The Burma Wildlife Ranger said...

NLD အနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို အကောင်းဆုံး ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်...
လက်တွေ့ကျတဲ့လမ်းကြောင်းဆီ ပြည်သူကို ဦးဆောင်ခေါ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်...

Shweponthar said...

ဒါက ပုံကြီးချဲ့တာ မဟုတ်ဘူး၊ လမ်းမှာ ဆူးတွေ ချောက်တွေကများလွန်းလို့ လမ်းရှင်းတယ်လို့ပဲ မြင်တယ်။ ဒီလိုပဲ ရှင်းပြီးတော့သွားမှ ပြည်သူတွေက ဖြောင့်ဖြောင့်ဖြူးဖြူး လိုက်လို့ရမှာပေါ့။

goldentiger.mhs said...

ပြည်သူတွေအတွက်ဆိုပြီးသဘောထားလိုက်ရင်
ကျမ်းသစ္စာမကလို့ ကြိုက်တာကျိန်ပါစေ
စေတနာမှန်ရင် ကျမ်းစူးမှာကြောက်စရာမလိုဘူးထင်ပါတယ်

ဇာမဏီ said...

အပေါ်က ပုဂ္ဂိုလ်များ
ဒေါ်စုက လွှတ်တော်မတက်ဘူးလို့မဆိုပါဘူး။
ဒါပေမယ့် ဒီဟာကြီးကျမ်းကြိမ်ပီးမှ ဆိုရင် ဘယ်လိုလုပ်ပီး သွားပြင်တော့မလဲ အခြေခံဥပဒေကို ။ ရည်ရွယ်ချက်ကို က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ဆိုတာပါတယ်။ ဒါတွေကို ကြိုမြင်လို့လည်း သူတို့ကို ကာကွယ်ရေးဆွဲသွားတဲ့ ပုဂ္ဂိုလ်တွေက ဒါကြီးကို ကျမ်းသစ္စာထဲမှာ ထည့်သွားတာ။ အဲလိုမဟုတ်ရင် အပြောင်းအလဲကိုဘယ်လိုသွားမလဲ။ လွှတ်တော်ထဲမှာ ဘာလုပ်မလဲ ထူးထူးခြားခြား။ ထိုင်၊ထ၊ခေါင်း
ညိတ်၊ ခလုပ်နှိပ် အခုလက်ရှိ အမတ်တွေလိုဖြစ်နေမှာပေါ့။
အစကတည်းက တဆင့်ချင်းသွားရမယ်လို့ ကြိုမြင်ကြိုတွေးထား
ပီးသားပါ။ရွေးကောက်ပွဲ ၀င်ကတည်းက ဘယ်လိုအဆင့်ရောက်
ရင် ဘယ်လိုသွားမလဲ ကြိုပီးတွက်ဆထားကြပီးသားပါ။
ခင်ဗျားတို့ထက်နားလည်တယ်ဆိုတာ စဉ်းစားပီးမှ အော်ကြ
ပါ။ နားမလည် ပါးမလည်နဲ့ ၀င်မအော်ကြပါနဲ့။ တောင်းပန်ပါ
တယ်။

pheasant said...

မင်းတို့ ငါတို့ မဲထည့် ရွေးပြီးပြီပဲကွာ ယုံကြည်လို့ သူတို့လဲ နှစ်20 ဖြတ်သန်းလာတာ ဒေါ်စုနဲ့ ကိုယ်စားလှယ်တွေကို တို့ ယုံကြည်ပေးဖို့ပဲ လိုအပ်တယ် မင်းတို့ တစ်ဆိတ်ရှိ မင်းတို့ နဲ့ ကီးနဲနဲမကိုက်တာနဲ့ စွတ်ဝေဖန်ဖို့ပဲတတ်သလား၊ ဒေါ်စုရွေးကောက်ပွဲ ပြန်ဝင်မယ် ဆုံးဖြတ်တုန်းက လည်းဝေဖန်ကြတာ ပွက်ပွက်ညံ ခုအဲဒါမှားတယ် လို့ မပြောကြပြန်တော့ဘူး သူတို့လဲ အနာဂတ်မျိုးဆက်တွေအတွက် စစ်အာဏာရှင် ဘောင်းဘီချွတ် အစိုးရကို အတိုက်ခံလုပ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားနေတာ ဒါအသေးဖွဲလေးပဲ လက်ရှိအထဲမှာ ရှိနေတဲ့ ကိုစားလှယ်တွေရဲ့ ပြုပြင်ပြောင်းလဲ လိုစိတ်ကို လည်းသွေးတိုးစမ်းပြီးသားဖြစ်တယ် ၊ ပြည်သူ 4-5သန်းနီးပါးလောက်က မဲထည့်ပြီး ထောက်ခံထားတဲ့ ကိုယ်စားလှယ်တွေပဲကွာ၊ ပြည်သူက လွှတ်တော်သက်သက်သွားတက်စေချင်လို့ ရွေးတာမဟုတ်ဘူးကွ အပြောင်းလဲ ဖြစ်ချင်လို့ မဲပေးရွေးတာကွ ပြသနာပဲ၊ စစ်မှန်တဲ့ အာဏာရှင်မပါတဲ့ ဒီမိုကရေစီရဖို့ လိုအပ်ရင် စာသားလေးမှ မဟုတ်ဘူး လွှတ်တော်တစ်ခုလုးံ လူတွေအားလုံးပါ ပြောင်းသင့်ရင် ပြောင်းရမှာပဲ

