ဓာတ်ပုံ ASSOCIATED PRESS
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို
NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက
ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ
ကျိန်ဆိုစဉ်တွင်း ရွတ်ဆိုရတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို
ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံကို လေးစား
လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ပြည်သူ့လွှတ်တော်က တတိယအကြိမ် ပုံမှန် အစည်းဝေးထဲ မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ အတွက် ဧပြီလ ၂၃ ရက် တနင်္လာနေ့ မှာ ပြန်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်အစည်းဝေးကို အ၀င် NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ကိုယ်စားလှယ်သစ် တွေ တက်ဖိှု့ စီစဉ်ထားကြတာပါ။
ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ဖွဲစည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးအစား NLD ကိုယ်စားလှယ်လောင်းတွေ ဟာ လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်ဆင်ရွတ်ဆိုနိုင်ဖို့ NLD ပါတီက ညှိုနှိုင်းတာတွေ လုပ်နေတယ် လို့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျမ်းကျိန်တဲ့ဟာ ဇယား လေး လို့ သူတို့ ပြောတယ်လေ။ အဲဒီ ဇယား လေး ထဲမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံး ပါတယ်။ ကျနော်တို့ က ကာကွယ် စောင့်ရှောက်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အရင် ကတည်း က လက်မခံဘူးလေ။ ကျနော်တို့ မူအရ။ ကျနော် တို့ က လေးစား လိုက်နာမယ်။ အဲဒီ ဟာကို ပြင်ဆင်ရေး အတွက် အန်ကယ်တို့ ကြိုးစားနေတယ်။ ပြင်ဆင်ပြီးတဲ့ အချိန် ကျနော်တို့ တက်မယ်။ အခု အခြေအနေ အရ ပြောရရင်တော့ ၂၃ ရက်နေ့ မှီဖို့တော့ နည်းနည်း ခဲယဉ်းတာပေါ့လေ။ ဒါ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။”
ဟုတ်ကဲ့ ဦးဥာဏ်ဝင်းတို့ အခု လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်နိုင်ဖို့ ဘယ်ကိုများ တင်ပြ ဆွေးနွေး နေတာပါလဲရှင့်။
“အဲဒါတော့ ကျနော် ပြောလို့ မရပါဘူး။ ကျနော်တို့ အကြံပြုချက်တွေ ပေးပို့ထားတာ ရှိပါတယ်။”
တကယ်လို့ ဧပြီ ၂၃ အမှီ မပြင်နိုင်ဘူးဆိုရင် ကောရှင့်။
“ကျနော်တို့ ကျမ်း မကျိန်ဘူးပေါ့။ အန်အယ်လ်ဒီ က မတက်ဘူး။ ကျမ်းကျိန်မှ တက်မှာ။ ကျမ်းမကျိန်ရင် တက်လို့ မရဘူး။ ကျမ်းမကျိန်ရင် ဧည့်သည် ဖြစ်နေမှာပေါ့။ ကျနော်တို့ အဲဒီ ဟာနဲ့ ပတ်သက်ပြီးတော့ ပြေလည် သွားလိမ့်မယ်။ ကျနော်တို့ အကြံပြုချက်ထဲ က တခုခုနဲ့ ပြေလည်သွား လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ထားတယ်။”
မနေ့ ဧပြီ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ နေပြည်တော် မှာ တွေ့ပါတယ်။ ဆွေးနွေးတဲ့ အထဲ ဒီကိစ္စအဓိက ဖြစ်မလားရှင့်။
“ဒီကိစ္စလည်း ဆွေးနွေးတဲ့ အထဲမှာ ပါတယ် လို့ သိရပါတယ်။ ကျန်တာတော့ ဆွေးနွေးတာတွေ subject တွေ အများကြီး၊ ကျနော်တော့ မသိဘူး။”
ဒါကတော့ NLD ပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ အခု NLD ပါတီက ကျမ်းသစ္စာ ကျိန်ဆိုစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့အစား လေးစား လိုက်နာပါမယ်လို့ပြင်ဆင်ဖို့ ကြိုးစားနေတာနဲ့ ပတ်သက်လို့ ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင်ရဲ့ အမြင်ကတော့
“ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော လေးစား လိုက်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် က စိုးရိမ်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တို့က ဒီလွှတ်တော် ထဲ ကို ဒီ အင်အားစု တွေကို မြန်မြန် ရောက်စေချင်တယ်။”
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်တာတွေ လုပ်ဖို့ အခက်အခဲရှိနိုင်ပါသလား ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်တာဟာ ဖွဲစည်းပုံထဲက လူထုအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောထားတာတွေ ရှိတော့
“လုံးဝ မထင်ပါဘူး ခင်ဗျာ။ လုံးဝ မထင်ပါဘူး။ အခုကို က အခြေခံ ဥပဒေထဲ က တချို့ အပိုဒ် တွေကို ပြင်ဆင်ဖို့ က လွှတ်တော် အမတ်တွေ ကကော၊ ပါတီ မရွေး၊ လူမျိုး မရွေး ကြိုးစားနေကြတာတွေ ရှိပါတယ်။ အဲဒါလည်း ကာကွယ် စောင့်ရှောက်တာ တမျိုးပါဘဲ။ အခြေခံ ဥပဒေတွေ ကို ပိုပြီးတော့ ကောင်းလာအောင် ပြည်သူတွေ အတွက် ပိုပြီးတော့ အကျိုးရှိ လာအောင် ပြင်ဆင်တာ ဟာလည်း အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်တာပါဘဲ။ တနည်းအားဖြင့် အခြေခံ ဥပဒေကို လေးစား လိုက်နာတာဘဲ လို့ ကျနော် ယုံကြည်ပါတယ်။”
ပြည်သူလွှတ်တော် ဥပဒေကော်မရှင်ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင် ရဲ့သုံးသပ်ချက်ပါရှင်။ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ၄၃ နေရာထိ အများဆုံးအနိုင်ရခဲ့တဲ့ပါတီတခု ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၇ ဦး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား
Reviewed by သစ်ထူးလွင်
on
04:20
Rating:
30 comments:
ဟုတ်သလိုပဲ ကိုသန်းမောင်ပြောတာ
NLD က အခြေခံဥပဒေကို ၁၀၀%ပြင်ချင်နေတာများလား။
၁၀၀%ပြင်မယ်ဆိုရင်တော့ အခြေခံဥပဒေကို အရင်ရုပ်သိမ်းဖို့လိုမယ်ဆိုတာ အားလုံးသိပြီးသားပါ။
လိုအပ်တာကိုဘဲပြင်မယ်ဆိုရင်တော့ ပြင်ဖို့မလိုတာတွေရှိမှာပါ။
ပြင်ဖို့မလိုတဲ့ အခြေခံဥပဒေတစ်ချို့ကို NLD က ကာကွယ်စောင့်ရှောက်လိုစိတ်မရှိဘူးလား။ စစ်အစိုးရကဆွဲခဲ့တဲ့ ဥပဒေဖြစ်လို့လား။ လေးစားလိုက်နာတာနဲ့ ကာကွယ်စောင့်ရှောက်တာနဲ့ မတူပါဘူး။
စစ်အစိုးရက တပ်ကိုကျောထောက်နောက်ခံထားပြီး ပြည်သူကို လည်ပင်းညှစ်၊ ဓားပြတိုက်ခဲ့တယ်။
အခု NLD က ပြည်သူတွေလိုချင်နေကြတဲ့ Sanction ရုပ်သိမ်းဖို့ ဆိုတာကို ကျောထောက်နောက်ခံထားပြီး လွှတ်တော်ကို ခြိမ်းခြောက်၊ လည်ပင်းညှစ်၊ အေးဓားပြတိုက်နေပြီလား။
အခုဒါကို လိုက်လျောလိုက်လို့ လွှတ်တော်ထဲဝင်လာကြပြီးတဲ့နောက် လွှတ်တော်ထဲမှာတင်တဲ့ အဆိုတွေ မအောင်မြင်တဲ့ အကြိမ်တိုင်းမှာရော . . . လွှတ်တော်ကို သပိတ်မှောက်ပြီး ဓားပြတိုက်ဦးမှာလား။
ဦးဥာဏ်ဝင်းက ဒီစာသားကို အရင်ကတဲက လက်မခံဘူးလို့ပြောတယ်။ လွှတ်တော်ကို ပြင်ပေးရမယ်လို့ကြိုတင်ပြောပြခဲ့ဘူးလား။ လက်မခံနိုင်ရင် ဘာလို့ ရွေးကောက်ပွဲဝင်လဲ။
မကြိုက်တာရှိရင် ဒီမိုကရေစီကျင့်စဉ်အရ လွှတ်တော်ထဲမှာပြင်ပါ။ ဒါမှမဟုတ် ၂၀၁၅မှာ နိုင်ငံတော်အာဏာရမှ လွှတ်တော်မတက်ခင် ပြင်ပါ။
အခြေခံဥပဒေကို ပြင်ပါ။ ပြင်ဖို့မလိုတာတွေကို ကာကွယ်စောင့်ရှောက်လိုစိတ်မရှိရင်တော့ ကလေးကလား၊ ပတ်မကြီးထိုးဖောက်ချင်တဲ့စိတ်နဲ့ လွှတ်တော်ထဲမ၀င်ပါနဲ့။
ဦးသန်မောင်ရဲ့ ၊ သုံးသပ်ချက် ကိုကြိုက်တယ်။
အဲဒါအမှန်တရားတစ်ခုလို့ ပဲမြင်မိတယ် စကားလုံးတစ်ခုနှစ်ခုကစပြင်ဆင်ဖြည့်စွက်သင့်တာကိုတော့ပြင်ဆင်သင့်တယ်လို့ ထင်ရင်ပြင်ဆင်ရမယ်....
အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။
ဦးဥာဏ်ဝင်းခင်ဗျား။
ဘိုးအေကြီး အမေရိကန်နိုင်ငံရဲ့ ကျမ်းသစ္စာကို ဖော်ပြလိုက်ပါတယ်။ NLD မှာ ပညာရှင်တွေအများကြီးရှိနေတဲ့အတွက် သိပြီးဖြစ်နိုင်ပေမဲ့ ဦးဥာဏ်ဝင်းတို့လက်မခံနိုင်တဲ့ ကျမ်းသစ္စာနဲ့၊ အမေရိကန်နိုင်ငံရဲ့ကျမ်းသစ္စာ ၂ခုကို စာဖတ်သူတွေ သိနိုင်အောင်လို့ပါ။ Link ကိုပါ ဖော်ပြပါတယ်။
http://uspolitics.about.com/od/usgovernment/a/oaths_of_office_4.htm
ကျမ်းသစ္စာကို ၁၇၈၉ မှာ စတင်ရေးသားခဲ့ပြီး စကားလုံး ၁၄လုံးဘဲပါခဲ့ပါတယ်။ ဒီကျမ်းသစ္စာမှာ အခြေခံဥပဒေကို ထောက်ခံ (Support) ပါတယ်လို့ဘဲ ပါပါတယ်။
In 1789 The first Congress developed this requirement into a simple, 14-word oath:
"I do solemnly swear (or affirm) that I will support the Constitution of the United States."
ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး သမ္မတလင်ကွန်းလက်ထက်မှာ ထပ်ဖြည့်ခဲ့ပါတယ်။ ၁၈၈၄ မှာ အသက်ဝင်ခဲ့ပါတယ်။ ဒီကျမ်းသစ္စာမှာတော့ ထောက်ခံ (Support) အပြင် ကာကွယ် (Defend) ဆိုတာနဲ့ ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ (against all enemies, foreign and domestic) ဆိုတဲ့ စကားလုံးတွေ ပါလာပါတယ်။
The current oath was enacted in 1884:
"I do solemnly swear (or affirm) that I will support and defend the Constitution of the United States against all enemies, foreign and domestic; that I will bear true faith and allegiance to the same; that I take this obligation freely, without any mental reservation or purpose of evasion; and that I will well and faithfully discharge the duties of the office on which I am about to enter: So help me God."
ဒီကျမ်းသစ္စာ၂ခုကို ကြည့်ရင် အမေရိကန်အမတ်တွေက စကားလုံး၁၄လုံးထဲရွတ်ရတာ တိုလွန်းလို့၊ ဟိတ်ဟန်မရှိလို့၊ မာန်မပါလို့၊ ပေါ့ပျက်ပျက်ကြီးဖြစ်နေလို့ အလုပ်မရှိ၊ အလုပ်ရှာပြီး စကားလုံးတွေ အရှည်ကြီးရွတ်ရအောင် ထပ်ဖြည့်ထားတာ လို့များ ဦးဥာဏ်ဝင်းက မှတ်ချက်ပေးမှာလား။
ဦးဥာဏ်ဝင်းတို့က အခြေခံဥပဒေကိုပြင်ဖို့အတွက် ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကျမ်းသစ္စာမဆိုနိုင်ပေမဲ့ ဘိုးအေအမတ်ကြီးတွေကတော့ ကာကွယ်ပါ့မယ်လို့ သစ္စာဆိုကြပြီး အမေရိကန်အခြေခံဥပဒေကို ၂၇ကြိမ်တိတိ ပျော်ပျော်ကြီး ပြင်ဆင်ခဲ့ကြပါတယ်။
http://www.usconstitution.net/constamrat.html
ဒီအမတ်တွေဟာ သစ္စာမရှိတဲ့အမတ်တွေ၊ ပြည်သူ့သစ္စာဖောက်တွေလို့ ဦးဥာဏ်ဝင်းက မှတ်ချက်ပေးမှာပါလား။
ဦးသန်းမောင် သုံးသပ်ချက် လျော်ကန်သင့်မြတ်ပါတယ် ကျမ်းသစ္စာထဲက ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဆိုတာကို အဓိပ္ပါယ် လေးလေးနက်နက်ကြီးတွေးပြီး ငြင်းကန်မနေသင့်တော့ပါ NLDအမတ်များ ခင်ဗျာ တိုင်းပြည်အကျိုးအတွက် နောက်ပြန်မလှည့်ကြပါနဲ့ ခင်ဗျား
ဦးသန်းမောင်...အဖွဲ့ဝင်ဖြစ်ပြီး...စကားကိုလွယ်လွယ်မပြောပါနဲ့။ (ခင်ဗျား၊ အသိအကျ...သိနေရင်။ ၂၀၀၈...ဖွဲ့စည်းပုံဥပဒေကိုပြင်ခွင့်ရမှာပါ...ကျမ်းကျိမ်တာနဲ့မဆိုင်ပါလို့...ခင်ဗျားတစ်ခါ...တည်းအပြတ်ဖြေပါ။)
(ကာကွယ်စောင့်ရှောက်ပါ့မယ်ဆိုတာနဲ့....လေးစားလိုက်နာပါ့မယ်ဆိုတာ)...