a said...

NLD နဲ့တွေ့ရမဲ့သူတွေကလူလိမ်လူညစ်များဖြစ်ပါတယ်သေချာမှလွှတ်တော်တက်စေချင်ပါတယ်၊စောင့်ခဲ့ရတာလည်းနှစ်ပေါင်းများစွာကြာခဲ့ပါပြီ၊နောက်တစ်ကြိမ်မှတက်လည်းဖြစ်ပါတယ်ဒီစာသားတစ်ခုနဲ့အခြေခံဥပဒေကိုပြင်မရမှာစိုးပါတယ်၊ဒီအစိုးရကိုနိုင်ငံတကာစံနဲ့တွေးပြီးမဆုံးဖြတ်စေချင်ပါဘူး(သတိလွတ်ပြီးယုံလိုက်မှာစိုးရိမ်လို့ပါ)

Talent said...

aungsantagun မင်းအသံက ဖွတ်သံပေါက်နေတယ်၊ NLD ကနိုင်တဲ့ အမတ်မင်းတွေအရည်အချင်းကမေးခွန်းထုတ်စရာပါလို့ မင်းကပြောထားတယ် ဟုတ်လား၊ မင်းတို့ဖွတ်က အမတ်မင်းတွေကိုတော့ ငါတို့ပြည်သူတွေက မေးခွန်းမထုတ်ပါဘူးကွာ၊ မင်းတို့ဖြေနိုင်မှာ မဟုတ်မှန်းသိနေလို့၊ မင်းတို့ရဲ့ဖွတ်အမတ်တွေ အကြောင်းကို သိပ်သိချင်ရင်လည်း လယ်ဆည်ဝန်ကြီးကိုသွားမေးလိုက်၊ လူထုကိုငဲ့ညှာဖို့ ဆိုပြီးတော့ ပါတီနှစ်ခုစလုံးကိုပြောတာပါဆိုလိုက်သေးရဲ့၊ NLD က လူထုကို ဘာမှဒုက္ခပေးပါဘူး၊ လူထုရဲ့မျှော်လင့်ချက်ပါ၊ ကိုသစ်ထူးလွင် ရေ ဒီလိုပေါတောတောကောင်တွေကို နေရာကုန်ခံပြီး တင်မနေစမ်းပါနဲ့ဗျာ ခင်ဗျားလည်းသိက္ခာကျပါတယ်၊ သေချာတယ် အဲဒီကောင် ဆရာကြီးလိုလို ဘာလိုလိုနဲ့ သူများတွေရေးတာတွေဖတ်ပြီး လိုက်ရေးနေတဲ့ ဖွတ်တစ်ကောင်ပဲဖြစ်မှာ။

Anonymous said...

ပြည်သူရဲဆန္ဒကိုလေးစားသောအားဖြင်လွှတ်တော်တတ် စေခြင်ပါတယ် မကြိုက်တဲစာသားကိုလိုက်မဆိုရင်လည်း
ရမှာပါ။ နိမိုရင်ပြည်သူတွေရဲလွှတ်တော်ထဲဝင်ရောက်ရေးမျှော်လင့်
ချက်ဟာဝေးကွာသွားမှာပါ လူကြီးတွေကပိုသိပါလိမ်မယ်။

KO NAING said...