အဓိပါယ်လုံးဝမတူပါဘူး။ အကယ်၍လွှတ်တော်တက်ပြီးမှ...နောင်တင်းမာမှု၊
...ဖြစ်တဲ့အခါ...အမေစုနဲ့ပြည်သူတွေဘဲ...အရမ်းနစ်နာပါတယ်။ (ခင်ဗျား...တာဝန်ယူမှာမဟုတ်ပါဘူး)။ ဒီစကားအတွက်အရေးကြီးပါတယ်။
(ကာကွယ်စောင့်ရှောက်ဆိုတာ--ဤဥပဒေကိုကာကွယ်ရမှာပါ။ပြင်ခွင့်မရှိ။)
(လေးစားလိုက်နာဆိုတာ---ဤဥပဒေကိုလေးစားပြီး၊ပြည်သူအကျိုးမရှိတာ...ကိုပြင်မှာပါ။)
ဆိုခဲစေ ဆိုမြဲစေ သစ္စာဆိုတယ်ဆိုတာ အင်မတန်မှ လေးနက်တဲ့ စကားလို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ကြောက်စရာလည်းကောင်းပါတယ်။ဒါအမေစုရဲ့ လွယ်လွယ်လေး ပြော လုပ် ကျင့် မလုပ်လိုတဲ့ ကံသုံးပါးကို အလေးထားတာကိုလေးစားပါတယ်။ကိုယ်ကျိုးလိုလားတဲ့ အတ္တဟိတစိတ်မရှိတာ သူတော်ကောင်းလက္ခဏာရှိတာဖြစ်တဲ့ အတွက် ဒီနေ့ကစ ဘုရာဝတ်ဖြည့်တိုင်း အမေစုကို မိဘနေရာမှာ ဆရာနေရာမှာ ရှိခိုးဦးချပါတော့မယ်။
ပထမဆုံးရေးတာဆိုတော့ အမှားပါရင်းခွင့်လွှတ်ပါ။ ကျနော့် အမြင် အရတော့ ဦးဥာဏ်ဝင်း ပြောတာမှန်ပါလိမ့်မယ်၊ ဘာဖြစ်လို့ လည်းဆိုတော့ အင်္ဂလိပ်လိုတော့ အဓိပ္ပါယ် မသိပါဘူး။ မြန်မာစာအရတော့ ကာကွယ်စောင့်ရှောက် တာနဲ့ လေးစားလိုက်နာတာ ဟာတော်တော်ကွာမယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ကာကွယ်စောင့်ရှောက်တယ် ဆိုတာ ဘယ်သူ့ရဲ့ ရန်ပြုမှု ၊ ထိပါမှု၊ ကျူကျော်မှု၊ နိုင့်ထက်စီးနင်း ပြုမှု တို့ မရှိရလေအောင် ကာကွယ် စောင့်ရှောက်ရပါတယ်၊ လေးစား လိုက်နာတာကတော့ ကြည်ညိုစရာ ကောင်းစတဲ့ ဘုန်းကြီးတစ်ပါးကို တွေ့လို့ ရင်ထဲဖြစ် ပေါ်လာတာ ကို သုံးသပ် ကြည့်ရင် လေးစားမှုနဲ့ ကာကွယ်မှု ကွာခြာတာ သိသွားလိမ့်မယ်ထင်ပါတယ်။ ပါဠိလိုအဓိပ္ပါယ် ယူရင်တော့ တူမယ်ထင်တယ်၊ ကာကွယ်တယ်ဆိုတာ သူတပါးရန်၊ ကိုယ်ပိုင် တာကိုလာမထိဘို့၊ ဒီလိုဆို လောဘပေါ့ ၊ ကြည်ညိုလေးစားဆိုတာလည်း၊ လောဘ၊ ဒါတော့တူလောက် တယ်၊ ဒါပေမယ့် ခံစားရတာခြင်းမတူဘူးနော်၊ လေးစားကြည်ညို တာကအေးချမ်း တယ်၊ ကာကွယ်တာက နည်းနည်းပူတယ်လို့ ထင်တာပဲ မှားတယ်လိုယူဆရင်လည်း ခွင့်ကြပါနော်။
အမေစု လုပ်ဆောင်ချက် မှန်ပါတယ်.ဒါပေမဲ့ လွတ်တော်ကိုတော့ အမေ့ကိုတက်စေချင်ပါတယ်.
ဥပဒေကို လေးစား လိုက်နာပါမည် ဆိုတာကိုပဲ ကျမ်းကြိမ်သင့်ပါတယ်။
အဲဒီလောက်ထိတော့ စကားတွေကောက်နေရင် မြန်မာစကားလေ ကျယ်ချဲ့ရင်ချဲ့သလောက်ပဲ အဓိကလိုရင်းကိုပဲ သွားကျပါဗျာ အိုဗာတွေဖြစ်ကုန်ရင်တော့ကြည့်မကောင်းတော့ပါဘူးဗျာ.......နိုင်ငံအတွက်ကိုပိုပြီးဦးစားပေးကျရင် ကောင်းမယ်ထင်တယ်ဗျာ.....
အစကောင်းစေချင်တယ်.. ပြည်သူတွေက ပြောင်းလဲတိုးတက်မှုကိုလိုချင် လို့ မကြောက်တရား ကိုအားတင်း မွေးလို့ nld ကို မဲပေး ရွေးလိုက်တာပါ .. မဲဆန္ဒရှင်တွေ သဘောကို မေးကြည့်ကြပါအုံး လွှတ်တော်မတက် ရင်တော့ ကြံ့ဖွံ့ တွေ မဟာ အကြိုက်တော်ပေါ့..
ဦးဥာဏ်ဝင်း ဆင်ဆင်ချင်ချင်ပြောပါ ခင်ဗျာ လို့ အကြံပေးပါတယ်...အားလုံးလိုလား တဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို တားဆီးဖျက်စီးသူလို့ သမိုင်း အမဲစက် မထင်စေချင်ဘူး
အမေစု လည်း ၁၀မိုင်ကုန်း ဆရာတော်ကြီး ကို လျှောက်ကြည့် ပါလို့ ပြောပါရစေ ခင်ဗျာ...
ဆရာတော်ကြီးက သစ္စာ တရားနဲ့ ပတ်သက်လို့ ကျှန်တော်တို့ လူတွေထက် မှန်မှန်ကန်ကန် ပိုသိမှာပါ....
ဦးသန်းမောင်ပြောတာကိုထောက်ခံတယ် ဦးဥာဏ်ဝင်းပြောတာ မထောက်ခံပါ
ကျုပ်တို့ မဲဆန္ဒရှင်တွေကို ငဲ့ပါဦး လွှတ်တော်ထဲရောက်အောင် မဲပေးထားတာနော် ငါတကောမကောပါနဲ့
အမေစု ဦးသန်းမောင်ပြောတဲ့  (အခုကို က အခြေခံ ဥပဒေထဲ က တချို့ အပိုဒ် တွေကို ပြင်ဆင်ဖို့ က လွှတ်တော် အမတ်တွေ ကကော၊ ပါတီ မရွေး၊ လူမျိုး မရွေး ကြိုးစားနေကြတာတွေ ရှိပါတယ်။ အဲဒါလည်း ကာကွယ် စောင့်ရှောက်တာ တမျိုးပါဘဲ။ အခြေခံ ဥပဒေတွေ ကို ပိုပြီးတော့ ကောင်းလာအောင် ပြည်သူတွေ အတွက် ပိုပြီးတော့ အကျိုးရှိ လာအောင် ပြင်ဆင်တာ ဟာလည်း အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်တာပါဘဲ။ တနည်းအားဖြင့် အခြေခံ ဥပဒေကို လေးစား လိုက်နာတာဘဲ လို့ ကျနော် ယုံကြည်ပါတယ်။”)ဒီစာစုလေးက မှန်မယ်
လို့ ကျနော်ခံစားမိတယ်။ အမေစုကလဲ အဲလိုလုပ်မှာလေ အဲဒါကာကွယ်
တာပဲတဲ့ လေ ။လွှတ်တော်ထဲရောက်မှ ကိုယ်လိုတာကို ဆွဲယူသွားတာကေါင်းမယ်လို့ ကျနော်ခံစားရပါတယ် .....အမေစု အား
ကိုးပါတယ်....