ဒီcomment လေးကိုသဘောကျ၍တစ်ခြားwebsiteမှကူးပြီးတင်လိုက်ပါတယ်။
သွားကြည့်သည် နှင့် သွားသည် ဆိုတာကို သာမန်လူအနေနဲ့ကြည့်ရင် ဘာမှမကွာဘူးလိုထင်စရာပါ။ ဥပဒေမှာတော့ စကားလုံးတွေက အရေးကြီးလိမ့်မယ်ထင်တယ်။ ဥပဒေ အကြောင်းနားလည်တဲ့ သူတွေ ရှင်းပြရင် ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ တကယ်လို့ NLD ကဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ပါမည်လို့ ကျမ်းကျိန်ခဲ့လို့ နောက်ပိုင်းဥပဒေတွေပြောင်းလဲပြင်ဆင်ပယ်ဖျက်ဘို့ အဆိုတင်သွင်းတဲ့အခါမှာ ကြံဖွံ ဘက်က NLD သည်အပြောတစ်မျိုး အလုပ်တစ်မျိုး လို့ဆိုခဲ့ရင် ဘယ်လိုဖြေရမလဲ။ တကယ်လို့တရားရေးက NLD သည်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကာကွယ်မည်ဟု လက်ခံထားပြီး ပြောင်းလဲပယ်ဖျက်ဘို့တင်သွင်းသော အဆိုများကို ပယ်ချခဲ့သည်ရှိသော် ဘယ်လိုလုပ်ကြမည်နည်း။ ကျမ်းမကျိန်ခင်ထဲက ဒါမျိုးတွေကိုတောင် သတိမထားရကောင်းလားဟု အပြစ်ပြောကြမည်လား။ ၂၀၁၀ တုန်းကလဲ အခုလို အပြစ်ဝိုင်းပြောကြတာကို တွေ့ဘူးသေးတယ်။ NLD ရွေးကောက်ပွဲမ၀င်ဒါဟာ ၁၉၉၀ ရလဒ်ကို မစွန့်လွှတ်နိုင်လို့ တိုင်းပြည်တိုးတက်ဘို့ကို မကြည့်ဘဲ ပါတီအာဏာကိုသာကြည့်တယ် ဆိုတဲ့အပြောမျိုးတွေကြုံခဲ့ရတာဘဲ (နိုင်ငံရေးလုပ်နေတဲ့ အတွေ့အကြုံရှိတဲ့သူတွေတောင်ပါသေး)။ နောက်ပိုင်းမှ လက်ရှိအစိုးရရဲ့ ကလိမ်ကကျစ်ကျတာတွေကို သိလာမှ NLD ရွေးကောက်ပွဲ မ၀င်တာတော်တယ်ဆိုပြီးဖြစ်လာတာ။ အမေစုဟာ အလုပ်တစ်ခုကိုမလိုအပ်ဘဲ မလုပ်ဘူးဆိုတာ နှစ်ပေါင်း ၂၀ ကျော်တောင် သက်သေပြခဲ့ပြီဘဲ။ ဘာလို့ခုထိ အမေစုဘာကြောင့်ဒါတွေလုပ်နေလဲဆိုတာကို မလေ့လာဘဲ အပြစ်ပြောချင်တဲ့စိတ်တွေဖြစ်နေကြတာလဲ။ အကျိုးအကြောင်းဆင်ခြင်ပြီး ဘာကြောင့်လုပ်နေလဲဆိုတာ စောင့်ကြည့်ကြပါအုံး။ စစ်အစိုးရရဲ့ဖိနှိပ်မူအမျိုးမျိုးကနေ ဒီအခြေအနေထိရောက်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့သူတွေဟာ ဒါလေးကို အကြောင်းကြီးကြီးမရှိဘဲ တခုပ်တရပြောနေမှာမဟုတ်ပါဘူး

ep said...

တရားရုံး ကိစ္စတစ်ခုမှာ ကျမ်းကျိန်ထွက်ဆိုရာမှာ ကျမ်းစူးပါစေ အစား ကျုပ်ကတော့ " ကျမ်းရှူးပါစေ " လို့ဆိုခဲ့ဘူးပါတယ် ------

သစ္စာ said...

ဒါပုံကြီးချဲ့တာမဟုတ် NLD ရွေးကောက်ပွဲဝင်တာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ရန်အတွက်လို့ ဒေါ်စုပြောခဲ့တာမမေ့ပါနဲ့
ပြင်ဆင်ရမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်မလို ပြင်သင့်တာပြင်ပြီးလေးစားဖို့သာလိုအပ် ဒါ့ကြောင့် ဒီအချက်ကို
ပြင်ပေးမှ လွှတ်တော်တက်သင့်ပါတယ် ။ ကိုယ့်အမည်မဖေါ်ရဲတဲ့သူရော ခင်လွင်ဆိုတဲ့သူပါ တခုပြောပြောလိုက်မယ် သတ္တိရှိရင် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကိုလွတ်လပ်ပြီးတရားမျှတ စွာကျင်းပပြီး အဲဒီပြည်သူကရွေးချယ်လိုက်တဲ့တကယ့် ပြည်သူ့ကိုယ်စားလှယ်
တွေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံရေးဆွဲ ကြရအောင်လေ

Anonymous said...

လွှတ်တော်တက်တက် မတက်တက် အဓိက က မှားတာတွေပြင်ဖို့ ဘဲ ။ အဲ့လို စပြင်တာကို က ဂုဏ်ယူစရာဖြစ်နေပြီလေ။ လက်တွေ့ဆန်နေပြီ ။ ဘယ်နားနေနေ လမ်းမှန်ကိုရောက်အောင် ခေါ်ဆောင်နိုင်တဲ့သူတွေ လို့ သက်သေပြနေပြီ။ လွှတ်တော်ထဲ သွားတာအရေးမကြီးဘူး ဒီကောင်တွေကို လမ်းမှန်ရောက်အောင် မောင်းနိုင်တာကိုက စွမ်းရည်တစ်မျိုးဘဲ။

nandathuriya said...

jelly bee သိပ်တော်တယ်။

သားငယ်လေး said...

အန်တီစု ကြောင့် တိုင်းပြည်ကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့တယ်။
သူ့ ဆုံးဖြတ်ချက်ကို လူတိုင်း နားလည်သဘောပေါက်ပေးသင့်တယ်။
လူတွေက ဘေးထိုင် ဘုပြောဖို့ ပဲ စဉ်းစားနေကြတယ်။

jesuschrist said...

ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားဆိုတာလည်းဖုံးကွယ်ထားလို့မရသလို၊ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာလူတိုင်းသိနေတာပဲ။ ဘယ်သူတတ်သင့်တယ်၊ ဘယ်သူမတတ်သင့်ဘူးဆိုတာလည်း ဘယ်သူတွေဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်တစ်ချိန်ချိန်မှာ ဒီအခွင့်အရေးကိုခံစားရတဲ့သူ၊ ထိုက်တန်တဲ့သူတစ်ယောက်ကတော့ အကောင်အထည်ပေါ်လာမှာပါ။ ဘယ်သူကအထိုက်တန်ဆုံးလည်းဆိုတာ လူတိုင်းသိကြပါတယ်။ သိပြီးသားလည်း ဖြစ်ကြမှာပါ။ ဒါပေမယ့် သူကလည်း ကံကောင်းနေဖို့လိုသေးတယ်။အချိန်ကိုတော့ နည်းနည်းစောင့်ရလိမ့်မယ်။ အချိန်တန်ရင် အားလုံးအဆင်ပြေသွားမှာပါ။ သိပ်ပြီးစိတ်ပူမနေကြပါနဲ့။ အချိန်ကစကားပြောသွားပါလိမ့်မယ်။

Unknown said...

NlD အနေနဲ့လွှတ်တော်တက်သင့်ပါတယ် လွှတ်တော်ထဲဝင်ဖို့အတွက်လည်း
ကျွန်တော်တို့မဲပေးခဲ့ကြရတာပါ၊ လွှတ်တော်မတတ်ဘူးဆိုရင်တော့ လွှတ်တော်
ထဲမှာခပ်ညံ့ညံ့လူတွေများနေဦးမှာပါပဲ နောက်ပြီး ကန့်ကွက်ဖို့ဆိုထိပ်ကရှိနေ
တဲ့စစ်သားကိုယ်စားလှယ်တွေနဲ့ကတစ်မျိုး၊ နောက်ပြီးဖွဲ့စည်းပုံ အခြေခံဥပဒေ
ကိုကာကွယ်စောင့်ရှောက်ပါမည် ဆိုတာကလည်း ပြင်ဆင်တာအတွက်အကျုံးမ
ဝင်လောက်ပါဘူး၊ ပြင်ဆင်တာ ဖျက်ဆီးပစ်တာ မှမဟုတ်ပဲနော...လွှတ်တော်
တက်စေချင်ပါတယ်ခင်ဗျ၊ ဆိုလိုတာကတော့ ရသလောက်နေရာယူထားအရင် ပြီးမှကျန်တဲ့အပိုင်းတွေကိုဖြေးဖြေးလှမ်းစေ
ချင်ပါတယ်.....

ladyjune said...

commentရေးကြတယ်ဆိုတာကောင်းတာရောဆိုးတာရော-ရောထွေးနေမှ အကြိတ်အနယ် ရှိတယ်လို့ဆိုလို့ရမယ်။ကိုသစ်ထူးရေ..ကျမကတော့ NLD နဲ့အမေစု ဘာပဲလုပ်လုပ်(မည်သည့် ဆုံဖြတ်ချက်ပဲချချ).အမြဲတမ်းယုံတယ်.
လူတွေအကုန်းလုံးကိုလဲ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ယုံကြည်ခဲ့ပြီးပြီပဲ.ဆက်ပြီးယုံကြည်စေချင်တယ်.ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်ရဲ့ သမီးဖြစ်တဲ့အတွက်ကို 100% ယုံကြည်ပြီးသားပါ.

Powered by Blogger.