ဦးဥာဏ်ဝင်း လွမ်းနေမယ် ခင်ဗျား
Yanchin ရဲ့ တင်ပြချက်ဟာ သိတ်ကောင်း ပြီး အကျိုးအကြောင်းခိုင်လုံနေပါတယ်
ပြည်သူတွေ မဲဆန္ဒရှင် တွေရဲ့ ဆန္ဒ ကို ကြိုးစားရှာဖွေလို့ အလေးပေး ဆောင်ရွက်ရမှာက ရွေးချယ်ခံ အမတ်တွေ ရဲ့အဓိက တာဝန်ပါ..
အမတ်ဦးရေ ၄၀ လောက်နဲူ့ပြင်ဆင် ဘို့ ဆိုတာ မလွယ် သေးပါဘူး..
၂၀၁၅ ထိ nld ရဲ့ လုပ်ဆောင်ချက်တွေကို လက်တွေ့ဘယ်လိုရှိမလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်နေကြတယ်..
အခုလုပ်ရပ်က nld ကို လုံးဝ အားချည့်နဲ့ သွားစေတယ် ဆိုတာ လုံးလုံးမှတ်ယူသွားစေတယ်..၂၀၁၅ အတွက် မျှော်လင့်ချက် နည်းသွားပြီ..
ဒီပုံအတိုင်း ဆိုရင် ထောက်ခံ ဘို့ မဖြစ်နိုင်တော့ဘူး
ကာကွယ်စောင့်ရှောက်မယ်ဆိုတာ ပြင်ဆင် လို့ မဖြစ်ပါဘူး လို့ ဘယ်အထောက်အထား ဘယ်နိုင်ငံ သာဓက နဲ့ ပြောလဲ .. ဖြေပါ.. အဖြေသိချင်ပါတယ်... ဖြေပါ...
ယေဘုယျ တွေးကြည့်ပါဗျာ .. nld အတွက် ကျမ်းကိန်တာတခု နဲ့ အခြား အကုန်လုံးနီးပါးသော အမတ် နှင့် သမတကြီးအစိုးရအဖွဲ့ဝင်တွေက ကျမ်းကျိန် တမျိုး နဲ့ သင့်မြတ် ဖြစ်နိုင်ပါမလား ..nld တောင်းဆိုလို့ အများစု အမတ်အားလုံးက ပြန်ပြီး ကျမ်းကျိန် နိုင်ပါ မလား... ဦးဥာဏ်ဝင်း ဥာဏ်သုံးပြီး စဉ်စား ဖြေပါ
nld ဟာ nld ပဲ ဆိုတာပြတဲ့ ပွဲပေါ့ ... အဲဒီလောက် ဆုံးဖြတ်ချက်မခိုင်မာရင် nld ဆိုတာ မြန်မာနိုင်ငံမှာ ပျောက်သွားတာကြာပြီ။ နောင်ခါလာနောင်ခါဈေးဆိုတာက ... ကလိမ်ကကျစ်တွေရဲ့ အလုပ် .. အခုရှုပ်မှ နောင်ရှင်းဆိုတာ ပြတ်သားသူတွေရဲ့ အလုပ် .. ဒါပေမဲ့ နှစ်ခုစလုံးကျင့်သုံးရင်လဲ ဖြစ်တာပါပဲ ......
commentေ၇းတဲ.ထဲမှာ မောင်စွမ်းအား၇ှင် တို.၊ rhino phoot တို.လည်းပါသဟ ....... ထွီ... အာဏာ၇ှင်.... လက်ကိုင်ဒုတ်တွေ.......။ ။
စကားလုံးတစ်လုံးစီရဲ့ အဓိပ္ပါယ်က အရမ်းကျယ်ပြန့်ပါတယ်။
ဒီအတွက် စကားလုံးတိုင်းကို ဂရုစိုက်တာ သဘာဝကျတယ် ....
ကောက်ကျစ်တဲ့နေရာမှာ အရမ်းဥာဏ်များလွန်းတဲ့ စစ်အစိုးရလက်ကျန်
လက်ရှိ အစိုးအရဖွဲ့ကိုလည်း လုံးဝ စိတ်ချယုံကြည်လို့မရသေးပါဘူး ....
ဒီအတွက် စကားလုံးတိုင်းကို ရွေးချယ်ဂရုစိုက်ခြင်းဟာ အကောင်းဆုံးပါပဲ....
NLD ရဲ့ လုပ်ရပ်ကို အပြည့်အ၀ထောက်ခံပါတယ် ....
ပြည်သူအတွက် အမြဲတမ်း ဂရုစိုက်ပြီး အလေးထားဆောင်ရွက်နိုင်ပါစေ။
မြန်မာပြည်ကမြန်မာလူမျိုးတွေကလေးကအစသိတယ်.ဆိုတာယုံစမ်းပါ.လူတတ်ကြီးလုပ်မနေစမ်းပါနဲ့....
ကာကွယ်စောင့်ရှောက်တာနဲ
့လေးစားလိုက်နာတယ်ဆိုတာ
သူ့နေရာနဲ့သူပဲသုံးနှုံးခွင့်ရှိတယ်။
ကာကွယ်တယ်ဆိုတဲ့ဝေါဟာရကို
သုံးခဲ့ပါတယ်။(နအဖလက်ထပ်)
ဥပမာ..အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို
ကာကွယ်စောင့်ရှောက်ေ၇းဆိုပြီး
အာဏာမြဲရေးအတွက်အမှားအမှန်ကိုမပိုင်းခြားပဲ
ယုံကြည်ချက်ကြောင်ငြိမ်းချမ်းစွာ့ဆန္ဒပြသူများကို
သတ်ဖြတ်ထောင်တွင်းအကျဉ်းချခဲ့တုန်းက
အာဏာတည်မြဲရေးအတွက်အသက်နဲ့လဲပြီး
ကာကွယ်စောင့်ရှောက်တာလို့အကြောင်းပြချက်
တခုဖြစ်ခဲ့တယ်။
ဥပဒေဆိုတာကိုလေးစားလိုက်နာရမယ်လို့ပဲသုံးလို့ရမယ်။
ဥပဒေကပြည်သူအတွက်နစ်နာစေတဲ့ဥပဒေမျိုးကို
ရင်ခွင်ထဲထည့်ပြီးကာကွယ်နေလို့မရပါ။
ပြောင်းလဲပြီးလေးစားလိုက်နာကျင့်ကြံရမယ်လို့ပဲ
မြန်မာစာအသုံးနှုံးမှာရှိပါတယ်။
ကာကွယ်ခြင်းမှာအမှားအမှန်အကောင်းဆိုးအကြောင်းကျိုး
မရှိပဲကာကွယ်ရမည်ဖြစ်သောကြောင့်
အမေစုဆုံးဖြတ်ချက်ကိုအပြည့်ဝထောက်ခံပါတယ်။
p.sအမေစုလွတ်တော်ထဲေ၇ာက်ဖို့ပြင်ဆင်ခဲ့တာလည်း
သူတို့တွေကအမြဲတစေဥပဒေရဲ့အပေါ်မှာရှိနေလို့ပြင်ဆင်လို့ရနေတာပါ။
တိုင်းပြည်အတွက်ဆုတ်ယုတ်စေတဲ့ဥပဒေမျိုးကို
ကာကွယ်ရမယ်ဆိုရင်ဦးသန်းမောင်တာဝန်ယူမလား။
အပေါ်ကကွန်မန်းတချို့ကလည်းနိုင်ငံရေးအသုံးနှုံးတွေ
သေချာနားမလည်သေးရင်အမေစုပါတီကိုအပြစ်တင်ဖို့
မစောပါနဲ့။ငါတို့တတွေကအမေစုလောက်ကို
တွင်ကျယ်တဲ့ဗ့ဟုသုတတွေမရှိကြသေးဘူး။
အမေစုလိုလဲသတ္တိ..ဇွဲ...အနစ်နာခံနိုင်မှုမပြည့်ဝသေးဘူး။
အရာရာပေးဆပ်ခဲ့ပြီးသားသူတယောက်ဟာ
ရင့်ကျက်တဲ့တည်ငြိမ်မှုကိုရပြီး..
အရာရာဝေဖန်ပိုင်းခြားချိန့်ချိန်ပြီးနိုင်ငံေ၇းဇာတ်ခုံမှာ
အတင်းအပျော့တွေနဲ့ကိုင်တွယ်နေရတာ
မနှောက်ယှက်သင့်ဘူးလို့ယူဆတယ်။
သူလိုအပ်တာကိုညှိနှိုင်းတာလည်းသူ့အိတ်ဖေါင်းရေး
မှမဟုတ်တာပြည်သူအတွက်သီးသန့်...ရှယ်...
စဉ်းစားပေးနေခြင်းသာ...
အမေစုပါတီကိုကျေးဇူးတင်ပါသည်။
အမေစုကအကျိုးအကြောင်းမမှန်ဘဲမလုပ်ဘူးဆိုတာယုံကြည်ပြီးသားပါ
NLD ပြောတာကို ထောက်ခံ တယ်ဗျာ ။ေ၇ွးကောက်ပွဲ မ၀င်ခင်ကတည်းက ဖွဲ့စည်းပုံကို လေးစား လိုက်နာမယ်လို့ ပြောင်းပေးမှ ၀င်ခဲ့တာပဲ ။ ကျမ်းကျိမ်တော့မှ ကာကွယ်စောင့်ေ၇ှာက်ဖို့ ဆို၇င် အဆင် မပြေဘူးလေ။ ပြီးတော့ စစ်အစိုး၇ အလိုလိုက်မှ ပြောင်းလဲမယ် ဆိုတာတော့ လက်မခံဘူး ၊ ဒီပုပ်ထဲက ဒီပဲ ဖြစ်သွားမှာပေါ့ ။ ကြိုက်တယ် NLD , ပြတ်ပြတ်သားသား ဆက်လုပ်.... 2015 အတွက် မဲထပ်ပေးဖို့ အဆင်သင့်ပဲ ။
1988 မတိုင်ခင်ကအသုံးအနှုန်းက တပ်မတော်ရဲ့တာဝန်ကို နိုင်ငံတော်ကာကွယ်ရေး ဆိုတဲ့စကားလုံးကိုပဲ သုံးနှုန်းပါတယ်။ နောက်တော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးပြောင်းလဲသုံးနှုန်းပြီး လုပ်လိုက်တာ အခုလိုပီပီပြင်ပြင် ချွတ်ခြုံကျသွားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သွားတော့တာပါပဲ။ ကရင်အမျိုးသား တွေနဲ့ ငြိမ်းချမ်းရေးအတွက်အကြိုသဘောတူညီချက်ထဲမှာ လိုရာဆွဲသုံးလို့ရတဲ့ အဓိပ္ပါယ်ပေါက်တဲ့ စကားလုံးတွေနဲ့မသုံးနှုန်းရဘူးဆိုတဲ့ တောင်းဆိုမှုတစ်ခုပါပါတယ်။ ကျနော် အရမ်းသဘောကျပါတယ်။ ဦးသန်းမောင်ခင်ဗျား.... နှုတ်တစ်ရာစာတစ်လုံး၊ စာတစ်လုံးဘုရားတစ်ဆူဆိုတဲ့ စကားပုံမျိုးကို ကြားဖူးမလားမသိဘူး။ နောက်ပြီး ခင်ဗျားတို့ရဲ့သွားလေသူကြီးတစ်ယောက်ကတောင်မှ မိန့်ခွန်းတစ်ခုမှာ လူတော်လူကောင်းကနေ၊ လူကောင်းလူတော်လို့ ရေးကြီးခွင်ကျယ်လုပ်ခဲ့သေးတာပဲ။ စကားတစ်ခွန်း၊ စာတစ်လုံးကြောင့် ဒုက္ခရောက်ခဲ့သူကြီးကို သွားမေးကြည့်လိုက်ပါဦး။
၂၀၀၈ ဖွဲ.စည်းပုံက ကာကွယ်စောင်.ရှောက်စ၇ာလည်း မလို ၊လေးစားလိုက်နာစ၇ာလည်းမလိုပါ ၊ လူတစ်စု၇ဲ.လို၇ာဆွဲေ၇းဆွဲထားတာ ..လူ မှန်သမျှ သိပါတယ် ။ အန်တီစု က လေးစားလိုက်နာပါ.မယ် ဆိုတာဘဲလွန်လှပါပြီ ။
အကျင့်သီလနဲ့ဆိုင်ပါတယ်၊အခုNLDကြုံနေတာကလက်တစ်လုံးခြားလည်းလုပ်ရဲ၊ပြောင်လည်းလုပ်ရဲတဲ့၊ကလိမ်ကကျစ်တွေနဲ့တွေ့နေတာပါ။
အချင်းချင်း ကိုက်နေတာနဲ့ဘဲ
သူများနိင်ငံတွေကျော်တက်ကုန်ပြီ
ဟြေသလိုလုပ်ပြီး လုပ်သလိုပြောတဲ့သူတွေဆိုတော့ မှန်ပါတယ်။
ကျိမ်းကျိန်တယ်ဆိုတာ အလွန်လေးနက်ပါတယ်။ အဓိပါယ်က တူမလိုလိုနဲ့ မတူပါဘူး။ တူတယ်လို့ထင်တဲ့သူတွေက အလုပ်တခုကို လေးလေးနက်နက် မတွေးတဲ့သူတွေပါ။
Post a Comment